Showing posts with label AIB 7.. Show all posts
Showing posts with label AIB 7.. Show all posts
10.9.11
ရခိုင့်လွတ်လပ်ရေးစာစောင် (အမှတ် .၇)
စာတည်းစကား
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကူးလခဗျာယ်။ ဘ၀အတွက် အသက်တနှစ် ရှိကိုတက်ဖြစ်ကေလေ့ ရခိုင်လူမှု အသိုက်အအုံ
အတွက် သော်၎င်း၊ မိမိပုဂ္ဂိုလ်ရေး တကိုယ်တကာယအတွက်သော်၎င်း၊ အကောင်းဘက်သို့ ဦးတည်သောပြောင်းလဲခြင်း
အလျဉ်းမဟိ။ ဒုက္ခပင်လယ်ထဲ တ၀ဲလည်လည်မျိုးပါနိန်တုံးပင်။သင်္ကြန်ရက်တိမှာလေ့ရီမစို၊ ကိုယ့်မြီကိုလေ့ မနင်းဖြစ်။
ကျွန်ဇစ်မြစ် သက်တန်းရှည်မှု၏ သင်္ကေတများ။
                 အတိတ်ကအကောင်းကို မက်မောတမ်းတခြင်း တခုတည်းမဟုတ်၊ လူမပီသခြင်းတိအတွက် ကံကြမ္မာကို တဘက်သက်အပြစ်ဖို့နိန်ခြင်းမျိုးလည်းမဟုတ်။ ကျွန်ဘ၀၏ ခါးသီးသောအရသာကို ဆက်မခံစားလိုခြင်းနှင့် လွတ်လပ်မှုအရသာကို လူသားပီပီ ခံစားလိုစိတ်နှင့်ထပ်တူ ကျွန်ဘ၀ကလွတ်မြောက်ရာ လမ်းကြောင်းကို အရောက်လျှောက်လှမ်းနိုင်ဖို့ ကိုယ်စွမ်း ဥာဏ်စွမ်း
ဟိသလောက် ပီးဆပ်ချင်သောစိတ်များကို မွီးဖွားနိန်ခြင်းရာ။
မျိုးမချစ် မျိုးမစစ်လို့ ကိုယ့်မြီကိုစွန့်ခွါလာမျိုးမဟုတ်။ ကိုယ့်မြီကရန်သူကို ကြောက်ဒူးတုန်လို့ အသက်ချမ်းသာရာ ချမ်းသာကြောင်း ကိုယ့်မြီကိုစွန့်ပနာ တိုင်းတပါးသို့ တိမ်းယှောင်လာခြင်းမျိုးလည်းမဟုတ်ပါ။ ရန်သူတိကို အုံးအေးခံဗျာယ် ဘ၀သက်တမ်း မတိုးစီချင်လို့၊ ရန်သူကို အမြစ်ပြတ် ခြီမှုန်းနိုင်ဖို့ နည်းပညာနန့် လက်နက်တိကို အပြည့်ဖြည့်ဗျာယ် ကိုယ့်မြီကရန်သူကို မောင်းထုတ်နိုင်ဖို့ လမ်းစတိကိုရှာဖွယ်ရန် ထွက်လာခြင်းရာဖြစ်တေ။ ဒေပိုင်သုံးနှုန်းခြင်းရေ ကိုယ့်မြီမှာ ကျန်ဟိနိန်ခရေ လူတိကို စော်ကားနိန်ရေလို့ တဘက်သက်မမြင်စီချင်ပါ။ ကိုယ့်မြီကနိန်ပြီးကေ ရန်သူကို ဥပဒေဘောင်တွင်းထဲက တိုက်ခိုက်ဖို့ အကျွန်ရို့အတွက် ဥပဒေမမွီးဖွားသိလို့ ဥပဒေပြင်ဘက်ကတိုက်ခိုက်ဖို့ ပြင်ဆင်နိန်ရေလို့ဖြီချင်းချက် ပီးနိန်ခြင်း ရာဖြစ်ပါရေ။ ယင်းပိုင်ဥပဒေတိ မဟိခကေလေ့ ကိုယ့်အမျိုးတည်တန့်နိုင်ဖို့ နည်းမျိုးစုံနန့် ကာကွယ်လှုပ်ယှားနိန်ကတ်တေ ပြည်ထဲက အာကသူရဲကောင်းများကိုလေ့ အ၀ီးရောက် ရခိုင်သားကောင်းရို့အနိန်ဖြင့် ဒေနိန်ရာက ဦးညွတ်အလေးပြုပါရေ။
            အဓိပ္ပါယ်မဟိရေ သင်္ကြန်ရက်တိဖြတ်သန်းပနာ ကျွန်ဘ၀သက်တန်းတိုးဖို့စွာကို လုံးဝမလိုချင်ပါ။ ရခိုင်သူရခိုင်သားတိုင်း၏ စိတ်ထဲမှာလေ့ အကျွန်ရို့နန့်ထပ်တူဖြစ်နိန်ဖို့စွာက မြီကြီးလက်ခပ်မလွဲပါ။ အဓိပ္ပါယ်မဟိရေရက်တိကို သီကုံးဗျာယ် ဒုက္ခပင်လယ်ကို ဇာသူလေ့ ဖြတ်သန်းချင်ဖို့မဟုတ်ပါ။ ဒေပိုင်ဖြတ်သန်းနိန်ရစွာေ ရကံကြမ္မာကြောင်းလို့ ကံကြမ္မာကိုအပြစ်ပို့ဗျယ် ကိုယ့်သီတွင်းကို ကိုယ်မတူးကတ်စီချင်ပါ။ လူပီသခြင်းတိနန့် အဓိပ္ပါယ်ဟိရက်တိကို ဖြတ်သန်းနိုင်ဖို့ ကိုယ့်စွမ်းဥာဏ်စွမ်းဟိသလောက် အမျိုးအတွက် မိမိဘ၀ကိုပီးဆပ်ဖို့ အဓိဌါန်ပြုမှုနန့်အတူ သင်္ကြန်ရက်တိကို ကိုယ့်မြီမှာသီကုံးပနာ ရခိုင်သားလို့ ဟောလိုက်ကတ်မယ်။
                                                                                                       အေဒီတာ
လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲကြရာဝယ် (ခိုင်မင်းညို)
လက်နက်ကိုင်တော်လှန်ရေးလုပ်ဆောင်ရခြင်းသည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြီယှင်းမရနိုင်၍ လက်နက်အားကိုး အာဏာသျှင်ဆိုးများကို ဓါးကိုဓါးချင်း၊လှံကိုလှံချင်း ပြိုင်ဆိုင်သတ်ပွဲဝင်ခြင်း၊ သီတမ်းကဇတ်ခြင်းဖြစ်သည့်အတွက် အားသာသူကအားနည်းသူများကို အနိုင်ရသည့် ကဇတ်ပွဲတခုလည်းဖြစ်သည်။ စစ်သည်ကြမ်းတမ်းသလောက် စစ်၏နည်းပညာများမှာမူ အတိုင်းမသိ နုညံ့သိမ်မွေ့လွမ်းလှသည်။ ပရိယာယ်ပေါင်းထောင်သောင်းကို အနိန်အထား အင်အားကိုလိုက်၍ မှန်မှန်၊ မြန်မြန်နှင့် အံဝင်ဂွင်ကျ စနစ်တကျ အသုံးချတတ်ဖို့ လိုအပ်သည်။ တဖေ့ချေလွဲချော်၍မရ။
           လက်နက်ကိုင်တော်လှန်ရေးသည် အမျိုးချစ်ရုံ၊ လက်နက်ကိုကိုင်တွယ်ပစ်ခတ်တတ်ရုံ၊ ရန်သူကိုပစ်ခတ်ခြီမှုန်းပစ်လိုစိတ် ဟိရုံသက်သက်ဖြင့် တည်ဆောက်၍မရ။ လက်နက်ကိုင်တော်လှန်ရေး သဘောသဘာဝကို နက်နက်နဲနဲ သဘောပေါက်ခံယူလျှက် လီးနက်သော မျိုးချစ်စိတ်ဓါတ် ဟိဖို့လိုသည်။ ရခိုင်မျိုးချစ်တော်လှန်ရေးခေါင်းဆောင် အများစုရို့သည် မပြည့်စုံမှုကို အကြောင်းပြလျှက် ရခိုင်တော်လှန်ရေးကို စနစ်တကျတည်ဆောက်ရန် ပျက်ကွက်ခဲ့ကြသည်။ သန္ဓေမကောင်းသည့် မျိုးစိများသည် သန်မာသောပျိုးပင်ပေါက်လာဖို့ ခဲ့ယဉ်းသည်။ နည်းတူစနစ်တကျဖြင့် ထူထောင်မှုမပြုခဲ့သော တော်လှန်ရေးတရပ်သည်လည်း အင်အားကြီထွားဖို့ ခဲယဉ်းလှပါသည်။
              ရဲဘော်များအား စစ်ရေး၊ နိုင်ငံရေးသင်တန်းများ၊ တော်လှန်ရေးအတွေးအခေါ်ကောင်းများကို စနစ်တကျချပြ မပီးနိုင်ခြင်းက လက်ဟိတော်လှန်ရေးခေါင်းဆောင်ရို့၏ အဓိကဟာကွက်တခု။ အစကတည်းက စနစ်တကျတည်ဆောက်မှုမပြုနိုင်ခဲ့သော တော်လှန်ရေးတရပ်သည် နောင်အခါ၌လည်း စနစ်တကျဖြစ်ဖို့ ခဲ့ယဉ်းလှပါသည်။ ရခိုင်တော်လှန်ရေးခေါင်းဆောင်တချို့၏ နောက်ထပ်အဆိုးဝါးဆုံး အတွေးအခ်ါတရပ်မှာ အသက်ကြီးဝါကြီးများကသာ တော်လှန်ရေးကို ဦးဆောင်ဦးရွက်ပြုရေးဆိုသည့် လွှဲချော်သည့်အမြစ်စွဲမှုပင်။ ဤသို့စွပ်စွဲအပြစ်တင်ရခြင်းမှာ ရခိုင်တော်လှန်ရေးသက်ကြီးခါင်းဆောင်များကို တော်လှန်ရေးမှ ဖယ်ယှားပစ်ရဖို့ဆိုလိုခြင်းမဟုတ်၊ သူ့နိန်ရာနှင့်သူ တာဝန်ယူကြဖို့၊ ကိုယ့်အရည်အခြင်း၊ ကိုယ့်အကြောင်းကို မှန်မှန်ကန်ကန်သုံးသပ် သဘောပေါက်ပြီး၊ တူနိန်ရာတူ၊ ဆောက်နိန်ရာဆောက်၊ ဟိနိန်ဖို့အတွက်ကို ထောက်ပြခြင်းမျှသာဖြစ်သည်။
                ရခိုင်တော်လှန်ရေး၏ နောက်ထပ်အားနည်းချက်တရပ်မှာ နောက်လိုက်ရဲဘော်များ၏ တော်လှန်ရေးသဘောတရား မပြည့်ဝမှုအပေါ်အခြီခံလျှက် ခေါင်းဆောင်များကိုနိန်ရာတိုင်း၌ အစဉ်အလာရိုင်းသည့် ခြီရာတိုင်းလုပ်ရပ်များကို ပြုလုပ်နိန်ကြခြင်း၊ အထက်ဖိအောက်ဖားများ ဖြစ်လာကြခြင်း၊ ခေါင်းဆောင်များ၏ ဟာကွက်ကိုတွိလျှက်နှင့် မျက်မုန်းကျိုးခံရမည်ကို စိုးရိမ်သောကြောင့် ရီမုံနှုတ်ပိတ်နိန်ကြခြင်း၊ လူကြီးများကိုအလွန်တရာမှ အားနာခြင်းကြောင့် ဝေဖန်ထောက်ပြမှုမပြုကြခြင်း၊ တပ်မှူး၊ရဲဘော်များ၏ ကျင့်ဝတ်ကို နားမလည်သောကြောင့် မကျင့်ကြံတတ်ကြခြင်း၊ ခေါင်းဆောင်များကို နိန်ရာအနိန်အထားကိုလိုက်၍ နိန်ရာမပီးတတ်ကြခြင်း၊ ရဲဘော်ရဲဘက်စိတ် မပြည့်ဝကြခြင်း၊ ခံယူချက် မပြည့်ဝကြခြင်းများဖြစ်ကြပါသည်။
                  မိမိ၏တွိကြုံဖြတ်သန်းလာမှုများကို သုံးသပ်ပြရသော် အကျွန်သည် ၁၉၉၀-ခုနှစ်မှစ၍ ရခိုင်လက်နက်ကိုင် တော်လှန်ရေးထဲသို့ ခြီစုံပစ်ဝင်လာခဲ့သူတစ်ဦးဖြစ်ပါသည်။ မိမိသည် လက်နက်ကိုင်တော်လှန်ရေး ရဲဘော်တယောက် ဖြစ်လာသည်နှင့်အညီ ရဲဘော်ကောင်း၊ နောက်လိုက်ကောင်းတယောက်ပီသအောင် ကျင့်ကြံနိန်ထိုင်ခဲ့သည်။ ရသမျှအခွင့်အခါကောင်းများကို မလွတ်စတမ်း ကိုင်ဖမ်းလျှက် နောက်အနာဂါတ်တွင် တော်လှန်ရေးကို ဦးဆောင်ဦးရွက်ပြုနိုင်သူတယောက် ဖြစ်လာရန်အတွက်ကိုလည်း အားသွန် ခွန်စိုက် ကြိုးစားလုပ်ဆောင်ခဲ့ပါသည်။ လက်နက်ကိုင်တော်လှန်ရေး ရဲဘော်တယောက်ဖြစ်သည်နှင့်အညီ တိုက်ပွဲဝင်လိုသည်။ စစ်ရေးအတွိအကြုံရလိုသည်။ သို့သော် ကံကြမ္မာက မိမိကိုယ်တိုက်ပွဲဝင်ခွင့်မပီးခဲ့၊ နောက်တန်း၌သာ တာဝန်ထမ်းဆောင်လျှက် အချိန်ဖြုန်းခဲ့ရသည်။ တိုက်ပွဲများကို ဆင်နွှဲနိုင်စီရန် ရှိတန်းနိန်မြီသို့ မိမိကိုပို့ဆောင်ပီးဖို့ တောင်းဆိုခဲ့သော်လည်း ခေါင်းဆောင်လုပ်သူများ၏ ခွင့်ပြုချက်ကို မရဟိခဲ့၍ ရဲဘော်ကောင်းတယောက် ဖြစ်လာဖို့အခွင့်အရေးကို ဆုံးရှုံးခဲ့ရသည်။ မိမိ၏ စာပီလေ့လာလိုက်စားမှုများကို တချို့ကချီးကျူးကြသော်လည်း၊ တချို့က အခွင့်ရေးသမားတယောက်ဟု ထင်မြင်ခဲ့ကြသည်။ မည်သို့ပင်ဆိုစီကာမူ စာပီနှင့်ဘာသာစကားများကို လေ့လာလိုက်စားခြင်းက  တော်လှန်ရေးအတွက် လိုအပ်သော အစိတ်အပိုင်းတချို့ကို ဖြည့်ဆည်းပီးခဲ့ရုံသာမက မိမိအား တော်လှန်ရေး၌ ခိုင်မြဲစေခဲ့သည်။ တချို့တော်လှန်ရေး ရဲဘော်ရို့မှာ စာပီဘာသာစကားများကို စိတ်မ၀င်စားရုံသာမက ရည်မှန်းချက် မြင့်မြတ်မှု မဟိမှုအပေါ် အခြီခံလျှက် စာပီဘာသာစကားများကို လေ့လာမှုမပြုဘဲ ၀ိုင်းဖွဲ့စကားပြောခြင်း၊ ဟေးလားဝါးလားဖြင့် အချိန်ဖြုံန်းတီခဲ့ကြသည်။ အဖွဲ့အစည်းက နိုင်ငံရေး စစ်ရေးသင်တန်းများကို ပို့ချက်မပီးနိုင်ခြင်းက မျှော်မှန်းချက်နည်းပါးသော ရဲဘော်များကို စိတ်ပျက်စီခဲ့ပါသည်။ မိမိကိုမိမိအားကိုးမှု နည်းပါးလာကာ တပ်ထဲမှထွက်ပြီးခြင်း၊ တော်လှန်ရေးမှ ကင်းကွာလာခြင်းအထိဖြစ်လာကာ တော်လှန်ရေး( အဖွဲ့အစည်း )သည် ရှိသို့မတက် နောက်သို့ ပက်လက်လန်ခဲ့ရသည်။
             တော်လှန်ရေးရဲဘော်တချို့ရို့ဆိုလျှင် သူရို့စိတ်ကူးယဉ်ခဲ့သော တော်လှန်ရေးသည် လက်တွိဖြစ်ပျက်နိန်သော တော်လှန်ရေးနှင့် တခြားစီဖြစ်နိန်မှုကြောင့် တော်လှန်ရေးအပေါ် ယုံကြည်မှုနည်းပါးလာသည်သာမက တော်လှန်ရေးအပေါ် စိတ်ပျက်လာကြသည်။ တော်လှန်ရေးရဲဘော်တချို့ရို့သည် တော်လှန်ရေးဆိုသည်မှာ၊ ငတ်ပြတ်ခြင်း၊ ဆင်းရဲခြင်းများကို ခံနိုင်ရည်ဟိလျှင် ပြည်စုံလုံလောက်မည်ဟု ယုံကြည်လာခဲ့ကြဟန်တူသည်။ သို့သော် သူရို့သတိမမူခဲ့သောအချက်မှာ တယောက်နှင့်တယောက် သဘောထားချင်းမတိုက်ဆိုင်ခြင်း၊ ပုဂ္ဂိုလ်တဦးချင်းအကြား၌သော်၎င်း၊ အုပ်စုအချင်းချင်းအကြား၌သော်၎င်း၊ အားပြိုင်မှုများ၊ ပဋိက္ခဖြစ်ပွါးမှုများကို ကြုံတွိလာကြရသောအခါ တော်လှန်ရေးအပေါ် အကြီးအကျယ် စိတ်ပျက်လာခဲ့ကြသည်။ ဤစိတ်ပျက်မှုများနှင့် မိမိကိုယ်ကိုမိမိ ယုံကြည်အားကိုးမှု ကင်းမဲ့လာခြင်းရို့က တော်လှန်ရေးမှ ၀ီးရာသို့လျှောက်လှမ်းဖို့ လမ်းပြသလိုဖြစ်စီခဲ့ပါသည်။ ရခိုင်တော်လှန်ရေး၏ နောက်အားနည်းချက်မှာ စည်းကမ်းလျော့နည်းမှုနှင့် မျက်နှာလိုက်ပြီး လုံးဝအပြစ်ပီး အရေးမယူခြင်း၊ တပ်မှူး၊ ရဲဘော်များကို လေ့လာဆန်းစစ်လျှက် စနစ်တကျ နိန်ရာချထားခန့်အပ်ပီးမှုမဟိခြင်း၊ လက်နက်ခဲယမ်းမီးကျောက်၊ ရိက္ခာများကို ဖြည့်ဆည်းမပီးနိုင်မှု၊ ခေါင်းဆောင်၊ တပ်မှူးဖြစ်ပါလျှက်နှင့် ဟိသင့်သည့်အရည်အခြင်းများ မဟိသောကြောင့် တော်လှန်ရေး နောက်ပြန်ဆုတ်မှုနှင့်အတူ နောက်လိုက်ရဲဘော်၏ အထင်သေးမှုကိုခံလာရကာ လက်အောက်ရဲဘော်၊ တပ်မှူးများအပေါ် အမိန့်အာဏာစူးယှက်မှု မဟိသောကြောင့် ရခိုင်တော်လှန်ရေး ဖရိုဖရဲ ဖြစ်လာခဲ့ရသည်။
                   အထက်တွင် ထောက်ပြဝေဖန်ခဲ့မှုများကိုလက်နက်ကိုင်တော်လှန်ရေးတွင် ၀င်ရောက်လှုပ်ယှာားနိန်ကြသော ထိပ်တန်းခေါင်းဆောင်ပိုင်းမှသည် အောက်ဆုံးရဲဘော်ထုအထိ အထူးသတိပြုစီလိုပါသည်။ ဤဝေဖန်ထောက်ပြမှုများသည် တော်လှန်ရေးလုပ်နိန်ကြသူများကို စိတ်ကူးယဉ်လျှက် တဖက်စောင်းနင်း အပြစ်ဖို့နိန်ခြင်းမဟုတ်ပါ။ မိမိ၏တွေးတောကြံဆဥာဏ်နှင့် တော်လှန်ရေးအတွိအကြုံကို ပေါင်းစပ်ရောယှက်ကာ ခေတ်မှီတော်လှန်ရေးတရပ် ပေါ်ထွက်လာဖို့အတွက် စေတနာအပြည့်နှင့် အပြုသဘောဆောင် ဝေဖန်ထောက်ပြခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် တိုင်းပြည်ကို ကယ်တင်နိုင်ရန်အတွက် လက်နက်ကိုင်တော်လှန်ရေးလုပ်ကြရာဝယ် ရန်သူကို စီးချင်းထိုးတိုက်ခိုက်နိုင်ဖို့အတွက် ကျစ်လစ်ခိုင်မာသော မျိုးချစ်တပ်မတော်တရပ်ကို တည်ဆောက်ကြရမည်။ ရန်သူ၏ပျော့ကွက်ဟာကွက်များကို လေ့လာလျှက် ရန်သူအင်အားချိနဲလာအောင် နည်းပရိယာယ်ပေါင်းစုံကို ကျင့်သုံးကာ စစ်ရေး နိုင်ငံရေး စစ်ထိုးရမည်။ ဤလုပ်ငန်းစဉ်များကို ချောချောချူချူလုပ်ဆောင်နိုင်ရန်အတွက်အရည်အသွေးပြည့်မှီသော မျိုးချစ်ခေါင်းကောင်းများကို မွီးထုတ်ရန်မှာ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနိန်ကြသော အဖွဲ့အစည်းများ၏ တာဝန်သာဖြစ်ပါကြောင်း။               
                                                                                                                             ခိုင်မင်းညို
ရင်သွီး (ခိုင်မင်းညို)
သွီးတိဖြဖြန်းထွက်လို့ ရင်ဝကဒါဏ်ရာက နာကြင်ကိုက်ခဲမှုနှင့် အသက်ယှူမွန်းကြပ်မှုတိကို အစွမ်းကုန်ပီးလို့ ငါ့အသက်ကို သီမင်းလက်ထဲသို့ ထိုးအပ်ဖို့ ကြံစဉ်နိန်ရေ။ ယေကေလေ့ ငါသတိမပျက်။ ပတ်ဝန်းကျင်က နားကွဲအောင် မခံချင်အောင် ဟောငိုသံ ၊အချေတိကျွီးသံ၊ ကျိန်ဆဲသံ၊ မီးလောင်သံ၊ တက်သီးခေါက်သံတိက ငါ၏ နောက်ဆုံးသွီးတစထိ တိုက်ပွဲဝင်ဖို့ ငါ့ကိုထူပီးနိန်ရေ။ ခန္ဓာကိုလှုပ်ရှားကြည့်ရေ။ သွီးထွက်များမှုကြောင့် အားအင်ဆုတ်ယုတ်နိန်ကေလေ့ ဓါးကို နနောင်းကိုင်နိုင်သိရေ။ ပတ်ဝန်းကျင်မှာဟိနိန်ရေ ကြက်တက်စူးပင်နှင့် ခြုံတောတိ၏ အကာအကွယ်ပီးနိုင်မှုကြောင့် ရန်သူတိက ငါ့ကိုမြင်ပုံမရ။ ကွင်းပြင်အနီးအနားတ၀ိုက်မှာ ရန်သူနန့် နောက်ဆုံးထွက်သက်ထိ ဆုတ်ယပင်း တိုက်ခိုက်နိန်ကတ်တေ ရခိုင်စစ်သားရို့၏ဓါးခွပ်၊ လှံထိုး၊ ဒိုင်းကာ၊ တိုက်ခိုက်မှုတိက အဆင့်မြင့်လွန်းလို့ ရန်သူ(၁၀) နှင့် ကိုယ့်လူတယောက်ညီမျှနိန်ရေ။ မြောက်ဦးမြို့ကို ရန်သူကသိမ်းထားဗျာယ်ဆိုကေလေ့ မြောက်ဦးပတ်ဝန်းကျင်က ရခိုင်မျိုးချစ်တတ်တိက ရကေရရေပိုင် မြောက်ဦးမြို့ကိုပြန်လည် သိမ်းပိုက်နိုင်ဖို့ ဒလကြမ်းဝင်တိုက်မှုတိက ဟိနိန်တုန်းပင်။
           ဒေပိုင်မြောက်ဦးမြို့တော် ရန်သူလက်ထဲ ကျရစွာလေ့ ရခိုင်စစ်သားတိညံ့လို့ ရန်သူတိတော်လို့မဟုပ်၊ သစ္စာဖေါက်လောက်ကောင်တိက မြောက်ဦးရွှီမြို့တော်၏ လျှို့ဝှက်ချက်တိကို ရန်သူတိအား အစိအစုံသတင်းပီထားလို့၊ ကိုယ့်အိမ်
ကဖေသာကို ကိုယ်တက်ခိုးစွာဖြစ်နိန်လို့ရာ။ မဟုတ်ကေ ဒေတသက်မှာမဆိုကေ့ ကမ္ဘာပျက်ကေတောင် ရန်သူပါး
မှာ မြောက်ဦးမြို့တော် ကျစရာအကြောင်းမဟိ။ ကိုယ့်ဖက်ကတချို့တပ်သားတိကလေ့ သစ္စာဖေါက်လောက်ကောင်တိ၏စကားကို နားဝင်ပြီးကေ မတိုက်ပဲနန့် ဆုတ်ပီးလိုက်စွာလေ့ဟိခရေ။ နောက်တချက်က ကိုယ်ရို့တပ်တွင်းထဲမှာလေ့ ဦးသံဒေဖက်ကို ပါရေလူလာ၊ ဘုရင်မဟာသမ္မတရာဇာဖက်ကို ပါရေလူလာဆိုပြီးကေ ခွဲခြားလို့မရ။ ရန်သူကိုတိုက်နိန်ယပင်း ဦးသံဒေနောက်လိုက် သစ္စာဖေါက်တိ၏ နောက်ကအလိုက်ဝင်ခွပ်ဖို့စွာကိုလေ့ ကြောက်နိန်ရသိရေ။ ဇာပိုင်ပင်ဖြစ်ဖြစ် မြောက်ဦးမြို့တော်ကျပြီးရေနောက်ပိုင်းမှာ ရန်သူနန့်ကိုယ့်လူကို ခွဲလို့သိနိန်ဗျာယ်။ မြောက်ဦးမြို့တော်ပြင်ဘက်က လျှပ်တပြ၀င်တိုက်နိန်ရေလူတိက ကိုယ့်လူ၊ မြောက်ဦးမြို့ဘက်က ခုခံတိုက်နိန်ရေလူတိက ရန်သူနှင့်သစ္စာဖောက်လောက်ကောင်တိ။ တချို့ရခိုင်မျိုးချစ်တပ်မတော်သားတိဆိုကေ ကိုယ့်ကိုအကာကွယ်မယူဘဲနန့် ဒါးဦးကိုမြီမှာခြစ်ဆွဲဗျာယ် ရန်သူကိုအပြတ်အသတ်ခြီမုန်းပနာ မြောက်ဦးမြို့ကိုပြန်ရနိုင်ဖို့ ငယ်သံပါအောင်ဟောပြီးကေ တွိသမျှရန်သူတိကို ခွတ်သတ်နိန်ရေ။ မိမိရို့မျိုးချစ်တပ်ဖက်က အဓိကခံနိန်ရစွာက ရန်သူတိ၏လှေးစူး။ သာမန်တိုက်ပွဲတိမှာ အသံကိုနားထောင်ဗျာယ် ဒိုင်းကာကို အသုံးပြုလျှက် ရန်သူ့လှေးစူးတိကို ကာကွယ်နိုင်ကေလေ့ ဒေါသမီးအိုးကြီး ပေါက်ကွဲလောင်ကျွမ်းနိန်မှုကြောင့် ရခိုင်စစ်သားတချို့ဆိုကေ လှေးစူးလာစွာကိုတောင်ဂရုမစိုက်နိုင်ဗျာယ်။ တွိသမျှရန်သူတိကိုရာ တယောက်ချင်းလိုက်ခွပ်နိန်ရေ။ ရန်သူဖက်က စစ်ကေူလ့ဖြည့်ပီးနိန်ရေ။ လှေးတပ်အင်အားကိုလေ့ လိုသလောက်ဖြည့်ပီးနိုင်ရေအတွက် မြောက်ဦးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အရေးမှာ မလွယ်ကူလှ။ ယေကေလေ့ သွီးအအီးနန့် ဒေါသကိုထိမ်းဗျာယ်တိုက်ခိုက်နိုင်ရေ ရခိုင်စစ်သည်တော်တိကို အသုံးပြုဗျာယ် ဗျူဟာချတိုက်ခိုက်နိုင်သိလို့ မြောက်ဦးမြို့တံတိုင်းကိုကျော်ဗျာယ်မြောက်ဦးမြို့တွင်းထိ ၀င်ရောက်တိုက်ခိုက်နိုင်သိရေ။
           အကျွန်ရေ ရခိုင်မျိုးချစ်စစ်သည်တော်တိ၏ အားမာန်အပြည့်နန့် မြောက်ဦးမြို့တော်ကို ပြန်လည်ရဟိဖို့ တိုက်ခိုက်နိန်ကတ်တေ ပန်းချီကားချပ်ကို ကကွင်းကကွက်မြင်ဗျာယ် ခွန်အားတိပြည့်ဝလာရေ။ ဒါဏ်ရာကပြင်းကေလေ့ သတ္တိဟိမှုနန့် မျိုးချစ်စိတ်ဓါတ်ပြင်းထန်မှုတိကြောင့် ရင်ဝကဒါဏ်ရာက သီမင်းလက်တွင်းသို့ ငါ့ကိုအရောက်မပို့ပီးနိုင်သိ။ ဘေးနားက သစ်ပင်တပင်ကိုမွီဗျာယ် အားပြုလို့ထကြည့်ရေ။ ခန္ဓာကိုယ်ယိန်းယိုင်နိန်ကေလေ့ ဒါးဦးကိုမြီမှာစိုက်ဗျာယ် အားယူထားလို့ လူကလဲမကျဘဲ နဂိုအတိုင်းပြန်ရပ်နိုင်သိရေ။ ကွင်းပြင်မှာ တိုက်ပွဲကားမရပ်သိ၊ နီဝင်ဖို့လေ့မကြာဗျာယ်။ နီဝင်ကေ ဒါဏ်ရာက ငါ့ကိုသီမင်းလက်ထဲသို့ အရောက်အပ်ဖို့စွာကသေချာနိန်ရေ။ ဗမာအသံနန့်မြင်းထက ဆဲဆိုပြီးကေ အမိန်းပီးနိန်ရေ ရန်သူတယောက်ကို အာရုံစူးစိုက်ပနာ ခွန်အားဟိသမျှကို စိုက်ထုတ်ဗျာယ် ဒါးနှင့်ခြီထောက်နှစ်ဖက်ကိုအားပြုလို့ လီမှာဝဲပျံပနာ ရန်သူ့လည်ပင်းကို ပိုင်းဖြတ်လိုက်တေ။
            အိပ်ရာမှနိုးလာသည်နှင့် ရင်ဘက်ကို လက်ဖြင့်စမ်းကြည့်မိသည်။ ဒါဏ်ရာကိုမတွိရ၊ ရင်ဘက်နှင့်ခန္ဓာကိုယ်တခုလုံး နာကြင်ကိုက်ခဲနိန်သည်။ ပရူးနရူးထဗျာယ် ဘေးပတ်ဝန်းကျင်တခုလုံးကို လှမ်းကြည့်မိသည်။ မီးတဖြက်ဖြက်လင်းနိန်သော ငါးဖမ်းဘုတ်၊ ခရီးလားသင်္ဘော၊ ပင်လယ်ကူးသင်္ဘောကြီးငယ်များဖြင့် ပြည့်နှက်နိန်သော ပင်လယ်ပြင်ကြီး၊ ကောင်းကင်ကကြယ်တိ တ၀င်းဝင်းတောက်နိန်စွာနန့် တပုံစံတည်း။ ပြန်၍အိပ်ရာ၌လှဲလိုက်သော်လည်း နာကြင်ကိုက်ခဲမှုဒဏ်ကြောင့် ပြန်အိပ်၍မရ၊ အတွေးတိက သူ့နောက်လိုက်ဖို့ အတင်းအဓမ္မဆွဲခေါ်နိန်သည်။
ပင်လယ်ပြင်ကြီးကို ခရီးလားသင်္ဘောဖြင့် တခါဖြတ်လားဖူးသည်။ ဖေသာအခကြီးငွီပီးပြီးလားခရ၍ အရာရပြည့်စုံနိန်ခသည်။ လိုရာကို ထိုင်ရာက ဇာမဆိုမှာစား၍ရသည်။ စန္ဒရားမင်းခွာများ၊ ကျွန်းကြီးကျွန်းငယ်များဖြင့် ပြည့်နှက်နိန်သော ပင်လယ်ပြင်ကြီးသည် အလွန်တရာလှပနိန်ခသည်။ သာယာခသည်။ ပင်လယ်ပြင်ကြီးကိုကြည့်၍ မိမိစိတ်ကြည်နူးခရသည်။ ငါးဖမ်းလုပ်သားတယောက်အနိန်ဖြင့် ဤကဲ့သို့ပင်ပန်းလိမ္မည်ဟု စိတ်ကူးထဲမရောက်ခ။ မိမိသင်္ဘောစီးစဉ်အခါကဲ့သို့ ပင်လယ်၌ ငါးဖမ်းလုပ်သားကြီးများလည်း ပျော်နိုင်လိမ္မည်ဟု မိမိတွေးထင်ခဲ့သည်။ အခြားသူများကိုကား ပင်လယ်၌ ငါးဖမ်းလုပ်သားဘ၀ဖြင့် ပျော်မပျော် မမိန်းဖြစ်သိ။ မီးရောင်များဖြင့်ပြည့်နှက်နိန်သော ပင်လယ်ပြင်ကြီးသည် မိမိအတွက် သာယာမှုတိကို တစချေလေ့မပီးနိုင်။ ငြီးငွေ့မှုများကိုသာ အစွမ်းကုန်ပီးနိန်၏။ အကယ်၍သာ ကိုယ့်တိုင်းကိုယ့်ပြည်ကို ကိုယ်တိုင်အုပ်ချုပ်နိုင်ခဲ့မည်ဆိုပါက ဘွဲ့ရပညာတတ်တယောက်အနိန်ဖြင့် ကမ်းမမြင်ပင်လယ်ပြင်ကြီး၌ သာမန်ရီလုပ်သားအဖြစ် လုပ်ကိုင်နိန်စရအကြောင်းမဟိ၊ လုပ်ကိုင်စရာလေ့မလို၊ ဂုဏ်ဟိသောအလုပ်ချေတခုဖြင့်၊ မိသားစုတခုလုံးကို ဖူလုံအောင်ကျွေးနိုင်မည်။ အခုကား ဤသို့မဟုတ်၊ မိဘကဖေသာအကုန်ကျခံပြီး ဘွဲ့ရအောင်အထိ ပညာသင်ပီးလိုက်စွာက အလကားပိုင်ဖြစ်နိန်ရေ။ အလုပ်ကလေ့ယှား၊ စစ်သားကလေ့ယှုပ်၊ ရွာမှာတစိချေလေ့မနိန်ချင်။ ဖြစ်ချင်ရာဖြစ်ဆိုပြီးကေ ထိုင်းဘက်မှာအလုပ်လုပ်လို့ အဆင်ပြေနိန်ရေလို့ကြားရေ ညီကိုတွိနနိုးနန့် ထိုင်းနိုင်ငံဘက်ကို ထွက်လာစွာဖြစ်တေ။ အချေကပင်လေ့ ပင်ပင်ပန်းပန်းအလုပ်တိကို တခါလေ့ မလုပ်ဖူးခ။ စာတတ်ကေပြီးယေဆိုပြီးကေ မိဖတိကဟိရေဖေချာကို အကုန်ကျခံလို့ မြို့မှာကျောင်းထားပီးခရေ။ ခေတ်ပျက်မှာ ဘွဲ့ချေတလုံးရစွာလေ့ အလကားယာ။ ကျောင်းဆရာအလုပ်ကိုတောင် ဖေသာနန့်လာဒ်မထိုးကေ လျှောက်လို့မရ။
       ဖေသာကိုတန်ဖို့ထား မက်မောရေတချို့သူငယ်ချင်းတိလေ့ ယှစ်တန်း၊ ကိုးတန်းအောင်ပြီးစွာနန့် ပညာကိုဆက်မသင်ကတ်ဗျာယ်။ စီးပွါးရေးဖက်ကို လိုလားခကတ်တေ။ ရိုးရိုးသားသားလုပ်ကိုင်စားသောက်တေ သူငယ်ချင်းတိက မချမ်းသာကေလေ့ စစ်သား၊ ထောက်လှန့်ရေးတိနန့် အပေါင်းအဖေါ်လုပ်ပြီးကေ စီးပွါးရေးလုပ်ရေ သူငယ်ချင်းတိက နိန့်ချင်းရက်ချင်းသူဌေးဖြစ်လာစွာကို တွိနိန်ခရရေ။ မိမိမှာကား စီးပွါးရေးလုပ်ဖို့စွာကိုလေ့ ဝါသနာမပါ၊ စစ်သားထောက်လှန့်ရေးတိနန့် အပေါင်းအသင်းလုပ်ဖို့စွာကိုလေ့ ရွန်ရေ။ မဟုတ်ကေမခံ၊ နောက်ပိုဆိုးစွာက စစ်သားတိယမ်းကားမှုတိကို တစိချေလေ့ကြည့်လို့မရ၊ ရွာမှာဆက်နိန်ခကေ စစ်သားတိနန့် ပြဿနာဖြစ်ဖို့စွာ သေချာရေ။ ထိုင်းနိုင်ငံဘက်ကို ထွက်လာစွာဖြစ်တေ။
       လုပ်ဖေါ်ကိုင်ဖက် သူငယ်ချင်းတိက အတွိအကြုံဟိနိန်ဗျာယ်ဖြစ်လို့ ပင်ပန်းပုံတစိချေလေ့မပေါ်၊ တခြူးခြူးမွှန်ပြီးကေ အိပ်နိန်တုန်းရာသိ။ တစိချေလေ့ပင်ပန်းပုံမပေါ်၊ ပူပန်သောကဟိပုံလေ့မပေါက်၊ အလုပ်နန့်အသားကျနိန်ဗျာယ်ဆိုစွာကို ပြောစရာမလို။ မိမိဘ၀ဖြစ်စဉ်ကို တွေးမိပြီးအိမ်မက်ဖက်ကိုထပ်ပြီးကေ မြှားဦးလှည့်လာရေ။ အိမ်မက်ထဲမှာက မိမိကိုယ်မှာဒဏ်ရာနှင့် နောက်ဆုံးအသက်မထွက်ခင် ရန်သူမြင်းစီးဗိုလ်တယောက်လည်ပင်းကို ဖြတ်လိုက်နိုင်လို့ တဆိတ်ချေလောက်ပီတိဖြစ်မိရေ။ နာကြင်မှုတိကြားက အကျဉ်းတန်ရေ ပင်လယ်ပြင်ကြီးလေ့ လှရေပိုင်မြင်နိန်မိရေ။ အတွေးကဒေမှာပင်မရပ်၊ အိပ်မက်ကို နောက်ယောင်ခံဗျာယ် သမိုင်းအတိတ်ဘက်ကို ခြီရာလှည့်ဖြစ်တေ။ ယခင်က နှစ်ပေါင်းငါးထောင်ကျော် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ်ကြက်ငှန်းနန့် သာယာအီးချမ်းစွာ နိန်ထိုင်လာရေ ရခိုင်ပြည်ကြီးရေ ဗမာနယ်ချဲ့ရို့လက်အောက်ကို ကျရောက်ခရရေ။ ဗမာနယ်ချဲ့ရို့၏ ခေတ်အဆက်ဆက် ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုတိကြောင့် ရခိုင်လူမှုအဖွဲ့အစည်းတခုလုံး ပျက်စီးပနာ တိုင်းပြည်လေ့ ပြာပုံဘ၀၊ ပြည်သူတိလေ့ နယ်ချဲ့လက်အောက်မှာ အသက်ယှူမ၀ ဖြစ်နိန်ရရေ။ အဂုလေ့ ဘွဲ့ရပညာတတ်တယောက်က သူများမြီမှာ ငါးဖမ်းဘုတ်၌ သာမန်ရီလုပ်သားအဖြစ် လုပ်နိန်ရရေဘ၀။ ဘ၀၏တန်ဘိုးဆိုစွာ ဇာမှာလဲလို့ မိန်းခွန်းတောင် မိန်းဘို့ခက်တေ။ အိမ်မက်ထဲက မိမိဘ၀နန့် အဂုလက်ဟိဘ၀တိရေ အဖရခိုင်ပြည်ကြီး၏ ရင်သွီးများပင်မဟုတ်ပါလော။ အဖရခိုင်ပြည်ကြီးကိုပြန်ရဖို့ ငါရို့ပိုင် အသက်တိအများကြီး ပီးဆပ်ရဖို့ရာသိ။ မိမိတိုင်းပြည်နှင့် လူမျိုးအတွက် အုပ်တချပ်သဲတပွင့် တာဝန်မထမ်းဆောင်နိုင်ခကေ အကျွှန်ရို့ကို မွီးထုတ်ပီးလိုက်တေ အဖရခိုင်ပြည်ကြီးအပေါ်မှာ ဇာပိုင်တာဝန်ကျီးဖို့လေး။ ကိုယ့်တိုင်းပြည်ကို ကိုယ်တိုင်မအုပ်ချုပ်နိုင်သမျှကာလပတ်လုံး ဘွဲ့ရပညာတတ်တယောက်၏ ဘ၀လေ့ ဇာထူးခြားနားဖို့လေး။        
                                                                                                    ခိုင်မင်းညို
လွတ်လပ်ပန်းများ ပွင့်စီချင် (ခိုင်မင်းညို)
       မိစ္ဆာလီရိုင်း၊ ရိုင်းပြတိုက်ခတ်
         လွတ်လပ်ပန်းတိ ကြွီခဗျာယ်။
         နွီခေါင်ခြောက်ကွဲ၊ ကန္တာရထဲက
         လွတ်လပ်ပင်ပျို၊ စိမ်းရွက်စိုဖို့
         ငါးသွီးဖောက်လို့ လောင်းထည့်မေ။
         လွတ်လပ်ပန်းသဇင်၊တော်နန်းဝင်ဖို့
         ဇီဝင်ချုပ်ငြိမ်း၊ ငါ့ဇာတ်သိမ်းမာ
         တိုင်းဓညာတွက်၊ နောက်ဘ၀ထိ
         ဂတိချုပ်ခံ ဇာတိမာန်နန့်
         ဆက်တော်လှန်ဖို့ မှာခမေ။
                                   ခိုင်မင်းညို
နှစ်ရှည်အမှောင်ညည့် ( အောင်ကိုဇံ )
     မညီညွတ်ခြင်းတိ ခင်းကျင်းပနာ
     ပြစ်မျိုးမှဲ့မထင်….
     ဆင်ခြီ အစုံအလင်နန့် အနားကွပ်လို့
     ဗေဒင်ဆရာရို့၏ နိမိတ်ပုံထက်မာမျိုးပါ
     ပြောင်းလဲလာနိုး မျှော်မှန်းချက်နန့်
     အနာဂတ်ကြယ်စုံညဥ့်တိကို
     နိန်ခင်းကြောင်တောင် ထုဆစ်နိန်ကတ်ကေ၊
    သမိုင်းအနာရွက်ကို နှမ်းဖြူးလို့
   ဖြစ်တည်မှုကို အတိုးချစားဖို့ စီမံချက်နန့်
   မျက်မမြင်ပုဏ္ဏား
   ဗိုလ်ချုပ်ခြောက်ယောက်ကြားမာ
   ဒုက္ခရောက်နိန်စွာက ဆင်ရာ၊
   အပြစ်တင်တတ်ခြင်းမာ
   အပြစ်ကင်းပနာ
   နှစ် နှစ်ရာအမှောင်ဖုံးနီခြင်းကို
   ဖြူစင်မှုအလင်းတိနန့် ထွန်းညှိကတ်မေ။  
                                      အောင်ကိုဇံ 
ပီးဆပ်ခြင်းနန့်  ခြီလှမ်းသစ် လှမ်းကတ်မေ
အောင်ကိုဇံ
   ရာသီပျိုရို့ခရီးဦးကြိုပြုမှုနန့် ပွင့်လင်းကမ္ဘာကြီးက နှစ်သစ်ကာလတခုကို ခြီဆန့်ဝင်ရောက်လာချိန်မှာ မွှီးရနံ့ကြိုင်သင်းရေ ဂန္တ၀င်ဂုဏ်သတင်းနန့်အပြိုင်ကြီးကျယ်မြင့်မြတ်တေစစ်တပ်တိကိုဆုတ်ကိုင်လို့ရက္ခိုင့်တော်လှန်ရေးစာမျက်နှာသစ်ကို ဖွင့်လှစ်ထုဆစ်ဖို့ အချိန်ကျရောက်လတ်ဗျာယ်။ ပယ်သင့်စွာကိုပယ်၊ ဖယ်သင့်စွာကိုဖယ်၊ တလွဲမာန တကိုယ်ကောင်းအတ္တတိကို ချန်ထား အနာဂတ်သစ်ကို ခရီးဆက်လားဖို့ လက်ဆင့်ကမ်း ပခုံးပြောင်းတာဝန်ကလေ့ တန်းခါးလာခေါက်နိန်ပါယင့်။
         ဖြစ်တည်မှု ဘ၀တထွာချေမာ အဖြူစင်ဆုံးပီးဆပ်ခွင့်ရရေ သက်တန်းကာလတိုချေကို မော်ကွမ်းဝင် ကမ္ဗည်းထိုးနိုင်ဖို့  သစ်လွင် တောက် ပစူးသျှ ထက်မြရေ၀ံလက်ရို့အားမန်ကို အောင်လံလွှင့်ထူပနာ အဖပြည်နန့် ကိုယ့်ဘိုးဘေဘီဘင်ရို့ကျေးဇူးတရား
တိကို ဆပ်ခွင့်ရဖို့ ဂေါင်းကင်အာကာသစ်ထက်မာ ပျံသန်းနိန်ကတ်တေအချိန် အခက်အခဲအတားအဆီးရို့ကို ကြုံတွိရင်ဆိုင်ရဖို့စွာက
ဖြစ်ရိုးဖြစ်စဉ်ရလို့ ထင်မိပါရေ။
         ရိုးမ၏စိမ်းညို့ရင်ခွင်ရိပ်အောက်က မျိုးရိုးစဉ်လာ ကြီးမြတ်ခန့်ထည်ရေ ဘိုးဘွားအမွီ လခြမ်းမြီအီးမြဖို့ သစ်တပင်ကောင်း ငှက်တသောင်းနားနိုင်သည်ဆိုရေစကားပုံနန့်အညီ တော်လှန်ရေးအသိနန့် ကိုယ့်ကိုကိုယ် ထွန်းညှိအလင်းဆောင်ကတ်ဖို့
ဆော်ဩတိုက်တွန်းချင်ပါယင့်။ ပုဂ္ဂိုလ်ရေးရာပြဿနာတိမာ နွံနစ်နိန်ကတ်ကေတော့ခါ လိုရင်းပန်းတိုင်ကို ရောက်လီဖို့ မဟုတ်စွာ
ကတော့ အမှန်ရာ။
         အီဗရာဟင်လင်ကွန်းက အကယ်၍အကျွန်ုပ်သည် မိမိနန့်ပတ်သတ်၍တပါးသူရို့ ဝေဖန်စောကြောမှုတိကို သိအောင်လုပ်ပြီးကေ ယင်းဝေဖန်စောကြောချက်တိကို တုန့်ပြန်ဖို့ ကြိုးစားအားထုတ်နိန်ဖို့ဆိုကေ ကိုယ့်တာဝန်
ဝတ္တရားတိကို ဆောင်ရွက်ချိန်ရဖို့မဟုတ်ပါ။ အကယ်၍ အကျွန်ုပ်သည် နောက်ဆုံးပိတ်အချိန်မာ လူတော်လူကောင်းတယောက်အဖြစ်နန့် နိဂုံးချုပ်လားဖို့ဆိုကေ အကျွန်နန့် ဆန့်ကျင်ဘက်ဝေဖန်ကတ်သူရို့၏ ဝေဖန်ချက်တိရေ အရာမထင်အချဉ်းနီးအလဟသ ဖြစ်လားပါလိမေ။ အကယ်၍ အကျွန်ုပ်သည် လူတော်လူကောင်းတယောက်အဖြစ်နန့် နိဂုံးမချုပ်နိုင်ကေတော့ခါ အကျွန်လူတော်လူကောင်းဖြစ်တေလို့ ပြောဆိုနိုင်လီဖို့မဟုတ်ပါ။လို့ ပြောဆိုခရေပိုင် မိမိ၏ပုဂ္ဂိုရေးရာကို အကြောင်းပြပနာ ဇာသူနန့်လေ့ရန်မဖြစ်ပါကေ့။ ကြီးကျယ်မြတ်တေ အလုပ်လုပ်ဖို့အတွက် သတ်မှတ်ဆုံးဖြတ်ထားသူရို့အတွက် မိမိပုဂ္ဂိုလ်တဦးချင်းကိစ္စကို အကြောင်းပြကာ တပါးသူနန့်အချင်းများဖို့ ဇာခါအခါခွင့်ဟိပါဖို့လေး။ ကိုက်တတ်တေခွီးကို ထွက်ပေါက်ပီးလိုက်ပါ။ ကိုက်တတ်တေခွီးနန့် ဘက်ပြိုင်ရန်ဖြစ်ပြီး ခွီးကိုက်ခံရရေအတွက် ဇာအကျိုးဟိပါဖို့လေး။လို့
ပြောခစွာတိကိုလေ့ ဖတ်ရပါရေ။
          အမှားမကင်းရေ ဒေလောကကြီးထဲမာ အမှားကိုအမှားနန့် ချဉ်းကပ်ဝေဖန်သုံးသပ် အဖြေရှာလို့ အမှန်ရလာဖို့မထင်ပါ။ မကြည်လင်မှုတိ ဖုန်းလွှမ်းနိန်ရေ သံသယအမြင်(skepticism)နန့် ပျက်စီးရာပျက်စီးကြောင်း အဆိုးမြင်သဘောထား (cynicism)
 တိရေ အမျိုးသားတာဝန်တရပ်အဖြစ် မဖြစ်မနီလုပ်ဆောင်နီကတ်ရရေ နိုင်ငံရေး(သို့မဟုတ်) တော်လှန်ရေးဘ၀အတွက် မလိုအပ်လို့ထင်မိပါရေ။ အတင်းအဖျင်းစကားလုံးတိနန့် လမ်းဘေးစကားဝိုင်းတိကလည်း တော်လှန်ရေးကို အထောက်ကူပြုနီဖို့
မဟုတ်။ ဟန့်မရနိုင်ရေခေတ်လှိုင်းထက်မာ ကိုယ်လိုရာဆွဲပနာ အဆန်လှော်နီမိကေ အချိန်ကုန်ဆုံးခြင်းရာ အဖတ်တင်နီဖို့လို့ ထင်မိယင့်။ အရိပ်ရဖို့ တုံးဆွီးငုတ်တိုကို ရွက်နုထွက်အောင် ရီလောင်းအသက်သွင်းနီခြင်းထက် ပင်သစ်စိုက်စွာက ပိုကောင်း
ဖို့ထင်ရေ။
               ငတ်ခြင်း၊ မွဲခြင်း၊ လူမပီသခြင်းတိ ခန့်ခန့်ထည်ထည်နီရာယူလို့ စစ်အုပ်စု၏ နှိပ်စက်မှုနန့် နှစ်နှစ်ရာကျော် အမှောင်ဖုံးလွှမ်းနီရေ ခေတ်ဆိုးဒဏ်ရာက ရုန်းထွက်လွတ်မြောက်ဖို့ တမျိုးသားလုံး စည်းလုံးညီညွတ်
ပနာ တော်လှန်ခြင်းရာအောင်မြင်မှုပန်းတိုင်ကို ဆိုက်ရောက်နိုင်ကြောင်း အားလုံးသူရို့ သဘောပေါက်ကတ်ဖို့လို့ထင်ယင့်။ ဆင်ခြီဆင်လက် အတွန့်တိတက်ပနာ ငါမှငါ၊ ငါ့အဖွဲ့အစည်း၊ ငါ့ဆွေမျိုး၊ ငါ့ရွာသား၊ တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှိသား၊ အနောက်သား၊ အလယ်သား၊ ချောင်းသားလို့ ခွဲခြားနိန်ကတ်ကေ အောက်သားစစ်ဝါဒီရို့၏ သဘောက်ကျွန်ဘ၀က
ဒေကမ္ဘာသက်တမ်းကုန်ဆုံးရေအချိန်အထိ လွတ်မြောက်လီဖို့မဟုတ်ပါ။
             နည်းပညာ ကိုလိုနီချဲ့ထွင်ခြင်းနန့် အတွေးခေါ်မြော်မြင်မှု စွမ်းအားရို့ ယှဉ်ပြိုင်နိန်ကတ်တေ အသိပညာပေါက်ကွဲလွန် ကမ္ဘာ့ရွာမှာဝင်ဆန့်ဖို့ အိမ်မက်အသီတိမက်ခြင်းနန့် ခေါက်ရိုးကျိုးစီးကြောင်းထဲမာ ကျင်လည်မျိုးပါနီခြင်းတိကို စွန့်ပနာ ပတ်ဝန်းကျင်နန့် မျက်ခြီမပြတ်တေ ခြီလှမ်းသစ်တိကို လှမ်းရဖို့လို့ထင်ရေ။
            ကမ္ဘာ့နိုင်ငံအသီးသီးက စစ်မှန်ရေဒီမိုကရေစီစနစ်ကို အခြီတည်ပြီးကေ ပွင့်လင်းလူ့အဖွဲ့အစည်းတိကို ထူထောင်ပနာ ပညာရေးသည်အဓိကလို့ အနာဂါတ်မျိုးဆက်ရို့အတွက် လမ်းဖေါက်နိန်ရေအချိန်မာ အဆိပ်တိနန့် ရင်မှည့်နီရေ အရီခြုံစကားလုံး
တိကို ပျားရည်သုပ် နဖါးကြိုးတပ်ပနာ မြန်မာ့ဆိုယှယ်လစ် လမ်းစဉ်လို့ ဦးနေ၀င်း၏ ဆယ်စုနှစ်များစွာ ကြောင်သူတော်ရိုက်စား ဇာတ်လမ်းအတိုင်း အဂုလေ့ ကမ္ဘာကျော်မုဒိမ်းတပ်မတော်က အရွယ်မရောက်သိရေနိုင်ငံကို အပျိုရည်ဖျက်ပနာ သန်းငါးဆယ်ကျော် ပြည်သူရို့၏ အပွင့်၊ အဖူး၊ အနုချေတိကို ပုံစံတကျခူးစားလားဖို့ မြန်မာနည်း မြန်မာ့ဟန် ဒီမိုကရေစီလို့ အသံကောင်းဟစ်နီယင့်။ ပညာတတ်ဦးရေ ပွါးများပြီးကေ လူလတ်တန်းစားတိ အားကောင်းလာကေ အာဏာကို ရေရှည်ဆုပ်ကိုင်ဖို့ မရနိုင်ကြောင်း စစ်အုပ်စုသိရေအတွက် ပညာရေးကို စနစ်တကျဖျက်ဆီးလာစွာလေ့ ဒေနိထက်ထိပါ။ ငါးပါးသီလကို အလွတ်ကျပြီးကေ သာသနာရေးဝန်ကြီးဌာန၀န်ကြီးတက်လုပ်လို့ သာသနာပျက်နီပုံက နှိုင်းယှဉ်ရဖို့ဆိုကေ တာလီဘန်ရို့နန့် မခြားလို့ထင်မိရေ၊ မိမိအလိုကျ ဘာသာရေးကို ခါးပိုက်ဆောင်လုပ်ပနာ ခေတ်သစ်ပို့စ်မော်ဒန် ဗုဒ္ဓဘာသ၀င်စစ်ဗိုလ်ချုပ်ရို့ ပစ္စတိုခါးကြားထိုးပြီးကေ လူသတ်ဝတ်စုံနန့် ခိုးစားထားရေ ဖေသာတိကို အလှူအတန်းပီးနီခြင်း၏ အကျိုးရလာဒ်က ကုသိုလ်တပဲငရဲတပိဿာ ရောင်ပြန်ဟပ် အကုသိုလ်ကလည်လာဖို့…စွာအမှန်။
    ကြွေတလှဲ့ကြက်တခုန်ဆိုရေစကားနန့်အညီ လွန်ဆန်မှုမရနိုင်ရေ ပြောင်းလဲခြင်း ခေတ်မျက်နှာစာမှာကိုယ့်ရပိုင်ခွင့်အခွင့်အရေးတိကိုရယူဆုပ်ကိုင်ပနာ အမျိုးသားအကျိုးအတွက် ပီးဆပ်ခြင်းခြီလှမ်းသစ်တိလှမ်းလို့ အနာဂတ်ကို လက်ချင်းယှက်လို့ ခရီးဆက်လာဖို့ လိုအပ်ပါကြောင်း။                    
8.9.11
ဇာခါ ချုပ်ဖို့ လဲ
                                  ညီမင်း (ယိုးမြေ)
                                            ရင်ခုံ ရင်တုံလှုပ်ယှား
                                      ကြောက်စိတ် စိုးရိမ်စိတ်တိနန့်
                                 ခြီဖ၀ါး မြီခအောင် ပြီးလွှားလိုက်ချင်ယင့်
                                          စာတဆုတ် ပေတထုပ်ကို
                                             ညက်ညက်ကြီးမွားစား
                                         ပြောချင်ပိုင်ပြော ရီးချင်ပိုင်ရီး
                                       လုပ်ချင်ရာ လုပ်နိန်ကတ်လီယင့်။
                            စီးပွါးရေး နိုင်ငံရေး ငါရို့အရေးတိ များလိုက်တေပင်  
                                             ပြောလိုက်ကေ မိုးမောက်
                                              ယုံလောက်စရာ မိန်းခွန်း
                                          နားထောင်လို့တော့ ကောင်းရေ
                                                   ဦးထုပ်ဆောင်းတိ
                                                   ဘောင်းဘီဝတ်တိ
                                                   ယူနီဖေါင်းဝတ်ပြီး
                                               အမျိုးသားဝတ်စုံဝတ်ပြီး
                                စစ်ဖိနပ်ကြီးနန့် အရောင်တိတောက်နိန်လိုက်တေပင်
                                ရာထူးတိ ခန္တာမှာပြည့်နှက်အောင် ဆွဲထားကတ်တေ
                                        ရုပ်သီးပြဇာတ်ထဲကပိုင် မဟုတ်ကေလေ့
                                                 တခုလေ့ မထူးခြားပါ
                                                 ပြောတမျိုး လုပ်တမျိုး
                                        ဇာမျိုးပင်လုပ်လုပ် ငါရို့တရားရေလတ်
                                                  အာဏာက ပြောင်းဝမှာ
                                          ဖေသာဟိကေ ဇာမဆိုလုပ်လို့ရရေ
                                        ဒေချင့်ရေ နိုင်ငံတော် ဥပဒေသစ်လတ်
                                               ကောင်းလိုက်တေ ဥပဒေ
                                          ပြောင်မြောက်တေ အရည်အခြင်း
                                                 ကမ္ဘာမှာ တမျိုးရာဟိရေ
                                                 ဒေချင့်ရေ ဗိုလ်ချုပ်မျိုးတိ။
                                တချိန်က လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း
                                   သီမင်းတမန်တော် အဖေါ်ပြုလားကေလေ့  
                                  ပြည်သူတိ အံ့မခန်းအောင် ဂုဏ်ပြုခကတ်တေ
                                            တည်ကြည်ရေ ဂုဏ်ရောင်    
                                                  တိကျရေ ပေါ်လစီတိနန့်
                                            ပြည်သူ ကို ပြန်လှန်လေးစားလားရေ
                                     နိုင်ငံကိုထူထောင် လွတ်လပ်ရေးတောင် ရခဗျာယ်။
                                                     အခုတော့ မြန်ပြည်
                                                  အမြီတိ ဆက္ခံကတ္စြာ
                                                ဗိုလ်ချုပ်တိ မှူးတိခေတ်စား
                                            ပြည်သူတိ ကြောက်မခန်းလိလိပင်    
                                            မလာမနိန်ရ အတင်း အဓမ္မစုဝေးပွဲ
                                              ဒေချင့် အထက်အမိန်းပင်လတ်
                                                          မိုက်တိုင်ရှိရပ်
                                   မျက်မှန်နောက်က ပြည်သူကို လှည့်စားနိန်ရေမျက်လုံး
                                   ပြည်သူတိ မမြင်နိုင်ကေလေ့
                                       ဇာသူကို ဖမ်းရသတ်ရဖို့လဲ ချိန်ရွယ်နိန်ရေ
                                             တိုးတက်နိန်ရေဒေမိုကရေစီ
                                           ဒေအုပ်ချုပ်ရေး ဒေစနစ်ခေတ်
                                      ပြိုကွဲနိန်ရေ သပွတ်အူထဲက မြန်ပြည်
                                       သကာရောင်သန်းနိန်ရေ ဒေမိုကရေစီ
                                              ဇာခါ ချုပ်ငြိမ်းဖို့လဲ။
6.9.11
ပြည်သူ့ အကျိုးပြုသူများ . ( အသျှင် က္ကန္ဒာစက္က)
                                  ကဗျာသမား စာသမားသည်
                                   တိုင်းပြည်အတွက် ကလောင်လက်ဖြင့်
                                      ပြည်သူဘက်က မားမားရပ်လျက်
                                           လူထုအကျိုး ပြုနိန်၏။
                                  တန်းစွယ်ကိုင်ထား လယ်သမားလည်း
                                    နွားနန့်ထွန်တုံး ကိုင်ကာသုံးလျက်
                                  ထွန်ယက်စိုကပျိုး ၀မ်းစာတိုးအောင်  
                                  တိုင်းပြည်အတွက် ခွန်အားလက်ဖြင့်
                                     ပြည်သူ့အကျိုး ပြုနိန်၏။
                               သီနတ်ကိုင်ထား ရခိုင်သားက
                                       အောက်သားဗမာ ပျူ မိစ္ဆာကို                                                                              
                               ရခိုင်မြီက ခြီရာမထား
                                    တိုင်းပြည်အတွက် ဗုံးသီနတ်နန့်
                                        ပြည်သူ့အကျိုးပြု နိန်၏။
                                    ဆရာသမား သံဃာများလည်း
                                     ဟောပြောပြသ ဆိုဆုံးမလျက် 
                                    ယ္ခုနောင်ရေး ချမ်းသာအီးအောင်
                                    တိုင်းပြည်အတွက် ဓမ္မစက်ဖြင့်
                                       ပြည်သူ့အကျိုး ပြုနိန်၏။
                                 ပညာလိုလား ကျောင်းသားများသည်
                                    လူ့အခွင့်ရေး အပြည့်ပီးအောင်
                                  ကြံ့ကြံ့ခံကာ တောင်းဆိုကာဖြင့်
                                  တိုင်းပြည်အတွက် သတ္တိစွမ်းဖြင့်
                                       ပြည်သူ့အကျိုး ပြုနိန်၏။
                                   ရခိုင်ပြည်သား လူငယ်များလည်း
                               အချိန်ရွယ်ရောက် ကြီးကာမြောက်သော်
                                ဘာသာဘာဝ အိမ်ထောင်ချလျက်
                                 ရခိုင်ချင်းချင်း ပေါင်းဖက်ခြင်းဖြင့်
                              တိုင်းပြည်အတွက် မျိုးဆက်ပီးလျက်
                                      ပြည်သူ့အကျိုး ပြုနိန်၏။
                                     ရခိုင်သူမ ပျိုမိမရို့
                            အရွယ်လည်းရောက် စိတ်ကူးပေါက်
                               ရခိုင်ကိုရွီး ပေါင်းဆက်ပီးလျက်
                           တိုင်း ပြည်အတွက်  သားမွီးခြင်းဖြင့် 
                                    ပြည်သူ့အကျိုးပြုနိန်၏။
                             တော်လှန်သမား မျိုးချစ်များရို့
                              ရခိုင်ပြည်ရေး ဦးစားပီးလျက်
                             အရက်ဖဲဖာ ယှောင်ယှားကာဖြင့်
                                စာရိတ္တရေး တန်ဖိုးပီးလျက်
                               ပါတီမကွဲ တစည်းတည်းနန့်
                            ပေါင်းကာ စုကာ ညီညွတ်ကာဖြင့်
                         တိုင်းပြည်အတွက် ပြောက်ကျားစစ်နန့်
                                  ပြည်သူ့အကျိုးပြုကြပါ။           
                                             အသျှင် က္ကန္ဒာစက္က
  © Free Blogger Templates Spain by Ourblogtemplates.com 2008
Back to TOP