18.9.11

ရခိုင့်လွတ်လပ်ရေးစာစောင် (အမှတ်. ၁၂)

                         စာတည်းစကား            
             နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ကူးခဲ့ပြီ။ ၂၀၀၃-ခုနှစ်မှသည် ၂၀၀၄-နှစ်သို့ပြောင်းလဲခဲ့ပြီး ရခိုင်ရို့၏ ကျွန်သက်သည်လည်း သက္ကရာဇ်နောက်ကို တကောက်ကောက်လိုက်ပါလျှက် နှစ်ပေါင်း ၂၂၀-အဖြစ်သို့ကူးပြောင်းခဲ့လေပြီ။ ကျွန်သက်နည်းတူ တော်လှန်ရေးသက်တန်းသည်လည်း တနှစ်တိုးလာပြီး ၂၁၉-နှစ်ပင်ပြည့်မြောက်ခဲ့ပါပြီ။ တော်လှန်ရေးသက်တန်းရှည်သလောက် ရခိုင့်တော်လှန်ရေးသည် ခရီးမတွင် ခြီရာမထင်ဖြစ်နိန်သည်ကို မျိုးချစ်ပြည်ချစ်ရခိုင်သားတိုင်း သတိပြုမိကြပါလိမ္မည်။ နှစ်ဟောင်းမှအတွိအကြုံများကိုဆန်းစစ်လျှက် နှစ်သစ်ကို အဓိပ္ပါယ်ဟိဟိဖြတ်သန်းဖို့ သင်ခန်းစာယူ အားမွီးကြရမည်။
                    ၂၀၀၃-ခုနှစ်သည် ရခိုင်အမျိုးသားများအတွက် နှစ်ကောင်းနှစ်မြတ်တခုဟု သတ်မှတ် မှတ်ကျောက်တင်လျှင်လည်း မှားမည်မဟုတ်။ အ၀ီးရောက်ရခိုင်ရခိုင်မျိုးချစ်များနှင့် တော်လှန်ရေးနိန်မြီဟိ ရခိုင်မျိုးချစ်များ တရင်းတနှီးဆက်သွယ်ဖြစ်ကြသည်။ ရခိုင်သားရို့၏ ခေတ်နောက်ကျကျန်ရစ်နိန်သော အမျိုးသားတော်လှန်ရေးကို ခေတ်နှင့်အမှီ ရင်ဘောင်တန်းနိုင်ဖို့ နိမိတ်ကောင်းတခုပင်။ သမိုင်းပါမောက္ခ ဒေါင်တာအေးချမ်းက လူ့အခွင့်အရေးအရီခြုံ ရိုဟိန်ဂျာအမည်ခံ စစ်တကောင်းအနွယ်ဝင် ဘင်္ဂလီရို့၏နယ်ချဲ့ထွင်ရေး သမိုင်းလိမ်ကို ဝေဖန်ခြင်းဟု အမည်ရသည့် မျိုးချစ်ရခိုင်သားတိုင်းအတွက်မှတ်သားလောက်ဖွယ်ရာ စာအုပ်တအုပ်ကို ရီးသားပြုစုခဲ့ပြီး ရခိုင်အမျိုးသားအသင်း(ဂျပန်)မှ ဖေသာအရင်းစိုက်လျှက်ထုတ်ဝီကာ ရိုဟိန်ဂျာအမည်ခံသူရို့၏ သမိုင်းလိမ်ကို မြန်မာနိုင်ငံရေးဇာတ်စင် ကမ္ဘာ့ဇာတ်စင်ထက်၌ လှလှပပ တင်ဆက်ကပြနိုင်ခဲ့သည်။
                         ရခိုင့်တော်လှန်ရေးခေါင်းဆောင်များက ရခိုင်အမျိုးသားအကြိုညီလာခံကို ကျင်းပနိုင်ရန် လုံးပမ်းထုတ်ခဲ့ကြသော်လည်း အခက်အခဲ့အမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ပေ။ သို့သော်စစ်ရေးမဟာမိတ်(၅) ဖွဲ့တွင် ရခိုင့်လက်နက်ကိုင်တော်လှန်ရေးထဲမှ အဖွဲ့ဝင်ဖြစ်သော(ALP)သည် ပထမဆုံးသော ပူးတွဲမဟာမိတ် အရာဟိစစ်သင်တန်းသို့ သင်တန်းသား(၁၀)ကိုပို့နိုင်ခဲ့ပြီး အနာဂတ်အတွက် ခေါင်းဆောင်လောင်းများကို မွီးထုတ်ပီးနိုင်ခဲ့ပါသည်။
                         နှစ်ကာလရှည်ဖြတ်သန်းလာသော ရခိုင့်တော်လှန်ရေးကို ပြန်လည်သုံးသပ်ရန်နှင့် မျိုးဆက်သစ်လူငယ်ရို့၏ အခန်းဂဏ္ဍကိုမြှင့်တင်နိုင်စီရန် ထိုင်းမြန်မာနယ်စပ်ရောက် မျိုးဆက်သစ်လူငယ်များက ရခိုင်လူငယ်(Seminar)တခုကို နယ်စပ်တနိန်ရာ၌ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီး အများသဘောတူညီချက်အရ ရခိုင်လူငယ်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ(AYCC)ကို စနစ်တကျဖွဲ့စည်းနိုင်ခဲ့သည်။ ဘဏ္ဍာငွေအခက်အခဲ့ကြောင့် လူငယ်များအခန်းဂဏ္ဍကို လက်တွိကျကျ မြှင့်တင်မပီးနိုင်ခဲ့သော်လည်း ရှီးလုပ်ငန်းစဉ်များကို အခြီခံကျကျချမှတ်ကာ ထိုင်းမြန်မာနယ်စပ်ရောက် ရခိုင်လူငယ်အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလလူငယ်များ၊ ရခိုင်ရဟန်းသင်္ဃာတော်ရို့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှုကို စတင်နိုင်ခဲ့သည်။
                            အမျိုးသားစည်းလုံးညီညွတ်ရေးကို စိတ်ကူးယဉ်လျှက် အမျိုးသားစည်းလုံးညီညွတ်ရေးသည်သာ အဓိကဟု အါခေါင်ကွဲအောင်၊ ၀င်သီးကွဲအောင်၊ ဟစ်အော်ကြွေးကြော်လာခဲ့ကြသော မျိုးဆက်သစ်ရခိုင်လူငယ်ရို့ စည်းလုံးညီညွတ်ရေးပြိုကွဲရခြင်း၏ အခြီခံအကြောင်းတရားများကို လက်တွိအတွိအကြုံထဲမှ သဘောပေါက်နားလည်ခဲ့ကြရသည်။ တယောက်၏အားနည်းချက်၊ အားသာချက်၊ ဟာကွက်၊ ပျော့ကွက်၊ တယောက်အကြောင်းတယောက် ကောင်းကောင်းသိခဲ့ရပြီ။
                          ၂၀၀၃-ခုနှစ် အဖြစ်အပျက်အားလုံးကို ခြုံပြီးသုံးသပ်ရသော် ယင်းဖြစ်ပျက်မှုများသည် စိတ်ကူးယဉ်မှု၊ တဘက်သတ်အပြစ်ပြောမှုများကို ဖယ်ခွါစီလျှက် ခေတ်စနစ်၏ ပကတိတောင်းဆိုမှုများကို နားသဘောပေါက်ခဲ့ကြရသည်။ ဤကဲ့သို့ပကတိတရားကို ရခိုင်မျိုးဆက်သစ်လူငယ်များ သဘောပေါက်လာကြမှုသည် အနာဂတ်၌ ခေတ်မှီတော်လှန်ရေးလမ်းကြောင်းကို တက်ညီလက်ညီလျှောက်လှမ်းနိုင်ဖို့ စတင်မီးမောင်းထိုးပြလိုက်ခြင်းပင်မဟုတ်ပါလား ။                                                                                                     

                                                                     အေဒီတာ
                                                  ရခိုင့်လွတ်လပ်ရေးစာစောင်။

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP