နှစ်ပေါင်းနှစ်ရာကျော်
အဆိပ်သင့်နိန်ရေ လူထုကြီးက
ဖြေဆီးတခွက်ကို မျှော်ယင်းညောင်း
တောကိုအားကိုး မြို့ကိုအားကိုး
ကိုယ့်ဖက်ကိုယက်တေ လိပ်ခြီသည်းကြားမှာ
အငတ်ငတ် အမွတ်မွတ် နာကျဉ်းခံပြင်း
ဒေါသထွက်နိန်ရေ လူအုပ်ကြီးက
ဗြုန်းခနဲဆို ဗဟိုစည်တီးပလိုက်တေ။
ယေခါ
တောကလူတိရောက်လာ
မြို့ကလူတိရောက်လာ
အ၀ီးကလူတိရောက်လာ
တဒိုင်က ဗုဒ္ဓပူဇနိယအက
တဒိုင်က အငြိမ့်အက
တဒိုင်က အနောက်တိုင်းအက
တယောက်တပေါက် တေးသခြင်းတိဆိုလို့
တကျွတ်ကျွတ်ဆူနိန်တုန်း
ဗြုန်းဆို ဗဟိုစည်ကြီးပေါက်လားခရေ။
လူထုကြီးလေ့ လက်ပန်းကျ
တောလူ၊ မြောက်လူ၊ အ၀ီးရောက်လူတိလေ့
ဗုံ(စည်) မရ နှဲမရ
ကောက်ကျစ်ယုတ်မာရေ လိပ်တသင်းက..
အောင်နိုင်ပြုံးတိပြုံးလို့
ယေ၀ါယေ
ဒေတကြိမ်မှာ လူမျိုးပျောက်ဖို့စွာ(ကိန်း)