မိဘနှစ်ပါး ရခိုင်သားက
မွီးဖွားကြီးမြောက် အရွယ်ရောက်လို့
ဇာတိရခိုင် ပြည်မဏ္ဍိုင်မှ
မန္တလေးရန်ကုန် အညှာစုံအောင်
ပညာရင်နို့ သောက်စို့ဖို့တွက်
မဟိနွမ်းပါး မိဘများက
ဆင်းရဲဒုက္ခ ကြုံတွိရလည်း
ငါ၏သားချေ အလှယေကို
ပညာပြည့်ဝ နှလုံးလှ၍
မိမိမျိုးသား ကိုယ့်စကားနန့်
အဖရခိုင် ပြည်မဏ္ဍိုင်ကို
ကာကွယ်စောက်ရှောက် မျိုးမပျောက်အောင်
အနာဂတ်ကာလ အချိန်ကျကေ
အားကြိုးမာန်တက် ထမ်းရွက်မည်ဟု
တွေးတမျှော်မှန်း ပီတိလွှမ်းခဲ့။
ခါးမှဖေသာ ငွေတရာကို
နာတာအတွက် မသုံးရဘဲ
သားချေတယောက်ခရီးရောက်ဖို့
ထုတ်ပနာမိဘ ပီးဖူးခသည်။
အဂုသူကား ရိုးတောင်ခြားဗျာလ်
တိုင်းတပါးမှာ နှစ်လကြာလျှက်
ပညာရ၍ အခြီလည်းတင့်
ဥာဏ်ကြီးရင့်ကာ ဟိပါသော်လည်း
ဇာတိဌာနီ မိန့်လားလီဗျာလ်
မိဘနှစ်ပါး မျှော်မှန်ထားသည့်
အမျိုးသားရီးအမြင် သမိုင်းဝန်ကို
ဆောင်ရွက်ဖို့ကား မဆိုထားဘိ
အကျင့်ဖေါက်ပြား သူတယောက်ကား
မိမိမျိုးသား ကိုယ်စကားနှင့်
မပြောချင်ဗျာလ် မိန့်လားဟန်ဖြင့်
ဇာတိမာန်ပျောက် စိတ်ကြီးမောက်လို့
သူများစကား အငှားထားဗျာလ်
ပြောရပါမှ စိတ်ဝမ်းဝသည်
သကျရခိုင် အိုရခိုင်။ ။