14.9.11

တန်ရာဆုကိုရမည် ( ခိုင်မင်းညို)

                                                         တန်ရာဆုကိုရမည်
                                                          ခိုင်မင်းညို
               ပြည်ထဲမှာပင်ဖြစ်ဖြစ်၊ ပြည်ပမှာပင်ဖြစ်ဖြစ်၊ တွိသမျှရခိုင်သားများကို လွတ်လပ်ရေးရချင်သလား၊ လွတ်လပ်ရေးလိုချင်သလားဟု မိန်းမြန်းကြည့်လျှင် ရခိုင်သားရာနှုန်း(၉၀)ကျော်က ရချင်သည်၊ လိုချင်သည်ဟု ဖြေကြပါမည်။ ကိုယ့်သမိုင်း၊ ကိုယ်ရို့၏ အတိတ်ကပကတိအတိုင်းဖြစ်တည်ခဲ့မှုကို မသိသော၊ လူမျိုးခြား၏လှည့်ကွက်တွင် မွိပါနိန်ကြသော၊ ရာထူးရာကန်မသော၊ လူမျိုးခြားကို အထင်ကြီးစိတ်ဝင်နိန်ကြသော၊ ကိုယ့်လူမျိုးကိုသေးသိမ်သည်ဟု ထင်နိန်ကြသော မပြောစလောက်သော ရခိုင်သားရို့ကသာ လွတ်လပ်ရေးမလိုချင်၊ မရချင်ဟုဖြေကြပါလိမ့်မည်။ ဤသို့ဖေါ်ပြလိုက်လျင် လူတချို့က ရခိုင်ပြည်၌(-၁၉၉၀)ခု ရွေးကောက်ပွဲတွင် ရခိုင်ပါတီအဖွဲ့အစည်းများက အဘယ်ကြောင့် အမတ်နိန်ရာ-၉၀-ရာခိုင်နှုန်းကျော်မရခဲ့သနည်းဟု မိန်းမြန်းလာကြလျင် အဖြေဟိသည်။ ယင်းမှာ-၁၉၉၀-ခု ရွေးကောက်ပွဲအတွက် ရခိုင်အဖွဲ့အစည်းများတွင် ပြင်ဆင်ချိန် သင့်တော်သလောက် မရဟိလိုက်ကြ၊ နောက်တချက်မှာ နိုင်ငံရေးရီစီးကြောင်းသည် အမျိုးသားရေးထက် စစ်အာဏာသျှင်ပြုတ်ကျရေး (သို့မဟုတ်) ဒီမိုကရေစီရဟိရေးအတွက်ကိုသာ အားသန်နိန်ကြပြီး စစ်အာဏာသျှင်ရို့၏ အဓိကအတိုက်ခံပါတီကို မဲပီးခဲ့ကြခြင်းသာဖြစ်သည်။
                  လွတ်လပ်ရေးသည် ရချင်လိုချင်ရုံဖြင့် လိုချင်သူရို့၏လက်ထဲသို့ အလိုအလျှောက် ရောက်လာတတ်သည့် အရာတခုလားဟု မိန်းလိုက်လျှင် လုံးဝမဟုတ်ပါဟု ဖြေကြပါလိမ္မည်။ လွတ်လပ်ရေးရဟိဖို့အတွက် တိုက်ပွဲ(လက်နက်ကိုင်၊ နိုင်ငံရေး) ၀င်ရမည်။ တိုက်ဖို့အင်အားလိုမည်။ အင်အားဖြစ်တည်ဖို့အတွက် စည်းလုံးညီညွတ်ဖို့ လိုအပ်သည်။ စည်းလုံးညီညွတ်ဖို့အတွက် ပူးပေါင်းလုပ်ဆောင်ကြဖို့လိုအပ်သည်။ ပူးပေါင်းလုပ်ဆောင်နိုင်ရန် ပူးပေါင်းလုပ်ဆောင်လိုသော ဆန္ဒဟိဖို့လိုအပ်သည်။ ဆန္ဒဖြစ်ပေါ်ဖို့အတွက် အတွေးအခေါ် သဘောတရားလိုအပ်ပြီး၊ အခြေအနေအချိန်အခါပီးနိန်ဖို့နှင့်၊ ဖေသာငွေကြေးအထောက်အပံ့ ရဟိဖို့လည်း လိုအပ်သေးသည်။ ဖေသာငွေကြေးအထောက်အပံ့ရဟိဖို့အတွက် အများတကာရို့၏ အသိအမှတ်ပြုမှုကို ခံရဖို့လည်း လိုအပ်သည်။ အသိပြု ခံရနိုင်ဖို့အတွက် အလုပ်လုပ်ဖို့ လိုအပ်သည်။ အလုပ်လုပ်ရန် အရည်အခြင်း လိုအပ်သည်။ အရည်အခြင်းဟိဖို့ ပညာဗဟုသုတလိုအပ်ပြီး၊ ယင်းနန့်အတူ စာရိတ္တကောင်းမွန်ဖို့၊ ဇွဲဟိဖို့၊ သတ္တိ ဗျတ္တိဟိဖို့လိုအပ်ပြီး ယင်းအရည်အခြင်းကို အသုံးချပြီး အများအကျိုးအတွက် လုပ်ဆောင်ဖို့ ကိုယ်ကျိုးစွန့် အနစ်နာခံလိုစိတ်ဟိဖို့ လိုအပ်ပါသေးသည်။ စသည်စသည်ဖြင့် မရေမတွက်နိုင်သော အချက်အလက်များ ထွက်ဟိလာပါမည်။
                      တပ်မှူးကတပ်သားကိုသင်၊ တပ်သားက တပ်မှူးကိုသင်၊ ဝေဖန်ရေးကိုဆရာတင်၊ ညီညွတ်ရေးကို အသက်တမျှချစ်ခင်၊ မှားလျှင်ချက်ချင်းပြင်၊ တခုလေ့မကျန်အောင်ပြင် ALP ပါတီဥက္ကဌဟောင်း ခိုင်မိုးလင်း၏ တော်လှန်ရေးသ္မားများအတွက် တော်လှန်ရေးအဘိဓမ္မာ(သို့မဟုတ်) ဆောင်ပုဒ်တခု၊ သဟဇာတကျသည့် အတွေးအခေါ်တရပ်ဖြစ်သည်။ ဤအချက်များကို လက်ခံကျင့်သုံးပြီး အကောင်အထည်ဖေါ်ကြမည်ဆိုလျှင် တော်လှန်ရေးအတွက် အကျိုးဟိမည်ဟု လုံးဝယုံကြည်သည်။ ဤအတွေးအခေါ်သည် အထက်အောက် အပြန်အလှန်လေးစားတတ်ခြင်း၊ ပကတိဖြစ်တည်မှုတရားကို နားလည်ခြင်း၊ ယင်းနားလည်မှုအပေါ် အခြီပြုပြီး အကျိုးတရားဘက်သို့ ဦးတည်အောင်လုပ်ဆောင်ခြင်း၊ အကျိုးတရားများကိုသာ ချစ်ခင်တွယ်တာပြီး အဆိုးအပြစ်၊ အကျိုးယုတ်စီမည့်တရားများကို ကိုယ်ပေါ်မှ ဖယ်ယှားခြင်း၊ လုံးဝဥဿုံဖယ်ယှားခြင်းဖြင့် အကျိုးနှင့် အကြောင်း ညီညွတ်အောင် လုပ်ဆောင်ခြင်းဖြစ်သည်။ အကျိုးနှင့်အကြောင်း သဟဇာတကျပါက မည်သည့်အရာမဆို မဖြစ်နိုင်သောအရာမဟိဟု ဗုဒ္ဓအဘိဓမ္မာတရားက ဆိုထားပါသည်။ 
                  ရခိုင်တော်လှန်ရေးသ္မား(မျိုးဆက်သစ်လူငယ်များအပါအ၀င်)အများစုသည် လက်အောက်ငယ်သားများ၏ ရိုသေလေးစားမှုကို ခံယူလိုကြသော်လည်း လက်အောက်ငယ်သားများကို အသိအမှတ်ပြုဖို့ ၀န်လီးတတ်ကြသည်။ ဝေဖန်ရေးလုပ်ကြရာ၌လည်း မိမိကို မိမိဝေဖန်ဖို့ မိန့်လျော့နိန်တတ်ကြပြီး၊ မျက်စိမျက်နှာမထောက် ဝေဖန်လျှက် သူများ၏အပြစ်အနာအဆာ၊ အမှားများကိုသာ မြင်တတ်ကြပါသည်။ မိမိကို သူများကဝေဖန်ထောက်ပြသောအခါတွင်မူကား အပြုသဘောဆောင်သည့် ဝေဖန်မှုမျိုးကိုပင် မခံမရပ်နိုင်ဘဲ ဟိနိန်ကြသည်ကို တော်လှန်ရေးနှင့်နီးစပ်သူတိုင်း သတိပြုမိကြပါလိမ္မည်။ မိမိ၏အပြစ်အနာအဆာ အမှားများကို သူများကထောက်ပြသည့်အခါတွင်ကား ငါးယက်ချေကို ပြာပူမှာ ချလိုက်သကဲ့သို့ ဖြစ်နိန်သည်ကို တွိရတတ်ပြီး မိမိ၏အမှား၊ အပြစ်အနာအဆာကို ၀န်ခံဖို့၊ ပြုပြင်ပြောင်းလဲဖို့ ၀န်လီးသည် (သို့မဟုတ်) သတ္တိမဟိကြသေးပေ။ ဂြာာအိုကျတော်လှန်ရေးခေါင်းဆောင်များ၊ အလယ်အလပ်ခေါင်းဆောင်များ၊ မျိုးဆက်သစ်လူငယ်ခေါင်းဆောင်များ အပါအ၀င် လူတိုင်းလိုလိုသည် ဆရာကြီးစတိုင်ဖြင့် ဟောပြောပြသဖို့ကို အားသန်ကြသော်လည်း တဘက်သား၏ အကြံပြုချက်၊ ဝေဖန်ချက်များကို နားထောင်ဖို့ အလွန်တရာမှ ၀န်လီးတတ်ကြသည်။ ဤကဲ့သို့သောလူစားမျိုးသည်လည်း အများတကာ၏ ရိုသေလေးစားခြင်းကို ခံရမည်မဟုတ်ပေ။
