14.9.11

ကျမိကျရာပြောချင်ရေ ( ဦးသာဘု.. )

                             ကျမိကျရာပြောချင်ရေ
                                               ဦးသာဘု..
                           မာနတထောင်ထောင်နန့် ဘ၀င်လီဟပ်ပနာ ခြီထောက်မြီမှာမကျရေ နိုင်ငံရီး တော်လှန်ရီးလုပ်နိန်ကတ်တေလူတချို့ ထိုမှာဒေမှာ တွိနိန်ရ မြင်နိန်ရရေအတွက်နန့် မပြောဘဲနန့်လေ့ မနိန်နိုင်၊ ပြောကြည့်ချင်ရေ။ အကျွန်လည်း သူများမကောင်းကြောင်းတိကို ပြောဖို့ဝါသနာပါရေလူမဟုတ်ပါ။ ချီးကျူးတတ်၊ ဂုဏ်ပြုတတ်ပါရေ။ ယေကေလေ့-ကားရီကားရားလူတိကို မြင်နိန်ရကြုံနိန်ရစွာများလာစွာနန့် စကားနန့်မပြောဗျာ--စာနန့်ရာပြောချင်လာရေ။ ပြောရကေ စာရီးဆရာဖြစ်ဖို့ အစပျိုးစွာလားမပြေတတ်ဗျာယ်။ ပြောရာပြောရစွာပါ လိပ်ပြာမသန့်။
                       အနစ်နာခံခြင်း၊ စွန့်လွတ်ခြင်း၊ ပီးဆပ်ခြင်းတိနန့် တိုင်းပြည်နန့်လူမျိုးအတွက် လုပ်နိန်ကတ်တေ ခေါင်းဆောင်တိန န့်ငယ်သားတိကိုမပြောလိုပါ။ ဘဇောင်ပင်တိုးတက်မှုတိ မဟိခကေလေ့သော တစိုက်မတ်မတ် တော်လှန်ရီးသစ္စာနန့် လုပ်နိန်ကတ်စွာကိုကြည့်ပနာ အကျွန့်အနိန်နန့် အကြိမ်ကြိမ်ဦးညွတ်မိ၊ လေးစားမိ၊ ဂုဏ်ယူမိပါရေ။ အဂင့် ရင်ထဲ အသဲထဲက အသိအမှတ်ပြုပနာ အကြိမ်ကြိမ်ဦးညွတ်မိပါရေ။ အထက်က အကျွန်သုံးထားရေ တော်လှန်ရီးသစ္စာဆိုရေစကားစွာ ရင်ခုန်ဖို့ကောင်းရေစကားပါရာ။ သစ္စာဖေါက်ကတ်၊ ဒူးယိုင်ကတ်တေ အခြီအနီနန့် နိုင်းစာကြည့်ကတ်ပါ။
                      ထောင်ထောင်နန့် အတွေးခေါ်ချင်လိုလို၊ ပညာသျှင်လိုလို၊ သူ့အတွေးအခေါ်တိ ရှိကိုရောက်နိန်လို့ အခြားလူတိ(ပရံလူ)တိက လိုက်မမီသလိုလို၊ ပလေတိုလိုလို၊ တော်ဖလာလိုလို၊ ဖူကူယားမားလိုလို၊ ယင်းပိုင်လိုလိုတိနန့် တဖက်သားကို အထင်အမြင်သေး မိမိကိုယ်ကို ဘ၀င်လီဟပ်ပနာ ပြုလုပ်ကတ်တေဆိုစွာ မကောင်းပါနမ်း။ ပတ်ဝန်းကျင်မှာဟိရေ လူတိစွာ ငတုံးတိ၊ အသိဥာဏ်မဟိရေလူတိ၊ အင်မတန်ခေတ်နောက်ကျရေလူတိလို့ မထင်ကေ့ပါကေ့။ မှားလားလိမ့်မေ။ စကားပြောတိုင်း ၀င်မပြောခြင်း၊ မဆွေးနွေးခြင်း၊ ဖာသိဖာသာနိန်ခြင်းရို့ကို ကြည့်ပနာ အေအကောင်အလကားအကောင်လို့ မထင်ပါကေ့။ ဟုတ်ပါရေလို့ နောက်ကပြောတိုင်း မိမိကိုယ်ကိုအထင်ကြီးပနာ ပရံ(အခြား)လူတိကို အထင်မသေးစီချင်ပါ။ အတွေးအခေါ်ချင်း ကကောင်းမကွာခြားလို့ခံယူပနာ ရခိုင့်လူ့အဖွဲ့အစည်းကို ဖွံ့ဖြိုးအောင်လုပ်စီချင်ပါရေ။ မိမိကိုယ်ကိုအာကလူလို့ မခံယူစီချင်။ ပရံလူတိက အာကလူလို့သတ်မှတ်လိမေ။
                          ပြောချင်သိရေ၊ အခြားလူတိကို အခြားလူတိကချီးကျူးစွာကိုကြားကေ မနာလိုမှုတိဖြစ် အဂင့်တော်ရေလူတိ လုပ်နိုင်စွမ်းကို မချီးကျူးမိခြင်းဆိုစွာ မနာလိုဝန်တိုမှုတိဖြစ်ပါရေ။ ယင်းပိုင်စိတ်ဓါတ်မျိုးမထားစီချင်။ ယေဇူးနန့်LEVEL Of Being မြင့်မားအောင် နီထိုင်တတ် ပြောဆိုတတ်အောင်ကြိုးစားစီချင်ရေ။ ညီညွတ်ရီးဟိမှ အမျိုးသားတော်လှန်ရီးအောင်မြင်ပါဖို့လို့ ပြောပနာ ညီညွတ်ရီးကို လုပ်ဆောင်မှုမဟိရေအပြင် ညီညွတ်ရီးလုပ်ဆောင်ကတ်ရေ အဆောက်အဦးတိကို ခလုံးခတ်စွာတိကိုလည်း တွိရရေ။ ယင်းပိုင်ပညာတတ်တိ ရခိုင့်တော်လှန်ရီးထဲမှာ လိုအပ်ရေလို့ပြောပနာ ပညာတတ်တိ၊ တွေးခေါ်မြော်မြင်နိုင်သူတိ၊ စွမ်းဆောင်နိုင်ရေလူတိ၊ အဂင့်ဂင့်ပါဝင်လာကတ်ရေအခါ တုန်လှုပ်ခြင်း၊ ချောက်ချားခြင်း၊ လက်မခံလိုခြင်းတိကိုတွိရရေ၊ မြင်ရရေ၊ ကြားရရေ။ ယင်းပိုင်ဖြစ်ပေါ်လာရေProcess-ကို ခွဲခြမ်းစိတ်ဖြာစရာမလိုဘဲနန့် အထင်းသားမြင်တွိရပါရေနမ်း။ ငါလည်းသူ့ပိုင်တွေးနိုင် ခေါ်နိုင်ရေလို့ထင်မြင်လာကတ်စွာ ပိုလို့ဝမ်းနည်းဖို့ကောင်းပါရေထော။
                      ဇာပင်ဖြစ်နီနီ ယင်းပိုင်ကွာဟမှုတိကိုနားလည်ကတ်ရဖို့။ ကိုယ့်လောက်မတတ်သူ ဟိရေပိုင်၊ ကိုယ့်ထက်အဆက်တရာတတ်ရေလူတိလည်း ဟိကတ်ပါရေလို့ သဘောပေါက်စီချင်ရေ။ အကျွန်ကဒေါခါ အလှကိုယ်စီဟိကြ၏ ဆိုစွာကို အပြောနန့်မဟုတ် နှလုံးသားထဲမှာ အဂင့်လက်ခံထားပါရေ။ ယင်းပိုင်ပြောခြင်းတိစွာ ပရံလူတိမဟိလို့ ပြောခြင်းမဟုတ်ပါနမ်း။ ထောင်ထောင် ထောင်ထောင်နန့် ကလိုင့်မေချေတစု ကလိုင့်မေချေတစုကိုတွိလို့ ဆုံးမဩ၀ါဒပီးရခြင်းပါ။(အ၀ါဝါ) ကျမိကျရာပြောရခြင်းပါ။ တစုလို့ အကျွန်ပြောစွာ တစုတည်းနီလို့မဟုတ်ပါနမ်း။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ခ်ျ၊ထိုင်း၊ မလေးရို့က ထိုတယောက်ဒေတယောက်ကို ဆွဲစုပနာ စုထားလိုက်စွာပါရာ။ အကျွန်လည်း စာရီးဖို့ပျင်းရေ။ မဟုတ်ကေ အကျွန့်ဒိုင်ယာရီအတိုင်း ဆက်ရီးဖို့။ အကျွန်တွိရစွာက တော်လှန်ရီးလုပ်ရဖို့၊ တိုက်ရဖို့၊ စည်းရုံးရဖို့၊ ညီညွတ်ရဖို့၊ သမိုင်းတိချပြရဖို့၊ စာရေးအကြောင်းအရာတိကိုရာ ဆောင်းပါးရီးလိုက်၊ ကဗျာရီးလိုက်နန့်တွိနိန်ရရေ။ စာရီးနိန်ကတ်ရေ စာရီးဆရာတိ ကဗျာဆရာတိကို အကျွန်ပန်ကြားချင်စွာက လိမ္မာကတ်အောင်၊ ယဉ်ကျေးအောင်၊ ဘ၀င်မမြင့်အောင်၊ နီတတ်ထိုင်တတ်အောင် လမ်းကြောင်းပြရီးသားဆင်ပြကတ်ပါလို့ ပန်ကြားလိုက်ပါရေ။
                            မိမိကိုယ်ကိုBig Mind ဖြစ်အောင်၊Powerful Mind ဖြစ်အောင် နီတတ်ဖို့အတွက်Dignity ဖြစ်ဖို့လိုပါရေ။ ယင်းချင့်တိနန့် ပြောင်းပြန်ဖြစ်လားရေခါ မိမိကိုယ်ကိုစွမ်းဆောင်နိုင်သူ၊ အတွေးအခေါ်ဟိသူ၊ င့ါလိုလူမဟိဆိုပနာ ဘ၀င်လီဟပ် ချွတ်မကျွတ်ဖြစ်ပြီး ပရံလူတိကိုအသုံးမကျ အတွေးအခေါ်မဟိ၊ အရည်အခြင်းမဟိလို့ တလွဲစီမြင်လားကတ်ပါရေ။ ယေဇူးနန့် အကျွန်အလီးအနက်ပြောချင်ပါရေ--မိမိကိုယ်ကိုအထင်ကြီးခြင်းနန့် ယုံကြည်ခြင်းဆိုစွာ တခြားစီပါလို့ပြောချင်ပါရေ။ ဒုတိယအကြိမ်ထပ်ပြောရကေ အထင်ကြီးခြင်းနန့် ယုံကြည်ခြင်းဆိုစွာတခြားစီပါ။
                        အကျွန်တွိဖူးရေလူတယောက်ဟိရေ။ အေလူငယ်စွာ စကားပြောနည်းရေ။ သူဂဃနဏသိထားရေ အရာတခုကိုတောင်မှ သူဝင်မပြော။ အခြားလူတိမှားစွာ ခေတ်စကားနန့်ပြောရကေ အာနီစွာကိုသိသိနန့် ဟုတ်ပါရေ တပါရေ တည်းနီရေစွာကို တွိဖူးခရေ။ အကျွန်လည်း သူ့အကြောင်းသိထားရေလူတယောက်အနိန်နန့် ယင်းဖြစ်ပျက်မှုတိကိုခြုံကြည့်ပနာ အကျွန်လောကကြီးကို ပိုလို့သဘောပေါက်လားရေ။ ယေဇုနန့် ကကောင်းမဟောကတ်ပါကေ့။ စိတ်ဝင်စားကွန်ဆောင်ပနာ ဟုတ်ပါရေလို့ တပါရေတည်းနီရေလူကိုလည်း အထင်မသေးပါကေ့။ ယင်းအပြင် မိမိကိုယ်ကို ကကောင်းတွေးခေါ်နိုင်၊ လုပ်ဆောင်နိုင်၊ ဗဟုသုတဖုံလုံပြည့်စုံရေလူလို့ အထင်မကြီးဖို့ပြောချင်ပါရေ။ ရခိုင့်အမျိုးသားကောင်စီ(ANC)ပေါ်လာရေ အလွှာပေါင်းစုံလူတိနန့်။ အကျွန်အားရစွာက ခေတ်ပညာတတ်တိပါလာစွာကိုပါ။ ယင်းလူတိဆိုစွာ ငါတော်ပါ၏၊ တတ်ပါ၏လို့ မဟောဘဲနန့် အကျွန်ရို့ရခိုင်သာမက ပရံလူမျိုးတိုင်း(အခြားလူမျိုးတိုင်း)လည်း သိကတ်ပါရေလို့ ဘ၀င်လီဟပ် ချွတ်မကျွတ်သူအပေါင်းရို့သိစီရန် မောင်းခေတ်လိုက်ပါရေ။ ဒူးလူး…….လူး။
.................................................................................................................................................................
 
        တောလှန်ရေးအောင်မြင်စီလိုလျှင် ပြည်သူ့ဘ၀ကိုလေ့လာပါ။ ပြည်သူတယောက်ချင်းစီ၏ ဘ၀ကိုမြှင့်တင်ပြီး ခေတ်မှီသောတော်လှန်ရေးလမ်းကြောင်းထက်၌ ပြည်သူ့စွမ်းအားကိုအသုံးချ၍ တော်လှန်ရေးကို မောင်နှင်ပါ။

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP