5.6.11

လွတ်မြောက်လမ်း

နှလုံးသားကြီမွညက်ကြီ
ကိုယ်ခန္ဓာတစက်စီဖြစ်ပါတ်စီ
တိုင်းဓညဌာနီမလွတ်မြောက်လီသမျှ
ငါ့အတွက်ထွက်ပေါက်ကိုမရှာ။

မူယာမာယာငါမတတ်
ပါယ်ကပ်ကပ်ငါလုပ်
မဟုတ်စွာငါမခံ
သံတမန်ပရိယာယ်မဟိပါတ်စီ
ဇာတိသွီးအားမန်အပြည့်နှင့်
ရီဆန်ကိုငါလှော်ခတ်လို့
လွတ်လပ်ရေးမွတ်တေငါ။

တူရာလူနှင့်လက်တွဲလျှောက်
ပန်းတိုင်ရောက်မှကြေနပ်မည်
ငတ်ပါတ်စီသီပါတ်စီ
တိုင်းဌာနီပြည်အရေးမို့
ဆယ်သက်ပီးဆပ်ရပီးဆပ်ရပါတ်စီ။
ခိုင်မင်းညို

သမိုင်းမသိသော သမိုင်းရီးသူများ (ခိုင်မင်းညို)

သမိုင်းရီးသူများသည် သမိုင်းမှန်ကို ရီးသားနိုင်ရန်အတွက် သမိုင်းကိုသေသေချာချာသိဖို့လိုအပ်သည်။ သမိုင်းကို သမိုင်းအတိုင်းမြင်ပြီး သမိုင်း၏အမှန်အဂင့်ဖြစ်ပျက်ခဲ့မှုများကို မကွယ်မ၀ှက် အမှန်ကိုအမှန်အတိုင်း ရီးချဝံ့ဖို့လည်းလိုအပ်သည်။ သို့မှသာ သမိုင်းရီးသူများသည် ထင်ရှားသော သမိုင်းပညာသျှင်များဖြစ်လာပြီး ယင်းသမိုင်းကို လေ့လာသူများအတွက်သာမက သမိုင်းကိုတည်ဆောင်ခဲ့ကြသော လူမျိုးအတွက်လည်း ဂုဏ်ကျက်သရေတိုးစီနိုင်ပါသည်။ သို့ရာတွင် မိမိရို့လူမျိုး၏ သမိုင်းကို အခြားလူမျိုးများအား လွှမ်းမိုးစီရန်ရည်စူးလျှက် အခြားလူမျိုးရို့၏ သမိုင်းကို ချန်လှပ်ကာ သမိုင်းကိုဥဏ်နီဥာဏ်နက်ထွင်ပြီး ရီးသားထားခဲ့လျှင်ကား သမိုင်းတု၊ သမိုင်းလိမ်သာဖြစ်လာခဲ့ပြီး နောင်တချိန်၌ သမိုင်းမှန်ကို သိလာရသောအခါ သမိုင်းရီးသားခဲ့ကြသော သမိုင်းပညာသျှင်များသာမက သမိုင်းကိုဖေါ်ပြခြင်းခံသော လူမျိုးအတွက်လည်း သိက္ခာကျစရာ၊ ယှုယ်ချ ဝေဖန်စရာများဖြစ်လာစီနိုင်ပါသည်။
            မြန်မာ့သမိုင်းကို ပြုစုရီးသားခဲ့ကြသော အချို့သော မြန်မာ့သမိုင်းပညာသျှင်များသည် မြန်မာ့သမိုင်းကို မြန်မာနိုင်ငံဟိ ဆန္ဒမဟိဘဲ အတူလက်တွဲ နိန်ထိုင်နိန်ကြသော တခြားလူမျိုးများကို လွှမ်းမိုးနိုင်စီရန် ရည်ရွယ်၍လည်း၎င်း၊ ၄င်းရို့၏ သမိုင်းကို တခြားလူမျိုးရို့၏ သမိုင်းအဖြစ် ထင်ယောင်ထင်မှားဖြစ်စီရန်အတွက် သမိုင်းမှန်ဖြစ်ရပ်များကို ပွင့်ပွင့်လင်းလင်းမရီးသားဘဲ သမိုင်းတု သမိုင်းလိမ်များကိုသာ ရီးသားလျှက် တခြားလူမျိုးရို့၏ သမိုင်းဖြစ်ရပ်မှန်များကို ဖုန်းကွယ်နိုင်ရန်ကြိုးစားခဲ့ကြသည်။ ဤကဲ့သို့ ရီးသားခဲ့ကြသော သမိုင်းတု သမိုင်းလိမ်များသည် တခြားလူမျိုးများကို အချိန်အတိုင်းတာတခုထိ လိမ်လည်လှည့်ဖြားနိုင်ခဲ့ပြီး ၄င်းရို့၏ ပဒေသရာဇ်ာဆန်ဆန်၊ အာဏာသျှင်ဆန်ဆန် အုပ်ချုပ်မှုများကိုလည်း ထိန်းသိမ်းလာနိုင်ခဲ့ပါသည်။ သို့ရာတွင် သမိုင်းဘီးတပါတ် လည်လာသော အချိန်တွင်ကား သမိုင်းကိုရီးသားခဲ့ကြသော သူများသာမက သမိုင်းရီးသားခြင်းကိုခံရသော လူမျိုးအတွက်ပါ ယှုပ်ချဝေဖန်မှုများကို ခံနိန်ကြရပြီးဖြစ်ပါသည်။
            သမိုင်းဆိုသည်မှာ ထိုးရှီးအခါက မြန်မာမင်းရို့သည် ၄င်းရို့၏ နိုင်ငံတော်ကို မည်ကဲ့သို့တည်ဆောက်ခဲ့ကြသည်၊ မြန်မာနိုင်ငံ၏ နယ်နိမိတ်ကို ကျယ်ပြန့်အောင် မည်ကဲ့သို့ စည်းရုံးသိမ်းသွင်းခဲ့ကြသည်၊ အခြားလူမျိုးများနှင့် အတူတကွ မည်ကဲ့သို့ အီးအတူပူအမျှ သမိုင်းတလျှောက်လုံး နိန်ထိုင်ခဲ့ကြသည်ဟု အခြားလူမျိုးရို့၏ သမိုင်းကိုကွယ်ဝှက် ဖုန်းကွယ်ထားခဲ့ကြသည်သာမက သမိုင်းမှန်များကိုမရီးဘဲ အတုအယောင်သမိုင်းများကိုသာ ကျောင်းသုံးစာအုပ်များ၌ ထည့်သွင်းဖော်ပြခြင်းကိုဆိုလိုသည်။ (ယင်းသမိုင်းစာအုပ်၏ ရိုက်ခတ်မှုကြောင့် မြန်မာသမိုင်း၌ ဘုရင်များကို အခြားလူမျိုးများကပါ မိမိရို့၏ဘုရင်အဖြစ် ယုံကြည်သက်ဝင်လာခဲ့ကြပြီး မြန်မာ့သမိုင်းမှ ဘုရင်များကို ကိုယ့်ဘုရင်အဖြစ် ဂုဏ်ယူဝင့်ကြွားခဲ့ကြသည်။ ယင်းကျောင်းသုံးစာအုပ်ထဲမှ တချို့ဘုရင်များသည် ဗမာမဟုတ်သော အခြားလူမျိုးများကို ညှင်းပန်းနှိပ်စက်ခဲ့ကြသော ဘုရင်များဖြစ်နိန်သည်ကို တွိဟိရသောအခါ ဒေါသမီးအိုးကြီး ပေါက်ကွဲခဲ့ရသည်။ သို့သော် ဒေနိန့်ထက်ထိလည်း မြန်မာနိုင်ငံတွင် လက်ဟိနိန်ထိုင်နိန်ကြသော ဗမာမဟုတ်သည့် တခြားလူမျိုးအချို့ရို့သည် မြန်မာ့သမိုင်းကျောင်းသုံးစာအုပ်၏ လှည့်ကွက်ထဲတွင် မျိုးပါလျှက် ၄င်းရို့၏ ဘုရင်ဟု ဂုဏ်ယူဝင့်ကြွားနိန်ကြတုန်းပင် ဟိနိန်သိမ့်သည်။) ယင်းရှီးဟောင်းများသာမက ၁၉၄၅-ခုနှစ် ဗမာ့လွတ်လပ်ရေးမရမှီနှင့် လွတ်လပ်ရေးရပြီးသော အချိန်ခါ၌ ဖြစ်ပျက်ခဲ့ကြသော သမိုင်းများကိုပါ ဥာဏ်နီဥာဏနက်ထွင်လျှက် သမိုင်းတုသမိုင်းလိမ်များကို ကြံဖန်လုပ်ဇတ်ခင်းခဲကြသည်။ သမိုင်းကိုပြောင်းပြန် ရီးခဲ့ကြသောကြောင့် သမိုင်းကိုမမှီလိုက်သူများအတွက် သမိုင်းလိမ်များကိုသာ လေ့လာခဲ့ကြရပြီး သမိုင်း၏မှိုင်းမိမှုများကို နှစ်ရှည်လများ မရှုမလှခံစားခဲကြရသည်။ ယင်းသမိုင်းကို မှီလိုက်သူများကလည်း ရက်စက်ယုတ်မာသော မြန်မာစစ်အာဏာသျှင်များ၏ အာဏာစက်အောက်၌ အသက်ငင်မရ နစ်မြုပ်ကာ ရီမုံနှုတ်ပိတ်လာခဲ့ကြပါသည်။
            သို့ရာတွင် ထိုသို့ရီးသားခဲ့သော သမိုင်းတုများသည်ကား တာရှည်မခံဘဲ ၁၉၈၈-ခု ပြည်သူ့အုံကြွမှုကြီး ပေါ်ပေါက်လာသောအခါ သမိုင်းတုကြီး မှိုင်းမိမှုကိုခံခဲ့ရသော ပြည်သူလူထုတရပ်လုံးသည် သမိုင်းဖြစ်ရပ်မှန်များကို သိလာခဲ့ကြပြီး၊ သမိုင်း၏တရားခံများကိုလည်း သိလာခဲ့ကြကာ ယင်းသမိုင်းထဲ၌ ဇာတ်လိုက် ဇာတ်ကောင်အဖြစ်၊ ကယ်တင်သျှင်ကြီးအဖြစ် ခေတ်သစ်သမိုင်း တလျှောက်လုံး၌ လှည့်စားခဲ့ကြသော လူကြမ်းကြီး၊ မင်းသားခေါင်းဆောင်ထားသော ဘီလူကြီးကို ရှာဖွီတွိဟိခဲ့ကြသည်။ သမိုင်း၏တရားခံများကို တရားစွဲနိုင်ရန်အတွက်ကိုလည်း ၁၉၈၈-ခုနှစ်မှစ၍ ကြိုးစားတိုက်ပွဲဝင်လာခဲ့ကြသည်။ ၁၉၈၈-ခုနှစ် ပြည်သူ့အုံကြွမှုကြီးကို ဖြိုခွဲခဲ့ပြီး အပြစ်မဲ့ပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြသော သမိုင်းတရားခံများကိုပါ တရားစွဲဆိုနိုင်ရန်အတွက် ခေတ်သစ်သမိုင်းမှန်ရီးသူများက ကြိုးစားနိန်ကြပြီး ၁၉၈၈-ခုနှစ်ကစခဲ့သော သမိုင်းဘီးကြီးသည်လည်း တပါတ်လည်ရန် အချိန်ပါးကပ် လာပြီးဖြစ်ပါသည်။
            ဤကဲ့သို့ သမိုင်းသစ်၊ သမိုင်းဟောင်းအလိမ်များကို ရီးသားခဲ့ကြသော မြန်မာ့သမိုင်းပညာသျှင်များ၊ သမိုင်းရီးသားခြင်းကိုခံခဲ့ရသော မြန်မာများအဖို့လည်း အရှက်ရစရာ တကွက်ပြီးတကွက် ဆက်တိုက်ပေါ်ပေါက်လာနိန်ပြီဖြစ်ပါသည်။ သမိုင်း၏ဒါဏ်ခတ်မှုများကို ခံရရန်အတွက်လည်း အချိန်ပါးကပ်လာပြီးဖြစ်ပါသည်။ မြန်မာ့သမိုင်းဖြစ်ရပ်များတွင် အမှန်အဂင့်ဖြစ်ပျက်ခဲ့သော သမိုင်းများကိုပါ ထည့်သွင်းရီးသွင်းခဲ့ကြသောကြောင့်၎င်း သမိုင်းရီးသားခဲ့ကြသူများသည် မြန်မာပဒေသရာဇ်ဘုရင်၊ မြန်မာစစ်အာဏာသျှင်ရို့၏ အာဏာစက်အောက်မှ ရုန်းထွက်၍မရခဲ့မှုကို အကြောင်းပြုပြီး မြန်မာသမိုင်းပညာသျှင်များနှင့် မြန်မာရို့အဖို့ အရှက်ကွဲခဲကြသော်လည်း မသိမသာဖြေသိမ့်စရာချေရဟိခဲ့ကြသည်။ သို့ရာတွင် သမိုင်းကို တမင်တကာ ဥာဏ်နီဥာဏ်နက်ထွင်ပြီး ၄င်းရို့လူမျိုးကောင်းစားရေး၊ ပဒေသရာဇ်အာဏာသျှင်များ အကြိုက်လိုက်ရီးခဲ့ကြသော သမိုင်းပညာသျှင်များနှင့် ၄င်းသမိုင်းကို ထောက်ခံလျှက်ဟိနိန်ကြသေးသော လူမျိုးကိုကား ခွင့်လွှတ်၍ ရနိုင်မည်မဟုတ်ပေ။ ယင်းသူများသည် သမိုင်း၏ဒဏ်ခတ်မှုကိုလည်း မကြာမှီသောအချိန်၌ မုချမလွဲ ခံရမည်ဖြစ်သည်။
            တချိန်က အခက်အခဲအမျိုးမျိုးကြောင့် ရခိုင်ပြည်ထဲသို့ နည်းမျိုးစုံဖြင့် အစုလိုက်အပြုံလိုက်ဝင်လာခဲ့ကြပြီး၊ ရခိုင်ပြည်၌ ယင်းရို့၏ လူဦးရေ တိုးပွါးလာစီရန်နှင့် သူရို့၏ အီစ္စလာမ်ဘာသာ တရားများကို ကျယ်ပြန်လာစီရန် နည်းမျိုးစုံဖြင့် ကြိုးစားလာခဲ့ကြသော ဘင်္ဂလီလူမျိုးများသည် ၄င်းရို့၏ ရသင့်ရထိုက်သော နိုင်ငံသားဖြစ်ရေးအတွက် မကြိုးစားဘဲ၊ ရခိုင်ပြည်တွင် တချို့သော ဒေသများကို ၄င်းရို့ကိုယ်တိုင် အုပ်ချုပ်နိုင်စီရန်အတွက်၎င်း၊ ရခိုင်ပြည်မှခွဲထွက်ကာ သီးခြားနယ်မြီဒေသ ထူထောင်နိုင်စီရန်အတွက်၎င်း၊ ကြိပ်ကြံကြံလာခဲ့ကြပါသည်။ ဤကဲ့သို့သော အခွင့်အရေးကို ပြည့်ပြည့်၀၀ရဟိနိုင်ရန်မှာ ဗြိတိသျှနယ်ချဲ့ခေတ်နှင့် ဗမာရို့လွတ်လပ်ရေး ရပြီးသောအခါ ၀င်လာခဲ့ကြသူများဖြစ်ခဲ့ကြလျှင် မရဟိနိုင်ဆိုသည်ကို သဘောပေါက်လာခဲ့ကြသည်။ (ရှီးယခင်က ရခိုင်ပြည်ထဲသို့ဝင်လာခဲ့ကြပြီး လူဆလင်ဘာသာကို သက်ဝင်ယုံကြည်ပြီး ရခိုင်ရို့နှင့် အီးအတူပူမျှ သမိုင်းတလျှောက်လုံး နိန်ထိုင်လာခဲ့ကြသော၊ ရခိုင်ပြည်အပေါ်သစ္စာဟိသည့် ကမန်နှင့် အခြားမူဆလင်လူမျိုးများကိုမဆိုလို။ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသတ၀ိုက်၌ နိန်ထိုင်လျှက်ဟိပြီး ရခိုင်ပြည်အပေါ်သစ္စာမဟိသော ရိုဟင်ဂျာဟု ခံယူလိုသော အစွမ်းရောက်မူဆလင်တချိုရို့ကို ဆိုလိုသည်။ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသတ၀ိုက်၌ နိန်ထိုင်နိန်ကြသော်လည်း ရခိုင်ပြည်အပေါ်သစ္စာဟိသော ရိုးသားသည့် မူဆလင်ဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်သူများကို မဆိုလို) ထို့ကြောင့်ခေတ်ပညာတတ် အစွမ်းရောက် ဘင်္ဂလီမူဆလင်တချို့က ရှီးခေတ်က ရခိုင်ဘုရင်တချို့ရို့သည် မူဆလင်ဘုရင်များ ဖြစ်ကြသည်ဟူ၍၄င်း၊ မြောက်ဦးခေတ်မတိုင်မှီကတည်းက သင်္ဘောပျက်၍ ရောက်လာခဲ့ကြပုံများကို လူများယုံကြည်နိုင်လောက်အောင် ဖန်တီးလျှက် ၄င်းရို့၏လူမျိုးနာမည်များကိုလည်း (အာရပ်သမိုင်း၊ ရခိုင်သမိုင်း၊ မြန်မာသမိုင်း၌မဟိသော) ရိုဟင်ဂျာဟူ၍ အမည်ပီးကာ ရခိုင်ပြည်၌ တိုင်းရင်းသားလူမျိုးတခုအဖြစ် အဆင့်ထိ သတ်မှတ်ပီးနိုင်စီရန် နည်းမျိုးစုံဖြင့် တိုက်ပွဲဝင်လာခဲ့ကြသည်။
            ဤကဲ့သို့ တိုက်ပွဲဝင်လာခဲ့ကြခြင်းမှာလည်း ၄င်းရို့သတ်သတ် တိုက်ပွဲဝင်လာခဲ့ကြသည်ထက် မြန်မာအမျိုးသားခေါင်းဆောင်များဖြစ်ကြသော ၀န်ကြီးချုပ်ဟောင်းဦးနုနှင့် ဦးဘဆွေရို့၏ သွီးခွဲလှုံ့ဆော်မှုများနှင့် သမိုင်းမသိသော၊ သမိုင်းကိုသိလျှက်နှင့် တမင်သက်သက်သွီးခွဲလိုသော မြန်မာ့သမိုင်းပညာသျှင်များက ရခိုင်သမိုင်းကို စိစိစပ်စပ်လေ့လာမှုမဟိဘဲ ၄င်းရို့၏ သမိုင်းသုံးသပ်ချက်များဖြင့် ဖြစ်ဖွယ်ဟိသည်ဟူသော သမိုင်းများကို ယင်းရိုးဟင်ဂျာဟုခေါ်တွင်သော ကမ္ဘာ့သမိုင်းတွင်မဟိဖူးသည့်၊ မဟိသည့်လူမျိုးများက အပြန်အလှန်ကိုးကား အတုအယောင်သမိုင်းတခုကို ဖန်တီးနိုင်ရန် လုံးလစိုက်ကြိုးစားလာခဲ့ကြသည်မှာ ဒေနိန့်အထိပါ။ ဤသမိုင်းလိမ်များ၏ မှိုင်းတိုက်မှုများကို မြန်မာနိုင်ငံဟိလူမျိုးများသာမက တချို့သော (NGO)အဖွဲ့အစည်းများနှင့် ကမ္ဘာ့ကုလသမဂ္ဂမှအစ လူမျိုးတမျိုးအဖြစ် အသိအမှတ်ပြုဆက်ဆံလာကြသည်မှာ ရခိုင်သားရို့အတွက်သာမက မြန်မာနိုင်ငံဟိ အခြားလူမျိုးများအတွက်ပါ ရင်လီးစရာ သမိုင်းရိုက်ခတ်မှုများကို ခံစားနိန်ကြရပြီဖြစ်သည်။ (ဤသမိုင်းလိမ်များကို ရီးသားခဲ့ကြသော ခေတ်ပညာတတ်မူဆလင်များ၊ ယင်းသမိုင်းကို ထောက်ခံသူများ၊ အချို့သတင်းဌာနများ၊ ကိုးကျိုးရှာ(NGO)အဖွဲ့အစည်းများနှင့် ရခိုင်ပြည်သူသဘောထားကို အလီးမထားသော ကမ္ဘာ့ကုလသမဂ္ဂက ရခိုင်ပြည်ဟိ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးများ၊ အခြားရခိုင်တိုင်းရင်းသား လူမျိုးများ၊ မူဆလင်ဘာသာကို သက်ဝင်ယုံကြည်သူများကို တောင်းပန်ပြီး သမိုင်းဖြစ်ရပ်မှန်များကို ယင်းသမိုင်းတရားခံများက အမှန်ကိုအမှန်အတိုင်းဖေါ်ထုတ်ရီးသားကြရမည်။ ထိုသို့မဟုတ်ပါက"ယင်းသမိုင်းတရားခံများကို သမိုင်းကပြင်းပြင်းထန်ထန် ဒါဏ်ခတ်မည်မှာ သဘာဝနိယာမတရားပင်။"
            အာဏာသျှင်ရို့၏ လက်အောက်မှ မရုန်းထွက်နိုင်သော၊ သမိုင်းမှန်ကိုမရီးသားပီးနိုင်ကြသော သမိုင်းပညာသျှင်များ၊ အာဏာသျှင်လက်သစ် သမိုင်းပညာသျှင်များကို ကြံဖန်ပြီး ခွင့်လွှတ်၍ ရနိုင်သည်ဟု ဆိုကြပါစို့။ ၁၉၈၈-ခုနှစ် လူထုအုံကြွမှုကြီးဖြစ်ပွါးခဲ့ပြီး လွတ်မြောက်နိန်မြီသို့ ရောက်ဟိလာခဲ့ကြသော သမိုင်းသစ်ကို ဖန်တီးရန်၊ သမိုင်းဆိုးများကိုဖျက်ဆီးရန်၊ တာဝန်သိသိဖြင့် ရောက်ဟိလာခဲ့ကြသော ပညာတတ်ကျောင်းသားလူငယ်များအနိန်ဖြင့် သမိုင်းကို သုတေသနပြုသယောင်ယောင် သမိုင်းတု၊ သမိုင်းလိမ်များကို ကြံဖန်ရီးသားထောက်ခံမှုပြုထားသည်ကို တွိရသည်မှာကား သမိုင်းရှုထောင့်မှနိန်၍ သီးခံခွင်လွှတ်နိုင်မည်မဟုတ်။ မီးလောင်ရာတွင် လီပင့်ဆိုသလို စစ်အာဏာသျှင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖေါ်ပြလို၍ မြန်မာစစ်အာဏာသျှင်များကို ယှုပ်ချလို၍ တခြားလူမျိုးတမျိုးကို ဂရုနာသက်သည်ကို သမိုင်းရှုထောင့်မှနိန်၍ အပြစ်မတင်လိုပါ။ သို့သော် မီးလောင်ရာတွင် လီပင့်လုပ်ပီးမှုများသာမက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားနှင့် ဒီမိုကရက်တပ်ဦး(ABSDF) သည် ရိုဟင်ဂျာဟူသော အမည်ကို စနစ်တကျ လေ့လာမှုမဟိဘဲ ဘုမသိဘမသိဘဲ လူသားချင်း စာနာထောက်ထား ရေးဆိုသော ရှုထောင့်တမျိုးတည်းမှနိန်၍ မဟိသောသမိုင်းကို လုပ်ကြံရီးသားခဲ့ကြသည်။ သမိုင်းဖြစ်ရပ်မှန်များကို လက်ခံသည်ဟုဆိုသော ပညာတတ်ကျောင်းသားများသည် ၄င်းရို့၏ ရပ်တည်ရေးကိုယ်ကျိုးအတွက် ရိုဟင်ဂျာဟူသော သမိုင်းတုကို လက်ခံရုံမျှမက၊ ထပ်ဆင့်ဖြည့်စွက်ကာ သမိုင်းလိမ်များကိုပါ ဆင့်ပွါးလုပ်ခဲ့သည်များကို သမိုင်းရှုထောင့်မှကြည့်လျှင် သမိုင်းမသိသော ကိုယ်ကျိုးရှာသမိုင်းရီးသူများ ဖြစ်လာခဲ့ကြပြီး၊ သမိုင်းတရားခံများ ဖြစ်လာခဲ့ကြမည့်အပြင် တနိန့်သောအချိန်အခါ၌ သမိုင်း၏ဒါဏ်မှုများကို ခံရမည်ဖြစ်သည်။ ယင်းသမိုင်းတုကို ရီးသားခဲ့သော(ABSDF)နှင့်တကွ သက်ဆိုင်ရာတာဝန်ဟိသူများက ရခိုင်ပြည်ဟိ ဗုဒ္ဓဘာသာ ရခိုင်၊ အခြားရခိုင်တိုင်းရင်းသားများ၊ မူဆလင်ဘာသာကို သက်ဝင်ယုံကြည်ပြီး ရခိုင်ရို့နှင့် အီးအတူပူအမျှ အတူလက်တွဲ နိန်ထိုင်လိုသောသူများကို ၄င်းရို့၏ စော်ကားမေါ်ကား လုပ်မိမှုအတွက် တောင်းပန်ရမည်။
            ထို့ကြောင့် သမိုင်းကိုရီးသားကြသူများအနိန်ဖြင့် သမိုင်းဖြစ်ရပ်မှန်များကို အမှန်ကိုအမှန်အတိုင်း ချရီးကြဖို့လိုပါသည်။ သို့မှသာ သမိုင်းကိုလေ့လာသူများအတွက် သမိုင်းဖြစ်ရပ်မှန်များကို လေ့လာသိဟိနိုင်မည်ဖြစ်ပြီး အနာဂတ်မျိုးဆက်သစ်များအတွက် အကျိုးဟိနိုင်မည်ဖြစ်သည်။ ထို့သို့မဟုတ်ဘဲ သမိုင်းတုသမိုင်းလိမ်များကို ပုံကြီးချဲ့ ရီးသားခဲ့ကြလျှင်ကား ယင်းသမိုင်းကိုလေ့လာသူများသည် ရန်သူကို မိတ်ဆွေ၊ မိတ်ဆွေကို ရန်သူအဖြစ် ထင်ယောင်ထင်မှားဖြစ်နိုင်ပြီး အနာဂါတ် မျိုးဆက်သစ်များအတွက် အန္တရာယ်ဖြစ်စီနိုင်ပါသည်။ ယင်းသမိုင်းတု သမိုင်းလိမ်များကို ရီးသားခဲ့ကြသူများကိုလည်း သမိုင်းက ဒါဏ်ခတ်မည်မှာ မြီကြီးလက်ခတ်မလွဲပေ။

မကောင်းသူထိပ်

ကြောရိုးမဟိရေသတ္တ၀ါ
နိုင်ငံရေးလုပ်တေဆိုဝါ
ကရောင်ကထောင်၊ စည်းမကျဝါးမကျ
ကွမ်းယာတညက်၊ ရီပူအိုးတဆူ။
အမျိုးချစ်တေလို့၊ အရိုးမဟိန့်ရေလျှာနန့်ဆို
ဘုံမဟိန့်ရေသတ္တ၀ါ၊ မနုဿတိကိုကြောခိုင်းရေ၀ါ
ဇာတိလေ့မပျောက်၊ ခြီရာလေ့ဖျောက်ချင်ရေ
သွားလေ့ကျွတ်ဗျာယ်၊ ခါးလေ့ကိုင်းလားခဗျာယ်
မီးဇာလေ့ကုန်ခါနီးဗျာယ်၊ ဆီလေ့ဖင်ကပ်ချေ
လူတိလေ့အမြင်ကတ်တေ
ဇာခါချွတ်လို့ကျွတ်ဖို့လေးမသိ
စိတ်ရာကုန်ရေထော။          ။ ခိုင်ချစ်ခင်(ရမ္မာမြီ)

လွတ်မြောက်နယ်မြီမှ တွေးမြင်ရနံ့များ(၂) ခိုင်လင်း(မေဃ၀တီ)

ဒေဆောင်းပါးကို ဆက်ရီးဖို့  အချို့တိုက်တွန်းကတ်ပါရေ။ စာပီအမြင်၊ တော်လှန်ရေးအမြင် စသည်အားဖြင့် ဝေဖန်ထောက်ပြစွတိလည်းဟိယင့်။ ၀မ်းသာဂုဏ်ယူမိပါရေ။ နောက်တချက်က ကျွန်တော်အရီးအသား ညံ့ဖျင်းမှုကြောင့် အဓိပ္ပါယ်တိလွဲချော်စွာကို တဖဲ့ချေယှင်းပြချင်ပါရေ။ (၃၅)ကီလိုမှာ ကျွန်တော့်ကိုသတ်ဖို့ ခြိမ်းခြောက်စွာ ဟာလူမဟုတ်ပါ။ ဟာလူသိရေဆိုစွာကို ပြောစွာပါရာ။ အဝေးဟာလူ အရိုးတွန်စွာ မင်းကြားဖူးရေမဟုတ်လားဆိုစွာလည်း ကကောင်းရင်းနှီးလို့ တိုင်တည်ပြီးပြောရေစကားပါ။ ထားဖိ။
            ရခိုင့်နိုင်ငံရေးသမားတိ၊ တော်လှန်ရေးသမားတိဆိုစွာ ရခိုင်သားတိစရိုက်ကို တီးမိခေါက်မိဖို့ လိုအပ်ဖို့လို့ ကျွန်တော်မြင်ပါရေ။ ယင်းပိုင်စရိုက်တိကိုသိကေ ယှောင်ယှားပြီး အမျိုးသားညီညွတ်ရေးကို တည်ဆောက်ဖို့အတွက် အထောက်အကူပြုဖို့ သုံးသပ်မိစွာပါ။ ဆိုကေ ရခိုင့်နိုင်ငံ ပြန်လည်တည်ဆောက်ရေး လုပ်ဖို့အတွက် ရည်မှန်းထားရေပန်းတိုင်ဟိကေ စနစ်တကျ တည်ဆောက်ဖို့လိုဖို့ ထင်ပါရေ။ ပိုပြီးအလုပ်လည်း လုပ်ရဖို့လို့ယူဆစွာပါ။ ဟာလူကား ဇာပိုင်ထင်လည်းမသိဗျာယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးကို တည်ဆောက် တဖက်ကလည်း ရန်သူတိကို တိုက်ဖို့ဆိုစွာဟာလူပါ ကျနော်ပါ အာပေါင် အာရင်းသန်သန်နန့် ပြောနိုင်ဖို့လို့ထင်ပါရေ။ "အပြောနန့်မပြီးသီးပါ တိုးတက်မှုလမ်းကိုရာ အယင်ခါပိုင်ထင်ပေါ်ရအောင် ဇွဲလုံ့လဟိသင့်ဗျာယ် ရခိုင် ရခိုင်" မြတ်ခိုင်ကျော်ဆိုရေ တေးခြင်းတပိုဒ်နားထဲ ရောက်လာလို့ဟာလူ။ အေပိုင်ဗျာယ် အလုပ်တခုခုလုပ်ကတ်ဖို့ ငါရို့မျိုးဆက်တိ စုစည်းပနာ ဆုံကတ်ကေ၀ါ။ တိုက်ဖို့ဆိုရေ စကားကြားမိတိုင်း"ခြီကုပ်"တခု လိုရေဆိုစွာကို အလီးအနက် စဉ်းစားစီချင်ပါရေ။
            ကျွန်တော်လွတ်မြောက်နိန်မြီရောက်ပြီးကေ ပါတီထဲမှာ ထဲထဲဝင်ဝင်လုပ်စွာ"ညဇာက"လို့ပြောလို့ရပါရေ။ ယကေလေ့ တော်လှန်ရေးအ၀န်းဝိုင်းနန့်မစိမ်း။ တော်လှန်စာပီတိ၊ သမိုင်းတိနန့်မ၀ီး။ ဆိုကေ ကျွန်တော်တွိရစွာထဲက အချို့ပုဂ္ဂိုလ်တိရေ အချိန်ဆိုရေ ပေတံတိနန့်တိုင်းပြီးကေ ဂုဏ်ယူနိန်ကတ်စွာကို တဖဲ့ချေဆွေးနွေးချင်စွာပါ။ ယင်းသူ ဇာလောက်ပီးဆပ်ပြီးဗျာယ်လဲ၊ ယင်းသူတော်လှန်ရေးလုပ်စွာ ညဇာကမနား၊ ငါ့အယူအဆ အတွေးအခေါ်တိမကန်ထွား၊ ငါဖြတ်သန်းဖူးရေအချိန်ကိုလည်း ကြည့်ပါဗလင်၊ စသည်အားဖြင့် အတွေးအခေါ်တိ ၀င်ရေလူတိလည်း ဟိကတ်စွာကို ချပြချင်လို့ပါ။ တလွဲဆံပင်ကောင်းစွာမနားဟာလူ ပြိုင်ဆိုင်ရဖို့စွာကား မဟုတ်ပါကား။ ယင်းပိုင်ပြောကတ်ဖို့၊ ယင်းပိုင်ပေတံတိနန့်တိုင်းကတ်ဖို့ဆိုကေ မောင်နေ၀င်းကို ဇာဖြစ်လို့ တော်လှန်နိန်စွါလဲ၊ ရခိုင်နိုင်ငံ ထူထောင်းရေးဆိုကေတော့ မပြောပါဗျာယ်။ ယင်းပိုင်မဟုတ်ဆိုကေ မောင်နေ၀င်းလည်း ခေသူမဟုတ်ဟာလူ။ ဗြိတိသျှ၊ ဂျပန်ရို့ကို တော်လှန်ပနာ လွတ်လပ်ရေးရအောင် ယူခရေခေါင်းဆောင်တယောက်မနား။ ဇာပိုင်ဖြစ်နိန်နိန် ယင်းချင့်ကိုတော့ ငြင်းလို့ရဖို့မထင်။ အေပိုင်အချိန်ဆိုရေ  ပေတံနန့်တိုင်းတာကတ်ဖို့ဆိုကေ မောင်နေ၀င်းရို့ အုပ်စုကိုလည်း တိုက်စွာကို ပြန်လည်စဉ်းစားဖို့ မလိုဗျာယ်လား။ အချိန်အကြာကြီးလုပ်စွာမလုပ်စွာ ပဓာန မဟုတ်ပါဟာလူ။ မမှန်ကန်ရေလမ်းစဉ်ကို လျှောက်နိန်ကတ်တေ အချိန်အများကြီး ကြာရေလူတယောက်ကို ကျွန်တော်ရို့ အေအတိုင်း ထိုင်ပနာကြည့်နိန်ကတ်ဖို့ဆိုကေ ကျွန်တော်ရို့လူမျိုးအတွက် အကျိုးဟိပါဖို့လား။ ကျွန်တော်ဥပမာပြောစွာပါနှမ်း။ ဆက်ပွားစဉ်းစားဖို့အတွက်ပါဟာလူ။
            ဆိုလိုစွာက အချိန်ဆိုရေ ပေတံနန့် နိန်ရာတိုင်းမှာ မတိုင်းဖို့ဆိုစွာကိုပါ။ သူ့နိန်ရာနန့်သူတိုင်းကေ တန်ဖိုးဟိပါရေ။ ကာလ၊ ဒေသဆိုစွာကို ချင့်ချိန်ပနာတိုင်းစီချင်စွာပါ။ သူ့နိန်ရာနန့်သူ မတိုင်းဘဲ နိန်ရာတကာမှာ တိုင်းထွာရေခါ မိမိကိုယ်ကိုဗဟိုပြုရေ စိတ်ကြီးဝင်ပနာ တဖက်သားရို့က အထင်အမြင်သေး ဖြစ်ပေါ်လာပါရေ။ ယေခါ (မင်းဇာသိလေ၊ ငါကဖြတ်သန်းလာစွာကြာဗျာယ်)ဆိုရေ အတွေးအခေါ်တိနန့် ပြောလာကတ်တေခါ ပေါင်းစည်းရဖို့အစား ပိုပြီးဝီးလားကတ်စွာကို တွိရပါရေ။ ရခိုင်သား၏ ကြီးမားရေမာနတရားကိုသိဖို့၊ ယှောင်ဖို့လိုပါရေ။ မင်းဇာလေဝေးဆိုပြီး အထင်သေး၊ အမြင်သေး ပြောလာကေ ထိုလူကလည်း မင်းဝါ၊ မင်းကဇာကောင်လေဆိုစွာ ပါလတ်တတ်ပါရေ။ အဓိက တော်လှန်ရေးဖြတ်သန်းမှု ရင့်ကျက်ရေ၊ မရင့်ကျက်၊ ပညာတတ်စွာ၊ မတတ်စွာကို တချက်ချေခေါက်ထားကတ်ပြီးကေ အသိအမှတ်ပြုမှု၊ နိန်ရာပီးမှု၊ လေးစားမှုတိ ဟိကတ်ဖို့ဆိုကေ ရခိုင့်တော်လှန်ရေး၊ နိုင်ငံရေးရေအေပိုင်ဟိဖို့မဟုတ်။
            နောက်တချက်က အထက်က ကျွန်တော်ဆွေးနွေးစွာတိနန့် ဆက်ပနာပြောရကေ "အရည်အခြင်း"ဆိုရေစကားတိကိုလည်း ကြားရစွာ အမျိုးသားအတွက် ၀မ်းနည်းစရာ ကကောင်းကောင်းပါရေ။ "အရည်အခြင်း"ဆိုစွာကို ဇာပေတံနန့်တိုင်းတာစွာလည်း မသိပါဗျာယ်။ အေပိုင်တိုင်းကေ အတိုင်းခံရရေလူကလည်း"မင်းဝါ"ဆိုရေစကားတိနန့် ပြန်ပြောဖို့စွာသေချာပါရေ။ ယကေနီးဖို့အစား ၀ီးလာရေလို့ ကျွန်တောာ်ထောက်ပြစွာပါ။ ဆက်ပွါးစဉ်းစားကြည့်ပါ ဟာလူ။ ဟာလူရို့၊ ငါရို့ လွတ်လပ်ရေးကို လိုချင်ကေ လွတ်လပ်ရေးနန့်တူရေ အလုပ်တိကို လုပ်ရဖို့လို့ထင်မိပါရေ။ လွတ်လပ်ရေးကိုယူရဖို့၊ ငါရို့ဆုံးယှုံးးနိန်စွာရွှီ၊ ကြီးကိုယူလိုမရ၊ ကြီးကိုယူလူ ဇာဖြစ်လို့ စသည်အားဖြင့် ပြောလိုက်စွာ မိုးတောင်မီးလောင်ဖို့ဟာလူ။ ယင်းပိုင်ပြောပြီးကေ ကိုယ့်ဆရာက တိုင်းပြည်နန့်လူမျိုးအတွက် လီတောင်မချွန်ဟာလူ။ ဇာဘင်ဖြစ်ဖြစ်"ခြီကုပ်"တခုရအောင် ဟာလူရို့၊ ငါရို့ကြိုးပမ်းရဖို့လို့ထင်ပါရေ။ ဆိုကေ"အရည်အခြင်းမဟိဝေ"ဆိုပြီး ပြောကတ်စွာထဲမှာ မိမိကိုယ်ကို ဗဟိုပြုပြီး မိမိကိုယ်ကို အထင်ကြီးစိတ်ဝင်ကာ တဖက်သားရို့ကို အထင်အမြင်သေးရေ စိတ်ဓါတ်တိ ၀င်ကတ်စွာမနား။ အသိအမှတ်ပြုမှုဟိရေလို့ ပါးစပ်ကပြောနိန်ပြီး လက်တွိမှာ အသိအမှတ်မပြုဘဲ အထင်သေးအမြင်သေး ဟိလို့မရပါနှမ်း။ ပိုးစုန်းကြူးလည်း သူ့အလင်းနန့်သူဟိစွာကို လမင်းနန့်ယှဉ်ပြီးကေ ကျွန်တောာ်ကဗျာရွီးဖူးပါရေ။ ကိုယ်ပိုင်အရည်အခြင်းကိုယ်စီ ဟိကတ်စွာမနားဆိုရေ အတွေးတိ ဟိစီချင်ပါရေ။ ဟာလူမှာမဟိစွာ ကျွန်တော့်မှာဟိပါရေ။ ကျွန်တော့်မှာမဟိစွာ ဟာလူမှာဟိပါရေ။ ဟာလူနန့် ကျွန်တော်ပေါင်းစပ်လိုက်ကေ ပိုပြီးမပြည့်စုံပါလား။ အဓိကပြောချင်စွာက နိုင်ငံတခု၊ တိုင်းပြည်တပြည် ဖွံ့ဖြိုးတိုးတက်ဖို့ ၀န်ကြီးချုပ်ရို့၊ သမ္မတရို့ ပညာသျှင်ရို့လိုစွာပိုင် ပန်းရံလုပ်ဖို့၊ သန့်ယှင်းရေးလုပ်ဖို့လူလည်း လိုစွာမနား။ တနိုင်ငံလုံးဝန်ကြီးချုပ်ရို့၊ သမ္မတရို့ ဖြစ်နိန်ကတ်ကေ သန့်ယှင်းရေးအသူလုပ်ပါဖို့လဲ။ "ဆံဖြူချေ ပေါ်ထွန်းအောင်ရာမနားဝေ"ဆိုရေ အတွေးတိဟိနိန်ဖို့ဆိုကေ ငါ့ရို့ပန်းတိုင်ကိုမပြောကေ့ အရွက်တိုင်တောင် ရောက်ဖို့မဟုတ်။
တခါက အောက်သားသတင်းစာတစောင်မှာ ဖတ်လိုက်ရစွာတခုဟိပါရေ။ (၁၉၉၈)ခုနှစ်ခန့်ကဖြစ်ဖို့လို့ထင်ပါရေ။ ဗြိတိန်နိုင်ငံမှာ အချေတိနန့်ပတ်သက်လို့ ပွဲတပွဲလား၊ အခမ်းအနားတခုလား မသိပါဗျာယ်။ အချေနန့်ပတ်သက်ပနာ ပျော်ပွဲရွှင်ပွဲ တခုလုပ်ဖို့ ကိစ္စလည်းပါပါရေ။ ယင်းကိစ္စနန့်ပတ်သက်ပြီး အစီအစဉ်တိ လုပ်လို့ပြီးပါဗျာယ်။ ယေပြီးကေ ၀န်ကြီးတိုနီဗလဲရေ မူလတန်းအချေတိပါးကလည်း အကြံအဥာဏ်တိမိန်းပနာ ယူသိမ့်ရေလို့ဖတ်လိုက်စွာပါ။ အင်္ဂလိပ်သတင်းစာတိကို အမြဲလေ့လာနိန်ရေ ဟာလူတယောက် ဖတ်လိုက်ရပါဖို့။ အေပိုင်အတွေးအခေါ်တိ ငါရို့ရခိုင်မသားတိမှာ ဟိကတ်ဖို့ကောင်းပါရေ။ မဟိကေလည်း ကျင့်ကြံသင့်ပါရေ။ "ယင်းသူဇာသိလေဝေး"ငါရို့ဖြတ်သန်းလာစွာ၊ ပီးဆပ်လာစွာကြာဗျာယ်ထွား"ဆိုပြီး ပြောကတ်စွာကို ကြားဖူးတွိဖူးပါရေ။ အကရောင်းဟာလူ အမျိုးသားအတွက်ဝမ်းနည်းရေ။
စွန့်လွှတ်မှု၊ အနစ်နာခံမှု၊ ပီးဆပ်မှုစသည်အားဖြင့် ကြွားဝါစရာ၊ ထုတ်ပြောစရာ မလိုထင်ပါရေ။ အသူဇာလဲဆိုစွာ တထွာပတ်လည်အသိုင်းအ၀ိုင်းမှာ သိကတ်စွာမနား။ မပြောချင်လို့ မပြောကတ်စွာရာ၊ ကျွန်တော်ရို့ မမှီလိုက်ရေအချိန်က အကြောင်းကိုလည်းသိယင့်။ အသူကဇာပိုင်စရိုက်ဟိပြီး အသူကဇာလုပ်ခလေဆိုစွာလဲသိယင့်။ တထွာပတ်လည်အသိုင်းအ၀ိုင်းမှာ သိကတ်စွာရမနား။ ယကေလေ့ တော်လှန်ရေးကို အကြီးအကျယ်မတိုက်ခိုက်ဆိုကေ ယင်းချင့်တိကို ချင့်ချိန်ပနာ ပြောကတ်စွာရာ။ အထူးသဖြင့် နွီးနွီးထွီးထွီးနန့် ရခိုင့်အရေးကို အသိအမှတ်ပြုခြင်း၊ လေးစားခြင်း၊ နိန်ရာပီးခြင်းတိနန့် နှီးနှောတိုင်ပင်ပနာ လုပ်စီချင်ရေ။ သေချာစွာကရေ တိုင်တိုင်ပင်ပင်နန့် အသိအမှတ်ပြုစီချင်ပါရေ။ "ဆံဖြူချေပေါ်ထွန်းအောင်ရာမနားဝေ"ဆိုရေ စိတ်ဓါတ်တိကို မြီမြှုပ်လိုက်ကတ်ဖို့ဆိုကေ သေချာပါရေ ကျွန်ဖြစ်နိန်စွာတောင်မှ "ဂေါင်"ဟိပါဖို့လို့ထင်ပါရေ။ အမျိုးသားတိုးတက်ကြီးပွါးရေးအတွက် တနိုင်တပိုင် လုပ်ကတ်စွာပါရာဟာလူ။

ဘုံပျောက်ကျွန်၏ အာသီသများ (အောင်ကိုဇံ)

ရှည်လျားလှသည့် ဂန္တ၀င်သမိုင်းကြောင်းကို နှစ်ပေါင်းများစွာ ဖြတ်သန်းစီးဆင်းလာခဲ့ရသော်လည်း မောပန်းဟန်အလျဉ်းမဟိ အားမာန်အပြည့်နှင့် ဆက်လက်စီးဆင်းနိန်လီမည့် ဂစ္ဆပနဒီ။ မြသားရောင်စိမ်းကြိုင်နိန်သည့် ရီအလျှံက တသွင်သွင်စီးပြီး ဇာသူ့ပယောဂမှမပါပဲ ကိုယ်တိုင်ဖြစ်တည်ခဲ့မှု အားအင်များဖြင့် ရွှီပြည်ရခိုင်သူ ရခိုင်သားများကို ပီးဆပ်နိန်သည့် ကျေးဇူးတရားကားကြီးမားလှပါဘိ အို ဂစ္ဆပ။ ထာဝရအားမာန်များနှင့် ရာသတ်ပန် ရှိဆောင်လမ်းပြလို့ ဟိနိန်တုန်း။
            ဂစ္ဆပ၏ရနံ့များကို ယှူယှိုက်လျှက် ကြီးပြင်းလာခဲ့ရသည့် ကျွန်တော်သည် ဓလေ့ထုံးစံများနန့် အဆက်အသွယ်ပြတ်ကာ ဘုံပျောက်ကျွန်ဘ၀မှာ ရီဝီးမြီခြား အိပ်မက်များနှင့် မွီးရပ်မြီကို သတိရနိန်ပါသည်။ ကိုယ့်မြီကိုယ့်ဒေသကို စွန့်ခွါလာခဲ့ရသူတိုင်း မွီးရပ်မြီအား သတိရ တမ်းတစိတ်ကို မိန့်ဖျောက်လို့ ရနိုင်ကြလီဖို့မထင်ပါ။ ကိုယ့်ဒေသကိုယ့်လူမျိုးကို ချစ်မြတ်နိုးခြင်းသည် အလွန်တရာ မြင့်မြတ်လှသည်ဟု ခံစားမိပါယင့်။ ကိုယ့်လူမျိုးကိုယ့်ဒေသကိုမှ တန်ဖိုးထားမြတ်နိုးမှုမဟိခဲ့လျှင် တခြားသော ဇာလူမျိုးခြားကမှ အငှါးလာချစ်ပီးနိုင်ဖို့မဟုတ်ပါ။
            သမိုင်းတကွေ့၏ ခြီတလှမ်းအမှား အသားထဲက လောက်တိ၏ မျိုးရိုးဗီဇ လုံးပါးပါးခဲ့ကြောင့် ဘိုးဘြားအမြီ မြမြႀကြီခဲ့ရၿပီး ဖြတ်သန်းခဲ့ပြီးသော ခရီးကြမ်းတလျှောက်မှာလည်း အမြင်ကျယ်လှပါသော ရခိုင့်နိုင်ငံရေးသမားဟောင်းများ တချို့၏ ကိုယ်ပိုင်ရပ်တည်လိုစိတ် ပျောက်ဆုံးနိန်မှုကြောင့် ရခိုင်လူမျိုးများ လွတ်မြောက်ရေးအခန်းကဏ္ဍသည် အလွန်တရာမှေးမှိန်လျှက် ဟိနိန်ပါသည်။ ရဟိခဲ့သော အခွင့်အရေးများကို မရယူနိုင်ခဲ့ခြင်းက ရခိုင်လူထု ရှင်လျှက်သီသည့် ဘ၀နှင့် ကျွန်သက်ရှည်နိန်ခြင်းပင်။ အမြင်ကျယ်ခြင်းကို ကိုယ့်လူမျိုးအတွက်သာ အသုံးချသင့်ပါ၏။
            ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို တူးဖော်ပြီး အသားလွတ် အပြစ်တင်နိန်ခြင်းမျိုးမဟုတ်။ အနာဂတ်သို့ လှမ်းမည့်ခြီလှမ်းများအတွက် သင်ခန်းစာအဖြစ် ရှုမြင်ကြည့်ခြင်းသာဖြစ်ပါရေ။ ကိုယ်ကျိုးစွန့် အနစ်နာခံခဲကြသော ခေါင်းဆောင်ကြီးများကို ဘေးထိုင်ဘုပြော ခြီရာတိုင်း အစဉ်အလာရိုင်းအောင် လုပ်နိန်ခြင်းလည်းမဟုတ်ပါ။ ယေကေလေ့ အစဉ်အလာ ဖောင်းကားမှုတိကို ဂရုစိုက်ထိန်းသိမ်း နိန်ရလွန်းအားကြီးလို့ ထိုးထွင်းသစ်လွင်မှုများ ကျဆုံးလားရခြင်းကိုတော့ခါ ယှောင်ယှားရပါလိမ့်မည်။
            အမှန်တရားကို ကိုယ့်ပရိတ်သတ်နှင့်ကိုယ်၊ ကိုယ့်ရှုထောင့်အမြင်နှင့်ကိုယ် ချဉ်းကပ်နိန်ကြချိန်မှာ မိမိခြီထောက်ကို မိမိလျှောက်ရမည့် လမ်းကြောင်းထက်၌ ရပ်တည်မထားနိုင်ခဲ့လျှင် လျှောက်မိလျှောက်ရာခရီးကို သွေဖီပြီး သူတပါး၏ လမ်းကြောင်းအောက်မှာ ရောယောင်ပျောက်ကွယ် ကျဆုံးလားရမှာအမှန်ပါ။ ဇာဝါဒ၊ ဇာစနစ်ပင် ထူထောင်ထောင် ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းဟိဖို့ လိုအပ်ပါသည်။
            တန်ဖိုးဟိသော အချိန်များကို မနာလိုခြင်းတိ တွေးတောမွီးမြူယင်း ပုဂ္ဂလိက ပဋိပက္ခနိုးကြားမှုများကို အဖွဲ့အစည်းများအတွင်း ဆွဲသွင်းပြီး ကျောင်းတော်ကရန်စပါ လမ်းထက်က ရန်စများကိုပါ ကြီးကျယ်ခန့်ငြားစွာ ကျင်းပလို့ တော်လှန်ရေးအတုတိသောက်ပြီး မူးချင်ယောင် ဆောင်နိန်ကတ်ကေတော့ခါ လူထုလွက်မြောက်ရေးအတွက် ရင်လီးစရာ ဖြစ်နိန်သည့်အပြင် ဘုံတရားခံပါ ပျောက်လားနိုင်ပါသည်။
            ခေတ်ဆိုးကြီးကို ပြောင်းလဲလိုစိတ်နှင့် တည့်နိန်သည့်လက်တိ စောင်းမနိန်ဖို့ လိုပါသည်။ သေနတ်ပြောင်းဝအောက်က အသက်ယှူမ၀ရေ အိပ်စက်ရခြင်းညည့်တိကို သယ်ဆောင်ပြီး လူမပီသခြင်းနိန့်တိကို မွီးဖွားလို့ ဗမာလူမျိုးကြီးဝါဒီ စစ်အာဏာသျှင်ရို့၏ နည်းမျိုးစုံ သွီးစုပ်နှိပ်စက်ခြင်းအောက်မှာ လူထုကတော့ခါ နိန့်တာရောညတာပါ ရှည်နိန်ရဆဲဖြစ်ပါသည်။ နိုင်ငံရေးဆိုစွာ ပါးစပ်ဖျားက ထွက်ကျလာသည့် စကားလုံးများကို စုစည်းပြီး မျက်နှာဖုံးလှလှနှင့်ခြုပ်ထားသည့် အထူးထုတ်စာအုပ်တအုပ် မဟုတ်သလို အတိုက်အခံ ဆိုစွာလည်း ပြောသမျှကို ခေါင်းညိတ်တတ်သည့် ခေတ်သစ် ပုတ်သင်မဟုတ်မှန်း လူတိုင်းလိုလိုသိဟိနားလည် လက်ခံထားကြပါသည်။ ယင်းအပြင် တန်းတူရေးဆိုစွာလည်း ကိုယ်တောင်းဆိုမှ ရတတ်သည့်အတွက် စစ်တပ်လူတန်းစား ကောင်းစားရေးနှင့် အင်္ကျီပြောင်းဝတ်သူများ ဘ၀ပြောင်လက်ရေးအတွက် လူထုသွီးစက်များ ခြီဆီးခံရမည့်အခြေအနေတရပ်သို့ ရွိလျားဦးတည်နိန်ခြင်းကိုတော့ခါ စစ်မှန်သည့်ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို တည်ဆောက်လိုသူအားလုံးက တားဆီးရဖို့ဖြစ်ပါသည်။ ဗေဒင်ပညာရပ်က မှန်ကေလေ့ ဗေဒင်ဆရာ မှားနိန်ရေဆိုသည့် စကားပုံချေပိုင် ဒီမိုကရေစီစနစ်က ကောင်းကေလေ့ ကျွန်ုပ်ရို့ ဆိုးခဲ့ပါသည်လို့ ဒီမိုကရေစီသမိုင်း ခပ်ရိုင်းရိုင်းမဖြစ်ချင်စွာပါ။ ဖွတ်ကဖြစ်လာသည့်မီးကျောင်းကို ရီငုတ်ဝတ်စုံဝတ်ဆင်ပီးပြီး ပင်လယ်ပြင်ကြီးသို့ ခေါ်ဆောင်လားမိကေတော့ခါ ပူနွီးလာသည့် ကမ္ဘာကြီး ပြာကျလားနိုင်ပါသည်။ လောကနီတိအဆိုအမိန့်အရ"ဆိုးသွန်းယုတ်မာသူကို သတ်ပုတ်ဒဏ်ခတ်ခြင်းဖြင့်သာ ယဉ်ပါးစီနိုင်ပါရေလတ်" ကိုယ်ကျိုးရှာ အတ္တ၊ မောဟတိ တခွက်ပြီးတခွက် သောက်လို့ အသက်ကြီးပြီး အကုသိုလ်ရင့်ကာ အချိန်စီးနိန်သည့် နအဖစစ်ဗိုလ်ချုပ်များကတော့ခါ မြီကြီးကိုပါ ဒုက္ခပီးလျှက်ပါ။ လူထုကိုစော်ကားပြီး သွီးရူးသွီးတမ်းပြောနိန်သည့် နအဖ၏ ရှိနောက်မညီသည့် စကားတော့ခါ နအဖနည်း၊ နအဖဟန် ဒီမိုကရေစီစနစ်ထူထောင်ဖို့  ပညာတတ်လူတန်းစားတရပ် လိုအပ်နိန်ပါရေလတ်။ ဖောင်စီးယင်း ရီငတ်ရေ နအဖ၏ သာလိကာ ပညာရေးစနစ်က ခေတ်နှင့်လျော်ညီအောင် ရင်ဘောင်တန်းနိုင်မည့် ပညာတတ်များကို ဇာပိုင်မှ မမွီးထုတ်နိုင်ပါ။ ထို့အပြင် သီးပြီးပွင့်ပြီးသား ပေါက်လာရေသစ်ပင် ဒေကမ္ဘာမြီပြင်မှာ မဟိသလို လူတိအဆင်သင့်ဖြစ်မှ ကျင့်သုံးနိုင်ရေ ဇာနိုင်ငံရေးဝါဒ၊ စနစ်ဆိုစွာလည်းမကြားဖူးပါ။
            MONA CAIRD, 1892."We are government not by armies and police but by ideas" ဆိုရေစကားပိုင် အုပ်ချုပ်ရေးစနစ်တရပ် ထူထောင်ဖို့ လူထုအကျိုးပြုသစ်လွင်ရေ အတွေးအမြင်တိရာ လိုအပ်ပြီး ပုလိပ်နန့် စစ်တပ်များမလိုပါ။ လူလူချင်းတန်ဖိုးထားရေ မေတ္တာတရားရာ လိုအပ်တေလို့ ယုံကြည်မိပါယင့်။ တရားမျှတမှုကို လိုလားသူတိုင်း လွတ်လပ်စွာ ကျင့်ကြံနိန်ထိုင်မှုဟိဖို့ပင်။
            တသက်တာယုံကြည်မှုနန့် စတေးနိန်ရေ တော်လှန်ရေးမှာ ကိုယ်ဖြတ်သန်းလာခရေ ခြီရာတိ၏ ထင်ကျန်ရစ်ခမှု အတိမ်အနက်ကို နောက်ပြန်လှည့် ဆန်းစစ်ကြည့်ဖို့လည်း လိုအပ်မေလို့ ထင်မိပါယင့်။ ဘူတာမဟိရေ ရထားတစင်းပိုင် မောင်းနှင်ခြင်းရာ အဖတ်တင်ခြင်းမျိုး မဖြစ်လားဖို့အတွက်ပါ။ လျှပ်စစ်မီးလုံးကို တီထွင်ခရေ သိပ္ပံပညာသျှင်ကြီး အက်ဒီဆင်ရေ တွေးဆစမ်းသပ်မှုအကြိမ် ၁၀၀၀၀ ပြုလုပ်ခရေ။ စမ်းသပ်မှုတခု မမှန်ကြောင်း သိလားစွာနန့်တပြိုင်နက် ချက်ချင်းလက်လျော့လိုက်ပါရေလတ်။ ဆိုလိုစွာက အမှားပေါင်း တသောင်းကို ကြောခိုင်းချန်ထားခဲ့ပြီးမှ အမှန်တခုကို ရဟိလားခြင်းဖြစ်ပါရေ။ အမှားများကို ထပ်ခါတလဲလဲ ဇွဲကြီးစွာလုပ်ခြင်းမျိုးမဟုတ်ပါ။
            လက်နှစ်ဖက်စလုံးပြတ်နိန်ရေ လူတယောက်ကို တက်ကျိုးကေ လက်ထိုးလှော်ပါလို့ အကြံပီးခြင်းမျိုးမဟုတ်ဘဲ ဒေထက်ပိုသင့်လျော်ရေ အတွေးအမြင်သစ်နန့် ပုံစံတမျိုးပြောင်းပြီး ချဉ်းကပ်မှုတခုခုကိုလုပ်ဖို့ ရည်ညွန်းခြင်းသာဖြစ်ပါရေ။ လွန်ခရေနှစ်ပေါင်း နှစ်ရာကျော်က ရခိုင့်အချုပ်အခြာအာဏာပိုင်နိုင်ငံတော် ဗမာလူမျိုးကြီးစစ်ဝါဒီရို့ လက်အောက်သို့ ကျဆုံးလားခရစွာ ရခိုင်အမျိုးသားတိုင်းလိုလို သိကေလေ့ ဇာကြောင့် ကျဆုံးလားခရစွာလေ့ဆိုရေ အဓိကကြောင်းရင်းများကို တိတိကျကျသိဖို့ လိုအပ်နိန်ပါသိမ့်ရေလို့ ထင်မိပါရေ။ အိမ်တွင်းပြဿနာများကို အိမ်တွင်းတွင်မဖြေယှင်းလိုခြင်း၊ နိုင်ငံရေး ပုံစံသစ်ပြောင်းလဲခြင်းကို လက်မခံလိုသော ပဒေသရာဇ်ကပ်ပါး ပုဂ္ဂိုလ်ဇွဲဝါဒများ ဖုံးလွမ်းနိန်ခြင်း၊ မိမိကိုယ်ကို ယုံကြည်မှု ပျောက်သျှ ဆုံးယှုံးနိန်ခဲ့ခြင်းများ စသည်ရို့ ဖြစ်နိန်ဖို့လား စဉ်းစားမိပါရေ။
            ဒေနိန့်ထက်ထိ ရခိုင်နှင့်ဗမာ ဖြစ်ခဲ့သောပြဿနာများကို မဖြီယှင်းနိုင်ကြသိမ့်ပါ။ ပိုဆိုးနိန်သည်မှာ ကျွန်တော်ရို့အကြားတွင် စည်းလုံးညီညွတ်မှု ပြိုကွဲနိန်ရခြင်းသည် ပြဿနာကို ဖြီယှင်းနိုင်မည့် လမ်းကြောင်းထက်သို့ မရောက်ဟိနိုင်သည့် အကြောင်းအရာတရပ်အဖြစ် တည်ဟိနိန်ကြောင်းကို ၀မ်းနည်းဖွယ် တွိဟိနိန်ရပြီး ရခိုင်တမျိုးသားလုံး လွတ်မြောက်တော်လှန်ရေး နှောင့်နှေးနိန်ရသည်ဟု ထင်မိပါသည်။ အိမ်ကြက်ချင်း အိုးမဲသုတ်ခံရပြီး ခွပ်နိန်ရခြင်းက ရုန်းထွက်ဖို့ လိုအပ်နိန်ပါ၏။ ငါးကြင်းဆီနန့် ငါးကြင်းကို ကျော်စားခြင်းဆိုရေ နည်းနာသစ်နန့်အတူ ကြွီတလှဲ့ ကြက်တခုန်ဆိုရေ စကားပုံအတိုင်း ယှုံးနိမ့်ခြင်းဆိုစွာ အောင်မြင်မှုရဖို့အတွက် လမ်းစတိပင်ဖြစ်တေလို့ ယုံကြည်ခြင်းနန့်ထပ်တူ အတွေးသစ်၊ အမြင်သစ်တိ ပေါင်းစပ်ပြီး ချီတက်ကေတော့ခါ ပန်းတိုင်ကို ရောက်မည်မလွဲပါ။ ပဒေသရာဇ်ဝါဒီ အထည်ကြီးပျက် အကျင့်ဆိုးများနန့် သမိုင်းလက်ကျန်အမွီအနှစ်များ၏ အခွင့်အရေးကို တောင်းဆိုနိန်ခြင်းသတ်သတ်မဟုတ်ပဲ ပစ္စက္ခတွင် ပကတိ ခံစားနိန်ကြရသော ရခိုင်အမျိုးသားများ၏ လူမပီသခြင်း ဆင်းရဲတွင်းမှ လွတ်မြောက်ရန် ကြိုးစားရမည်ဖြစ်ပြီး မျိုးဆက်သစ်တိ လက်ထဲမှာရာ ဟိနိန်နိုင်ရေ အနာဂတ်ကို ဖြူစင်စွာ ပွေ့ဖက်မိစီဖို့ ဖြစ်ပါကြောင်း။

ဘုရားသိစီ ၊ တိုင်တည်ပါ၏

                          သာယာချိမြ၊ စကားလှဖြင့်
                          ရက္ခပြည်သူ၊ ဒို့ ပြည်သူကို
                          သူ့ ပြည်သူဟု၊ သမိုင်းတုကို
                           ပြုစုလျက်၊ လုယက်ဖူး၏ ။

                           ပီထက်အက္ခရာ၊ ကျောက်စာမကျန်
                           မြီလှန်ချိုးဖျက်၊ ရက်စက်နှလုံး
                           လူညွန့်တုံးအောင်၊ တုံးရုံးသတ်ဖြတ်
                           လူလတ်လူရွယ်၊ နို့စို့ချေမကျန်
                           အဖိုးအိုမထား ။

                           ရိုးမတောင်ခြား၊ တံတိုင်းခြားလျှက်
                            ခြားနားရုပ်သွင်၊ ကြံအင်လက္ခဏာ
                           စာရိတ္တပါ၊ မတူပါချေ။
                            ဘုရားသိစီ၊ တိုင်တည်ပါ၏ ။
                                                ခိုင်မင်းညို
        

မိန်းခွန်းများကိုဖြေပါ

ဒါးဖြင့်အလှီးအဖြတ်ခံပြီး
                                       ကျွန်အဖြစ်အသီခံဖို့လား
                                       အသက်ကိုစတေးပြီး
                                       ရန်သူကိုတိုက်ထုတ်ယင်းပင်
                                       အာဇာနည်အဖြစ်အသက်ရှင်သန်ဖို့ လား။
                    
                                        ကျွန်လည်းဖြစ်ရ
                                        သီလည်းသီရ
                                         သင့်ဘ၀မှာ
                                         တန်ဖိုးဇာမှာဟိဖို့ လေး။

                                         ရန်သူမျိုးယုတ်
                                         အညွန့်ပြုတ်အောင် သင်လုပ်ဆောင်က
                                         မျိုးရက္ခပြည်သူ
                                         သင့်ပြည်သူသည်
                                         သင်၏ရုပ်သွင်
                                         ပြည့်သခင်ကို
                                         ရင်ဝယ်ထုဆစ်
                                         ရုပ်ထုအဖြစ်
                                         ကိုးကွယ်ရစ်မည်
                                         အာဇာနည်မည်သောအိုးအသျှင်။
                                                         
                                                          ခိုင်မင်းညို

4.6.11

အမျိုးမြတ်သား

ရွှီလောင်းပွန်းနန့် အလျှင်းဆီး
မင်းကမွီးလည်း
အတွေးဖေါက်ပြန်
ရန်သူကိုမှ ဓါးရိုးကမ်းလျှက်
ပြည်ပျက်စီသား
ရက်စက်သတ်ဖြတ်
လူယက်အာဏာ
ပုန်ကန်လာသော်
မသူတော်အား
မျိုးမြတ်သားဟု
ဇာလူထုက သိမှတ်ပြုမည်။

ICS အထပ်ထပ်ဘွဲ့တံဆိပ်
PHD အလီလီရလည်း
မျိုးရက္ခတွက်
တစိုးစိမျှ မစွမ်းဆောင်က
အမောင်ယေက်ျား
မျိုးမြတ်သားဟု
ဇာလူထုက သိမှတ်ပြုမည်။

တော်လှန်ရေးခေါင်းဆောင်
ပြည်ကျိုးဆောင်လည်း
အမှောင်လမ်းကြောင်း
ငွေလမ်းကြောင်းကို
သူဇောင်းပီးပနာ
သမီးသာလှ
ဝမ်းဝချမ်းသာ
သူသာယာရေး
သူ့အရေးသာ လုပ်နိန်ပါက
အမောင်ယေက်ျား
မျိုးမြတ်သားဟု
ဇာလူထုက သိမှတ်ပြုမည်။

ဘုရင်မင်းမြတ် သတ်ခံရချိန်
ရန်သူမျိုးယုတ် အုပ်ချုပ်နိန်ချိန်
တိုက်ဆိုင်ချိန်၌
လူမိုက်၊ သူခိုး အမျိုးဆိုးလည်း
ပြည်ကျိုးအတွက် ရွက်ဆောင်ထမ်းလျှက်
သက်ကိုစတေး
ပီးဆပ်ရဲသူ
ထိုလူသားကို
မျိုးမြတ်သားဟု
သိမှတ်ပြုမည် မောင်ဇာနည်။

ခိုင်မင်းညို

ငါရို့ဇာလုပ်နိန်ကတ်လေ၊ ငါရို့ဇာလုပ်ကတ်ရဖို့လဲ

လူတိုင်းလူတိုင်းရေ ကိုယ်ဇာလုပ်နိန်လေ၊ ကိုယ်ရေဇာသူလေ၊ ကိုယ့်အလုပ် အောင်မြင်ဖို့အတွက် ဇာပိုင်လုပ်ရဖို့လဲ ဆိုစွာကိုသိဖို့ အရေးတကြီး လိုအပ်ပါရေ။ ယပြီးကေ ကိုယ့်လုပ်ငန်းရေ ဇာလူတိနန့် ဆက်စပ်နိန်လေ၊ ယင်းဆက်စပ်နိန်ရေ အခြားလူတိက ဇာအနိန်အထားမှာ ရောက်ဟိနိန်ကတ်ဗျာယ်လေ၊ ယင်းဆက်စပ်နိန်ရေ အခြားလူတိနန့် မိမိလုပ်ငန်းအောင်မြင်ဖို့အတွက် အလုပ်အကိုင်တိကို ဇာပိုင်ဆက်စပ်ပြီးကေ လုပ်ရဖို့လဲဆိုစွာကိုလေ့ သိဖို့၊ နားလည်ဖို့ လိုအပ်ပါရေ။ ယင်းပိုင် အခြားလူတိနန့် ဆက်စပ်နိုင်ဖို့အတွက် ကိုယ့်ဘက်က ဇာတိကို ဇာပိုင်ပြင်ဆင်ထားပြီးကေ ဆက်စပ်ရဖို့လဲဆိုစွာကိုလေ့ သိနိန်ဖို့ လိုအပ်ပါရေ။ ယေမှရာ ကိုယ်လိုရေ ပန်းတိုင်ကို ခလုတ်မတိုက် ဆူးမငြိဘဲ ဖြောင့်ဖြောင့်ဖြူးဖြူး အပြီးသတ် လျှောက်လှမ်းနိုင်ကတ်ဖို့ ဖြစ်ပါရေ။
သာမန်ချေ လုပ်ငန်းတခုကို လုပ်ကိုင်နိန်ကတ်တေ လူတိထက် မိမိအမျိုးသားရို့ ဆုံးယှုံးလားခရေ၊ ဆုံးယှုံးနိန်ရေ အခွင့်အရေးတိကို အပြည့်အ၀ ပြန်လည်ရယူဗျာယ် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့ ကြိုးစားနိန်ကတ်တေ၊ ပြည်သူအတွက် တိုင်းပြည်အတွက် လုပ်နိန်ပါရေဆိုရေ တော်လှန်ရေးသမားတိ၊ အထူးသဖြင့် ရခိုင့်တော်လှန်ရေး ခေါင်းဆောင်တိက အထက်ဖေါ်ပြပါ အချက်တိကို အသေးစိပ်သိဟိဗျာယ် စနစ်တကျ စီမံကိုင်တွယ် ဆက်စပ်အဖြေမရှာဆိုလို့ဟိကေ အနာဂတ်ပန်းတိုင်ကို လွယ်လွင့်တကူ ရောက်နိုင်ကတ်ဖို့ မဟုတ်ပါ။ အတိတ်က ရခိုင့်တော်လှန်ရေး ကြီးထွားခမှုနန့် အတိတ်က ရခိုင့်တော်လှန်ရေး ဇာတွက်အောင်ပွဲမဆင်နိုင်လေဆိုစွာကို စနစ်တကျ လေ့လာဆန်းစစ်ဖို့ လိုအပ်ပါရေ။
အတိတ်က ရခိုင့်တော်လှန်ရေး အင်အားကြီးထွားခြင်း၏ အဓိက အခြီခံအကြောင်းအရင်းမှာ ယင်းအချိန်အခါက ရခိုင့်တော်လှန်ရေး ခေါင်းဆောင်ကြီးတိရေ မိမိရို့ရခိုင်လူမျိုးရို့ လက်ဟိပကတိခံစားနိန်ရရေ အခြေအနေကို နားလည်အောင် စနစ်တကျလေ့လာသုံးသပ်ပြီးမှ ပြည်သူရို့၏ ပစ္ဆက္ခလိုအင်ကို ဖြည့်ဆီးနိုင်ဖို့ ခေတ်အခါ အပြောင်းအလဲနှင့် အလိုက်သင့်လုပ်ကိုင်နိုင်ပြီးကေ ပြည်သူရို့ကို မိမိဘက်ကို ပါလာအောင် စနစ်တကျ စည်းရုံးသိမ်းသွင်းနိုင်ခလို့ပင် ဖြစ်ပါရေ။
အယင်ခေတ်က တော်လှန်ရေး ဇာတွက်နန့်မအောင်မြင်လဲဆိုကေ မိမိရို့လျှောက်လှမ်းရာ တော်လှမ်းရေးလမ်းကြောင်းကို စာနန့်ပီနန့် ဘောင်တခုချမှတ်ဗျာယ် ယင်းဘောင်ထဲကို နောက်လိုက်ရဲဘော်ရို့နန့် ပြည်သူလူထုတရပ်လုံး ပါဝင်လာအောင် ဆွဲဆောင်သိမ်းသွင်းမှု မလုပ်နိုင်ခမှုကြောင်းတကြောင်း၊ ရန်သူကို ယှဉ်ပြိုင်တိုက်ခိုက်ရာမှာ လူအင်အား၊ လက်နက်အင်အား တန်းတူရည်တူမဟိမှု (သို့) ရန်သူထက်မသာလွတ်မှု၊ မိမိရို့၏တော်လှန်ရေးကို ပြည်ပနိုင်ငံများက စိတ်ဝင်စားလာကာ အလုံးအရင်းနန့် ထောက်ပံ့ကူညီလာအောင် မဆွဲဆောင်နိုင်မှု (ခြွင်းချက်အနိန်နန့် မင်းသားကြီးရွှီဘန်း၊ မြို့သူကြီးအောင်ကျော်ဇံ၊ ဒေးဝန်းကြီး အောင်ကျော်ရှီရို့ ဦးဆောင်မှုနန့် အင်္ဂလိပ်ကိုလိုနီလက်အောက်ခံ အရှိအိန္ဒိယကုမ္ပဏီ၏ ထောက်ခံမှုကို ရဟိခကေလေ့သော အင်္ဂလိပ်ရို့က နှစ်ဖက်သဘောတူစာချုပ်ကို ချိုးဖျက်ပစ်ခလို့ မအောင်မြင်ခ) ရန်သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရာမှာ ယှဉ်ထိုးနိုင်ရေ နည်းဗျူဟာ နည်းပရိယာယ်တိ မကြွယ်ဝခမှု၊ ပြည့်စုံလုံလောက်တေ သွီးစည်းညီညွတ်မှုတိကို မတည်ဆောက်နိုင်ခမှုတိကြောင့် ဖြစ်တေလို့ ခြုံငုံသုံးသပ်မိပါရေ။
အဂုလက်ဟိ ကမ္ဘာ့တော်လှန်ရေးလမ်းကြောင်းရေ အယင်ခါကပိုင် လက်နက်ကိုင် တော်လှန်ရေးသက်သက် မဟုတ်ဘဲနန့် အကြမ်းမဖက် နှလုံးရည်တိုက်ပွဲ၊ သတင်းမီဒီယာ တိုက်ပွဲရို့လည်း အရေးကြီးရေကဏ္ဍအဖြစ် နိန်ရာယူလျှက်ဟိနိန်ပါဗျာယ်။ ယင်းနယ်ပါယ်သုံးခုမှာ ရခိုင့်တော်လှန်ရေး အဆင့်အတန်းရေ ဇာအနိန်အထားမှာ ရောက်ဟိနိန်ဗျာယ်လေ၊ မိမိရို့နန့်ဘ၀တူ တော်လှန်ရေးသမားရို့၏ အခြေအနေရေ ဇာအနိန်အထားမှာ ရောက်ဟိနိန်ဗျာယ်လေ၊ ယင်းဘ၀တူ တော်လှန်ရေးသမားရို့နန့် ရင်ဘောင်တန်းနိုင်ဖို့အတွက် ကမ္ဘာ့အဆင့်မှီတော်လှန်ရေးအဆင့်ကို ရောက်ဟိလာအောင် ရခိုင့်တော်လှန်ရေး ခေါင်းဆောင်ကြီးတိအနိန်နန့် ဇာပိုင်ပြုပြင်၊ ပြုစုပျိုးထောင်ရဖို့လဲ ဆိုစွာကို စနစ်တကျ သုံးသပ်ဖို့ အချိန်တန်တောင်မကသိ နောက်တောင်ကျနိန်ဗျာယ်လို့ ထင်မြင်သုံးသပ်မိပါရေ။
အထက်ဖေါ်ပြပါ နယ်ပါယ်သုံးခုစုံလုံးမှာ ဇာအချက်တိပြည့်စုံနိန်ပြီးကေ၊ ဇာအချက်တိကို ထပ်လို့ ဖြည့်စွက်ဖို့ လိုအပ်နိန်သိလေ ဆိုစွာကို စနစ်တကျ ဝေဖန်ဆန်းစစ် လေ့လာကြည့်ကတ်ပါမေ။ တိတုံးပြောရဖို့ဆိုကေ ရခိုင့်တော်လှန်ရေးမှာ အထက်က ဖေါ်ပြလားခရေ နယ်ပါယ်သုံးခုစုံလုံးမှာ ဇာနယ်ပါယ်မှာလေ့ မပြည့်စုံသိပါ။ ပြည့်စုံဖို့အတွက် လုပ်ဆောင်မှုတိ ဟိနိန်ကတ်ဗျာယ်လာလို့ မိန်းကြည့်ကေ မဟိသိဖြေကေလေ့ မှားဖို့မထင်ပါ။ ဟိနိန်ဗျာယ်လို့လေ့ ပြောလို့ရပါရေ။ သတင်းမီဒီယာလောကမှာ ရခိုင့်တော်လှန်ရေးသမားရို့ အစပျိုးလုပ်ဆောင်နိန်မှုတိကို မသိမသာချေ တွိဟိရပါဗျာယ်။ ယေကေလေ့ အရည်အချင်းပြည့်မှီဖို့အတွက် သင်တန်းတိပီးပြီးကေ အခြားတော်လှန်ရေးသမားတိနန့် ရင်ဘောင်တန်းနိုင်ဖို့အတွက် စနစ်တကျ ပြုစုပျိုးထောင်ပီးမှုတိကို ဒေနိန့်ထက်ထိ မတွိရသိပါ။ မိမိရို့ ရခိုင့်တော်လှန်ရေးရေ ကမ္ဘာ့အရေးဖြစ်လာရဖို့ဆိုရေ ကြွေးကြော်သံတိနန့် နိုင်ငံတကာကို လားရောက်လှည့်ပတ်ဗျာယ် Lobby လုပ်မှုတိကိုလေ့ တတိုးချေတောင် မကြားရပါသိ။ (ရခိုင်ပြည်လို့ပြောလိုက်စွာနန့် ရိုဟိန်ဂျာမူဆလင်တိနိန်ထိုင်ရေ တိုင်းပြည်လာလို့ ကမ္ဘာကြီးက မိန်းနိန်ကတ်တုန်းအဆင့်၊ ရခိုင့်တော်လှန်ရေးအကြောင်းကို စနစ်တကျနန့် အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စီ၊ အခြားဘာသာများဖြင့်ဖြစ်စီ ကမ္ဘာကသိအောင် လုပ်ဆောင်မှုတိလေ့ မဟိသိ၊ မတွိရသိ။)
အကြမ်းမဖက်နှလုံးရည်တိုက်ပွဲ နယ်ပါယ်မှာ ဇာအဆင့်ထိ ရောက်ဟိနိန်ဗျာယ်လေဆိုစွာကိုလေ့ လေ့လာဆန်းစစ်ကြည့်ကတ်ပါမေ။ အတိုင်းအတာတခုထိ ဟိခရေလို့ ပြောလို့ရပါရေ။ အယင်က ရခိုင်ဝံသာနုစာပီအသင်းဥက္ကဌနန့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ၊ ထိုင်းနိုင်ငံ) ဒုဥက္ကဌအဖြစ် တာဝန်ယူလုပ်ဆောင်ခရေ ခိုင်ကောင်းစံရေ ရခိုင်ပြည်ဆန်အရေးတော်ပုံနိန့်၊ ဆရာတော်ဦးဥတ္တမနိန့်ရို့ပိုင် ရခိုင်ရို့နန့်ပတ်သက်တေ နိန့်တိမှာ ထိုင်းနိုင်ငံဘန်ကောက်မြို့ဟိ မြန်မာနိုင်ငံသံရုံးရှိမှာ ဆန္ဒပြကန့်ကွက်မှုတိ၊ ယင်းပိုင်ပုံစံဗျာယ် အခြားပြည်ပရောက် မျိုးချစ်တိက ကန့်ကွက်ဆန္ဒပြမှုတိ ဟိခပါရေ။ မလေးယှားနိုင်ငံအခြီစိုက် ဒေါက်တာရွှီလူမောင်ဦးဆောင်ရေ ADF အဖွဲ့ဝင် ရဲဘော် 30 လောက်ရေ ရခိုင်ပြည်ကို ကုလသမဂအစောင့်ရှောက်ခံနိုင်ငံတခု (သို့) ဗမာပြည်၌ ကိုလိုနီစနစ် ဖျက်သိမ်းပီးဖို့ မလေးယှားနိုင်ငံ ကော်လာလန်ပိုမြို့ဟိ ဗမာသံရုံးရှိမှာ ဆန္ဒပြခကတ်တေ။ ဆန္ဒပြပြီး မကြာခင်မှာပင် အဖမ်းခံရပြီးကေ မလေးယှားနိုင်ငံ ကော်လာလန်ပိုမှာ အထိန်းသိမ်းခံခရပါရေ။ ပစ်မှတ်တခုကို စနစ်တကျနန့် စီမံကိန်းချမှတ်ဗျာယ် လုပ်ဆောင်နိန်မှုတိကို ဒေနိန့်ထက်ထိ မတွိရသိပါ။
လက်နက်ကိုင်အင်အား အခြေအနေနန့် လှုပ်ယှားမှုတိရေ ဇာအနိန်အထားမှာ ရောက်ဟိနိန်ဗျာယ်လေဆိုစွာကို လေ့လာဆန်းစစ်ကြည့်ကတ်ပါမေ။ ယခင်က လက်နက်ကိုင်အင်အား အသင့်အတင့်ဟိခပြီးကေ အတိုင်းအတာတခုထိ ဖေါ်ဆောင်နိုင်ခကေလေ့ အဂုအခါမှာ သီနတ်သံတိတ်လုနီးပါး လုံးပါးပါးလာရေ အနိန်အထားကို တွိရပါရေ။ ပိုဆိုးစွာက မပြောစလောက်တေ အင်အားတိရေ တကွဲတပြားစီနန့် အစည်းပြီနိန်စွာပင်ဖြစ်ပါရေ။ တော်လှန်ရေး ခေါင်းဆောင်တိအနိန်နန့်လေ့ လက်နက်ကိုင်တော်လှန်ရေး အောင်ပွဲဆင်နိုင်ဖို့အတွက် စနစ်တကျနန့် စီမံခန့်ခွဲဗျာယ် စစ်ရေး၊ နိုင်ငံရေးပြည့်ဝရေ တပ်မှူးကောင်းတိ ခေါင်းဆောင်ကောင်းတိ ပေါ်ပေါက်လာဖို့အတွက်လေ့ စနစ်တကျ ပြုစုပျိုးထောင်မှုတိကိုလေ့ မတွိရသိပါ။ ကျစ်လစ်ခိုင်မာရေ လက်နက်ကိုင်အင်အားစုတိ စနစ်တကျ ကြီးထွားလာဖို့အတွက် ဘောင်တခု၊ စီမံကိန်းတခုကို စာနန့်ပီနန့် ချမှတ်ဗျာယ် တော်လှန်ရေးသဘောတရားများကို ရဲဘော်ရို့ရင်ထဲ၊ ပြည်သူရို့ရင်ထဲကို စိမ့်ဝင်နိုင်အောင် လုပ်ဆောင်မှုတိကိုလေ့ မတွိရသိပါ။ မိမိရို့မျှော်မှန်းထားရေ ပန်းတိုင်ကို တဆင့်ချင်း ဇာပိုင်တက်လှမ်းဗျာယ် အကောင်အထည် ဖေါ်ကတ်ရဖို့လဲ ဆိုစွာကိုလေ့ ရခိုင့်တော်လှန်ရေး ခေါင်းဆောင်ကြီးတိရို့ရင်ထဲ၊ ဦးနှောက်ထဲ နှလုံးအိမ်ထဲမှာ ဟိပုံမပေါ်သိပါ။ အကျဉ်းရုံးဗျာယ်ပြောရကေ ရခိုင့်တော်လှန်ရေးရေ နယ်ပါယ်သုံးခုစုံလုံးမှာ ချွတ်ခြုံကျနိန်ဗျာယ်၊ တော်လှန်ရေး လုံးပါးပါးနိန်ရေ အနိန်အထားကို ရင်လီးဖွယ် တွိမြင်ရပါရေ။
ယင်းပိုင်ဆိုကေ မိမိရို့မဟာမိတ်၊ အဖိနှိပ်ခံအခြားလူမျိုးတိရေ ဒေနယ်ပါယ်သုံးခုထဲမှာ ဇာအနိန်အထားကို ရောက်နိန်ဗျာယ်လေဆိုစွာကို ထပ်မှန်ပြီးကေ လေ့လာဆန်းစစ်ကြည့်ကတ်ပါမေ။ အခြားလူမျိုးအဖွဲ့အစည်းတိရေ ကမ္ဘာ့သတင်း မီဒီယာလောကထဲမှာ ရီပန်းစားနိန်ကတ်ပြီးကေ နာမည်ကိုကြားစွာနန့် ဗမာပြည်ထဲက အဖိနှိပ်ခံလူမျိုးဆိုစွာကို သိနိန်ကတ်ပါဗျာယ်။ ကမ္ဘာ့ကုလသမဂအစည်းအဝေးသို့ နှစ်တိုင်းပိုင်တက်ရောက်နိန်ကတ်ဗျာယ်။ မိမိရို့လူမျိုးအရေးကို အရေးဆိုနိန်ကတ်ဗျာယ်။ အခြားလူမျိုးအသီးသီးမှ ခေါင်းဆောင်အသီးသီးရို့က ကမ္ဘာကိုလှည့်လည်ပြီးကေ မိမိရို့လူမျိုး အရေးကိစ္စတိကို Lobby လုပ်နိန်ကတ်ဗျာယ်။ ကချင်၊ ကရင်၊ မွန်၊ သျှမ်း၊ ကရင်နီလူမျိုးရို့၏ သမိုင်းကြောင်းကို အင်္ဂလိပ်ဘာသာ၊ ထိုင်းဘာသာ၊ အခြားဘာသာတိနန့် စာအုပ်တိကို စနစ်တကျ ထုတ်ဝီပြီးကေ ကမ္ဘာကသိအောင် ပြည်ပနိုင်ငံများက အလုံးအရင်းနန့် ထောက်ခံမှုရဟိနိုင်ဖို့အတွက် လုပ်နိန်ကတ်ပါဗျာယ်။
အကြမ်းမဖက်နှလုံးရည်တိုက်ပွဲတိကို စီမံကိန်းတိချမှတ်ဗျာယ် အကောင်အထည်ဖေါ်ဆောင် လုပ်နိန်ကတ်စွာကို မတွိရသိကေလေ့ ရခိုင်ရို့နန့်ဆာကေ အများကြီး သာနိန်ကတ်ပါဗျာယ်။ လက်နက်ကိုင် နယ်ပါယ်မှာဆိုကေလေ့ အလုံးအရင်းနန့် စနစ်တကျ ဟိနိန်ကတ်ပါဗျာယ်။ ကချင်နန့် မွန်လက်နက်ကိုင် အင်အားစုတိရေ နအဖနန့် အပစ်အခတ်ရပ်စဲထားကေလေ့သော ရခိုင်ရို့နန့်ဆာကေ အများကြီးသာလွန်ဗျာယ် အနိန်အထားတခုကို အမြဲတမ်းဖန်တီးယူနိုင်ရေ အဆင့်ကို ရောက်ဟိနိန်ပါဗျာယ်။ ကရင်၊ ကရင်နီ၊ သျှမ်းလူမျိုးရို့၏ လက်နက်ကိုင်အင်အားစုများရေ သီနတ်သံမစဲ အမျိုးသားအတွက် တိုက်ပွဲဝင်နိန်တုန်း။ စစ်ရေး၊ စည်းရုံးရေး၊ နိုင်ငံရေးနန့် စီမံခန့်ခွဲရေးရို့ကိုပါ ကျွမ်းကျင်ရေ တော်လှန်ရေးခေါင်းဆောင်တိ ဒုနန့်ဒေး။ အရည်အချင်းပြည့်မှီရေ ခေါင်းဆောင်သစ်တိ၊ တပ်မှူးတိကို မွီးထုတ်ပီးနိုင်ဖို့ အရာဟိ သင်တန်းတိကိုလေ့ အဆက်မပြတ် ဆက်တိုက်ဆက်တိုက် မွီးထုတ်ပီးနိန်တုန်း။ စစ်သင်တန်းတိလေ့ အမြဲတမ်း ဟိနိန်ပါရေ။ အကျဉ်းရုံးအနိန်နန့်ပြောရဖို့ဆိုကေ အခြားလူမျိုးတိက ဆုံးယှုံးနိန်ရေ အခွင့်အရေးတိကို ရဟိဖို့နန့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ရေးတိအတွက် စနစ်တကျ တဆင့်ပြီးတဆင့် လုပ်ဆောင်နိန်ချိန်မှာ ရခိုင်လူမျိုး တော်လှန်ရေးခေါင်းဆောင် ဆိုသူတိရေ ဇာသူခေါင်းဆောင်ဖြစ်ရေးဆိုရေ ပုဂိုလ်ရေးဦးစားပီးလုပ်နိန်ကတ်တုန်းရာသိ။ ပုံနှိုင်းပြရဖို့ဆိုကေ အခြားလူမျိုးတိက ရွှီပလ္လင်ကိုရယူနိုင်ဖို့ အပတ်တကုတ်ကြိုးစားနိန်ကတ်ချိန်မှာ ရခိုင်တော်လှန်ရေး ခေါင်းဆောင်တိရေ ကျွဲလူးအိုင်ထဲက ခြောက်သွိနိန်ရေ ထိုင်ရာတကွက်ချေကို ငယ်သံပါအောင် ဟောပြီးကေ လုနိန်ကတ်တုန်းပင်ဖြစ်ပါရေ။
ရခိုင့်တော်လှန်ရေး အယှိန်အဟုန်နန့် ကြီးထွားနိုင်စီဖို့ မြန်မာနိုင်ငံဟိ အခြားလက်နက်ကိုငတော်လှန်ရေး အင်အားစုတိနန့် ရင်ဘောင်တန်းနိုင်ဖို့နန့် ကမ္ဘာ့အဆင့်မှီ တော်လှန်ရေးတရပ် ပေါ်ပေါက်လာအောင် ပုံဖေါ်လုပ်ကိုင်နိုင်ဖို့ မိမိရို့၏ တပ်အင်အားများကို အခြီခံကျကျ စည်းကမ်းဟိဟိနန့် အင်အားကြီးထွားလာအောင် လုပ်ဆောင်ဗျာယ် တပ်တိကို ဦးဆောင်နိုင်ဖို့အတွက် နိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးရေး၊ စီမံခန့်ခွဲရေးတိမှာ ကျွမ်းကျင်ရေ အရည်အချင်းပြည့်မှီရေ တပ်မှူးကောင်းတိကို ပြုစုပျိုးထောင် လေ့ကျင့်မွီးထုတ်ပီးနိုင်ဖို့လိုပါရေ။ လက်ဟိရခိုင်လူမျိုးတိနန့် လိုက်လျောညီထွေရေ တော်လှန်ရေး လမ်းစဉ်တရပ်ကို ပြည်သူ့ရင်ထဲ၊ ရဲဘော်ရို့ရင်ထဲကို စိမ့်ဝင်နိုင်အောင် စာနန့်ပီနန့် စနစ်တကျ ဘောင်တခုချမှတ်ဗျာယ် ယင်းဘောင်အတွင်းမှာ အရည်အချင်း ပြည့်မှီရေ ခေါင်းဆောင်တိက ဦးဆောင်ဗျာယ် နောက်လိုက်တပ်မှူး၊ ရဲဘော်တိနန့် ပြည်သူတရပ်လုံးကိုလေ့ ယင်းဘောင်အတွင်းကို ၀င်လာအောင် စနစ်တကျ လုပ်ဆောင်ကတ်ရဖို့။ တော်လှန်ရေးတခုအတွက် လိုအပ်တေ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတိအတွက် နိုင်ငံတကာက အကူအညီထောက်ပံ့ပီးနိန်ရေ NGO တိမှာ ရခိုင်လူငယ်တိကို တာဝန်ထမ်းဆောင်လို့ဖြစ်စီ၊ အလုပ်သင်ဖြစ်စီ၊ တာဝန်ထမ်းဆောင်စီပြီးကေ ယင်း NGO တိက မိမိရို့ လူမျိုးရေးရာတိကို စိတ်ဝင်စားလာအောင် လုပ်ဆောင်စီဗျာယ် ယင်းမှတဆင့် နိုင်ငံတကာဟိ လူမှုအသိုင်းအ၀ိုင်းရို့က စိတ်ဝင်စားလာဖို့၊ ယင်းအပြင် လူငယ်တိရေ မိမိရို့လူမျိုးအတွက် လိုအပ်တေ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတိကို စနစ်တကျ နားလည်လာကေ အနာဂတ်မှာ စနစ်ကျရေ ရခိုင်လူမှုအဖွဲ့အစည်းတခုကို စနစ်တကျ ထူထောင်နိုင်ပါဖို့။
အကြမ်းမဖက် နှလုံးရည်တိုက်ပွဲနန့် သတင်းမီဒီယာလောကမှာ ခြီဝင်ဆန့်နိုင်ဖို့အတွက် မျိုးဆက်သစ်လူငယ်တိကို လူ့အခွင့်အရေးသင်တန်း၊ သတင်းမီဒီယာ သင်တန်းတိကို စနစ်တက်ရွီးချယ်ပြီးကေ စေလွှတ်ရဖို့။ ထိုမှတဆင့် ယင်းလူငယ်တိက မိမိရို့လူမျိုးထဲမှာ သတင်းနန့် လူ့အခွင့်အရေးသင်တန်းတိကို ထပ်ဆင့်ပို့ချရဖို့။ အကြမ်းမဖက် နှလုံးရည်တိုက်ပွဲအတွက်လေ့သော မိမိရို့ပန်းတိုင်ကို အရောက်လှမ်းနိုင်အောင် စီမံကိန်းတိ ချမှတ်ဗျာယ် နိုင်ငံတကာရောက် မျိုးချစ်တိနန့် စနစ်တကျ ဆက်စပ်လုပ်ကိုင်ကတ်ရဖို့။ ရခိုင့်တော်လှန်ရေးကို အရည်းအချင့်ပြည့်မှီရေ ရိုးသားရေခေါင်းဆောင်တိက ဦးဆောင်ဗျာယ် နိုင်ငံတကာကို ခရီးလှည့်လည်ပြီးကေ Lobby လုပ်လို့ ကမ္ဘာ့ကုလသမဂအစည်းအဝေးတိမှာ ကိုယ်စားလှယ်တိအဖြစ် တက်ရောက်ဗျာယ် ရခိုင်အရေးကို တင်ပြတောင်းဆိုလို့ ခေတ်မှီရေ ရခိုင့်တော်လှန်ရေးတရပ်ကို လက်တွိကျကျ အကောင်အထည်ဖေါ် လုပ်ဆောင်ဖို့ လိုနိန်ဗျာယ် ဖြစ်ပါကြောင်း မျိုးချစ်ခေါင်းဆောင်တိ၊ တတ်သိပညာသျှင်တိ၊ ပြည်တွင်း ပြည်ပဟိ မျိုးချစ်တိနန့် ပြည်သူလူထု တရပ်လုံးကို တိုက်တွန်းနှိုးဆော် လိုက်ရပါရေ။

ရခိုင်ပြည်၌ ဘင်္ဂလီမူဆလင်များလှုပ်ယှားမှုနှင့် နယ်ချဲ့အဆက်ဆက်ရို့၏ သွီးခွဲထိုးနှက်မှု

မဟုတ်မဟ လုပ်ကြံဖန်တီးထားသော အတုအယောင် သမိုင်းတခု၏ ရိုက်ခတ်မှုနှင့် နယ်ချဲ့ရို့၏ သွီးခွဲအုပ်ချုပ်မှုရို့ကြောင့် ရခိုင်ပြည်၌ လူမျိုးသစ်ဖန်တီးပြီး နယ်မြီလုရန် အားပီးအားမြှောက် လုပ်နိန်မှုများကို မြီပိုင်သျှင်ရခိုင်ရို့ ရင်ဆိုင်နိန်ရသည်။ မြောက်ဦးခေတ်မှ စတင်၍ ရခိုင်ဘုရင့်နိုင်ငံတော်၌ နိန်ထိုင်လာခဲ့ကြသော အိမ်နီးချင်းနိုင်ငံမှ မူဆလင် (ကမန်) များနှင့် ဗုဒ္ဓဘာသာ ရခိုင်လူမျိုးရို့အကြား သမိုင်းစဉ်တလျှောက်လုံး၌ မည်သည့်ပြဿနာမှ ပေါ်ပေါက်ခဲ့မှုမဟိဘဲ အီးအတူပူအမျှ လက်တွဲနိန်ထိုင် လာခဲ့ကြသည်ကို မည်သူမျှငြင်းပယ်၍ ရနိုင်မည်မဟုတ်ပေ။
1937-ခုနှစ်တွင် မြန်မာနိုင်ငံသည် အိန္ဒိယမှ တဆင့်ခံအုပ်ချုပ်မှုမှ ခွဲထုတ်လိုက်ပြီးနောက် အလုပ်သမားလိုအပ်မှုများနှင့် ရင်ဆိုင်လာခဲ့ရသည်။ နယ်ချဲ့အင်္ဂလိပ်ရို့သည် ၄င်းရို့၏ အကျိုးအမြတ်အတွက် ရခိုင်ပြည်၌ အလုပ်သမား လိုအပ်ချက်များကို ဖြေယှင်းနိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံမှ ဘင်္ဂလီမူဆလင်များကို အဆမတန် တင်သွင်းခဲ့ကြသည်။ ရခိုင်ပြည်သည် အိန္ဒိယနိုင်ငံ ဘင်္ဂလားပြည်နယ်ထက် ရီခံမြီခံ အလွန်တရာမှ သာလွန်ကောင်းမွန်မှုကြောင့် ဘင်္ဂလီမူဆလင်များသည် ရခိုင်ပြည်၌ အခြီချနိန်ထိုင်လာခဲ့ကြသည်။ လွန်ခဲ့သော ဆယ်စုနှစ် သုံးခုအချိန်အထိ လက်ဟိဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ ဘင်္ဂလီမူဆလင်များသည် စပါးရိပ်သိမ်းချိန်၌ ရခိုင်ပြည်သို့လာရောက်၍ အလုပ်လုပ်ကိုင်ပြီးလျှင် အိမ်ပြန်ကြသည်။ တချို့ရို့မှာလည်း အိမ်မပြန်ဘဲ ရခိုင်ပြည်၌ပင် အခြီချနိန်ထိုင်ခဲ့ကြသည်။
အင်္ဂလိပ်နယ်ချဲ့ရို့ ရခိုင်ပြည်မှ 1942-ခုနှစ်တွင် ဆုတ်ခွာစဉ် ဘင်္ဂလီမူဆလင်များ လက်ထဲတွင် လက်နက်များကို ချန်ထားခဲ့ကြသည်။ ဤသည်ကို တချို့အကဲခပ်များက အင်္ဂလိပ်၏ သွီးခွဲအုပ်ချုပ်မှုအဖြစ် အမြင်ဟိကြသည်။ ယင်းနှစ်မှာပင်လျှင် ရခိုင်နှင့်ဘင်္ဂလီမူဆလင်ရို့ အဓိဂရုဏ်းဖြစ်ပွားပြီး ယင်းအဓိဂရုဏ်း၌ လက်ထောက်ကော်မချန်နာ ICS ဦးကျော်ခိုင်အပါအ၀င် ရခိုင်လူမျိုး (2000) ခန့် အသက်ဆုံးယှုံးခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ်မဖြစ်မှီက ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တွင် ရခိုင်ရွာပေါင်း 200-ကျော်ဟိခဲ့ရာမှ ဒုတိယ ကမ္ဘာစစ်အတွင်း အဓိဂရုဏ်းဖြစ်ပွားစဉ် ဘင်္ဂလီမူဆလင်ရို့၏အန္တရာယ်ကြောင့် ရပ်ရွာများကို စွန့်ခွာလာခဲ့ကြရာ စစ်ပြီးခေတ်တွင် ကျေးရွာပေါင်း 60 ခန့်၌သာ ပြန်လည်အခြီချ နိန်ထိုင်လာခဲ့သည်၊ နောက်တကြိမ်ထပ်မှန်၍ ရခိုင်ရွာ (44) ရွာကို မူဂျာဟစ်ရို့က မီးယှို့ဖျက်ဆီး၍ မူဆလင်များဖြင့် အစားထိုးခဲ့ကြသည်။ ရခိုင်ကျေးရွာများ၊ အိမ်များ၊ ဘုန်းကြီးကျောင်းများကို မီးယှို့ဖျက်ဆီးခြင်း၊ ရခိုင်များကို သတ်ဖြတ်ခြင်း၊ ရခိုင်အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်းများကိုလည်း ပြုလုပ်ခဲ့ကြသည်။
ဤကဲ့သို့ ရခိုင်ဗုဒ္ဓဘာသာနှင့် ဘင်္ဂလီမူဆလင်များ ယင်းအချိန်က အဓိဂရုဏ်းဖြစ်ပွားခဲ့ခြင်းမှာ အင်္ဂလိပ်ရို့၏ သွီးထိုးမှုနှင့် ရခိုင်ပြည်အပေါ် သစ္စာမဟိသည့် မူဆလင်အစွမ်းရောက်ဝါဒီ ဘာသာရေးခေါင်းဆောင်ရို့၏ သွီးထိုးလှုံ့ဆော်မှုကြောင့်သာ ဖြစ်သည်ဆိုသည်ကို ယင်းဒေသသို့ လားရောက်လေ့လာပါက အေနိန့်ထက်ထိ သက်သီပြနိန်လိမ္မည်။
1960-ခုနှစ်တွင် ဦးနုမဲဆွယ်စဉ် ရခိုင်နှင့်မွန်ရို့ကို ပြည်နယ်ပီးမည်ဟု ဂတိပီးခဲ့ပြီး၊ ဦးနုအာဏာရလာသောအခါ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် ဖွဲ့စည်းရေးသည် သက်ဝင်လာခဲ့သည်။ ဦးနုမဲဆွယ်စဉ်အတွင်း ရိုဟိန်ဂျာနာမည်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ရုံသာမက (ဖဆပလ) အား မဲပီးနိုင်ရန်အတွက် မနိန့်တနိန့်ကမှ ရောက်ဟိလာကြသော မူဆလင်များကို နိုင်ငံသားအဖြစ်သတ်မှတ်ကာ မှတ်ပုံတင် ကာဒ်ပြားများကိုလည်း ထုတ်ပီးခဲ့သည်။ ဤသည်မှာ ဘင်္ဂလီမူဆလင်များအတွက် အကွက်ကောင်းတခုကို ဖန်တီးပီးလိုက်သလို ဖြစ်လားပါသည်။ ဤအတောအတွင်းတွင် ဘင်္ဂလီမူဆလင် ခေါင်းဆောင်များက ရခိုင်ပြည်နယ်ဖြစ်မြောက်ရေးကို ဆန့်ကျင်လျှက် ရခိုင်ရို့နှင့် တန်းတူ ဒေသခံလူမျိုးအဖြစ် အသိအမှတ်ပြုပီးရန်အတွက်၎င်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ မေယုခရိုင် သတ်မှတ်ပီးရန်အတွက်၎င်း၊ တောင်းဆိုခဲ့သည်။ ၄င်းရို့၏ တောင်းဆိုချက်များ ပါယ်ချက်ခံခဲ့ရသောအခါ ပညာတတ်ဘင်္ဂလီမူဆလင်များက ရိုဟိန်ဂျာမည်သော အမည်သစ်ဖြင့် သမိုင်းလိမ်များကို စတင်ဖန်တီး ရီးသားလာကြရာမှ ရိုဟိန်ဂျာဆိုသည့် ပြဿနာသည် ရခိုင်ပြည်၌ ဖြစ်ပွားလာခဲ့ရခြင်းဖြစ်သည်။
1951-ခုနှစ်တွင် အလယ်သံကျော်၌ ဘင်္ဂလီမူဆလင်များ ညီလာခံလုပ်ခဲ့စဉ်ကလည်း ရိုဟိန်ဂျာဟူသောအမည် မပေါ်ပေါက်သေးပေ။ ယင်းနာမည်အစား ရခိုင်မူဆလင် ဟူ၍သာ ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ 1962-ခုနှစ်တွင် ဦးနေ၀င်ဦးဆောင်၍ အာဏာသိမ်လိုက်သောအချိန်တွင် ၄င်းရို့၏ လှုပ်ယှားမှုသည် ရခိုင်နှင့်မွန်ရို့၏ ပြည်နယ်တောင်းဆိုမှုနှင့်အတူ ရပ်ဆိုင်းလားခဲ့သည်။1973-ခုနှစ်က မြန်မာ့ဆိုယှယ်လစ် လမ်းစဉ်ပါတီ အစိုးရက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရီးဆွဲရန် ပြည်သူ့ဆန္ဒကောက်ယူသောအခါ မူဆလင်ရို့က မေယုခရိုင် သတ်မှတ်ပီးဖို့ တောင်းဆိုခဲ့ကြသည်။ 1974-ခုနှစ်တွင် ရခိုင်နှင့် မွန်ရို့သည် အတုအယောင်ပြည်နယ် ရဟိခဲ့သော်လည်း မေယုခရိုင် သတ်မှတ်မှု မဟိခဲ့ပါ။
နယ်ချဲ့ စစ်အာဏာသျှင် အစိုးရ အဆက်ဆက်ရို့သည် ရိုဟိန်ဂျာလူမျိုးအဖြစ်၎င်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မေယုဒေသအဖြစ်၎င်း သတ်မှတ်မပီးခဲ့သော်လည်း ရခိုင့်တော်လှန်ရေး ခေါင်းမထောင်လာနိုင်အောင် ရည်ဇူး၍၄င်း၊ ရခိုင်နှင့်င်္ဘလီမူဆလင်ရို့အကြား သွီးခွဲလို၍၄င်း၊ ဒေသခံရခိုင်များက ၄င်းရို့ကို ထောက်ခံလို၍၄င်း ကျားကွက်လှည့် မျက်လှည့်ပြ ကဇာတ်ခဲ့သည်။ ပိုဆိုးသည်မှာ စနစ်တကျ လေ့လာမှုမဟိဘဲ ရခိုင်ပြည်ဟိ လူဝင်မှုကြီးကြပ်ရေးဌာနများက လာဒ်စားကာ ဘင်္ဂလီမူဆလင်များအား နိုင်ငံသား စီစစ်ရေးကာဒ်ပြားများကို ထုတ်ပီးနိန်ခြင်းဖြစ်ပါသည်။ 1978-ခုနှစ်တွင် လူဝင်မှုစီစစ်ရေးလုပ်ငန်းကို (မဆလ) က အရောင်ပြအဖြစ် နဂါးမင်း စီမံကိန်းကို လုပ်ဆောင်ခဲ့သည်။ မူဆလင်ရို့သည် လူဝင်မှုစီစစ်ခံရမည်ကို စိုးရိမ်သောကြောင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံထဲသို့ အလုံးအရင်းဖြင့် ထွက်ပြီးခဲ့ကြသည်။ ထွက်ပြီးစဉ်က 156630 ဦးဟိခဲ့သော်လည်း ဒါကာ သဘောတူညီချက်အရ မူဆလင်ဦးရေ 186965 ယောက်ကို လက်ခံခဲ့သည်။ န၀တ၊ နအဖ အာဏာသျှင် အစိုးရအဆက်ဆက်ရို့သည်လည်း ဘင်္ဂလီမူဆလင်များကို မောင်းထုတ်လိုက်၊ လက်ခံလိုက် ကျားကွက်လှည့်၊ မျက်လှည့်ပြခြင်းရို့ကို ဆက်လက်လုပ်ပြနိန်တုန်းပင် ဖြစ်ပါသည်။
ဤရိုဟိန်ဂျာဟူသောအသံသည် ဆယ်စုနှင့်ချီ၍ တိတ်ဆိတ်နိန်ခဲ့ရာမှ 1988 ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဆန္ဒပြပွဲကြီးပေါ်ပေါက်လာသောအခါ ပြန်၍ခေါင်းထောင်လာခဲ့ပါသည်။ 1988-ခုနှစ်တွင် ရိုဟိန်ဂျာအလံများကို လွှင့်ထူလျှက် သူရို့၏ အကျိုးအမြတ်အတွက် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည်။ မဟာဗမာ လူမျိုးကြီးဝါဒီရို့သည် အခြားလူမျိုးများ၏ အခွင့်အရေးများကို မပီးချင်သောကြောင့် ဤကဲ့သို့သွီးခွဲမှုများမှာ သမိုင်းစဉ်ဆက်တလျှောက်လုံးက သက်သီပြခဲ့ပါပြီ။ မြန်မာနိုင်ငံဟိ တိုင်းရင်းသားလူမျိုးများသည် ကာလကြာရှည်စွာ သမိုင်းတလျှောက်လုံး အီးအတူ ပူအမျှ နိန်ထိုင်လာခဲ့ကြသည်ဟု သမိုင်းကို လှည့်စားနိန်ကြသည်။ မဟာဗမာများက သမိုင်းစဉ်ဆက်တလျှောက်လုံး အခြားလူမျိုး၏ နယ်မြီများကို သိမ်းပိုက်အုပ်ချုပ် ဗိုလ်ကျစိုးမိုး လာခဲ့သည်သာ ဟိပါသည်။ အီးချမ်းသာယာသည်ဟူ၍ သမိုင်းစဉ်ဆက်တလျှောက်လုံး လုံးဝမဟိခဲ့ပါ။ ရိုးသား၍ ရခိုင်ပြည်အပေါ် သစ္စာဟိကြသော မူဆလင်ဘာသာဝင်များ အနိန်ဖြင့်လည်း မူဆလင်ဘာသာ အစွမ်းရောက်ဝါဒီများ၏ သွီးထိုးလှုံ့ဆော်မှုများနှင့် ဗမာနယ်ချဲ့ရို့၏ သွီးခွဲအုပ်ချုပ်မှုကို နားလည်သဘောပေါက်ဖို့ အချိန်တန်ပြီ ဖြစ်ပါကြောင်းနှင့် လူမျိုးမရွီး၊ ဘာသာမရွီး အီးအတူ၊ ပူအမျှ နိန်ထိုင်နိုင်မည့် အီးချမ်းသာယာသော ရခိုင်ပြည်ကြီးကို ပြန်လည်တည်ဆောက်ဖို့ အချိန်တန်ပြီဖြစ်ပါသည်။
သမိုင်းသည် လိမ်ညာရီးသား၍ရသော အရာတခုမဟုတ်ပါ။ ရခိုင်သမိုင်းကို ရခိုင်သားရို့သာမက ကမ္ဘာအရပ်ရပ်မှ သမိုင်းသုတေသီများကလည်း လက်တွိကွင်းဆင်းပြီး ရှုထောင့်အမျိုးအမျိုးမှ သုံးသပ် ရီးသားထားကြသည်သာမက ရခိုင်သမိုင်းကို ကမ္ဘာက တွင်တွင်ကျယ်ကျယ်သိလာစီရန်အတွက် အထောက်အထားမျိုးစုံ၊ ဘာသာစကားအမျိုးမျိုးဖြင့် စာအုပ်ထုတ်ဝီပြီး ကမ္ဘာသို့ဖြန့်ချိနိန်ရုံသာမက နောက်ထပ် ထုတ်ဝီရန်လည်း ကြိုးစားနိန်တုန်းပင်ဖြစ်ပါသည်။ ဘိုးဘွား ဘီဘင် ရခိုင်မင်းဆက်ရို့သည် အလွန်တရာမှ အမြော်အမြင်ဟိသူများ ဖြစ်ကြသောကြောင့် ရခိုင်သမိုင်းကြောင်း၊ ရိုးရာ ယဉ်ကျေးမှုများကို ရုပ်ထုသွမ်းလုပ်၍တမျိုး၊ ကျောက်ထက်၊ ကြီးပြား၊ ပီထက်အက္ခရာတင်၍တဖုံ မှတ်ကျောက်တင်ခဲ့ကြသည်။
ကျူးကျော်သူ ဗမာနယ်ချဲ့ရို့သည် ရခိုင်ရို့၏ သမိုင်းအထောက်အထားတချို့ကို မြီမြှုပ်သင်္ဂြိုဟ် မီးတိုက် ဖျက်ဆီးနိုင်ခဲ့ကြသော်လည်း အများစုကိုကား ဖျက်ဆီးရန်မတတ်နိုင်ခဲ့ကြပေ။ ဘင်္ဂလီမူဆလင်များလိမ်လည်သကဲ့သို့ ရခိုင်ပြည်၌ မူဆလင်ဘုရင်များ အုပ်စိုးခဲ့ကြသည်ဆိုသည့် မည်သည့်အထောက်အထားကိုမျှ ဒေနိန့်ထက်ထိ မတွိရသိပါ။ ရခိုင်ပြည်ကို နယ်ချဲ့အုပ်ချုပ်ခဲ့သော သမိုင်းမှတ်တမ်းတင်ရာ၌ နာမည်ကြီးပြီး တိကျသော အင်္ဂလိပ် နယ်ချဲ့ရို့သည်လည်း ရခိုင်သမိုင်းကို အဟိကိုအဟိအတိုင်း မှတ်တမ်းတင်ခဲ့ကြသည်။ အင်္ဂလိပ်ရို့၏ သမိုင်းမှတ်တမ်းများနှင့် သန်းခေါင်စာရင်းများကို ရှာဖွယ်ဖတ်ရှုပါက ရခိုင်ပြည်၌ ရိုဟိန်ဂျာဟူသော၊ ကဲ့သို့သော ဝေါဟာရ မဟိဖူးကြောင်းကို သက်သီပြနိန်ပါလိမ္မည်။ ရခိုင်ပြည်ကို ကျွန်ပြုခဲ့ကြသော မြန်မာ့သမိုင်းတလျှောက်လုံးတွင်လည်း ရိုဟိန်ဂျာ ဟူသော၊ ကဲ့သို့သော ဝေါဟာရကို တွိရလိမ္မည် မဟုတ်ပါ။ ဘင်္ဂလီမူဆလင်များ (ရခိုင်ပြည်၌နိန်ထိုင်လျှက်ဟိသော) အနိန်ဖြင့်လည်း မြီပိုင်သျှင်များကို မစော်ကားသင့်ပါ။ ၄င်းရို့၏ ရသင့်ရထိုက်သော အခွင့်အရေးများအတွက်သာ တိုက်ပွဲဝင်သင့်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

ခိုင်မင်းညို

လမ်းစမပျောက်စီချင်

အမျိုးမှန်
သွီးမှန်
ဇာတိမာန်ပြည့်
ဖခင်ထံမှ
သန္ဓေတစက်
စတေးချ၍
မွီးဖွားရသော အိုအသင်။

ဘ၀ဇာတ်ဆင်
ကြမ္မာငင်၍
ကျွန်ဇာတ်ဝင်ရ
ကျွန်ဘ၀က အိုအသင်။

ကျွန်ဘ၀ဘင် မလွတ်မြောက်ခင်
မူးယစ်သခင်
ကကြိုးငင်ရာ
ဆင်ခြင်မဲ့စွာ
ဦးတည်လှည့်သော အိုအသင်။

သားစဉ်မြီးဆက်
သင့်သွီးစက်များ
ဆက်လက်ရပ်တည်
ဤမိုးမြီ၌
ထည်ဝါခန့်ငြားနိုင်မည်လော။

ခိုင်မင်းညို

1.6.11

စီးသောမျက်ရည်

ရခိုင်သားရို့နိန့်စဉ်ရက်ဆက် မျက်ရည်ကျလာရခြင်းသည် အတိတ်က စည်ပင်သာယာဝပြောတိုးတတ်ခဲ့သော ခေတ်ဟောင်းကြီးကို သတိရလွမ်းဆွတ်တက်သက်ရုံတခုတည်းကြောင့်မဟုတ်။ ရခိုင်ပြည်သည် ဗမာနယ်ချဲ့ကျူးကျော်သူရို့၏ တိုက်ခိုက်သိမ်းပိုက် ဖျက်ဆီးခြင်းခံခဲ့ရပြီး မီးလောင်ပြာပုံဘ၀ ကျရောက်ကာ အဖတ်ဆယ်၍မရအောင် ရခိုင်လူမှုဘ၀တခုလုံးလည်း ဖျက်ဆီးခြင်းခံခဲ့ရသည်။ နှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်လာခဲ့ကြသော စာပီ၊ ယဉ်ကျေးမှု သမိုင်းအမွီအနှစ်များကို မြီလှန်ဖျက်ဆီးခဲ့ကြသည်။ ရခိုင်လူမျိုးတခုလုံးပြန်၍ ခေါင်းမထောင်လာနိုင်အောင် မရပ်မစဲလူသတ်ပွဲကြီးကို နှစ်ပေါင်း(၄၀)ကျော် ကျင်းပခဲ့ကြသည်။ ဒေနိန့်ထက်ထိလည်း နိန့်စဉ်ရက်ဆက် လူ့အခွင့်အရေးချိုးဖေါက်မှုများကို နည်းမျိုးစုံဖြင့် လုပ်ဆောင်နိန်မှုများကြောင့် ကျနိန်ရသောမျက်ရည်များဖြစ်ကြပါသည်။
နှစ်ပေါင်း(၄၀)ကျော် လူသတ်ပွဲကြီးတွင် ပထမ၄-နှစ်လူသတ်ပွဲကြီးမှာ အရက်စက်ဆုံးနှင့် အဆိုးရွားဆုံးဖြစ်ပြီး အပြစ်မဲ့ပြည်သူပေါင်း(၃)သိန်းနီးပါး အသက်ဆုံးယှုံးခဲ့ရသည်။ ဗမာနယ်ချဲ့ရို့၏ လူမဆန်စွာ ရက်စက်ပုံမှာ နိန်ထွက်ဘုရင်ကျွန်တော်မျိုးဟု ရီးသားပါဟိသော ၀ါးပြားများကို ရခိုင်ပြည်သူများ၏ လည်ပင်းတွင် ဆွဲစီခြင်းဖြစ်ပါသည်။ ဤ၀ါးပြားများကိုဆွဲသူများကိုသာ အသက်ချမ်းသာခွင့်ပီးပြီး ၀ါးပြားမဆွဲဘဲ ငြင်းဆန်သူများကို ရခိုင့်တော်လှန်ရေးခေါင်းဆောင်ကြီး ဗိုလ်ကျော်ထွီး၏ ဘက်တော်သားဟု သတ်မှတ်လျှက် အဆုံးစီရင်ခဲ့ကြသည်။(၄)နှစ်အတွင်း လူ ၃-သိန်းခန့်ကို အဆုံးစီရင်ခဲ့ကြလျှင် ကျန်သောနှစ်ပေါင်း ၃၀-ကျော်တွင် မည်၍မည်မျှကိုအဆုံးစီရင်သတ်ဖြတ်ခဲ့မည်ကို တွက်ဆက်ကြည့်နိုင်ပါသည်။
ရခိုင်တော်လှန်ရေးသမိုင်းတွင် ထင်ရှားသော တော်လှန်ရေးခေါင်းဆောင်တဦးမှာ ဗိုလ်ချင်းပျံဖြစ်သည်။ ဗိုလ်ချင်းပျံသည် ဗမာရို့ သိမ်းပိုက်ထားသော မြောက်ဦးထီးနန်းကို အကြိမ်ကြိမ်သိမ်းပိုက်နိုင်ခဲ့သော်လည်း ဗမာရို့၏ညစ်ပတ်သော နည်းပရိယာယ်ကို အလူးအလှိမ့်ခံခဲ့ရကာ ရခိုင်ပြည်ကို အပြီးအပိုင် မသိမ်းပိုက်နိုင်ခဲ့ပေ။ ဗမာရို့၏ ညစ်ပတ်သော နည်းမရိယာယ်မှာ ညည့်အချိန်၌ ဗိုလ်ချင်းပျံတပ်မှ ရဲဘော်များအဖြစ် ဟန်ဆောင်လျှက် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြသည်။ ပြည်သူများမှာ အလန့်တကြားဖြစ်လာခဲ့ကြပြီး ကျေးရွားများ၌ပင် ညည့်မအိပ်ရဲကြတော့ဘဲ တောတောင်ထဲတွင် အလန့်တကြားအိပ်ခဲ့ကြရသည်။ နောက်ပိုင်းတွင် ဗိုလ်ချင်းပျံလည်း စည်းရုံးမှုပျက်ပြားကာ ရခိုင်ထီးနန်းကို အကြိမ်ကြိမ်စွန့် ခွာ ထွတ်ပြီးခဲ့ရသည်။
၁၈၂၄-ခုနှစ်တွင် မင်းသားကြီးရွှီဘန်း၊ ဒေးဝန်းကြီးအောင်ကျော်ရှီ၊ မြို့သူကြီးအောင်ကျော်ဇံရို့ ဦးဆောင်သော ရခိုင်တော်လှန်ရေးအင်အားစုများသည် အင်္ဂလိပ်နှင့် သဘောတူညီချက်များကို ရယူလျှက် ရခိုင်ပြည်ကို ပြန်လည်သိမ်းပိုက်နိုင်ရန် ပြည်သိမ်းတိုက်ပွဲကို ဆင်နွဲခဲ့ကြသည်။ ဤတိုက်ပွဲဆင်နွဲရာတွင် ဗမာဘက်က စစ်သူကြီးမဟာဗန္ဓုလကိုယ်တိုင် လာရောက်တိုက်ခိုက်ခဲ့သော ပင်းဝါတိုက်ပွဲမှာ နာမည်ကျော်ကြားပြီး မြန်မာဘက်မှ အကျအဆုံးများခဲ့ပါသည်။ (ဤပင်းဝါတိုက်ပွဲဒေသသည် ထိုးယခင်က ရခိုင်အမြောက်အများနိန်ထိုင်ခဲ့ကြပြီး စည်ကားခဲ့သော်လည်း ယ္ခုအခါတွင် ရခိုင်လူဦးရေမှာ မပြောစလောက်သော အရေအတွက်သာ ဆက်လက်နိန်ထိုင်လျှက်ဟိပြီး အင်္ဂလိပ်ရို့က ရာမူးဟုခေါ်ဝေါ်ကြသည်။) ပန်းဝါတိုက်ပွဲကို သဲသဲမဲမဲ ဆင်နွဲနိန်စဉ် ရခိုင် အင်္ဂလိပ် ပူးတွဲတပ်ဖွဲ့ရို့သည် ရန်ကုန်မြို့ကို ရီကြောင်းမှ စတင်ဝင်ရောက် တိုက်ခိုက်ခဲ့သည်၊ ဤကဲ့သို့ ရီကြောင်းမှဝင်ရောက်တိုက်ခိုက်သောသတင်းကို ရလျှင်ရချင်း မဟာဗန္ဓုလဦးဆောင်သော ဗမာတပ်ဖွဲ့သည် ရန်ကုန်သို့ မရှုမလှဆုတ်ခွာခဲ့ရသည်။ ပင်းဝါတိုက်ပွဲမှ အဆုတ်တွင် မဟာဗန္ဓုလသည် လမ်း၌တွိသမျှသော အပြစ်မဲ့ပြည်သူပြည်သားများကို သတ်ဖြတ်ခဲ့ပါသည်။ ဤသတ်ဖြတ်ခဲ့မှုကို အကြောင်းပြုပြီး ကုလားမနိုင်ရခိုင်မဲဟူသည့် စကားရပ် ထွတ်ပေါ်လာရခြင်းဖြစ်ပါသည်။ ကုလားဟူသောဝေါဟာရမှာ မျက်နှာဖြူ အင်္ဂလိပ်များကို ညွှန်းဆိုသော စကားရပ်ဖြစ်ပြီး အင်္ဂလိပ်ကို တိုက်မနိုင်၍ ရခိုင်သားရို့ကို သဲသဲမဲမဲ သတ်ဖြတ်ခဲ့ခြင်းကို ဆိုလိုပါသည်။ ရခိုင်သားရို့ နိန့် စဉ်ရက်ဆက် ကျနိန်သော မျက်ရည်များသည် အတိတ်က ဗမာနယ်ချဲ့ရို့ ရက်ရက်စက်စက်သတ်ပစ်ခဲ့မှုကို အောက်မိတမ်းတရုံတခုတည်းဖြင့် ကျနိန်ရသော မျက်ရည်စက်များဖြစ်ကြပါသလော။
ရခိုင်သားရို့သည် အတိတ်က ဂစ္ဆပမြစ်ရီတမျှသော မျက်ရည်များကျခဲ့ကြရပြီ၊ အခုလည်းနိန့်စဉ်ရက်ဆက် မျက်ရည်ကျနိန်ရတုန်းပင်။ ဘာသာမတူလူမျိုးမတူသော ဘင်္ဂလီမူဆလင်များအပေါ် မြန်မာစစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖေါက်မှုများကို ကမ္ဘာက ရင်ထုမနာ ကြွီကွဲခံစားခဲ့ကြသော်လည်း ရာစုနှင့်ချီ၍ ဗမာနယ်ချဲ့ရို့က ရခိုင်လူမျိုးကို မွားမျိုပစ်ရန် နည်းမျိုးစုံဖြင့် ကြိုးစားလာခဲ့မှုများကိုကား ဂရုမစိုက် အလေးမထားလုပ်နိန်သည်ကို တွိရသည်မှာ အလွန်တရာမှ ၀မ်းနည်းကြွီကွဲစရာကောင်းလှပါသည်။ ရခိုင်ဒေသ၌ အခြားဒေသများမှာကဲ့သို့ လူ့အခွင့်အရေးများချိုးဖေါက်မှုများ ဆိုးဆိုးရွားရွားဟိနိန်တုန်းပင်။ ပိုဆိုးသည်မှာ မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာပါသော ကမ္ဘာလှည့်ခရီးသည်များကို ရခိုင်ပြည်သို့ မလားရောက်နိုင်အောင် နည်းမျိုးစုံဖြင့်တားဆီးနိန်ခြင်းပင်ဖြစ်သည်။
ဗမာနယ်ချဲ့သမားရို့၏ ညှင်းပမ်းနှိပ်စက်မှုဒါဏ်ကြောင့် ရခိုင်သားရို့သည် တိုင်းပြည်ရပ်ရွာများကို စွန့်ခွာလျှက် တပြည်တရွာ၌လားရောက် လုပ်ကိုင်နိန်ကြရပါသည်မှာ စိုးရိမ်ဖွယ်ရာအရေအတွက်သို့ ရောက်ဟိနိန်ပြီဟု ရခိုင်ပြည်မှလာသော သတင်းများအရ သိဟိရပါသည်။ ရမ်းဗြဲကျွန်းဟိ အချို့သောကျေးရွာများတွင် လူပျို ၊ လူရွယ် လူလတ်များတောင် မကျန်တော့ကြောင်း ကြားသိနိန်ရပါသည်။ (၂၀၀၀)ခုနှစ်ထုတ် မိုးကြိုးစာစောင်၌ဖေါ်ပြထားသော ကချင်ပြည်နယ်ဖားကန့်ဒေသရောက်ရခိုင်လူဦးရေမှာ မယုံကြည်လောက်အောင် (၅)သိန်းခန့်အထိ ဟိနိန်ပြီဟုဖေါ်ပြထားပါသည်။ ကချင်ပြည်နယ်ဖားကန့်တခုတည်း၌ လူဦးရေ ၅-သိန်းခန့် ဟိနိန်လျှင် မြန်မာနိုင်ငံဒေသအနှံ့အပြားနှင့် ပြည်ပသို့ပြန့်နှံ့ရောက်ဟိနိန်ကြသော ရခိုင်လူဦးရေ မည်၍မည်မျှဟိမည်ကို တွက်ဆက်ကြည့်နိုင်ပါသည်။ ရီခြားမြီခြားသို့ ဤကဲ့သို့ထွတ်ပြီးတိမ်းယှောင်နိန်ကြရသည်မှာ နယ်ချဲ့မိစ္ဆာစစ်ဘီလူးရို့၏ ၀င်ရောက်နှိပ်စက်နိန်မှုကြောင်းသာဖြစ်ပါသည်။
ရခိုင်ပြည်သည် သားငါး၊ ဆန်ရီ ၊ သဘာဝသယံဇာတပွားများသော်လည်း နယ်ချဲ့မိစ္ဆာစစ်ဘီလူးရို့၏ ကြီးစိုးချယ်လှယ်နိန်မှုနှင့် လာဒ်ပီးလာဒ်ယူလုပ်နိန်မှုရို့ကြောင့် လာဒ်ပီးနိုင်သော ရခိုင်အမျိုးသားတချိုနှင့် ဘင်္ဂလီမူဆလင် စီးပွားရေးသမားများသာ စီးပွားရေးယှောင်လည်နိန်ကြသော်လည်း ရခိုင်ပြည်သူပြည်သားအများစုရို့မှာ ဆန်ကိုမြင်လျှက်နှင့် ထမင်းငတ်နိန်ရသောအဖြစ်၊ မြီယာပိုင်လျှက်နှင့် မြီမဲ့၊ ယာမဲ့၊ အိုးမဲ့၊ အိမ်မဲ့ဖြစ်ရကာ ကိုယ့်ရပ်မြီကိုစွန့်ခွာကြလျှက် တပြည်တရွာမှာ ရှာစားဖွီစားလုပ်နိန်ရသော ကျွန်သဘောက်ဘ၀ထက် ဆိုးဝါးသောဘ၀ အဘယ်မှာဟိပါမည်နည်း။ ကျွန်သဘောက်ဘ၀ဖြင့် နိန်ထိုင်နိန်ရသမျှကာလပတ်လုံး မျက်ရည်ဆက်လက်ကျရအုံးမည်သာ။

လွတ်မြောက်နယ်မြီမှ တွေးမြင်ရနံ့ များ

ရခိုင်စာပီဖြစ်တေ၊ မဖြစ်ကိစ္စကို ဆွေးနွေးစွာမဟုတ်နှမ်း။ အခြားလူတိမသိရအောင် တတိုးချေပြောရစွာကောင်းပါရေ။ ကိုယ့်အထဲမှာ ဇာဖြစ်နိန်နိန် အခြားလူတိမသိစီချင်ရေဆန္ဒရေ ကျွန်တော်၏ ရိုးသားသောစိတ်ဓါတ်ပါဟာလူ။ ယခုပိုင်ရခိုင်စာပီနန့် ရီးသားကတ်တေဆိုစွာ တမျိုးကောင်းပါရေ။ ကိုယ်ရို့အတွင်းထဲက ပြဿနာတိကို ကိုယ့်ရို့အထဲမှာ ပြောကတ် ဆိုကတ် ဆွေးနွေးကတ်စွာ အမျိုးသားအတွက် ပိုပြီးကောင်းပါရေ။ ကျွန်တော်တွိဖူးပါရေ၊ အခြားလူတိနားလည်ရေ ဘာသာစကားနန့် ပြောဆိုဆွေးနွေးစွာစာကို။ ယင်းချင့်တိရေအမျိုးသားကို တိုက်ရိုက်ထိခိုက်စွာဖြစ်တေအတွက်ကြောင့် ကျွန်တော်သဘောမကျ။ ရခိုင်အမျိုးသားနန့်ပတ်သက်လို့ အပြုသဘောဆောင်ရေ ဝေဖန်ဆွေးနွေးမှုတိကို ရခိုင်သားအချင်းးချင်း ဆွေးနွေးကတ်တေအတွက်နန့် တဖဲ့ချေ ဆွေးနွေးချင်ပါရေ။
ကျွန်တော်အေဖက်ကိုထွက်လာပြီး ရခိုင့်တော်လှန်ရေး၊ နိုင်ငံရေးနန့်ပတ်သက်လို့ ကျွန်တော်ဥာဏ်မိစွာပိုင် လေ့လာကြည့်၊ သုံးသပ်ကြည့်ဖြစ်တေ။ ဆိုကေ စာပီနန့် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါရေ။ ကျွန်တော့်ဘ၀မှာ စာပီနန့်ပတ်သက်လို့ ဆုံးဖြတ်ချက်ချခြင်းရေ ရောယောင်ပြီး ဆုံးဖြတ်ချက်ချခြင်းမဟုတ်ဆိုစွာကို ပြောရခြင်းရေ အခြားကြောင်းမဟုတ်။ အေဖက်မှာ ရောက်နိန်ရေ ရခိုင်သားတိအနိန်နန့် စာရီးဆရာ၊ ကဗျာဆရာတိများရေအတွက်နန့် ပြောရခြင်းပါ။ စာပီဖတ်ခြင်း တဖဲ့ချေဟိပြီးကေ စာတိပီတိရီးနီစွာများရေ လူတော်တိဟိစွာကိုတော့ အားရပါယင့်။ အမျိုးသားအကျိုးစီးပွားအတွက် လုပ်ကိုင်နိန်ကတ်တေဆိုစွာ ကိုယ့်ဝါသနာဗီဇနန့် လိုက်ဖက်ရေ“ထောင့်”က ပါဝင်တိုက်ပွဲဝင်နိန်ခြင်းရေ အမျိုးသားအတွက်ဘင်ဖြစ်ဖြစ်၊ကိုယ့်အတွက်ဘင်ဖြစ်ဖြစ် အကောင်းဆုံးရာမနားယေ။ အ၀ီးရောက်သံတမန်တဦးနန့် ကျွန်တော်တွိဖြစ်တေအခါ “အဝေး ခိုင်လင်း အမတ်စဉ်းစားကြည့်နှောင်း၊ သူများယောင်လို့ လိုက်ယောင်တဲ့လူဟာ ကိုယ့်အတွက်မကောင်း၊ အမျိုးသားအတွက်လဲ အကျိုးမဟိ။ ၀ါသနာမဟိဘဲ လုပ်ရေအလုပ်ဟာ ကျွန်အလုပ်ဖြစ်တေ ကျွန်အဖြစ်မခံကေ့ဝေ” ဆိုပြီး မမိန့်သီးရေမာန်အောင်ရို့ ဒေသိယစကားနန့် ပြောဖူးပါရေ။ မှတ်သားလိုက်နာဖို့ ကကောင်းကောင်းပါရေ ဟာလူ။
ကနိန့် ရခိုင်သားတိ ပြည်ပမှာ တော်လှန်ရေးသမား၊ နိုင်ငံရေးသမား၊ စာရီးဆရာ၊ ကဗျာဆရာ၊ သမိုင်းဆရာ၊ သုတေသီရို့ မကန်ထွား အားရဖို့ကောင်းပါရေ။ စာပီအကြောင်းပြောလို့ တဖဲ့ချေပြောရကေ စာပီအကြောင်းတခုလေ့မသိလို့ ပြောလို့ရရေ လူတယောက်ရေ ကဗျာတိစာတိရီးလို့ စာအုပ်ထုတ်ရေ နိန်ရာတိကို ပို့ရေ မပါကေ ကောနှက်တေ ဟာလူ စဉ်းစားဖို့ ၊ ဝေဖန်ဖို့ ပြောစွာပါ။ ကျွန်တော့်ဆန္ဒကကြိုးစားပမ်းစားလုပ်စီချင်ရေ စေတနာကြောင့်ပြောစွာပါ။ ဇာလောက်ထိလည်းဆိုကေ ဘုန်းကြီးကျောင်းသား ခိုင်လင်းရို့တောင် စာတိပီတိရီးလို့ ဆိုရေအတွေးတိက ၀င်လာစွာမနား။ ကျနော်ပြည်တွင်းထဲမှာ လေးနှစ်ကျော်ကျော်လောက် စာတိပီတိရီးပြီးပို့ ဖူးပါရေ မပါလီရီးလီ၊ လေ့လာလီဆက်ရီးလီ ပို့ လီ၊ ယင်းစွာ ခံစားချက်တိဟိဖို့  စာရီးဆရာထွဋ်ခေါင်က သူ့အတွိအကြုံ တခုပြောပြလို့ရီးလာစွာပါ ဟာလူ။ ဇာလောက်ထိလေ့ဆိုကေ “ကလျှာမဂ္ဂဇင်း” အယ်ဒီတာတိဆိုကေ ပုံနှိပ်စာလုံးအဖြစ် ထွက်ပေါ်လာကေလေ့ ယင်းပိုင်ဝေဖန်စွာကိုကကောင်းခြီရေဟာလူ ၀ါသနာဟိဟိ စေတနာပါပါနန့်လုပ်ကတ်ကေလေ့ “အကရောင်း ဘုရားကြီးသတ်” ရခိုင်သားတိအေပိုင်ဟိဖို့ လို့ မထင်ဟာလူ။ ကျွန်ဖြစ်နိန်တောင် တိုးတတ်သစ်လွင်ရေဖက်မှာ​ “ဂေါင်” ဖြစ်လို့ ဟိဖို့ ။
အဓိကဆိုလိုချင်စွာကရေ ”အစဉ်အလာဥခွံထဲက ဖောက်ထွက်တွေးခေါ်ပြီး ပြုလုပ်ကတ်ဖို့ အတွက်ပါ” ပြည်ပမှာရောက်ဟိနိန်ရေ ရခိုင်လူငယ်တိထဲမှာ ခေတ်ပညာတတ်လူငယ်တိ ဟိကတ်စွာမနား။ အခြားလူငယ်တိနန့် ယှဉ်ပြိုင်ပနာ ရန်သူကိုအဟုန်ပြင်းစွာ တိုက်ခိုက်ဖို့ အချိန်လွန်နိန်ရာမနား၊ ALD (လူငယ်)အတွင်းရေးမှူး ကိုဦးသိန်းမောင် စကားနန့်ပြောရကေ“ကနိန့် ကျွန်တော်ရို့မျိုးဆက်ဆိုစွာ နောက်ဆုံးမျိုးဆက်၊ နောက်ဆုံးခံတပ်ပါ။ အေမျိုးဆက်မှာ ခိုင်ခိုင်မာမာ ပီပီပြင်ပြင် မလုပ်နိုင်၊ မတည်ဆောက်နိုင်ကေ နောက်မျိုးဆက်ဆိုကေ အများကြီးဝီးကျန်ပြီး မျိုးဆက်ပြတ်ကျန်ခပါဖို့ ” (INTERNEWS) သင်တန်းကအပြန်မှာ ဆွေးနွေးဖြစ်တေအထဲက စကားအချို့ပါ။ ကျွန်တော်ဆိုရေလူလေ့ ဇာကောင်လေ့မဟုတ်ပါ။ ယကေလေ့ စေတနာသန့်သန့် ၀ါသနာပါရေ “ထောင့်”က တိုက်ပွဲဝင်နိန်ခြင်းဖြစ်တေဆိုစွာကိုတော့ ပြောရဲပါရေ။ ၀ါးပင်အားလုံးတောင်မွိ(တောင်ဝှေး)ဖြစ်ရဖို့၊ ထန်းပင်အားလုံး ဘုန်းကြီးယပ်တောင်ဖြစ်ရဖို့ ဆိုရေအတွေး၊ အယူအဆမဟိဆိုစွာတော့ ပြောချင်ပါရေ။ ALD(Exile) ဥက္ကခိုင်အောင်ဝင်းက “တယောက်နန့်တယောက် လွဲမှားစွာယှဉ်ပြိုင်နိန်ကတ်လိမ့်မေ”လို့ ဆိုပါရေ။ ကကောင်းမှန်စွာမဟုတ်လား အေဖက်မှာ ဥက္ကခိုင်အောင်ဝင်းသုံးသပ်ရေပိုင် လွဲမှားရေယှဉ်ပြိုင်မှုတိဟိစွာပိုင် အချင်းချင်းရန်စောင်မှု၊ မနာလိုမှုတိဟိစွာကို အကရောင်းတွိရပါရေ။ ဟာလူလေ့တွိရဖို့လို့ထင်ပါရေ။ ကျွန်တော်ရို့ လူငယ်တိအနိန်နန့်“နောက်ဆုံးခံတပ်”ဆိုစွာကို နားလည်သဘောပေါက်လက်ခံပြီး အနာဂတ်အတွက် လက်တွဲဆောင်ရွက်ကတ်ဖို့ အကရောင်းလိုအပ်နိန်ပါဗျာယ်။
အချင်းချင်းတိုက်ခိုက်မှုရေ မနာလိုဝန်တိုမှုမှာ အခြီခံပါရေ။ မနာလိုဝန်တိုမှုဟိလို့ တိုက်ခိုက်ခြင်းဆိုစွာ အာကာမှာ“လ”ပပိုင် ထင်ရှားရေမနားဟာလူ ကျွန်တော်သုံးနိန်ကျ အသုံးအနှုန်းနန့် ကြီးကြီးကျယ်ကျယ် ပြောရဖို့ဆိုကေ “အချင်းချင်းတိုက်ခိုက်မှု၏ အခြီခံအုတ်မြစ်သည် မနာလိုဝန်တိုမှုဖြစ်၏”လို့ ဆိုချင်ရေ။ ပြည်တွင်းမှာဟိရေ ရခိုင်လူငယ်တိကိုတော့ မပြောပါဗျာယ်။ ပြည်ပရောက်ရခိုင်လူငယ်တိကို လက်လှမ်းမီသလောက် ကျွန်တော်တဖဲ့သျှေ လေ့လာကြည့်မိပါရေ။ ပညာတတ် ရခိုင်လူငယ်တိ နိုင်ငံတကာမှာ ပြန့်ကြဲလို့အများကြီးဟိပါရေ။ တတ်ထားရေပညာတိနန့် အမျိုးသားကို အကျိုးပြုကေ ဇာလောက်ကောင်းပါဖို့လဲ။ အချို့ဟိစွာကလဲ မဆိုစလောက်ပါ။ ကျွန်တော်တွိရရေ၊ မြင်ရရေ၊ ကြားရစွာကရေ အချင်းချင်းတက်နင်းဖို့၊ တိုက်ခိုက်ဖို့ ပြင်ဆင်နိန်ကတ်၊ လုပ်နိန်ကတ်စွာကိုရာ တွိရရေမနားဟာလူ။ အချို့လူငယ်တိရေ ၀ါသနာပါရေထောင့်က လူမျိုးအတွက် လုပ်နိန်ကတ်စွာတွိရပါယင့်။ အခက်အခဲအကြပ်အတည်းကြားက ကြိုးစားပမ်းစားလုပ်စွာတိတွိရပါရေ၊ စွန့်လွှတ်အနိုက်နာခံမှုတိနန့် ယင်းပိုင်လူငယ်တိကို အဖရခိုင်ပြည်ကြီးက လက်ခမောင်းခတ်ပြီး ကောင်းချီးသြဘာပီးဖို့ဆိုစွာ ကျိန်းသီဟာလူ။
အများထဲက အဖြစ်အပျက်တခုကို သာဓကတခုအနိန်နန့် ထုတ်ပြချင်ရေ။ ရခိုင်သားတိသိပြီးသားဖြစ်ရေ(ALD) အကြောင်းပါ။ (ALD)ဆိုစွာ ပြည်တွင်းထဲမှာ တရားဝင်မဲနိုင်ရေပါတီပါ။ (ALD)ခေါင်းဆောင်တိရေ စစ်အုပ်စု၏ ၁/၉၀ ကိုသတ္တိဟိဟိပြတ်သားစွာ ဆန့်ကျင်လို့ ဖျက်သိမ်းခံရပါရေ။ ယကေလေ့ (ALD)ခေါင်းဆောင်တိရေ ပြည်သူ့တရားဝင် ရွီးချယ်ထားစွာဖြစ်တေအတွက်နန့် ဖျက်သိမ်းကေလေ့ လုပ်စရာဟိစွာကို ဆက်လုပ်ကတ်ပါရေ။ ထောင်ထဲရောက်လည်း ဆက်လုပ်ကတ်တေ လွတ်လာကတ်ကေ ဆက်လုပ်ရေ။ ထောင်ထဲမှာ ဟိသီးယင့် ၊ အဖမ်းခံရရေ ဆရာအောင်ဝန်းရို့၊ ဦးသာနိုးရို့ ပြည်ပမှာဖွဲ့ပနာ ဆက်လုပ်ကတ်ဖို့ ထွတ်လာကတ်တေ။ တချို့က ထောက်ခံကတ်တေ၊ တချို့က ဖျက်ကတ်တေ၊ လုံးဝမလိုလား၊ NLD(LA) ဖွဲ့စွာပိုင် ငါရို့လေ့ (ALD-LA) လေ့ ဖွဲ့ဖြစ်အောင်လုပ်ရဖို့လို့အသိမဟိ။ မထွတ်လာတောင်မှ ထွတ်လာဖို့ ဖိတ်ခေါ်ကမ်းလှမ်းရဖို့ရာမနား။ ထော…ကြည့် ခေါင်းဆောင်ဆိုရေလူတိက ALD(Exile) ဖွဲ့ပနာ ဆက်လက်တိုက်ပွဲဝင်ဖို့ ထွတ်လာတောင် ကန့်ကွတ်ကတ်၊ ဖျက်ဆီးကတ်တေ။ ဘုရားကြီးသတ် ဟာလူ၊ အကရောင်းပြောစွာပါ။ သက်သီမကလို့ သက်ရှင်တိတောင် ဟိပါရေ။ ရခိုင်လူထုထဲထိ နာမည်ကြီးခရေ ခိုင်ရာဇာဆိုကေ ALD(Exile) ဖွဲ့ဖို့ဆိုစွာကို အားတက်သရော အားပီးခရေဟာလူ။ ငွေကြေးတိတောင်ထောက်ပံ့ခရေ။ ဟာလူလဲ အေအကြောင်းကို ကြားပါဖို့ရာ။ သမိုင်းတခုအဖြစ် မှတ်တမ်းတင်ရပါဖို့ဟာလူ။ ငါရို့မှာ လူထုဟိစွာမနား၊ လူထုကိုချပြရခန်းသီး၊ သမိုင်းဆိုစွာ ဖျောက်ဖျက်လို့ရပါဖို့လားဟာလူ။
ကျွန်တော်ဆွေးနွေးချင်စွာက အပြုသဘောဆောင်ရေ ဝေဖန်ဆွေးနွေးမှုတိပါ။ ဗုဒ္ဓတောင်မှ ဝေဖန်မှုကို လက်ကမ်းကြိုဆိုရေမနား၊ ဗုဒ္ဓ၀ါဒရေ”ဝိဘဇ္ဇ၀ါဒီ”လို့သင်ဖူးပါရေ။ အထူးထူးအပြားပြားသော ဝေဖန်မှုလို့ပြန်ရဖို့လားမသိဗျာယ်။ ရန်ကုန်မှာဟိရေ မင်္ဂလသုခပိါတက္ကသိုလ်ဆိုစွာ ရခိုင်သားတိ တည်ထောင်ခရေကျောင်းပါ။ တိတိကျကျပြောရကေ မာန်အောင်သားတိ တည်ဆောက်ခရေ ကျောင်းပါ။ ယင်းကျောင်းမှာ အဆောင်တိ အမည်အမျိုးမျိုးနန့် ဟိရေအထဲက “ဝိဘဇ္ဇ၀ါဒကျောင်းဆောင်”ဆိုစွာ ဟိပါရေဟာလူ။ ဟာလူက တက္ကသိုလ်ကျောင်းတော်သားဖြစ်လို့ ယင်းအကြောင်းကို ကျွန်တော်မျိုးက ဝေငှစွာပါဟာလူ။ ဗုဒ္ဓရေ ဝေဖန်ထောက်ပြမှုကို လက်ခံရေဆိုစွာကို ပြောချင်စွာပါ။ ဟာလူရို့ငါရို့မှာလေ့ အပြုသဘောဆောင်ရေ ဝေဖန်ထောက်ပြမှုတိ ဟိဖို့ဆိုစွာ ဟာလူလက်ခံပါဖို့ထင်ပါရေ။ ဝေဖန်မှုဟိမှ တိုးတတ်စွာမနား ဟာလူက ကျွန်တော့်ထက်နားလည်ပါဖို့ ။
တော်လှန်ရင်း တော်လှန်ရင်း အာဏာသျှင်တိဖြစ်လိုဖြစ်၊ ရန်သူပျောက်လိုပျောက်၊ ငါရို့ရန်သူရေအသူလဲ? အသေအချာစဉ်းစားကြည့်ပါ။ ရန်သူရေ ဟာလူလေ့မဟုတ်၊ ခိုင်လင်းလေ့မဟုတ်ပါဟာလူ။ ယင်းပိုင် (A) အဖွဲ့အစည်းလေ့ မဟုတ်ရေပိုင် (D) အဖွဲ့အစည်းကား ရန်သူအဖွဲ့အစည်းပါလား။ ကိုယ်ရို့အချင်းချင်း မနာလိုဝန်တိုမှုတိဟိပြီး တိုက်ခိုက်မှုကြောင့် ရန်သူရေ ပျောက်မှန်းမသိ ပျောက်လားခရေ။ ရန်သူပျောက်လို့မဖြစ်၊ ရန်သူပျောက်ကေ “လခဗျာယ်”လို့ စစ်တွေလီသံနန့် ပြောချင်ရေဟာလူ။ ရခိုင်လူထုအတွက် လုပ်နိန်စွာချင်းသိယင်းနန့် ဇာဖြစ်လို့လက်တွဲမလုပ်နိုင်စွာလ။ဲ တဖွဲ့တပါတီဖြစ်ရမေလို့ ကျွန်တော်မပြောပါ။ ဂျိတ်ဆက်ပြီး(လက်တွဲပြီး) လုပ်ဖို့စွာကို ပြောခြင်းပါ။ တဖွဲ့တပါတီဖြစ်လာခကေ ကကောင်းကောင်းပါရေ။ ဟုတ်ပါဗျာယ်…ကိုယ်ရို့လူမျိုးအချင်းချင်း လူထုအတွက်ဆိုရေ အခြီခံရည်မှန်းချက်ချင်း တူကတ်စွာမနား၊ တွိရစွာကတော့ စောင်းနိန်ကတ်၊ မသိမသာတိုက်ခိုက်နိန်ကတ်စွာနန့်ပင် “ရန်သူပျောက်နိန်”စွာကို တွိရပါရေ။ ပြောလိုက်ဟောလိုက်ကေ ရီမပြောကဲ့ လီတောင်မ၀င်။ ရန်သူပျောက်လို့ ပျောက်မှန်းမသိ ယပြီးကေ ရခိုင်အမျိုးသားညီလာခံကို လက်ညှိုးထိုးနိန်စွာကိုလေ့ တွိရယင့်။ ရခိုင်အမျိုးသားညီလာခံကို “ဝိသကြုံနတ်သား”ဖန်ဆင်းဖို့လို့ ထင်စွာလားမပြောတတ်ဗျာယ်။ ပူးပေါင်းမှု၊ ပြင်ဆင်မှု ဇာလောက်ဟိပါဗျာယ်လဲ။ ညီလာခံဆိုစွာ တမျိုးသားလုံးနန့်ဆိုင်စွာနှမ်း လုပ်ရဖို့ဆိုစွာနန့်မပြီးသီး။ ပူးပေါင်းပြင်ဆင်မှု ဇာလောက်ဟိလဲဆိုစွာက အရေးကြီးပါရေ။ အမျိုးသားညီလာခံကျင်းပဖို့ဆိုကေ ဇာအခြီခံပေါ်မှာ ကျင်းပဖို့စွာလဲ၊ အခုပြင်ဆင်ထားစွာကေ၀၀ါးနိန်စွာလား၊ ဇာကြောင့်ေ၀၀ါးနိန်လို့ထင်လဲ၊ အမျိုးသားညီလာခံကို ဇာအခြီခံပေါ်မှာ ကျင်းပသင့်လေ။ ယင်းပိုင်မိန်းခွန်းတိမိန်းပနာ တဆင့်ချင်း ပုံဖေါ်ရဖို့ဆိုစွာဆွေးနွေးစွာပါ။
မိမိကိုင်စွဲထားရေ အမှန်တရားဆိုစွာ ကရောင်းအမှန်တရားလို့ ခံယူပိုင်ခွင့်၊ ယူဆပိုင်ခွင့်ဟိပါရေ။ ယကေလေ့ တယောက်တည်းသာ နိန်ရဖို့ဟိရေဟာလူ။ အားလုံးဒီမိုကရေစီကိုလက်ခံရဖို့၊ သစ်ခေါက်မှန်သမျှ သင်္ကန်းဆီးဆိုးရဖို့ဆိုရေ အတွေးတိ ရာစုဟောင်းမှာ ကျန်ခပါဗျာယ်။ ယင်းအတွေးအခေါ်ဆိုစွာ နှစ်ဆယ်ရာစုအလယ်လောက်မှာ ချုပ်ငြိမ်းလားရေလို့ ပညာသျှင်တိက ဆိုစွာကိုသိရပါရေ။ သစ်ခေါက်မှန်သမျှ သင်္ကန်းဆီးဆိုးရဖို့ဆိုရေ အတွေးအခေါ် အမှန်တရားဟိရေဆိုကေ ဗိန္ဓောဆီးဆရာနန့် ပြဿနာတတ်ကတ်ဖို့။ ဗိန္ဓောဆီးဆရာမှာလေ့ သစ်ခေါက်ကို ဆီးဖေါ်စပ်ပါဖို့မနား။ ဆိုကေ ရခိုင်ပြည်သူအတွက်ဆိုရေ ဘုံရည်မှန်းချက်ဟိရေ လူအချင်းချင်း၊ အဖွဲ့အစည်းအချင်းချင်း အပြန်အလှန်ထောက်ပံ့ကတ်ဖို့၊ ယိုင်းပင့်ကတ်ဖို့၊ ကူညီကတ်ဖို့၊ လက်တွဲခေါ်ကတ်ဖို့ဆိုရေ အသိဟိရေ ရခိုင်မသားမှန်သမျှ ရန်သူမပျောက်တေလူတိပါ။ အချင်းချင်းရန်သူထင်နိန်ကတ်ပြီး စွဲကိုင်ထားရေ အမှန်တရားနန့် ကျွန်တော်ရို့မျိုးဆက်မှာ အေပိုင်ရှိကိုဆက်ပြီး လုပ်နိန်ကတ်ဖို့ဆိုကေ ထီးနန်းကိုမပြောကေ့ ထီးစုတ်တောင်ရဖို့မဟုတ်။ တခါတရီ ပြောကတ်စွာကိုကြားရပါရေ ကျွန်တော်ရို့ကို အောက်သားနောက်ကို လိုက်ကတ်တေလတ် ဇာချင်းကိုပြောစွာလဲ မပြောတတ်ဗျာယ်။ ခေတ်ပညာတတ်လူငယ်တိဆိုရေ၀ါ၊ အေပိုင်အတွေးအခေါ်တိဟိစွာကို ကျွန်တော်အံ့သြလို့မဆုံးဟာလူ။
ကိုယ့်ရို့အချင်းချင်း အပြုသဘောဆောင်ရေ စိတ်ဓာတ်နန့် ဝေဖန်ထောက်ပြနိန်စွာကို တိုက်ခိုက်နိန်စွာလို့ မထင်ပါကေ့။ ကျွန်တော့်ဆောင်းပါးတိ၊ ကဗျာတိကို ဝေဖန်ကြည့်ပါ။ ရန်သူကိုလေ့ ကျွန်တော့်အင်အားအရ ဇကုန် တိုက်နိန်စွာပါဟာလူ။ ကိုယ်ရို့အချင်းချင်း အပြုသဘောဆောင်ရေစိတ်ဓာတ်နန့် ဝေဖန်ထောက်ပြဖူးရေ ဆောင်းပါးတပုဒ်ရီးဖူးပါရေ။ ဇာအဖွဲ့အစည်း၊ လူ၊ နာမည်စရေ အမည်နာမတိမပါဘဲ ယေဘုယျဆန်ရေ အသုံးအနှုန်းတိနန့်ဝေဖန်စွာပါ။ ကျွန်တော်ယင်းခါ (၃၅) ကီလို(မဲဆောက်)မှာ ကျောင်းဆရာလုပ်လို့ ကျောင်းနန့်ပတ်သက်လို့ ကျွန်တော်ရီးရေဆောင်းပါး မြန်မာ့အလင်းမှာ ပါလာလို့ ကောင်းရေဆိုစွာ ဟာလူဝေဖန်ဖူးရေမနား။ မှတ်မိပါဖို့ရာ၊ ယင်းခါဟာလူ ကျွန်တော့်ကိုသတ်ဖို့ ဖြတ်ဖို့ထိ လာပြောစွာမနား။ ကျွန်တော်လည်းမကြောက်ပါ။ သူရို့လောက်ကိုမပြောကေ့ (နအဖ)စစ်အုပ်စုကိုတောင် ကလောင်နန့်တိုက်နိန်စွာပါ။ ကျွန်တော့်ကိုသတ်ဖို့လတ် သတ်ပါ။ ကျွန်တော့်ကိုသတ်ကေ နောင်လာနောင်သားတိ သမိုင်းရီးပါဖို့ရာမနား။ အဝေး….ဟာလူ အရိုးတွန်စွာဆိုရေစကားကို မင်းကြားဖူးပါဖို့ရာ။ သမိုင်းဆိုစွာ ကြာလာလို့ မကောင်းဗျာယ်ဆိုစွာမဟိပါ။ ဟောင်းလီ၊ကြာလီ သမိုင်းရေတန်ဖိုးဟီလီ ဟာလူ။သမိုင်းအမဲစက် ထင်လခကေ လခဗျာလ်လို့ မှတ်ပါဝရို့။ အခြားလူတိကို အထင်သေးပြီး မိမိကိုယ်ကို ဗဟုပြုလိုသောစိတ်ဓာတ်တိ ဖယ်ယှားပြီးကေ ရခိုင်လူမျိုး သွီးစည်းညီညွတ်ရေးကို တည်ဆောက်ကြဖို့ ALD(Exile)ဥက္ကဌကြီး ခိုင်အောင်ဝင်းပြောဖူးပါရေ။ အစဉ်အလာတန်ဖိုးထားစနစ်(Valuesystem) ပျက်ယွင်းခြင်းကြောင့် အမျိုးသားညီညွတ်ရေး ပြိုကွဲရခြင်းရို့ကို သုံးသပ်ချက်ကို တင်ပြချင်ပါရေ။
“အစဉ်အလာတန်းဖိုးထားစနစ်ပျက်နိန်သည့် လူ့အဖွဲ့အစည်းတွင် တယောက်နန့်တယောက် လေးစား အသိအမှတ်ပြုမှု ဟိမည်မဟုတ်။ တယောက်ကိုတယောက် အထင်အမြင်သေးစွာ ပြုမှုဆက်ဆံကြလိမ့်မည်။ တယောက်လုပ်ရပ်ကိုတယောက် အသိအမှတ်ပြုမည်မဟုတ်။ နှစ်သက်သဘောကျမည်မဟုတ်၊ တယောက်ပြောသည်ကို တယောက် နားထောင်မည်မဟုတ်၊ တယောက်ကိုတယောက် မနာလိုဝန်တိုဖြစ်နိန်ကြလိမ့်မည်။ တယောက်နန့်တယောက် ရန်စောင်နိန်ကြမည်။ တယောက်နန့်တယောက် လွဲမှားစွာ ယှဉ်ပြိုင်နိန်ကြလိမ့်မည်။ တယောက်အရေးကိုတယောက်က ငါနန့်မဆိုင်ဟု ဖယ်ယှောင်နိန်လိမ့်မည်။ ရခိုင်လူမျိုးသည် အစဉ်အလာတန်ဖိုးစနစ်ပျက်ယွင်းခဲ့၍ စည်းလုံးညီညွတ်မှု ကင်းမဲ့လာသောကြောင့် ဗမာရို့လက်အောက် ကျရောက်ခဲ့ခြင်းဖြစ်သည်။ ဗမာလက်အောက်ကျွန်ပညာရေး၊ ကျွန်စီးပွါးရေးစနစ်ရို့ကြောင့် ရခိုင်အစဉ်အလာတန်ဖိုးစနစ်သည် ပို၍ပျက်စီးနိန်ရသည်၊ မိမိလူမျိုးကို အထင်အမြင်သေးကာ ဗမာအာဏာသျှင်ရို့ကို အထင်ကြီးလာကြသည်။ တကိုယ်ကောင်းဆန်ပြီး မိမိကိုယ်ကိုမဟိုပြုကာ အလွန်ကြောက်တတ်လာကြသည်။ ဤစရိုက်လက္ခဏာများကိုသိလျှင် အမှားကိုအမှန်ပြင်ပြီး အစဉ်အလာတန်ဖိုးစနစ်(Valuesystem) ကို ပြန်လည်တည်ဆောက်ခြင်းဖြင့် ရခိုင်အမျိုးစည်းလုံးညီညွတ်မှုကို ပြန်လည်ရဟိနိုင်လာမည်ဖြစ်သည်။ စိတ်ရှည်ရှည်ဇွဲကောင်းကောင်းဖြင့် တည်ဆောက်ကြရမည်။ မိမိကိုယ်ကိုနှိမ့်ချသော “နိဝါတ” တရား၊ ပြောလွယ်ဆိုလွယ် နာလွယ်သော”သုဟုဇုဇဂုဏ်“ရို့နန့် ပြည့်စုံအောင် ကြိုးစားကြရမည်။ တရုတ်သမတ္တနိုင်ငံကို ထူထောင်ခဲ့သူ ဒေါက်တာဆွန်ယက်ဆင်သည် တိုင်းတပါးသားရို့ လောင်းရိပ်အောက်၌ အစဉ်အလာတန်ဖိုးစနစ်ပျက်ကာ စည်းလုံးညီညွတ်မှုမဟိ၊ စာရိတ္တပျက်ယွင်းကာ ဘိန်းစားချည်းဖြစ်နိန်သော တရုတ်လူမျိုးများကိုကြည့်ပြီး အကြီးအကျယ်စိတ်ဓါတ်ကျဆင်းခဲ့ရသည်။ သို့ရာတွင် သူသည် ရေရှည်စိတ်ဓာတ်ကျမနိန်ဘဲ စိတ်ရှည်ရှည် ဇွဲကောင်းကောင်းဖြင့် အမျိုးသားရေးကို မေတ္တာ၊ စေတနာထားကာ တရုတ်အမျိုးသားရေးစိတ်ဓာတ် ပြန်လည်ရှင်သန်အောင် စည်းလုံးညီညွတ်အောင် ကြိုးစားခဲ့ပြီး တရုတ်သမတ္တနိုင်ငံ ထူထောင်နိုင်ခဲ့သည်ကို အတုယူသင့်သည် “ဟူ၍ ရခိုင်လူငယ်များကို ALD (Exile) ဥက္ကဌကြီး ခိုင်အောင်ဝင်းက စာရီးပြီးပြောဖူးပါရေ။ မှတ်သားလိုက်နာသင့်ပါရေဟာလူ ကိုယ့်အမျိုးသားအတွက် မဟုတ်လား။ ရခိုင်ပညာဟိအမတ်ကြီးဒုံးညို ” က ရခိုင်အစဉ်အလာတန်ဖိုးစနစ်(Valuesystem) ပျက်ယွင်းနိန်ကြောင်းကို ကဗျာချေဖြင့် သတိပီးဆုံးမ ဖူးပါရေ။
လိမ္မာမျက်ပြင်း၊ ဆင်းရဲအားရ
ကြွယ်ဝမနာလို ၊ ကိုယ့်ထက်သာမကြိုက်
အမိုက်လေးပါး ၊ ဤတရားကြောင့်
ရခိုင်သားမှာ ၊ ဆင်းရဲရာလိမ့်
နောင်လာနောင်သား ၊ သတိထား…….။

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP