18.9.11

ဝေဖန်ရီးနန့် လူထုတော်လှန်ရီးသို့ (မောင်ထွီးချေ)

                       
                      အကျွန်မိတ်ဆွေတယောက်နန့် ရခိုင့်တော်လှန်ရေး နိုင်ငံရေးအကြောင်းဆွေးနွေးဖြစ်တေခါ သူ့ဝေဖန်မှုနန့်ပါတ်သက်လို့ အပြစ်တခုအဖြစ်မြင်စွာကို အကျွန်နားလည်လိုက်တေ။ အကျွန်ကယင်းမိတ်ဆွေကို ဘောလုံးဝေဖန်ရီးဆောင်ပါးသျှင် ငါ့လောက်ဘောလုံးကျောက်တတ်လာလို့ စိန်ခေါ်ရေ ဘောလုံးသမားဆိုစွာ အလွန်မိုက်မဲရာကျပါရေ။ ယင်းပိုင်ဗျာယ်၊ နိုင်ငံရေး၊ တော်လှန်ရေးကိုဝေဖန်ထောက်ပြ ဆွေးနွေးစွာကိုလေ့ ငါ့လောက်နားလည်လား၊ ငါ့ပိုင်လုပ်လာလားလို့ ပြန်မိန်းစွာ မကောင်းကြောင်း အကျွန်အကျယ်တ၀င့် ဆွေးနွေးဖြစ်တေအခါ ငြိမ်နားထောင်နိန်ပါရေ။ သဘောပေါက်လားစွာလား၊ မဟုတ်ကေ လူ့ဂွဇာချေနန့် မပြောဗျာယ်လို့ ငြိမ်ခံနိန်စွာလား မပြောတတ်ပါဗျာယ်။
                     အကျွန်ပြောလိုစွာက နိုင်ငံရေး တော်လှန်ရေးလုပ်ရခြင်းအကြောင်းတရားဆိုစွာ ပြည်သူလူထုအကျိုးကို အခြီခံပြီး လုပ်စွာပါ။ ပြည်သူလူထုအတွက်ဆိုစွာကြောင့် ပြည်သူတိအနိန်နန့် ဝေဖန်ထောက်ပြမှု၊ ပံ့ပိုးမှု၊ ဥပေက္ခာပြုမှု စရေတရားများဖြစ်လာရစွာပါ။ အဝေဖန်မခံလိုရေ အနုပညာသ္မားတယောက်အနိန်နန့်လဲ အဝေဖန်မခံလိုကေ အနုပညာတင်ဆက်မှုကို မလုပ်စွာက အကောင်းဆုံးပါဗျာယ်။ ဆိုကေ အကျွန်ရို့မြင်နိန်ရ၊ ကြားနိန်ရ၊ တွိနိန်ရစွာက ရခိုင့်တ်ာလှန်ရီး၊ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်စီချင်ရေ စေတနာဆန္ဒကြောင့် ပုံစံမျိုးမျိုးနန့် ဝေဖန်ထောက်ပြစွာကို တွိရပါရေ။
                       ရခိုင့်တော်လှန်ရီး၊ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှ ပြည်သူလူထုအကျိုးကို ရည်စူးလုပ်ဆောင်နိုင်လိမ္မည်လို့ နားလည်ထားကတ်တေလို့ အကျွန်မြင်မိပါရေ။ ရခိုင့်တော်လှန်ရီး၊ နိုင်ငံရီးပါတီတိအနိန်နန့်လေ့ တဖွဲ့ချင်းဖြစ်ဖြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုရှိရှုရေ ပြုပြင်ပြောင်းလဲမှုတိ လုပ်ရဖို့လို့ အကျွန်သုံးသပ်မိပါရေ။ ပါတီအဖွဲ့အစည်းဆိုစွာကလေ့ လူပုဂ္ဂိုလ်တိနန့် ဖွဲ့စည်းထားစွာရာမနား။ ဆိုကေ တယောက်ချင်းစီအနိန်နန့်လေ့ ပြုပြင်ပြောင်းလဲမှုတိကိုလုပ်လားရပါဖို့။ နောက်တချက်က ကိုယ်ဆုပ်ကိုင်ထားရေ အမှန်တရားရေ ဇာလောက်မှန်ကန်ပါလဲဆိုစွာ စောကြောရပါဖို့။ ယင်းစောကြောသုံးသပ်ဖို့ လိုအပ်မှုတိကို ဝေဖန်ရီးအသံတိက စုဆောင်းပနာသုံးသပ်ပြီး တဆင့်ချင်းပြောင်းလဲရပါဖို့။ အဂင့်ဂင့်ပြောရကေ ဝေဖန်မှုကျယ်ပြန့်ခြင်းစွာ တိုးတက်ဖို့အတွက်ဖြစ်ပါရေ။ အပြုသဘောဝေဖန်စွာဖြစ်ဖြစ် အပျက်သဘောဝေဖန်စွာဖြစ်ဖြစ် ဝေဖန်ခြင်းအခွင့်ရေးဆိုစွာ ပြည်သူတိမှာဟိပါရေ။ အကျွန့်အမြင်အတိုင်းသာ ရိုးသားစွာပြောရကေ ရခိုင့်တော်လှန်ရေး၊ နိုင်ငံရေးသ္မားတိ ကြိုက်တေဖြစ်စီ မကြိုက်တေဖြစ်စီ လက်မခံရေဖြစ်စီ ပြဿနာမဟိ။ ယင်းဝေဖန်ခံရသူရို့၏ အခွင့်အရီးပါဗျာယ်။ အကျွန့်မိတ်ဆွေတယောက် ပြောရေစကားကိုငှားသုံးရကေ ဝေဖန်ရီးကိုလက်ခံအောင် ဝေဖန်ခရြလူကြိုက်အောင် ဝေဖန်လိုက်ပါလို့ ပြောဖူးပါရေ။ အကျွန်ရို့ကြိုက်အောင် အဆင်ပြေအောင် ဝေဖန်မှုဘောင်ထဲက ရုန်းထွက်ဖို့ လိုအပ်နိန်ဗျာယ်လို့ တွေးမိပါရေ။
                          ယင်းအတွက်နန့် ရခိုင့်တော်လှန်ရီး နိုင်ငံရီးတိုးတက်စီချင်ကေ ပြည်သူထဲက ပြည်သူတိအနိန်နန့် ဝေဖန်လာအောင် အထူးသဖြင့် ကျယ်ကျယ်ပြန့်ပြန့် အဆင့်အတန်းဟိဟိ ဝေဖန်လာအောင်၊ ဝေဖန်တတ်လာအောင် ဆော်ဩလမ်းပြပီးရပါဖို့။ ဝေဖန်ရီးစလုပ်စွာမှာ ပုဂ္ဂိုလ်ရေးဆန်မှုတိ၊ ဆန္ဒဇွဲတိစသည်အားဖြင့် ပါလာကတ်ပါဖို့။ တယောက်နှစ်ယောက်ကသန့်ယှင်းစွာ ပုံမှန်ပုံဖေါ်ဆောင်လားပနာ ကာလတခု၌ ဝေဖန်ရေးကျယ်ပြန့်မှုတိနန့်တတူ ပုဂ္ဂိုလ်စွဲ ဂိုဏ်းဂဏစွဲတိ ပျောက်လားပါဖို့ရာ--။ လီးလီးနက်နက်စဉ်းစားစရာတခုက ပြည်သူလူထုကို ကိုယ်စားပြုပနာလုပ်နိန်ကတ်တေ တော်လှန်ရီး နိုင်ငံရီးပါတီတိပါရာ။ သူရို့ဇာလုပ်လုပ် ငါရို့ကြည်ဖြူရဖို့၊ မဝေဖန်ရ၊ ထောက်ပံ့ရဖို့ ဆိုရေအတွေးအခေါ်တိရေ မဖြစ်သင့်ပါယေ။ သူရို့လုပ်နိန်စွာ သူရို့မှန်နိန်ရေထင်လို့ လုပ်နိန်ကေလေ့ ပြည်သူတိအနိန်နန့် လမ်းချော်နိန်ရေလို့မြင်ကေ ထောက်ပြရပါဖို့။ ဥပမာ--ရခိုင့်အဖွဲ့အစည်းတခုက ရခိုင်ပြည်ကို ဘင်္ဂလီပြည်လို့ နာမည်ပြောင်းဖို့အတွက် လက်မှတ်ထိုးပနာ သဘောတူလိုက်ကတ်တေ--။ အကျွန်ရို့ပြည်သူတိ တော်လှန်ရေးနန့် လုံးဝမသက်ဆိုပနာ လက်ဖက်ကြည့်နိန်ကတ်ပါဖို့လား--။ ဥပမာတခုကိုဆွဲပြစွာပါ။
                        ပြည်သူလူထုကို ကိုယ်စားပြုရေဖြစ်စီ၊ မပြုရေဖြစ်စီ သက်ဆိုင်ရာ အဖွဲ့အစည်းဆိုစွာ ဦးခေါင်းနန့်တူပြီး ပြည်သူလူထုဆိုစွာ ခန္ဓာကိုယ်နန့်တူပါရေ။ ယင်းကြောင်းနန့် ဦးခေါင်းနန့်ခန္ဓာကိုဆက်စပ်ရပါဖို့။ လေ့လာမှုဖြတ်သန်းမှုတိအရ ဦးခေါင်းနန့်ခန္ဓာ ဆက်စပ်မှုမဟိခြင်းကြောင့် ရခိုင့်အဖွဲ့အစည်းတိ မတိုးတက်စွာပါ။ ဆိုလိုစွာက လူထုတော်လှန်ရေးတရပ်မဖေါ်ဆောင်နိုင်မှုကို မတိုးတက်ခြင်းလို့ပြောစွာပါရာ။ ဆိုကေ လူထုတော်လှန်ရေးတရပ်ဖေါ်ဆောင်ရာမှာ ပြည်သူလူထု၏ ဝေဖန်ထောက်ပြမှုဆိုစွာ အရေးကြီးပါရေ။
               
                         ဝေဖန်ထောက်ပြမှုကျယ်ပြန့်လာသည်နန့်အမျှ အဖွဲ့အစည်းတိ၊ လူပုဂ္ဂိုလ်တိ ပြုပြင်ပြောင်လဲမှုတိကို လုပ်ဆောင်လာရပါရေ။ ပြုပြင်ပြောင်းလဲမှုမဟိရေ အဖွဲ့အစည်းတခုဆိုစွာ လူထုတော်လှန်ရေးကို မဖေါ်ဆောင်နိုင်၊ လူထုတော်လှန်ရေးကို မဖေါ်ဆောင်နိုင်ကေ လူထုအကျိုးအတွက် ဇာပိုင်လုပ်ဆောင်နိုင်ပါဖို့လဲ။ ယင်းစွာ--ဆင့်ကဲဖြစ်စဉ်တခုပါ။
                           ပြည်သူလူထု၏ ဝေဖန်ထောက်ပြမှုကို လက်ခံပနာ ပြုပြင်ပြောင်းလဲမှုဟိရေ အဖွဲ့အစည်းဆိုစွာ ပြည်သူလူထုနန့် တထပ်တည်းကျပနာ လူထုတော်လှန်ရီးကို ဖေါ်ဆောင်နိုင်ပါရေ။ ယင်းဖြစ်ပေါ်မှုတရားစွာ သဘာဝနိယာမပါရာ။ လူထုတော်လှန်ရေးဖေါ်ဆောင်ရာမှာ လူထုဆန္ဒနန့် လိုက်လျောညီထွေဟိဖို့ လိုအပ်ပါရေ။ ဘ၀တိအသက်တိပီးဆပ်ပနာ လူထုအတွက်လုပ်ဆောင်နိန်ကတ်တေ ငါရို့အတွက် ချီးကျူးထောပနာပြုမှု၊ လေးစားဂုဏ်ယူမှု၊ ထောက်ပံ့ကူညီမှု၊ ပူးပေါင်းလုပ်ဆောင်မှုတိမဟိဘဲနန့် အခြင်းပြောကဲ့ရဲ့ဝေဖန်စွာကို ဂရုမစိုက်လို့ယူဆကေ၊ ယုံကြည်ထားကတ်ကေ လူထုကိုဆန့်ကျင်ရာကျပါဖို့လားမသိဗျာယ်။ ဇာကြောင့်ဝေဖန်ထောက်ပြရစွလဲဆိုစွာကို ဆန်းစစ်ဖို့လိုအပ်ပါဖို့။ ဆန်းစစ်ပြီးကေ ပြုပြင်ပြောင်းလဲသင့်စွာကို ပြုပြင်ပြောင်းလဲပနာ ပြုပြင်ပြောင်းလဲစရာမလိုအပ်လို့ ယုံကြည်ထားမှုတိကို ပြုပြင်ပြောင်းလဲဖို့မလိုအပ်ကြောင်း ယှင်းလင်းတင်ပြရပါဖို့လို့ အကျွန်မြင်မိပါရေ။ တချို့တလီက လူထုတင်ပြဝေဖန်မှုတိကို လုပ်ဆောင်ကေ လူထုနောင်မြီးဆွဲဖြစ်လားဖို့ယာလို့ ဆင်ခြီဆင်လက်ပီးကတ်စွာကိုလေ့ ကြားဖူးပါရေ။
                         နယ်ပယ်တိုင်းမှာ ချင့်ချိန်ဝေဖန်ပနာ ပြုပြင်ပြောင်းလဲစရာမလိုစွာကို ဇာကြောင်းမလိုအပ်ကြောင်းကို ခိုင်ခိုင်လုံလုံ ယှင်းလင်းသင့်ပါရေ။ အထွဋ်အထိပ်ကိုရောက်နိန်ရေလူတိစွာ ဇွဲနပဲနန့် ကိုယ်လိုရာကို ပုံဖေါ်လုပ်ဆောင်ကတ်တေပိုင် ပြောင်းလဲစရာဟိကေလေ့ သတ္တိဟိဟိ ပြောင်းလဲကတ်စွာကို လေ့လာမှတ်သားဖူးပါရေ။ တချို့တလီက ပြောင်းလဲခြင်းကို ဖေါက်ပြန်ခြင်းလို့ မြင်ကတ်စွာကိုတွိရယင့်၊ ဥပမာပေါ်လစီပြောင်းလဲခြင်း၊ တဖွဲ့မှအခြားကိုရောက်ဟိခြင်းကို ဖောက်ပြန်သူ မခိုင်မာလို့မြင်ကတ်ပါရေ။ ယင်းပိုင်ဆိုကေ ကိုယ်ယုံကြည်အားထားမှုတခုကို မပြောင်းမလဲဆုတ်ကိုင်ထားစွာကား မှန်လားလို့မိန်းစရာဟိလာပါရေ။ ကိုယ့်ယုံကြည်အားထားခြင်းကို အကောင်အထည်ဖေါ်ရာမှာ အောင်မြင်မှုမဟိကေ ဇာလုပ်သင့်ပါလေလို့ မိန်းကြည့်ချင်ပါရေ။
                             အကျွန်ဖတ်ဖူးစွာထဲကတခုကို ဖောက်သည်ချချင်ပါရေ။ နိုဗယ်ဆုသျှင် ရူပဗေဒပညာပါမောက္ခ ဟိုက်ဇိန်းဗတ်က ဒီဘိုးနိုးထံပီးစာတစောင်မှာ ကျောက်ခဲကျောက်ဆောင်ပိုင် တသမတ်တည်းတွေးခြင်းကြောင့် ဇာလောက်ဒုက္ခရောက်နိန်ကတ်လဲလို့ စဉ်းစားမိကေ ၀မ်းနည်းဖို့အလွန်ကောင်းပါရေလို့ စာတဖေ့ချေဖတ်ကြည့်လို့ တွိလိုက်ရပါရေ။ ဒီဘိုးနိုးလဲ တခါတရီမှာ ရီပိုင်တွေးရဖို့လို့ နားလည်လိုက်ပါရေ။ ကျောက်ခဲဆိုစွာ မာရေ။ မပြောင်းလဲတတ်။ အလျှော့်အတင်းမဟိ ပုံစံကအတိအကျဟိပြီးသားဖြစ်တေ။ ရီကမမာ။ ပြောင်လဲတတ်တေ။ ပုံသဏ္ဍာန်မတိကျ။ ကျောက်တုံးဆိုစွာ ပတ်ဝန်းကျင်အခြေအနေကိုဂရုမပြု။ အခြေအနေကို လိုက်ပနာမပြောင်းလဲတတ်။ ရီဆိုစွာ ထည့်ထားရေခွက်ပုံသဏ္ဍာန်နန့် လိုက်လျောညီထွေဖြစ်နိန်ပါရေ။ ယင်းစွာ အကျဉ်းမျှဖေါက်သည်ချစွာပါ။ အကျယ်အပြန့်စဉ်းစားစီချင်ပါရေ။
                                 ယင်းကြောင့်ပြုပြင်ပြောင်းလဲစွာကိုခိုင်မာမှုမဟိ သစ္စာဖေါက်တေလို့ မြင်စွာမကောင်းပါ။ အမျိုးသားအပေါ်မှာ သစ္စာမဖောက်ဆိုရေ ပေတန်နန့်ရာတိုင်းတာသင့်ပါရေ။ အမျိုးသားအပေါ်သစ္စာမဖေါက်ဘဲ ပြောင်းလဲခြင်းသဘောဆိုစွာ အဖြေကိုဦးတည်ပါရေ။ အဂင့်ဂင့်ဖြစ်သင့်စွာက တော်လှန်ရေးတရပ်အောင်မြင်ဖို့ဆိုစွာ လူထုတော်လှန်ရေးဖြစ်မှ အောင်မြင်မှုကိုရတတ်စွာပါ။ လူထုတော်လှန်ရေးဆိုစွာလဲ လူထုနန့်လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲမှဖြစ်တတ်စွာပါရာ။ လူထု၏လိုအပ်ချက်နန့် မိမိရို့လုပ်နိန်စွာ သီးခြားစီဖြစ်နိန်ကေ လူထုတော်လှန်ရေးဖြစ်ပေါ်လာဖို့ဆိုစွာ မဖြစ်နိုင်ဆုံးပါ။ အဓိကပြောချင်စွာက အဖွဲ့အစည်းတိလို့ခေါ်ရေ ခေါင်းနန့် ပြည်သူလူထုလို့ခေါ်ရေ ခန္ဓာပိုင်းဆက်စပ်မှုဟိအောင် အကျွန်ရို့အားလုံး လုပ်ဆောင်ပနာ လူထုတော်လှန်ရေးကို လုပ်ဆောင်ကတ်ပါမေ။ နောက်တခုက တချို့တလီ ထင်နိန်စွာဟိပါရေ--တော်လှန်ရေးဆိုစွာ လက်နက်ကိုင်မှလို့မြင်ကတ်ပါရေ။ ပြောချင်စွာက တော်လှန်ရေးဆိုစွာ ပြောင်းလဲအောင် လုပ်ဆောင်ချက်ဖြစ်ပါရေ။ စာအကြွင်းအနိန်နန့်ပြောရကေ အေရာစုနှစ်၏ အတော်ဆုံးသီအိုရီ ရူပဗေဒပညာသျှင် စတီဖိန်ဟောကိန်းက အကျွန်ရီးထားရေ အတွေးအခေါ်အားလုံးကို အားလုံးမှန်ကန်ရေလို့ ယူဆရန်မလိုပါလို့ ပြောစရာစကားနန့် အဆုံးသတ်လိုက်ပါရေ။

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP