အာရုံခေါ်နှိုး
ဝိုးတ၀ါးမြင်ကွင်း
ချောင်မရတာဝန်
အနာကောင်းလေ့
အမာရွက်သက်သီ။
ဆောက်နန့်ထွင်းထည့်
ကျွန်လောင်းရိပ်ပူ
အနိုင်ကျင့်ခံ
အယုံလွယ်နောင်တ
ပြည်ထောင်စုထဲလမ်းပျောက်
ငတ်မွတ်သက်သီ။
ရွတ်လပ်ကမ္ဘာ
ကန္တရပန်းပွင့်
မွှီးကြိုင်ဂုဏ်သတင်း
အားကျနွမ်းခြွီ။
နယ်ချဲ့ဆန့်ကျင်
ညီညွတ်မှုအား
စနစ်ဆိုးဖြိုဖျက်
တော်လှန်သူမဟုတ်
အားကျနိန်လို့အပို။
ပြည်ထောင်စုဆိုရေ စကားလုံးအောက်မှာ ရခိုင်သားအမျိုးပျောက်ဖို့ဆိုစွာကို
အားလုံးသဘောပေါက်နိုင်ကတ်ပါစီ။
ပုဏ္ဏာကျွန်းဇူးဝေ။
၁၆-၇-၂၀၀၃