သိန်းငှက် (မင်းပြား)
ရှေ့ခေတ်ခါက
ရခိုင့်နိုင်ငံ
တိုင်းအလံကား
မုတ်သုန်အနွဲ့
လီအဝှေ့မှာ
ဂုဏ်ယူလွှင့်ထ
တို့ရခိုင်ဟု
ကမ္ဘာ့အလယ်
လွန်တင့်တည်၍
ဝင့်ကြွားဖူး၏--။
ခုခေတ်ချိန်ခါ
ခုချိန်မှာကား
သူ၏စနစ်(ကိုလိုနီစနစ်)
သူလက်ချက်ကြောင့်
ပြည်ကြီးမဏ္ဍိုင်
ပြည်ရခိုင်မှာ
မှုံဝါးပျောက်ကွယ်
လူမျိုးပြုန်းမတတ်(ပြည်ပျက်)
ဖြစ်ခဲ့ရ၍
သောကပင်လယ်
ဒုက္ခဝေကာ
တပါးလူမျိုး
ကြီးစိုးအုပ်ချုပ်
မင်းဗိုလ်လုပ်လျှက်
နှိပ်စက်ညှင်းပန်း
ခိုင်းစေသမျှ
အံကြိတ်ခံ၍
အဓမ္မတရား
လက်ကိုင်ထားကာ
အောက်သားသွီးနှော
ကျွန်ဇာတ်ကိုသွင်း
ကမ္ဘာ့အလယ်
နောက်ကောက်ကျအောင်
ဒင်းတို့ကြံဆောင်
ကြိုးစားသော်လည်း
နောင်ကြီးဇာနည်
မျိုးချစ်တို့လို
သွီးစက်ကိုခင်း
ချွေးစက်ရင်းကာ
ဝါးမြစ်ကိုစား
ငှက်ပျောဖက်၍
တိုက်ပွဲဝင်ရန်
မ၀ံ့သော်လည်း
ငါ၏လက်နက်
ကလောင်စက်ဖြင့်
အမှောင်ဖျက်မည်
လင်းကြက်တို့၏ ကြုံးဝါးသံ--။
သိန်းငှက်(မင်းပြား)