မျက်တောင်မှာ သာယာရေ
ငိုခြင်းချေတိကိုရီးယင်း
အချိုင်ပေါက် မှိုတက်နိန်ရေစိတ်ကို
မှုတ်ထုတ်လို့
ဆလီခြုံအောက်က--ငါ
ဂမ်းမဂျစ်ပုံထိုင်ပြီး
ဒုက္ခကမ္မဌာန်း၊ စီမြန်းရွတ်လျှက်
သောက အိမ်မက်တိ မက်နိန်ရရေ
ရင်ဘက်ကြီး ကျန်းကျန်း ခေါက်ခေါက်နန့်
တရားအားထုတ်နိန်ရေ--ငါ
စက္ကူလောင်းချေထဲက
အမြောက်သံတဒိန်းဒိန်းကြားနိန်ရေ
အိမ်မက်ကြီးကို မီးစွဲလောင်ရေ ညည့်တိ
များ--များ--လာ--။
ရိုးမတောင်ခြီထက်က ၀ိုင်းစက်စက်လမင်း
ရာဟုကိုက်သံတိကြားနိန်ရေ
ရင်ညွန့်ထက်ကပီစာ
ဘောင်ချာဖြစ်လခဗျာယ်--။
သံဇေသံတိတ၀ီဝီနန့်
သာဓုဗျာသာဓုဟု အသံပြုလို့
လက်ခုဟပ်တလူလူနန့်
ဥပသကာတဖွဲ့
ကာလမျိုးစိတိတောင်းခံနိန်ကတ်ယင့်--။
အော်---လဂရင်းမှာ ၀မ်းလျားမှောက်
ထမင်းရည်တောင် မယက်ရရေ ခွီးနားဂူ
လူစကားမတတ်လို့
ခွီးအခွင့်အရေးမရ သူ့ဘ၀--။
ဇာတ်သိမ်းခါနီးမှ ကဗ္ဗျည်းထိုးခံချင်ကတ်သူတိ
ပြီးပါပြီ စာတမ်းထိုးလို့
နောက်ပြန် နောက်ပြန်
သူ့ကိုသူ ခြင်္သေ့လတ်ထော---။
နွားနှစ်ကောင်ရန်ဖြစ်စွာကိုမှ
သဘောကျ လက်ခုပ်တီးနိန်ရေလူတိ
နားအုံပွင့် သွီးစက်စက်နန့်
အားမတန် ထွက်ပြီးနွားကို
ဂရုဏာမသင့်-သရော်ကတ်ယင့်---။
ပြုတ်ဆန်မစား-ရခိုင်သား
ဆန်ခွဲမစား--ရခိုင်သားလို့
မြဆန်စက်ဘေးက
ကုန်သည်လမ်းထက်
ကြွေးကြော်သံတိညံဗျာယ်
ဆတ်ရိုးကျ ချောင်းကမ်းနား
ဘူဒူ ဘင်္ဂါထက်မှာပဲ့တင်ထပ်လို့--။
မခံမရပ်နိုင်ရေ ရင်တွင်းစကားသံချေတိ
တအောင့်ကြာ ၀စီသံကြား
လော်ရီကားကြီးတိနန့်
ယူနီဖေါင်းဝတ် ယမမင်းကြီးရို့အဖွဲ့
မေလ်ထရီကောင်ထရိုး အမိန့်နန့်
ဒရစပ်ပစ်ခတ်
ရခိုင်သွီးစက်တိစီးဆင်း
ဆတ်ရိုးကျချောင်းရီ တွတ်တွတ်နီလီယင်--။့
အဖိနှိပ်ခံ နောက်ကွယ်က
မစည်းရုံး မညီညာ
အသားထဲက လောက်ဖြစ်
ဘီးဘီဒေါင်း ချောက်သားရို့
ဖေါက်ပြားဗျာယ် မှောက်မှားလို့
ထောက်ထားစရာယှားလီယင့်---
ငါ့ပြည် ငါ့အရေးလို့
တယောက်စကေ မသိကတ်သရွိ---။
(မောင်ယု)
{၈၊ ၀၂၊ ၀၀}