                      လုပ်ငန်းများကို လုပ်ဆောင်အကောင်အထည်ဖေါ်ကြရာ၌လည်း  ဂြာာအိုကျခေါင်းဆောင်များအပါအ၀င် မျိုးဆက်သစ်လူငယ်များသည် ပူးပေါင်းလုပ်ဆောင်ဖို့ မတတ်ကြသေး၊ ပူးပေါင်းလုပ်ဆောင်ဖို့ ၀န်လီးနိန်ကြတုန်းပင်၊ သူတလို ငါတမင်း၊ တယောက်တပေါက်ဖြင့် ကိုယ်အားသန်ရာဘက်သို့သာ လုပ်ဆောင်နိန်မှုက များနိန်သည်ကို တွိရတတ်ပါသည်။ တခါတရီမှာ အဖွဲ့အစည်းမှ တာဝန်ပီးချက်မဟုတ်ဘဲ ငါတကောကော အတ္တဆန်ဆန်လုပ်ဆောင်နိန်ကြခြင်း၊ တော်လှန်ရေး၊ တိုင်းပြည်နှင့်လူမျိုးကို မိမိ၏ကိုယ်ကျိုးအတွက်သာ အသုံးချလျှက် တော်လှန်ရေးကို ဟန်ဆောင်ပန်ဆောင်(သို့) မျိုးချစ်ယောင်ဆောင်၍ လုပ်နိန်ကြသူများလည်း ဟိနိန်ကြသောကြောင့် ရခိုင့်တော်လှန်ရေးတွင် စည်းလုံးညီညွတ်မှုမဟိ ဖြစ်နိန်သည်ကို တွိမြင်နိန်ရပါသည်။
                       လူတချို့က တော်လှန်ရေးသည် ရှိသို့မတက် နောက်သို့ ပက်လက်လန်ခါလန်၊ ယက်ကန်လားခါလား ဖြစ်နိန်သည်မှာ တော်လှန်ရေး၌ ပညာတတ်ပညာသျှင် ပါဝင်မှုအားနည်း၍ဟု အမြင်ဟိကြပါသည်။ -၁၉၄၇-ခု လွတ်လပ်ရေးရခါနီးဆဲဆဲ တော်လှန်ရေးမှသည် ဒေနိန့်အချိန်အခါထိ သုံးသပ်ကြည့်မည်ဆိုလျှင်ကား-၁၉၄၇-ခုနှစ် ပတ်ဝန်းကျင်က လက်နက်ကိုင်တော်လှန်ရေးတွင် ပညာတတ်နည်းကောင်းနည်းမည်၊ သို့သော် ကလောင်ကိုင်တော်လှန်ရေးသမားများ(နိုင်ငံရေးသမားများ) ဂဏ္ဍတွင်ကား မြန်မာပြည်၌ ရခိုင်ပြည်မှ ထိပ်ထိပ်ကြဲပညာတတ်များ ပါဝင်ဖူးခဲ့ကြသည်ကို သတိပြုမိဖို့အရေးကြီးသည်။ ဦးစိန္တာ၊ ဘုံဘောက်သာကျော်တို့ကဲ့သို့သော ပညာအတော်အသင့်တတ်သည့် လက်နက်ကိုင်တော်လှန်ရေးသမားများက အမျိုးသားတော်လှန်ရေးလမ်းကြောင်းကို ပြတ်ပြတ်သားသား လျှောက်လှမ်းလျှက်၊ ပြည်သူများကို ဦးဆောင်ဦရွက်ပြုလုပ်ကာ ပြည်သူ့တော်လှန်ရေးအသွင်ဖြင့် တိုက်ပွဲဝင်နိန်ကြချိန်တွင် ကလောင်ကိုင်တော်လှန်ရေးသမား(သို့) အထူးပညာတတ် နိုင်ငံရေးသမားများက တော်လှန်ရေးအသွင်သဏ္ဍန်ကို မသုံးသတ်နိုင်ခဲ့ပေ။
                            ပညာအတော်အသင့်တတ်သော လက်နက်ကိုင်တော်လှန်ရေးသမားများနောက်မှ ပညာတတ်ကြီးများက မားမားမတ်မတ်ရပ်တည်ကာ အားဖြည့်ဖို့အစား၊ ရာထူးရာကန်ကို မက်မော၍တဖုံ၊ ကိုယ့်ကိုကိုယ် အထင်ကြီး၍တမျိုး၊ မျိုးခြားရို့၏လီချိုသွီးရာ၊ မျိုးခြားရို့၏လှည့်ကွက်နောက်ကို လိုက်မှုကတကြောင်း၊ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကို အထင်သေးသည်ကတချက်၊ မျိုးခြားကို အထင်ကြီးသည်ကတကဏ္ဍ၊ စသည်ဖြင့် တော်လှန်ရေးလမ်းကြောင်းတခုကို မှန်မှန်ကန်ကန် မလျှောက်လှမ်းနိုင်ခဲ့ပေ။ မျိုးခြားရို့အထံပါး၌ တပည့်ခံဖို့ကိုသာ၊ ကိုယ်ကောင်းစားရေးဝါဒကိုသာ အလီးထားလျှက် တိုင်းပြည်နှင့်လူမျိုးကို ပြားပြားမှောက်၊ ငါးပါးမှောက်စီခဲ့သည်(သို့) လက်ပြောင်းကျွန်အဖြစ် လူမျိုးခြား၏လက်ထဲသို့ မိမိရို့၏ ကံကြမ္မာကိုထိုးအပ်ခဲကြသည်ကို ပြည်ပရောက်ပညာသျှင်ကြီးများ၊ ပညာတတ်သက်ကြီးရွယ်အိုများ၊ ပညာတတ်မျိုးဆက်သစ်လူငယ်များ ဖတ်ဖူးလေ့လာဖူးကြလိမ္မည်ဟု ယုံကြည်ပါသည်။
                              -၁၉၄၈-ခုနှစ်နောက်ပိုင်း ရခိုင့်တော်လှန်ရေးတွင် ပညာတတ်လူတန်းစားပါဝင်မှု နည်းကောင်းနည်းမည်။ သို့သော်-၁၉၆၀-ခုလွန်နောက်ပိုင်းမှသည်-၁၉၈၈-ခုနှစ်အထိကာလတွင် တော်လှန်ရေးကို ဦးဆောင်ဦးရွက်လုပ်လာကြသော ဂြာာအိုကျတော်လှန်ရေးသမားများသည် သူ့ခေတ်သူ့အခါက ခေတ်နှင့်လျှော်ညီစွာ ပညာတတ်စာရင်းဝင်သူများ ဖြစ်နိန်သည်ကို တွိရပေမည်။-၁၉၈၈-ခုနှစ် နောက်ပိုင်းတွင်လည်း တော်လှန်ရေးထဲသို့ ပညာတတ်များအုံနှင့်ကျင်းနှင့် တသုပ်ပြီးတသုပ် တယောက်ပြီးတယောက် ရောက်လာခဲ့ကြသည်ကို ပြည်ပရောက်ပညာသျှင်ကြီးများ၊ ဂြာာအိုကျပညာတတ်ကြီးများ၊ မျိုးဆက်သစ်ပညာတတ်လူငယ်များ သတိပြုမိဖို့ အထူးလိုအပ်သည်။-၁၉၈၈-ခုနှစ်နောက်ပိုင်း ရောက်ဟိလာကြသော ပညာတတ်လူငယ်များကို စနစ်တကျပျိုးထောင်မပီးနိုင်ခဲ့မှု၊ သူတလို ငါတမင်းဖြစ်နိန်မှု၊ တော်လှန်ရေး၏ အကွဲအပြဲဒါဏ်၊ အငတ်ဒါဏ်ကို မခံနိုင်မှုစသည်ကတကြောင်း၊ ယုံကြည်ချက် ခံယူချက် မခိုင်မာသည်ကတချက်ရို့ကြောင့် မျိုးဆက်သစ်ပညာတတ်လူငယ်များ ကြက်ပျောက် ငှက်ပျောက် ပျောက်လားသည်ကို သတိပြုမိဖို့ အထူးလိုအပ်သည်။
                                တော်လှန်ရေးမကြီးထွားရခြင်း၏ အဓိကအကြောင်းတရားသည် ပညာတတ်ပါဝင်မှု နည်းနိန်ခြင်းကြောင့်ဟု မမြင်စီချင်၊ စောဒကအနိန်ဖြင့်ထောက်ပြရလျှင် မြန်မာနိုင်ငံ၌ ရှိနိန်လောကတွင် နံပါတ်(၉)အဆင့်ဟိ ရှိနိန်စောထွန်း DR(PHD)အဆင့်ဟိ ဒေါက်တာရွှီလူမောင်လောက် အဘယ်မှာ ပညာတတ်နိုင်ကြမည်နည်း၊ နိုင်ငံရေးကျမ်းများ၊ တော်လှန်ရေးကျမ်းများကို အရည်ကြိုသောက်နိုင်ကြသူများပင်မဟုတ်ပါလော၊ ရှိနိန်စောထွန်းသည် တော်လှန်ရေးဒါဏ်ကို ကြံ့ကြံ့မခံနိုင်၍ ရန်သူထံဒူးထောက်ကာ ဘ၀ကိုအရှုံးပီးလားသည်ကို မမိန့်ပျောက်စီချင်၊ ဒေါင်တာရွှီလူမောင်ဆိုလျှင် မှားယွင်းသောအတွေးအခေါ်တရပ်ကို ချပြမှုကြောင့် (ALD)ပြည်ပမှ ထုတ်ပါယ်ခံရပြီး တော်လှန်ရေးလောကမှ ကင်းကွာနိန်ရသည်ကို သတိပြုမိဖို့လိုအပ်သည်။
