မဟိစွာထဲက
ဟိသမျှကိုပုံအပ်
အဖြူထည်ကားတချပ်နန့်
ရိုးသားမှုကိုအခြီခံလို့
လောကဓံကန္တရကိုဖယ်ယှား
အသီမြန်ရေလမ်းမှာ
အိုအေစစ်စွာ ငါ့အတွက်မဟုတ်ပါ။
ကမ္ဘာကြီးကျယ်သလောက်
ငါ့ဦးနှောက်မကျယ်စွာကိုအပြစ်ပြော
ဂြိုဟ်တုကပီးရေလမ်းလောက်
ငါ့လမ်းမဖြောက်စွာကိုအပြစ်ပြော
ကွန်ပျူတာလောက်
ငါအလုပ်မဖြစ်စွာကိုအပြစ်ပြော
ပြောရေလူတိ
ပန်းတိုင်ကိုဈီးဆစ်နိန်ရေခါ
ငါ မြီမြှုပ်မိုင်းတလုံးပိုင် ပေါက်ကွဲချင်ရေ။
အပြောသမနန့်
လက်တွိလုပ်ဖို့ခက်တေ
ဆရာလိုလို ခေါင်းဆောင်လိုလို
လုပ်ကတ်မေဆို နောက်ကတောင်မပါချင်
သူရဲကောင်းစကားကိုပြောဗျာလ်
ကိုယ့်ကိုကိုယ် မတော်လှန်ဝံ့သူတိ
ထိုလူတိကြားမာ
စေတနာဟိသူက ဝေဒနာခံစား
နယ်ကျွံခြီလှမ်းချေကိုပြန်ရုပ်
ဘ၀ကိုအောင်မြင်စွာတပ်ခေါက်ဖို့
မဝံ့မရဲတွေးမိတိုင်း
မဖြစ်ပါ---
အခါးကြိုက်တေပျားမိုက်ဘ၀ကိုဂုဏ်ယူမေ။