14.9.11

ရခိုင်ကျောက်ရိုးရာဇ၀င် အနာဂတ်သို့  ဗျာဒိတ်စကားများ (အသျှင်က္ကန္ဒာစက္က)

   
                       နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

             ရခိုင်ပြည် ဓညဝတီ၌ စန္ဒာသူရိယမင်း လက်ထက်အခါက မြတစွာဘုရားသည် ဓညဝတီသို့ကြွရောက်တော်မူပြီး
ကျောက်တော်မြို့ ဝက်သတိုးတောင်၌ တစ်ဝါကျဉ်းအောင်းတော်မူစဉ် စန္တာသူရိယမင်း လျှောက်ထား၍ ဘုရားသျှင် ဗျာဒိစကား မိန်းတော်မူခဲ့သည်။ တကာတော် ငါ၏သာသနာ ကုန်ဆုံးလုနီးအခါ လူသားရို့ ကာလပြောင်းပြန် ဆုတ်ယုတ်လျှက် သာသနာသည် လူ့လောက၏ အမှားဖြစ်ရန်အကြောင်းကို မိန့်ကြားတော်မူသည်။ ထိုမိန့်ကြားတော်မူသည့် ဗျာဒိစကားကို ၎င်းအတိုင်းပင် ရခိုင်ကျော်ရိုးရာဇဝင်၌ အထင်အရှားဟိနေပေသည်။ ၎င်းဗျာဒိစကားမှာ--

(၁)-မုသားမပြောလျင် လူမိုက်၊ မကောင်းကြံလျင် သမာဓိ၊ ပညာရှိကိုဖယ်၍ထား၊ မိုက်နိုင်မှသောတာပန်၊  
      ကုန်းတိုက်လျင် ကျေးဇူးရှင်၊ မုန့်ပေးလျင် ကျမ်းကန်တတ်၊ ရွှေကပ်သည့် ဘုရားမှလူရိုသေ၊ ဖြစ်လိမ္မည်။
(၂)-သာသနာသက္ကရာဇ်=၂၅၀၀-ကျော်သည့်အခါ ပြည်ရွာဆူပူဖြစ်လိမ္မည်။
(၃)-တိုင်းသူပြည်သား၊ ယောက်ျား မိမဟူသမျှမှာ ရန်စမအေး စစ်ဘေးစစ်ဒဏ်၊ တဖန် ဒါးမြ သူပုန်ထ၍၊ 
      ရာဇာလုပ်သူ အေးမူမရှိ ဖြစ်လိမ္မည်။
(၄)-မင်းကအလွတ်၊ ပြည်ဥပါဒ်လည်းဖြစ်လိမ္မည်။
(၅)-သူမင်း၊ငါမင်း၊ အချင်းချင်းလည်း စစ်ခင်းထိုခါများလိမ္မည်။
(၆)-ရဟန်းစစ်ကမနာလို၊ ပြည်ရွာကို နှစ်ခြမ်းခွဲလိမ္မည်။
(၇)-အရွာရွာမှာ ကြင်နာမှုကင်း ဒေါသပြင်း၍ အဘတစ်ခြား သားတစ်ခြားလည်းဖြစ်လိမ္မည်။
(၈)-ပို့ဆွမ်းမနိုင်၊ ကိုယ်တိုင်ချက်စား ရဟန်းများလည်း သပိတ်မသုံး အိုးကိုသုံးလို့ ဂတုံးထိုခါများလိမ္မည်။
(၉)-ထိုသည့်အခါ ယောက်ျားများလည်း ရှေ့ကအထုံး ယောင်ထုံးလည်းပျောက် ဆံတော်နှင့်လည်းများလိမ္မည်။
(၁၀)-ဆေးတန်မဟုတ် ၀ါးခေါင်းပိုင်းကို အဟုတ်ထိုခါ သောက်လိမ္မည်။
(၁၁)-၀ိပဿနာ အရွာရွာမှာ သူ့ဟာမမှန် ငါသာမှန်၍ ငြင်းခုန်ရန်စပွါးလိမ္မည်။
(၁၂)-မိမလင်ပြန် အမှန်ထိုခါများလိမ္မည်။
(၁၃)-ထပိန်ပါးပါး အင်္ကျီပါးကို အများမိမ၀တ်လိမ္မည်။
(၁၄)-ရှက်ကြောက်ကင်းကွာ ထိုအခါလည်း အမှန်မုချက်များလိမ္မည်။
(၁၅)-က္ကုနြေ္ဒမထား မိမများကို မြှောက်စားရုံတော်တင်လိမ္မည်။
(၁၆)-သူ့လင် ငါ့လင် လိုချင်လောဘ လင်လုမလည်း အယုတ်ထိုခါများလိမ္မည်။
(၁၇)-ကျောင်းကန်ဇရပ်၊ အရပ်ရပ်ကို ခွဲဖျက်ပြုလုပ်များလိမ္မည်။
(၁၈)-သတိမထား ကျင့်ဖေါက်ပြား၍ တရားမရှိ လူဒိဋ္ဌိတို့ အသေအပျောက်များလိမ္မည်။
(၁၉)-တောင်ကြီး လမ်းကြီး အပြီးထိုခါပြိုလိမ္မည်။
(၂၀)-မကြာခဏ လေပြင်းမုန်းတိုင်း မဆိုင်းထိုခါတိုက်လိမ္မည်။
(၂၁)-သီလဖြူစင် ရဟန်းရှင်တို့ ထိုတွင်စိတ်ကြီးညစ်လိမ္မည်။
(၂၂)-ဗုဒ္ဓဘာသာ ရောင်အ၀ါလည်း မလင်းထိုခါ ညှိုးလိမ္မည်။
(၂၃)-ကျောင်းကန်ဇရပ် အမြတ်မြတ်ကို လူဆိုးဖျက်၍ မချွတ်ထိုခါပြိုလိမ္မည်။
(၂၄)-ထိုသည့်အခါ ပြည်ရွာဆူပွတ် ငတ်မွတ်ဘေးကြီးဆိုက်လိမ္မည်။
(၂၅)-မိုးလေမမှန် ကံသုံးတန်နှင့် တွေ့လိမ္မည်။
(၂၆)-ကြီးသူစကား ငယ်သူနားမှာ အမှားထိုခါကြားလိမ္မည်။
(၂၇)-လောဘပိတ်ဖုံး ပြည်လုံးဒိဋ္ဌိဖြစ်လိမ္မည်။
(၂၈)-အမိမမြင် သားမမြင် ထိုတွင်ဒိဋ္ဌိဖြစ်လိမ္မည်။
(၂၉)-ထိုသည့်အခါ မိစ္ဆာအယူ ကြီးသူငယ်သား အယူမှား၍ တရားပျက်ကွယ်ဖြစ်လိမ္မည်။
(၃၀)-ကျင့်ဝတ်မမှန် စိတ်ဖေါက်ပြန်၍ တရားချွတ်ယွင်း မိမပျက်တို့ အဝတ်မလုံဖြစ်လိမ္မည်။
(၃၁)-ပျိုပျိုအိုအို မောင်ကို အိမ်ထောင်ပြုလိမ္မည်။
(၃၂)-အသရေထင့် လူ့အကျင့်လည်း မချွတ်ထိုခါပျက်လိမ္မည်။
(၃၃)-ကျောင်းထိုင်ရဟန်း အကျင့်ဆန်း၍ ရဟန်းမယားယူလိမ္မည်။
(၃၄)-အသရေအရှက် လူ့ကျင့်ဝတ်လည်း မချွတ်ထိုခါပျက်လိမ္မည်။
(၃၅)-တစ်ရာ့တစ်ပါး လူမျိုးများလည်း ခြားနားမရှိဖြစ်လိမ္မည်။
(၃၆)-ကျောင်းအိမ်မရွေးတစိတ်ထဲလည်းဖြစ်လိမ္မည်။
(၃၇)-မြို့ရွာပြည်သူ အပူဒုက္ခများလိမ္မည်။
(၃၈)-ငတ်ကြီးမွတ်ကြီး ထိုဟာများလည်းဖြစ်လိမ္မည်။
(၃၉)-တရားမသိ မောဟမိ၍ ဒိဋ္ဌိထိုခါများလိမ္မည်။
(၄၀)-ဘုရားကျောင်းကန် ထိုအခါလည်း အမှန်မုချက်ပျက်လိမ္မည်။
(၄၁)-ရတနာသုံးပါးဆိုသည်များကို အမှားလူထုထင်လိမ္မည်။
(၄၂)-ကြီးသူအ၀တ် ငယ်သူဝတ် အဝတ်ထိုခါများလိမ္မည်။
(၄၃)-ရွှေငွေကိန်းပျောက် ရှေ့နောက်သိမြင် ရဟန်းရှင်လူ ခပ်သိမ်းသူမှာ စိတ်ပူသောကများလိမ္မည်။
(၄၄)-သာသနာထွဋ် မြတ်ရဟန်းတို့ အနွမ်းထိုခါဖြစ်လိမ္မည်။
(၄၅)-ဂုဏ်သရေရှိသူက သဘင်သမား၊ ဘုရားလူကြီးက ရွှေကိုခိုး၊ အမျိုးကောင်းသ္မီးကပိုက်ဆံ(ဖေးသာ)ရှာ၊ ဘုရားတကာကအရက်ရောင်း၊ ဘုန်းကြီးက ဇာတ်ကိုထောင်၊ရဟန်းတော်က ဘိန်းကိုစား၊ လင်ရှိမယားက အပျိုလုပ်၊ အရွယ်ယုတ်သူက အရောင်တင်၊ အပျိုမ၀င်ကရဲစား(ရည်းစား)ထား၊ ဆင်းရဲသားက သူဋ္ဌေးယောင်၊ အဝတ်ပြောင်မှ လူရိုသေ၊ အမိအဖက ကျွန်ယုတ်ကောင်း၊ သားသမီးက သခင်လောင်း၊ တောင်မြောက်မသိသူကို ရှေ့ဆောင်ထား၊ ငွေများလျှင် တရားနိုင်၊ ရုံးထိုင်သူကလျှာနှစ်ခွ၊ သဒ္ဓါအရေးပြောသူက တဏှာဖြစ်၊ ပဗ္ဗဇ္ဇိတရဟန်းက အဖေါ်ရောနှော၊ တကာဘုန်းကြီးနှင့် တကာမ၊ တရားပြသူက စာမတတ်၊ မတတ်ချင်သူက မသူတော်၊ လူဘော်လူကြွားမှ အများယုံ၊ ငွေကုန်ခံနိုင်မှ တရားတက်၊ ဘုရားတည်သူက အမြတ်စား၊ နတ်၊သိကြားကိုပြ၍ ငွေကိုယူ၊ ပေါ်တော်မူကို လှည့်၍ရောင်း၊ ကျောင်းကန်ဘုရားပြ၍ ငွေသတ္တာလုပ်၊ သုတ်အဘိဓမ္မာ သီချင်းဖြစ်၊ ချစ်ခင်သမျှ သမုဒ္ဒယ တဏှာ၊ ဥပသကာအလုပ်နှင့် မယားကိုကျွေး၊ အသက်မွေးမှုနှင့် ရဟန်းယောင်၊ သဒ္ဓါရှားပါးလို့ ဒါနကိုဝယ်၊ သံသရာရှည်တယ်လို့ အလှူကိုမပေး၊ အကြွေးပေးသူက ကျွန်နှင့်တူ၊ ကြွေးယူသူက သခင်ဖြစ်၊ မိဘအပေါ်မှာအဆိုးကြီးဆိုး၊ ယောက္ခမကိုတော့ အကောင်းပြော၊ ဗိုလ်မယားလုပ်ချင်သူက တစ်ဆယ့်နှစ်နှစ်သ္မီး၊ ကျောင်ထိုင်ဘုန်းကြီးမှ ဂုဏ်ထင်ပေါ်၊ ဘုန်းကြီးတဲ့ဆရာတော်တွေကို အပျို အအိုတွေကဝိုင်း၊ ဘုရားတံတိုင်းမှာ အိမ်ထောင်ပြု၊ ကမ္မဋ္ဌာန်းလုပ်ရန် အောင်သွယ်လုပ်၊ ဂိုဏ်းအုပ်ဆရာတော်က မိမကို ရဟန်းပြု၊ မယ်သီလက ပူဆွဲဆောင်မ၊ ဆောင်ဒါက အပျိုတစ်ခုလပ်၊ ကျမ်းကန်မတတ်သူက ပရမတ်စကားပြော၊ တရားဟောဘုန်းကြီးက ဟာသဖြစ်၊ နိဗ္ဗာန်ဆုတောင်းသမျှ ကြက်ဝက်သေ၊ အခါကြီးရက်ကြီးကြုံက အသားသတ်သူမှာ အမြတ်ရ၊ သီလဆောက်တည်သူက အကောင်းကြိုက်၊ လူမိုက်နှင့်ပေါင်းသူက အသက်ရှည်၊ တည်ကြည်ဖြောင့်မတ်သူကို လူမယုံ၊ ရိုးသားသူက အတိုးယူ၊ ကျောင်းကန်ဘုရား၌ ခိုက်ရန်ဖြစ်၊ ဆရာအသစ် ကျောင်းကိုထိုင်၊ မသေခင်က မိဖ ဆရားသ္မားကို ပုတ်ခတ် အမွေလု၊ မသာ အသုဘချသူက သီချင်းဆို၊ တရားမှန်ကို အမှားယူ၊ မယ်သူတော်က ရဲစား(ရည်းစာ)ထား၊ ဘုရားသွားရင်း လင်ရ၊ တရားနာရင်း အိမ်ထောင်ကျ၊ ဘာဝနာပွါးရင်း မျက်စောင်းထိုးလည်း ဖြစ်လိမ္မည်။
(၄၆)-ရဟန်းဦးစီး အပြီးထိုခါ မြို့ပြည်ရွာမှာ မဟာတပ်ကြီးဖွဲ့လိမ္မည်။
(၄၇)-သာသနာတဝက်မချွတ်ထိုခါ မှန်စွာစစ်ကြီးဖြစ်လိမ္မည်။
(၄၈)-ပါပလူမျိုး အကျင့်ဆိုးတို့ အရိုးတောင်နှယ်ပုံလိမ္မည်။
(၄၉)-မုဏိနှစ်ပါး ချွေးကားပြိုင်ပြိုင် ထွက်လိမ္မည်။
(၅၀)-မြေကြီးငလျှင်လှုပ်လိမ္မည်။
(၅၁)-မိုးပြင်းလေပြင်း တိုက်ခေတ်ခြင်းကြောင့် ပြည်တွင်း ပြည်ရွာပျက်လိမ္မည်။
(၅၂)-ရမ်းဗြဲ မာန်အောင် အိမ်တစ်ထောာင်နှင့် နှစ်ကောင်ကျွဲနွားကျန်လိမ္မည်။
(၅၃)-ကျောက်တော်မြို့ကြီး အပြီးထိုခါပြိုလိမ္မည်။
(၅၄)-ရမ်းဗြဲ မာန်အောင် သတိဆောင် ဥာဏ်ရောင်လင်းမှလွတ်လိမ္မည်။
(၅၅)-မယူမြစ်ကြီး လှိုင်းကြီးထ၍ ရှိသမျှလူ ပြုန်းလိမ္မည်။
(၅၆)-ဂစ္ဆပနဒီ သရီရမ်းချောင်း အပေါင်းလူတို့ပျက်လိမ္မည်။
(၅၇)-မြန်မာပြည်ကို မသွယ်မှန်စွာ မသမာတရုပ်ဖျက်လိမ္မည်။
(၅၈)-ကုလားတရုပ် ရန်ဘေးချက်ကြောင့် မြန်မာရခိုင် ထိုခါစစ်ပွဲဖြစ်လိမ္မည်။
(၅၉)-မြန်မာပြည်ကြီး အပြီးထိုခါပျက်လိမ္မည်။
(၆၀)-အောက်သားမတစ်စုံ ဆန်တစ်ဒုံနှင့် လိုလိုသမျှ မုချထိုခါရလိမ္မည်။
(၆၁)-ရွှေတိဂုံဘုရား မြတ်ရှင်စောကို ကုလား တရုပ်ဖျက်လိမ္မည်။
(၆၂)-မြန်မာအများ လက်နက်စွဲကိုင် မခံနိုင်၍ စစ်ပြိုင်လည်းထိုး၊ အယုတ်ထိုခါ ရှေ့ဗမာတို့ သွေးချောင်းထိုခါစီးလိမ္မည်။
(၆၃)-သုံးနှစ်တိုင်တိုင် အနိုင်ယူခါ မြန်မာပြည်ကို မသမာတရုပ်စိုးလိမ္မည်။
(၆၄)-တရုပ်ကရှုံး ဗမာပြုန်း စုံးစုံးထိုခါနစ်လိမ္မည်။
(၆၅)-ထိုသည့်အခါ ပြည်ဓညာမှာ မဟာမုဏိ စေတီမြတ်ကို ခွေးအမျိုးကုလားဆိုးတို့ လူမျိုးကိုဖျက် လုယက်တိုက်ခိုက်ပြုလိမ္မည်။
(၆၆)-မျိုးမြတ်ရခိုင် ဓညပြည်သား ယောက်ျားမိမ ဒုတ်ဓားစသည် ရသည့်လက်နက် ဆွဲလျှက်ကိုင်ပြီး စစ်ကြီးထိုခါဖြစ်လိမ္မည်။
(၆၇)-ထိုသည့်အခါ ရေမှာနဂါး ကျောက်ငနွားးတို့ ကြောက်၍ပေါ်လာ စစ်ပွဲမှာလည်း မှန်စွာမုချက်ရပ်လိမ္မည်။
(၆၈)-ထိုသည့်အခါ မင်းစကြ်ာနှင့် ၀ိဇ္ဇာအပေါင်း ကူညီလောင်း၍ ရှိသမျှရန်စ ပြည်ဓညမှာ မုချက်ထိုခါရှင်းလိမ္မည်။
(၆၉)-အနောက်ကုလား ပစ္စည်းများကို သင်္ဘောယာဉ်နှင့် မုချတင်ဆောင်ပြေးလိမ္မည်။
(၇၀)-ရခိုင်ပြည်သား လူအများလည်း တရားထိုခါစောင့်လိမ္မည်။
(၇၁)-ထိုသည့်အခါ မဟာမုဏိ ဘုရားကြီးလည်းပေါ်လိမ္မည်။
(၇၂)-ရှင်တော်ဘုရားမှာ ပြည်မြန်မာက ကြွလာပြီးနောက် မြင့်မောက်ရှိနေ(ငါးကျီးတောင်ဖျား)မှာ ရုပ်ပွါးကိုယ်တော် ထိုခါသုံးဝါဆိုလိမ္မည်။
(၇၃)-ထိုသည်အခါ ရွှေကျံဘုရား ကြွငြားအမှန်ရောက်လိမ္မည်။
(၇၄)-ထိုသည့်အခါ သမိုင်းအရ ပြည်ဓညမှာ ရွှေအထင်ရှား သွန်းလုပ်ထားသည့် ဘုရားမဟာကျီ တစ်လီမကျန် ကြွရောက်လာလိမ္မည်။
(ရ၅)-ရာဇာမင်းသား သွန်းလုပ်ထားသည့် ဘုရားမြတ်စွာ မှန်စွာထိုခါ ကြွရောက်လာလိမ္မည်။
(၇၆)-တဖန်ထိုမှ မင်းစောလှ၏ တည်ထားဘုရား ဒုက္ကန်သိန်သို့ ကြွရောက်လာလိမ္မည်။
(၇၇)-တပါးထိုသူ ဖယောင်းယူသည် မင်းဘူးတည်ထား ကိုးသောင်းလှိုင်ခေါင်း ကိုယ်တော်ကျိန်းလိမ္မည်။
(၇၈)-ခုခါမတရား ကျင့်နေငြား၍ တရားဖျက်သူ အပူဒုက္ခရောက်လိမ္မည်။
(၇၉)-ထိုသံကြားရ ကြောက်ကိန်းလှ မုချထိုခါတွေ့လိမ္မည်။
(၈၀)-ဘုရားမသိ ထိုပြည်ရွာမှာ မှန်စွာမုချပျောက်လိမ္မည်။
(၈၁)-မူဆလင်ကုလား လူမျိုးများတို့ အများထိုခါပြန်လိမ္မည်။
(၈၂)-ဖယောင်းလူမျိုးအကျင့်ဆိုးတို့ တန်ဘိုးမရှိဖြစ်လိမ္မည်။
(၈၃)-ထိုသည့်အခါ ပြည်ဓညာမှာ မဟာမြို့ကြီး ဝေသာလီမှာတည်လိမ္မည်။
(၈၄)-မြောက်ဦးနန်းရာ မဟာသိမ်ကြီး အပြီးထိုခါဆောက်လိမ္မည်။
(၈၅)-ရှင်တော်ဘုရား ကြွရောက်လာငြား မမှားထိုသိမ် ကျိန်းလိမ္မည်။
(၈၆)-မင်းတို့ကြိုဆို လူပုဂ္ဂိုလ်တို့ ထိုထိုသီလပြည့်လိမ္မည်။
(၈၇)-ဖယောင်းလူမျိုး တန်ခိုးမရှိ ပြည်မြန်မာက ထွက်ခွာပြီးနောက် သူမင်း ငါမင်း အချင်းချင်းတို့ စစ်ခင်းထိုခါများလိမ္မည်။
(၈၈)-တိုင်းသူပြည်သား လူအများမှာ အမိမဲ့သား ရေနည်းငါးသို့ မင်းကမရှိ ထင်မိထင်ရာ လူတကာတို့ မိစ္ဆာဝါဒ ဗမာကဲ့သို့ 
        မမျှတရား နိုင်သူက ပြုလိမ္မည်။
(၈၉)-မြန်မာ ရခိုင်ပျက်စီးတိုင်၍ ကယ်နိုင်သူရှား ပြည်သား ဒုက္ခရောက်လိမ္မည်။
(၉၀)-နှစ်ပေါင်းငါးဆယ် စိုးသည့်မင်းစစ် မရှိခိုက်ကို အလိုက်သင့်စွာ နေတတ်ပါက တရားသူ တရားကူက လု့ယူမရဘဲ 
        ဒုက္ခထွက်လိမ္မည်။
(၉၁)-ရတနာသုံးပါး မြတ်တရားကို အမြဲမကွာ ကိုးကွယ်ပါ၍ နေ့ညမပြတ် ဆည်းကပ်ကြပါလေ 
        အို..ပြည်သူပြည်သားအပေါင်းတို့----------။

       မှတ်ချက်=မူရင်းအတိုင်း ဖေါ်ထုပ်တင်ပြလိုက်ပါသော်လည်း လက်ရွီးမူကတဆင့် ကူးယူရသဖြင့် အနည်းငယ်ချွတ်ယွင်းမှုရှိပါက အပြုသဘောဖြင့် ခွင်လပ်ကြပါရန် မေတ္တာရပ်ခံပါသည်။
                      ပြန်လည်ဖေါ်ထုပ်တင်ပြသူ
                      ဗေဒင်နှင့် သမိုင်းသုတေသီ
                          အသျှင်က္ကန္ဒာစက္က။

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP