14.9.11

ညီညွတ်ရေး အမြင်တခု

           
                         အသျှင်-နာယက
              နှစ်မြို့ဖွယ်အနာဂတ်၏ အစပိုင်း၌ ရပ်လျှက် အကျွန်ရို့ရခိုင်သူရခိုင်သားရို့သည် အဓိပ္ပါယ်ဟိဟိ သမိုင်းအစိတ်အပိုင်းတခုကို ဖြတ်သန်းနိန်ကြသည်။ အကျွန်ရို့အပြည့်အဝ လိုချင်တက်မက်သော လွတ်မြောက်မှုအတွက်၊ ကိုယ့်တိုင်းကိုယ့်ပြည်အတွက် အပြည့်အဝပီးဆပ်လျှက် မကြာမီသော အနာဂတ်၌ တရားမျှတသော သမိုင်းတစ်ခုကို ဖန်တီးကြရမည်။ အကျွန်ရို့သည် ဗျဒိတ်မြီနှင့်သက်ဆိုင်သူများဖြစ်ကြသည်နှင့်အညီ အကျွန်ရို့၏ကိုယ်ပိုင်အနာဂတ်တွင် ဂုဏ်သရေဟိဘဝကို အကျွန်ရို့အတူတကွဖန်တီးနိုင်ကြသည်။ ပိုမိုပြီးပြည့်စုံသော ညီညွတ်မှု၌ အကျွန်ရို့နိန်ထိုင်ကြရန် ရည်စူး၍ ယ္ခင်မျိုးဆက်များက ပီးဆပ်ခဲ့ကြကြောင်း၊ ယင်းမြီ၌ ဘိုးဘိုးဘီဘင်ရို့၏ ခိုင်မာသောသမိုင်းမှတ်တိုင်များက ပြောပြလျှက်ဟိနိန်ပါသည်။ လွတ်လပ်မှုနှင့် လူ့ဂုဏ်သိက္ခာဟိနိန်ဖို့ သူရို့၏ဧရာမတာဝန်ထမ်းဆောင်မှုများက အကျွန်ရို့မျိုးဆက်များအတွက် အဓိပ္ပါယ်ဟိသောလုပ်ရပ်များဖြင့် ဘ၀ကိုဖြတ်သန်းကြဖို့ သတိပီးလျှက်ဟိနိန်ပါသည်။
                   သမိုင်းကို ပြန်ရီး၍ရနိုင်သည်။ သို့သော် ကွဲပြားမှုထဲ၌ ညီညွတ်ရေးအတွေးအခေါ်က အကျွန်ရို့ဘ၀သမိုင်းကို ထုဆစ်ဖို့ သမိုင်းပီးတာဝန်များ အကျွန်ရို့ထံသို့ကျရောက်လျှက် ဟိနိန်ပါပြီ။ ခေတ်ရီစီးကြောင်းထက်၌ တန်ဘို့ဟိဟိရပ်တည်လျှက် အသက်ရှင်ရပ်တည်ရေး၊ လွတ်မြောက်ရေးနှင့် အားလုံးပျော်ရွှင်နိုင်ရေးအတွက် ရခိုင်သူ ရခိုင်သားရို့က မျိုးဆက်တခုပြီးတခု တာဝန်ထမ်းဆောင်ရေးအမြင်က လွှမ်းမိုးလျှက်ဟိပါသည်။ အင်အားနှင့် မိမိကိုယ်ကို ယုံကြည်ချက်များဖြင့် ညီညွတ်သောလူမျိုးအဖြစ် နောက်တကြိမ်ပြသဖို့ ရခိုင်သားရို့၏ဆန္ဒ၊ စိတ်ဓါတ်နှင့် စရိုက်လက္ခဏာများကို အချိန်ကချဉ်းကပ်လှုပ်ခါလျှက် ဟိနိန်ပါသည်။ လွတ်လပ်မှုနှင့် ငြိမ်းချမ်းရေး၌ နိန်ထိုင်လိုစိတ်သည် လူသားတိုင်းတွင် ကိန်းအောင်းလျှက်ဟိနိန်ပါသည်။ အကျွန်ရို့ရယူပိုင်ဆိုင်သျှင်သော လွတ်မြောက်ရေးသည် အတိုင်းအဆမဟိ ကျယ်ပြန့်ပါသည်။ အကျွန်ရို့၏ စိတ်ဓါတ်ဆန္ဒနှင့် သတ္တိရို့ဖြင့် နှစ်ရှည်လများ ငြင်းပယ်ထားခြင်းခံရသော အကျွန်ရို့ အသက်တာတလျှောက်လုံး လိုချင်တပ်မက်သော လွတ်မြောက်မှုကို အရယူနိုင်ပါသည်။
                 အကောင်းဆုံးကို အောင်မြင်ဖို့ ပိုပြီးအလုပ်လုပ်လိုစိတ်များက အကျွန်ရို့၏ အနာဂတ်ကိုတည်ဆောက်ဖို့ အမြင်ကျယ်ကြရန် နှိုးဆွလျှက်ဟိနိန်ပါသည်။ အက၊ျွန်ရို့ဇာရောက်နိန်လေဆိုစွာ အရေးမကြီးပါ။ ဇာကိုဦးတည်နိန်လေဆိုသည်ကသာ အရေးကြီးပါသည်။ အကျွန်ရို့၏ ပို၍ကောင်းမွန်သော အနာဂတ်အတွက် အလုပ်လုပ်ရန် ရခိုင်သားရို့၏ စစ်မှန်သောစိတဓါတ်မှာ လူသားရို့၏ဇွဲသတ္တိကို နားလည်မှုပင်။ တကမ္ဘာလုံးတွင်ပြန့်ကြဲနိန်သော ရခိုင်သူ ရခိုင်သားရို့က မိသားစုတခုတည်း၊ အသင်းအဖွဲ့တခုတည်းပမာ ပူးပေါင်းလုပ်ဆောင်သော ညီညွတ်မှုသင်္ကေတထက် အဘယ်အရာက စွမ်းအားဟိပါမည်နည်း။ နယ်ပယ်ပြင်ပ၌ စနစ်တကျ စီမံကွပ်ကဲပြောင်းလဲလုပ်ကိုင်နိုင်သူရို့အား အဖရခိုင်ပြည်ကြီးက တန်ဖိုးအနဂ္ဂကိုပီးရန် ကြိုလင့်နိန်၏။ ခရီးရှည်ကိုချီးတက်နိန်ကြသော မျိုးချစ်တော်ရို့သည် ရှိသို့တက်လှမ်းသောအတွေးအခေါ်များကို အဖန်တလဲလဲပြောင်းလဲလျှက် သတင်းအချက်အလက်စီမံမှုနှင့် နည်းပညာရို့၌ ရှိရောက်စီဖို့ အသွင်သဏ္ဍာန်များပြောင်းလဲရန် တွန်းအားပီးနိန်ပါလိမ္မည်။ ကမ္ဘာကျော်ပုဂ္ဂိုလ်တဦး၏ အဆိုအမိန့်ဟိခဲ့သည်မှာပြောင်းလဲမှုသည် ဘ၀၏ဥပဒေဖြစ်သည်၊ အတိတ် (သို့) ပစ္စုပ္ပန်တခုကိုသာ ကြည့်သူများသည် အနာဂတ်နှင့် လွဲချော်နိန်လိမ္မည်။ ရခိုင်သားရို့က ယင်းအဆိုအမိန့်ကို အမှန်အဂင့်ယုံကြည်ကြပြီး အနာဂတ်၏အံတုမှုများကို ရင်ဆိုင်ရန် ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ရှိသို့ စိုက်စိုက်မတ်မတ် ကြည့်နိန်ကြသည်။
                   အပြန်အလှန် ပူပေါင်းမလုပ်ဆောင်နိုင်မှု၊ ရခိုင့်လူ့ဘောင်သို့ မတူညီသောအမြင်များဖြင့် ချဉ်းကပ်ကြမှုရို့ကြောင့် အကျွန်ရို့၏ ညီညွတ်မှု ပြိုကွဲခဲ့ရပြီး မပြောပြနိုင်လောက်သော ဒုက္ခခရီးရှည်ကြီးကို ဖြတ်သန်းနိန်ခဲ့ကြရသည်ကို အကျွန်ရို့ မျက်ဝါးထင်ထင် တွိမြင်ခဲ့ကြရပေပြီ။ အဖက်ရခိုင်ပြည်ကြီး၏ အဖက်ဖက်က ယိုယွင်းပျက်စီးခဲ့ရမှုကို ရင်ဆိုင်ဖို့ ယုံကြည်မှုနှင့် မိမိကိုယ် မိမိယုံကြည်မှုပါဝင်သော ယ္ခင်ကထက် ပိုပြီးခိုင်မာသော၊ ညီညွတ်မှုကို တည်ဆောက်ဖို့ အကျွန်ရို့မှာ အပြည့်အ၀ တာဝန်ဟိကြသည်။ အကျွန်ရို့ ပျက်ကွက်ခဲ့ကြပါက နာကြင်သောနိန့်ရက်များကို ဆက်လက်ရင်ဆိုင်ကြရလိမ္မည်။
               မတူညီမှုများကို ဘေးဖယ်လျှက် ဒေနိန့်ရင်ဆိုင်နိန်ရသော ပြဿနာများ၏ အရင်းအမြစ်ကိုဖေါ်ပြကာ ရခိုင်သားရို့၏ အပြန်အလှန် ညီညွတ်မှုသဏ္ဍာန်ကို သက်သီပြလျှက် အကျွန်ရို့၏ဘ၀၊ ကံကြမ္မာနှင့် အဖိုးအနဂ္ဂထိုက်တန်သော ဂုဏ်ကျက်သရေရို့ကို ရယူပိုင်ဆိုင်ကြရမည်။ ရခိုင်သားရို့၏ညီညွတ်ရေးသည် ရခိုင်သားရို့၏ နှလုံးသားနှင့် စိတ်ထဲတွင် ဟိသည်ဟု အကျွန်ရို့ အားလုံးယုံကြည်ကြသည်။ ယင်းကို အကျွန်ရို့၏ဘ၀များအတွက် အကျွန်ရို့၏ တိုင်းပြည်အတွက်၊ ဘ၀ကိုပီးဆပ်မှုသည် တန်ဖိုးအနဂ္ဂထိုက်သည်ဟု ခံယူချက်နှင့် အမြင်ဟိသူက အကျွန်ရို့၏ မျိုးဆက်သစ်များအား ဟောပြောလာပါလိမ္မည်။ ဤကဲ့သို့ သတ္တိဟိဟိစွမ်းဆောင်မှု၊ ရဲရဲရင့်ရင့် ဆုံးဖြတ်မှုများကြောင့် ဖြစ်ပေါ်လာသော ညီညွတ်ရေးသည် ရီရှည်တည်တံ့ခိုင်မြဲလိမ္မည်ဖြစ်ပြီး ရခိုင့်သမိုင်း၌ မှတ်မှတ်ရရ တွင်ကျန်ရစ်ခဲ့မည်။ ရခိုင်သူရခိုင်သားရို့ ဖေါ်ပြကြရမည့် အရေးအကြီးဆုံးနှင့် အံတုနိန်သော အကြောင်းအရာများမှာ အကျွန်ရို့ထံ၌ ကျရောက်နိန်သော ဧရာမတာဝန်များပင်။ ယင်းရို့ကို အခွင့်အခါနှင့် မဖြစ်မနိန် လုပ်ဆောင်မှုများဖြင့် ရင်ဆိုင်ကြရမည်။
                  တချိန်က ရခိုင့်ဂုဏ်ရောင် တောက်ပြောင်အောင် လုပ်ဆောင်ခဲ့ကြသော ရခိုင်သားကောင်းရတနာများ၏ ဘ၀သက်သီသာဓကများက အကျွန်ရို့၏ဘ၀ကို တန်ဖိုးဟိဟိ ဖြတ်သန်းပြီး ခြီရာတွင်ကျန်ရစ်စီဖို့ သတိတရားဝင်လာအောင် လုပ်ဆောင်လျှက် ဟိနိန်ပါသည်။ ဤရခိုင်သားကောင်းရတနာများသည် အကျွန်ရို့၏ အမြဲတန်းလိုချင်တပ်မက်နိန်သော အကျွန်ရို့တိုင်းပြည်၏ ဂုဏ်သိက္ခာ၊ လွတ်လပ်တရားမျှတမှုနှင့် လူ့တန်ဖိုးဟိစီဖို့ သတ္တိဟိဟိဖြင့် အမြဲကာကွယ်ခဲ့ကြသည်။ ယင်းပုဂ္ဂိုလ်မြတ်ရို့၏ တဦးချင်းစီ၏ ဘ၀သည် အကျွန်ရို့တိုင်းပြည်အတွက် အဖိုးအနဂ္ဂထိုက်တန်ပါသည်။ လွတ်လပ်မှုအတွက် ပီးဆပ်ခဲ့ကြသော ဘ၀တခုချင်းစီသည် အချင်းနှီးပျောက်ကွယ်မလားဘဲ သူရို့၏၀ိဥာဏ်သည် ဂုဏ်ပြုမှုများကို ခံရမည်ဖြစ်ပြီး သူရို့၏အသိဥာဏ်များက အကျွန်ရို့၏ လွတ်မြောက်ရေးလမ်းကြောင်းကို ညွှန်ပြကောင်းချီပီးနိန်ပါမည်။
                  ရခိုင်ရို့ အထွဋ်အထိပ်သို့ ရောက်ဟိခဲ့စဉ်အခါ ရခိုင်သားရို့၏ စိတ်ဓါတ်ခိုင်မာမှုများကို ပြသလျှက် ရခိုင်သားရို့၏ ၀ိသေသလက္ခဏာဆိုသည်မှာ ဇာကိုဆိုသည်ကို သမိုင်းကမျက်ဝါးထင်ထင် ပြသခဲ့ပါပြီ။ အကျွန်ရို့ချစ်မြတ်နိုး တွယ်တာလိုချင်သော ရခိုင်ပြည်၏ တရားမျှတ လွတ်လပ်မှုနှင့် ဂုဏ်ကျသရေရို့ကို ယင်းမျိုးချစ်များက တာဝန်သိသိ ကာကွယ်ခဲ့ကြသည်။ ဤအချိန်သည် ရခိုင်သားရို့၏ သတ္တိနှင့် တာဝန်ကျီပွန်မှုရို့ကို ပြန်လည်ရှာဖွေဖေါ်ထုတ်ပြီး အကျွန်ရို့၏ မျိုးဆက်များအတွက် ထိုက်ထိုက်တန်တန်ပီးဆပ်ဖို့ အကဲစမ်းလျက်ဟိနိန်၏။ ယင်းသို့ ပီးဆပ်ခြင်းများဖြင့် အကျွန်ရို့၏ခံစားနိန်ရမှု ဝေဒနာများကို အဆုံးသတ်နိုင်မည်ဖြစ်ပါသည်။ တရားမျှတမှု၊ ဂုဏ်ကျသရေနှင့် လွတ်လပ်မှုရို့ကို ရဟိရန်ရည်စူးလျှက် ရခိုင်သားများက ညီတူညီမျှ တာဝန်ထမ်းဆောင်ခဲ့ကြသကဲ့သို့ အသိတရားနှင့် အမျိုးသားစိတ်ဓါတ်ဖြင့် သူရို့၏ဘိုးဘွားမြီကို ကာကွယ်လျက် ရက္ခမြီ၏ အမျိုးကောင်းသားများအဖြစ် သက်သီပြလျက် နောက်လာနောက်သား မျိုးဆက်သစ်များအတွက် စံပြအစဉ်အလာကောင်းများကို ပြသရန် ရခိုင်သူရခိုင်သား အားလုံးအတွက် အကျွန်ရို့၏ တိုင်းပြည်ကို ထူထောင်ခဲ့ကြသော ဖခင်ရို့၏ ဂတိဝတ်များအတိုင်း လုပ်ဆောင်ကြရန် အကျွန်ရို့ပါဝင်ဆင်နွှဲနိန်ကြသော မျိုးချစ်တော်များအနိန်ဖြင့် အောင်မြင်မှုပန်းတိုင်ကို ရောက်အောင်လှမ်းကြစို့---။ လွတ်မြောက်မှုလမ်းကြောင်းထက်၌ စုစည်းကြစို့---။ ဝေဒနာနိန့်ရက်များကို ချန်ရစ်ထားကြစို့---။ မနက်ဖြန် အကောင်းဆုံးနိန့်ရက်များအတွက် တန်ဖိုးဟိဟိ ပီးဆပ်ကြစို့---။ အကျွန်ရို့၏ ကံကြမ္မာကို သတ်မှတ်ပီးမည့် သမိုင်း၏ အကဲစမ်းမှုများကို ဖြီယှင်းကြစို့---။

                    အသျှင်-နာယကရီးသားသော Avision of Unity ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ ဤဆောင်းပါး၌ ချွတ်ယွင်းချက်၊ လွှဲလျှော်ချက်၊ မှားယွင်းချက်၊ တစုံတရာပါဟိပါက ဘာသာပြန်ဆိုသူ၏ လိုအပ်ချက်သာ ဖြစ်ကြောင်း--။ အကယ်၍ ချွတ်ယွင်းချက်၊ လွဲလျှော်ချက်၊ မှားယွင်းချက်များ တစုံတရာပါဟိပါက အ၊ကြံပြုစာများ၊ ဝေဖန်စာများ၊ ပီးပို့နိုင်ပါကြောင်း---။
                        ဘာသာပြန်ဆိုသူ….
                         ခိုင်လင်းအောင်..။

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP