ရက္ခအမှန် ငါရို့ကြံက
အမှန်မုချ ပြည်ရက္ခကို
အပြီးကြံ့ခိုင် တည်ဆောက်နိုင်မည်။
ရဲဝံ့စွန့်စား ရက္ခိုင်သားရို့
စုပေါင်းညီညာ အောင်ကြောင်းဖြာလျှက်
အရိုးကြီကြီ အရီခန်းခန်း
လွတ်လပ်ပန်းကို ခူးဆွတ်ယူမည့်
သူရိယနီမင်း ပေါ်ထွန်းလင်းချိန်တန်နိန်ဗျာယ်။
(၉၉)လတ္တံ့ ကျမ်းမြတ်အလာထိုပီစာမှာ
အာသျှတိုက်နယ် တရုပ်ပြည်က
အပျိုစင်မင်းသ္မီး ဆက်သက်ပီးလို့
ရခိုင့်အောင်လံ ဘွဲ့ထူးခံလျှက်
ပဉ္စလောဟာရတနာဖြင့် သွန်းလောင်းတည်ခ
မြတ်မုနိမဟာ ပြန်ကြွလာ၍
ရခိုင်ဘုရင် မင်းမြတ်သျှင်လည်း
တဖန်အုပ်စိုး ကိုယ့်အမျိုးကို
အမျိုးသီလ နီလပမာ ထွန်းပလာမည်
မုချဧကန်ဟောကိန်းတည်း။
ခိုင်ရွှေမင်း(ဓည၀တီ)
၁၅၊ ၈၊ ၂၀၀၃