                       (NUPA)မှ ခေါင်းဆောင်များသည်လည်း ခေသူများမဟုတ်ကြ၊ ထိပ်ပိုင်းခေါင်းဆောင်များတွင် ပညာတတ်အသင့်အတင့်ပါဝင်လျှက် လုပ်ဆောင်လာခဲ့ကြသည်။ (NUPA)မှ ထိပ်ပိုင်းခေါင်းဆောင်တချို့ရို့ အတွေးအခေါ်မှားယွင်းပြီး ကိုယ့်ကံကြမ္မာကို တပါးသူလက်ထဲသို့ ထိုးအပ်ခဲ့ကြမှုကြောင့် ရခိုင်တော်လှန်ရေး၏ စည်လုံးညီညွတ်ရေး၊ (NUPA)ပါတီတွင်းစည်းလုံးညီညွတ်ရေး မည်ကဲ့သို့ဖြစ်လားသည်ကို နားဟိသူတိုင်း ကြားမိကြမည်။ ပညာဗဟုသုတဟိသူတိုင်း သိကြလိမ္မည်။ ရခိုင်တော်လှန်ရေး မကြီးထွားရခြင်း၏ ဟာကွက်ပျော့ကွက်ကို လေ့လာဆန်းစစ် အဖြေထုတ်ဖို့လိုအပ်ပြီး၊ လိုအပ်လာလျှင်၊ ပစ္စုပ္ပန်တော်လှန်ရေးက တောင်းဆိုလာပါလျှင် သတ္တိဟိဟိနှင့် ပြုပြင်ပြောင်းလဲဝံ့ကြဖို့၊ ပြောင်လဲတတ်ကြဖို့ လိုအပ်သည်။ ထို့ကြောင့် တော်လှန်ရေးတွင်ပါဝင်လာကြမည့် ကလောင်ကိုင်တော်လှန်ရေးသမားများအား တော်လှန်ရေးမူဝါဒများကို ချက်မှတ်ရာ၌ အတိတ်မှစံနမူနာများကို ယူစီလိုပါသည်။
                     လွတ်လပ်ရေးရဟိအောင် ရခိုင်သားရို့ မည်သည့်အတွေးအခေါ်၊ ခံယူချက်၊ ယုံကြည်ချက်များကို အသွီးအသားဝိဥာဏ်ထဲ၊ ဦးနှောက်ထဲ၊ နှလုံးအိမ်ထဲတွင် ကိမ်းအောင်းစီလျှက် မည်ကဲ့သို့ ကျင့်ကြံလုပ်ဆောင်ရမည်ကို သိဖို့လိုအပ်သည်။ အတွေးအခေါ်ယုံကြည်ချက်၊ ခံယူချက်ကို မွီးဖွါးရုံသက်သက်ဖြင့် လိုချင်သောအရာများသည် ပြည့်စုံလာမည်မဟုတ်။ လုပ်ဆောင်ဖို့အတွက် သတိဝင်လာခြင်းအဆင့်သာဖြစ်သည်။ ယင်းသတိတရားအပေါ်အခြီခံပြီး စနစ်တကျ ကျင့်ကြံလုပ်ဆောင်မှ အကျိုးနှင့်အကြောင်း သဟဇာတကျလာမည်။ အကျိုးနှင့်အကြောင်း သဟဇာတကျလျှင် အောင်မြင်ပြီး၊ ပဋိပက္ခဖြစ်နိန်လျှင် ဆုံးယှုံးမည်။ ခြင်္သေ့သည် မိမိကိုမိမိ မြင့်မြတ်သည်ဟုခံယူထားသည့် ခံယူချက်နှင့်တတူ သတိဟိပြီး မြင့်မြတ်စွာ ကျင့်ကြံနိန်ထိုင်သည်။ အသားလတ်လတ်ဆပ်ဆပ်ကိုသာစားသည်။ အသားပုပ်ကို မစား၊ မြက်ကိုလည်းမစားပေ။ အသားပုပ်ကိုစာလျှင် ဠင်းတအုပ်စုဝင်လားပြီး၊ မြက်ကိုစားမိလျှင် ခိုင်းနွားအုပ်စုဝင်လားပါမည်။
                 ထိုးကြောင့် မိမိကိုမိမိ ကျွန်အဖြစ်မခံယူလျှင် သခင်ဟုခံယူလျှင် ကျွန်ဘ၀ကလွတ်မြောက်အောင် ရုန်းကန်တိုက်ပွဲဝင်ဖို့ လိုအပ်သည်။ ကျွန်စရိုက်ဟု ယုံကြည်ထားသော အကျင့်စရိုက်လက္ခဏာများကို ဖယ်ခွါလျှက် သခင်ဟုခေါ်ထိုက်အောင် ကျင့်ကြံလုပ်ဆောင်ဖို့လိုအပ်သည်။ မိမိကို မိမိသခင်ဟု ကြွေးကြော်ရုံဖြင့် သခင်ဖြစ်လာမည်မဟုတ်။ သခင်ဟုသမုတ်ခံရအောင် ဂုဏ်အင်္ဂါရပ်များ ပြည့်စုံလုံလောက်ဖို့ လိုအပ်သည်။ ရခိုင်သားတချို့ရို့က မိမိကိုမိမိမြင့်မြတ်သော ရခိုင်မျိုးနွယ်(သကျသာဂီဝင်မျိုးနွယ်) ဟုကြွေးကြော်လျှက် ကျွန်စရိုက်ဖြစ်သည့် အရက်ကိုအလွန်အကျွံသောက်သုံးခြင်း၊ မူးယစ်ဆီးဝါး ရောင်းဝယ်ဖေါက်ကားလျှက် အကျင့်စာရိတ္တပျက်ပြားကာ ဘုရားမသိ၊ တရားမဟိဖြစ်နိန်ကြသည်များကိုလည်း တွိဖူးကြပါလိမ္မည်။ အကျင့်စာရိတ္တ ပျက်ပြားမှုနှင့်အတူ စည်းမျည်းစည်းကမ်းများသည်လည်း မြောင်းထဲသို့ရောက်လားကာ လူအပါယ်ခံ၊ လူရာမ၀င်ဘ၀သို့ ရောက်လားကြသည်များကိုလည်း ရခိုင့်တော်လှန်ရေးထဲတွင် တွိဖူးမြင်ဖူးကြပါလိမ္မည်။ စာရိတ္တနှင့် စည်းကမ်းပိုင်းချွတ်ယင်းလားပါက လူတယောက်၏ အရည်အခြင်းများပါ လွင့်စင်ပျောက်ကွယ်လားသည်ကို တွိရပါမည်။
                  လူတလုံးသူတလုံးဖြစ်ဖို့အတွက် စည်းမျဉ်းစည်းကမ်းနှင့် မိမိကိုယ်ကိုထိမ်းချုပ်မှုသည် အဘယ်မျှလောက် အခရာကျသည်ကို ထိုင်းဘုရင်မင်းမြတ်၏ သမီးတော် မဟာချယ်ကရီ သီရိဒုံက-၁၉၈၄-ခုနှစ် မတ်လ-၉-ရက်နိန့် ဘွဲ့နှင်းသဘင်အခမ်းအနားတခုတွင် ဤကဲ့သို့ပြောကြားလားပါသည်။ စည်းမျဉ်းစည်းကမ်းသည် မှန်ကန်သင့်လျှော်သောလမ်းကြောင်းသို့ ရှိဆက်လျှောက်လှမ်းရာ၌ ဦးဆောင်လမ်းညွန်ပီးပြီး၊ အသိဥာဏ်ပညာကို အသုံးချကာ ဘ၀၏ပန်းတိုင်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ဖို့ အရေးကြီးသောအချက်ဖြစ်သည်။ အသိဥာဏ်ပညာသည် အလုပ်၌အသုံးချရန်အတွက်ဖြစ်ပြီး၊ စည်းမျဉ်းစည်းကမ်းသည် အသိဥာဏ်ပညာ၏ အခြီခံအုပ်မြစ်ဖြစ်ကာ အသိပညာကို နည်းမှန်လမ်းမှန် အသုံးချနိုင်ဖို့ ထိန်းးညှိပီးပြီး လူတယောက်၏ အသိဥာဏ်ပညာဟိသလောက်၊ အရည်အခြင်းဟိသလောက်၊ တော်သလောက် အကျိုးဖြစ်ထွန်းနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော်-အကယ်၍လူတယောက်သည် အလွန်တရာမှ အသိဥာဏ်ပညာဗဟုသုတဟိပြီး တော်လည်းတော်သည်။ သို့သော်ယင်းအသိပညာကို ပျက်စီးစီနိုင်သောလုပ်ငန်းအတွက် တရားဓမ္မနှင့်မဆီလျော်ဘဲ(သို့မဟုတ်) အများတကာ၏ ပျက်စီးရာပျက်စီးကြောင်းအတွက် အသုံးချပါက အဆိုးရွားဆုံး ပျက်စီးစီနိုင်ပါသည်။ လူကြီးမင်းရို့ အသိပညာရဟိပြီးလျှင် စည်းမျဉ်းစည်းကမ်းကိုလည်း အသိပညာဟိသလောက် ပို၍လိုက်နာကျင့်သုံးဖို့ လိုအပ်သည်။ သို့မှသာ ဘ၀ရည်မှန်းချက်ပန်းတိုင်ကို ရောက်နိုင်ဖို့အတွက်၊ ဘ၀တိုးတက်ဖို့ လုပ်ငန်းဆောင်တာများကို လုပ်ကိုင်နိုင်မည်ဟု ပြောကြားလားပါသည်။
                          ထို့ကြောင့် မိမိကိုမိမိ တော်လှန်ရေးသမား၊ နိုင်ငံရေးသမားဟုခံယူပြီး မိမိ၏တိုင်းပြည်နှင့်လူမျိုးအတွက် ပီးဆပ်လုပ်ကိုင်နိန်ကြသည်ဟု ခံယူကြလျှင် မိမိ၏ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဟိနိုင်ဖို့အတွက်၊ တော်လှန်ရေး၊ နိုင်ငံရေးသမားပီသအောင်၊ ကျင့်ကြံလုပ်ဆောင်ဖို့လိုအပ်သည်။ ဤသို့ကျင့်ကြံလုပ်ဆောင်ရာ၌လည်း အကျင့်စာရိတ္တ စရိုက်လက္ခဏာကောင်းမွန်ဖို့လိုအပ်ပြီး အဖွဲ့အစည်း၏ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို သဝေမတိမ်းလိုက်နာကျင့်သုံးဖို့ အလွန်တရာမှလိုအပ်သည်။ နောက်အရေးကြီးဆုံးအချက်မှာ မိမိ၏တိုင်းပြည်နှင့် လူမျိုးအပေါ်သစ္စာဟိဖြစ်ဟိဖို့ လိုအပ်သည်။ ယင်းသည် စည်းမျဉ်းစည်းကမ်းအားလုံးရို့တွင် အရေးအပါဆုံးဖြစ်သည်။ ဤစည်းမျဉ်းစည်းကမ်းကို ချိုးဖေါက်သူသည် အကြီးလီးဆုံးသော ပြစ်ဒဏ်ကိုအကျခံရမည်ဖြစ်ပြီး၊ အကျင့်စာရိတ္တပျက်ပြားသော၊ စည်းမဲ့ကမ်းမဲ့နိန်တတ်သော တော်လှန်ရေးသမား၊ နိုင်ငံရေးသမားရို့သည် ပြည်သူလူထုနှင့် အခြားသောတော်လှန်ရေး နိုင်ငံရေးသမားရို့၏ ရိုသေလေးစားမှုကို ခံရလိမ္မည်မဟုတ်ပေ။
                       -၂၁-ရာစု(ယ္ခုလက်ဟိ)မြန်မာပြည်၏ တော်လှန်ရေး နိုင်ငံရေး အသွင်သဏ္ဍာန်သည်-၁၉၄၇-နှစ် အသွင်သဏ္ဍာန်ဆောင်လာနိုင်သည်ကို ရခိုင်မျိုးချစ်ပြည်ချစ်များ၊ ပညာသျှင်ကြီးများ၊ မျိုးဆက်သစ်လူငယ်များ၊ ပြည်သူလူထု၊ ရဟန်းသျှင်လူရို့အားလုံး ဂရုပြုမိဖို့ လိုအပ်လာပါပြီ၊ ဒေတခါလည်း(Nock Out)အလေးထိုးခံရလျှင်ကား ရခိုင်သားရို့၏ အနာဂတ်ကံကြမ္မာသည် မတွေးဝံ့စရာ အဖြစ်ဆိုးနှင့် ကြုံတွိရပေအုံးမည်။ လက်နက်ကိုင်တော်လှန်ရေးနှင့် ကလောင်ကိုင်နိုင်ငံရေးရို့ကို ဟန်ချညီညီ၊ စည်းကမ်းဟိဟိ၊ စာရိတ္တကောင်းကောင်းဖြင့် ရှိသို့ချီဖို့(Ready)အဆင်သင့် ဖြစ်နိန်ကြရမည်။ တာထွက်နောက်ကျသော်လည်း အများနှင့်တန်းတူ(သို့မဟုတ်)သူများ၏ ရှိဆုံး၌ ပန်းဝင်နိုင်အောင် အဆင်သင့်ဖြစ်ဖို့ လိုအပ်နိန်ပါပြီ။
                 အားလုံးကို အကျဉ်းရှုံးပြီး တင်ပြရသော် လွတ်လပ်ရေးရဟိရန်(သို့မဟုတ်) ကိုယ့်ကံကြမ္မာကိုကိုယ်ဖန်တီးနိုင်စီရန် လက်နက်ကိုင်တော်လှန်ရေးသမားများနှင့် ကလောင်ကိုင်နိုင်ငံရေးသမားများ အလုပ်လုပ်နိုင်ရန် အရည်အခြင်းဟိဖို့လိုအပ်သည်။ အရည်အခြင်းဟိဖို့၊ အရည်အခြင်းကို မှန်မှန်ကန်ကန်အသုံးချနိုင်ဖို့အတွက် ပညာဗဟုသုတဟိဖို့၊ အကျင့်စာရိတ္တကောင်းမွန်ဖို့၊ ဇွဲဟိဖို့၊ သတ္တိဟိဖို့လိုအပ်ပြီး၊ အများအကျိုးဆောင်လိုစိတ်၊ ကိုယ်ကျိုးစွန့် အနစ်နာခံလိုစိတ်ဟိဖို့ လိုအပ်သည်။ သို့မှသာ အများတကာ၏ အသိအမှတ်ပြုမှု၊ ထောက်ခံမှုကိုရဟိပြီး၊ ဖေသာငွေကြေး အထောက်အပံ့ရဟိမည်။ အချိန်အခါအခြေအနေကိုလိုက်၍ ခေတ်နှင့်လျှော်ညီသည့် အတွေးအခေါ် သဘောတရားများကို ချမှတ်တတ်ဖို့လိုအပ်သည်။ အတွေးအခေါ်သဘောတရားများ ခေတ်နှင့်လျှော်ညီမှသာ ယင်းသဘောတရားအတွေးအခေါ်များကို ပြည်သူအများစုက လက်ခံလာမည်ဖြစ်ပြီး၊ ပူးပေါင်းလုပ်ဆောင်လိုသောဆန္ဒကို မွီးဖွါးနိုင်ကာ ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် တယောက်နှင့်တယောက်၊ တဖွဲ့နှင့်တဖွဲ့ နားလည်မှုဟိလာမည်။ တော်လှန်ရေးအတွက် အဆိပ်အတောက်ဟိသူများလည်း ဘွင်းခနဲပေါ်လာမည်ဖြစ်ပြီး ယင်းအဆိပ်အတောက်ဟိသူများကို ယှင်းလင်းဖယ်ယှားပစ်ရမည်။ ယင်းအဆိပ်အတောက်များ ဟိနိန်သမျှကာလပတ်လုံး တယောက်နှင့်တယောက်အကြား မယုံသင်္ကါမှုများ မွီးဖွါးနိန်မည်ဖြစ်ပြီး ယင်းအဆိပ်အတောက်များ ကင်းစင်လားပြီးမှသာ လူပုဂ္ဂိုလ်တယောက်နှင့်တယောက်အကြား ယုံကြည်မှု၊ ပါတီတခုနှင့်တခုအကြား ယုံကြည်မှုကို တည်ဆောက်နိုင်မည်ဖြစ်ပြီး ရခိုင်အမျိုးသားရို့၏ ပျက်သုဉ်း၊ ပျက်ပြီခဲ့ရသော၊ ပျက်ပြီနိန်သော စည်းလုံးညီညွတ်ရေးကို ပြန်လည်တည်ဆောက်နိုင်ပါမည်။ သို့မှသာ ကိုယ်လိုရာပန်းတိုင်ကို ခလုတ်မတိုက်၊ ဆူးမငြိဘဲ အရောက်လျှောက်လှန်းနိုင်ပေမည်။ ရခိုင်အမျိုးသားအားလုံး နာခံကျင့်ကြံနိုင်စီရန် ဆောက်ပုဒ်နှစ်ခုကို အကျွန်ဖေါ်ပြလိုက်ရပါသည်။
                   (၁)-တပ်မှူးက တပ်သားကိုသင်၊ တပ်သားက တပ်မှူးကိုသင်၊ ဝေဖန်ရေးကိုဆရာတင်၊ ညီညွတ်ရေးကို အသက်တမျှချစ်ခင်၊ မှားလျှင်ချက်ချင်းပြင်၊ တခုလေ့မကျန်အောင်ပြင်။(ဥက္ကဌခိုင်မိုးလင်း)
                   (၂)-စည်းမျဉ်းစည်ကမ်းသည် မှန်ကန်သင့်လျှော်သော လမ်းသို့လျှောက်လှမ်းရာ၌ ဦးဆောင်လမ်းပြပီးပြီး အသိဥာဏ်ပညာကိုအသုံးချကာ ဘ၀ကိုအောင်မြင်စွာလျှောက်လှမ်းနိုင်ဖို့ အရေးကြီးသောအချက်ဖြစ်သည်။ အသိဥာဏ်ပညာသည် အလုပ်အတွက်အသုံးချရန်ဖြစ်ပြီး၊ စည်းမျဉ်းစည်းကမ်းသည် အသိဥာဏ်ပညာ၏ အခြီးခံအုပ်မြစ်ဖြစ်သည်။ အသိဥာဏ်ပညာရဟိပြီးလျှင် စည်းမျဉ်းစည်းကမ်းကိုလည်း အသိဥာဏ်ပညာဟိသလောက် ပိုပြီးလိုက်နာကျင့်သုံးဖို့လိုအပ်သည်။ (ထိုင်းဘုရင်မင်းမြတ်သမီးတော်-မဟာချေကရီသီရိဒုံ)

တော်လှန်ရေးအောင်မြင်စီလျှင် ပြည်သူ့ဘ၀ကိုလေ့လာပါ။ ပြည်သူတယောက်ချင်းစီ၏ ဘ၀ကိုမြှင့်တင်ပြီး ခေတ်မှီသော တော်လှန်ရေးလမ်းကြောင်းထက်၌ ပြည်သူ့စွမ်းအားကို အသုံးချ၍ တော်လှန်ရေးကိုမောင်းနှင်ပါ။

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP