6.9.11

အမျိုးချစ်ကတ်ကေ (ခိုင်မင်းညို)

                    

        လောက၌ အချစ်အမျိုးမျိုးဟိသည့်အနက် မိမိတိုင်းပြည်နှင့် လူမျိုးကိုချစ်သောအချစ်ထက် မြတ်သောအချစ်သည်မဟိဟုဗုဒ္ဓစာပီလောကနီတိ၌ အတိအလင်းဆိုထားပါသည်။ အမျိုးချစ်သူတယောက်သည် မိမိ၏ဗီဇဘာသာစကား
ကို မမိန့်အပ်သလို ထိုးရှီးအယင်က ဘိုးဘွားအစဉ်အဆက်ရို့၏ မြင့်မြတ်သော ထုံးတမ်းအစဉ်အလာများကိုလည်း မဖယ်ယှားအပ်။ ကမ္ဘာတည်သရွိ ဆက်လက်စောင့်ထိန်းလျှက် ကမ္ဘာ့အလယ်၌ မိမိလူမျိုးတင့်တည်စွာနိန်နိုင်အောင် ခေတ်အခါပြောင်းလဲမှုနှင့် လိုက်လျော့ညီထွေစွာ ပြောင်းလဲမှုများကို စနစ်တကျ လုပ်ဆောင်ကြရမည်။
            မိမိအမျိုးကိုချစ်ကြလျှင် မိမိအမျိုးအတွက် အကျိုးဟိစီမည့် လုပ်ရပ်များကိုလုပ်ဆောင်လျှက် မိမိရို့အမျိုးအတွက် အကျိုးယုတ်စီမည့် လုပ်ရပ်များကို ဖယ်ယှားကာ မိမိအမျိုးကိုချစ်ကြောင်းကို သက်သီပြကြရမည်။ ပါးစပ်ကအမျိုးချစ်သည်ဟု တဖွါးဖွါးပြောရုံဖြင့် အမျိုးချစ်သည်ဟု သတ်မှတ်၍မရနိုင်ပေ။ ရောက်လီရာအရပ်၌ မိမိအမျိုးသားများ၏လူမှုရေး၊ ပညာရေး၊နိုင်ငံရေးရို့အတွက် တတ်အားသရွိ ကူညီဆောင်ရွက်ကြရမည်။ မိမိရို့လူမျိုး၏ ဖြစ်ပျက်နိန်မှုများကို လေ့လာသုံးသပ်လျှက်အားနည်းချက်၊ အားသာချက်များကို စီစစ်အဖြေရှာကြရမည်။ ခေတ်နှင့်ရင်ဘောင်တန်းနိုင်အောင် မိမိရို့လူမှုအဖွဲ့အစည်းကို မြှင့်တင်ကြရမည်။ မိမိရို့လူမှုအဖွဲ့အစည်းမြင့်မားမှ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားနိုင်မည်ဆိုသည်ကို မျိုးချစ်သူတိုင်း နှလုံးသွင်းကြရမည်။
           မိမိလူမျိုး၏ အမျိုးဂုဏ်ဇာတိဂုဏ်နိမ့်ကျလာမှု၏ အခြီအခံအကြောင်းတရားများကို ရှာဖွယ်ဖေါ်ထုတ်လျှက် အနာဂတ်အခါ၌ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားလာအောင် ကြံဆောင်လုပ်ဆောင်ကြရမည်။ (အတိတ်က အမျိုးဂုဏ်ဇာတိဂုဏ် မြင့်မားခဲ့ရခြင်းအကြောင်းကို လေ့လာသုံးသပ်ကြရုံမက) ပစ္စုပ္ပန်နှင့်အတိတ်ကို ဆက်စပ်ကြရမည်။ ရှီးအယင်က အမျိုးဂုဏ်ဇာတိဂုဏ် မြင့်မားရခြင်း၏ အဓိကအခြီခံအကြောင်းတရားမှာ မိမိလူမှုအဖွဲ့အစည်းတိုးတက်မှုကြောင့်ပင်ဖြစ်သည်။ မိမိရို့လူမှုအဖွဲ့အစည်း တိုးတက်ရခြင်းမှာလည်း အမြော်အမြင်ကြီးမားသော မင်းကောင်း၊ မင်းမြတ်များက တိုင်းပြည်ကို တရားဓမ္မနှင့်အညီ အုပ်ချုပ်လျှက် တိုင်းသူပြည်သားများကို လူရို့၏စောင့်ထိမ်းအပ်သော တရားများကို စောင့်ထိန်းစီခြင်း၊ လူရို့၏ လိုက်နာအပ်သော စည်းမျည်းစည်းကမ်းများကို နားလည်အောင် သွန်သင်ဆုံးမလျက် စည်းမျဉ်းစည်းကမ်းများကို လိုက်နာအောင် ကြံဆောင်လုပ်ကိုင်ခဲ့မှုခြင်းကြောင့်ဖြစ်သည်ကို မည်သူမျှငြင်းကွယ်နိုင်မည်မဟုတ်။
              အတိတ်က ရခိုင်ရို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်နိမ့်ကျလာခဲ့ကြရခြင်းမှာ လူမှုအဖွဲ့အစည်း တရက်ထက်တရက် နိမ့်ကျလာရခြင်းကြောင့် ဖြစ်ပါသည်။ မိမိလူမှုအဖွဲ့အစည်း နိမ့်ကျလာရခြင်းအကြောင်းမာလည်း အာဏာရူးအမတ်တဦး၏ ဖေါက်ပြန်ပြောင်းလဲသော မိမိနှင့်မထိုက်တန်သော အာဏာရမ္မမွတ်သိပ်မှုကြောင့် မင်းဆွီမင်းမျိုးများကို လုပ်ကြံသတ်ဖြတ်မှုကြောင့် မင်းကောင်းမင်းမြတ်မျိုးဆက်များ ပျက်သုဉ်းလားကာ တရားနှင့်မညီသော မင်းဆိုးမင်းညစ်များက ဘုရားမသိ တရားမဟိ၊ အုပ်ချုပ်မှုအပေါ်အခြီခံလျှက် တိုင်းသူပြည်သားများမှာလည်း လူရို့စောင့်ထိမ်းအပ်သောတရား၊ လူရို့လိုက်နာအပ်သော စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုမဟိသောကြောင့် လူမှုအဖွဲ့အစည်းတခုလုံးဖရိုဖရဲပျက်စီး၊ နိမ့်ကျလာခဲ့ရသည်။
           ယင်းကဲ့သို့ လူမှုအဖွဲ့အစည်း ဖရိုဖရဲပျက်စီး၊ နိမ့်ကျလားမှုကို အခြီခံလျှက်၊ သူများလူမျိုးအပေါ်အထင်ကြီးစိတ်၊ ကျွန်စိတ်များဝင်လာကာ ဗမာဘုရင်ဘိုးတော်မောင်ဝိုင်းအား တိုက်ခိုက်သိမ်းပိုက်ရန် တောင်းဆိုခဲ့သည်အထိ ဗီဇစိတ်ဓါတ် ယုတ်နိမ့်ပျက်ပြားလာခဲ့သည်။ မိမိတို့လူမျိုးရို့အထဲ ဖြစ်ပွါးနိန်သော ပြဿနာများကို မိမိလူမျိုးရို့အထဲတွင် ဖြီယှင်းမှုမပြုလုပ်ဘဲ အခြားလူမျိုးအပေါ် အမှီသဟဲပြုလိုသည့်စိတ်(သို့) မျိုးချစ်စိတ်များ ပျက်သုဉ်းလာခဲ့ရသည်။ ဗမာလူမျိုးရို့၏လှည့်ဖျားသော ထောင်ချောက်ထဲသို့ ရခိုင်သားရို့ ကျရောက်ကာ လူမှုအဖွဲ့အစည်း ပျက်သုဉ်းလားရုံမက ဘိုးဘွားဘီဘင်အဆက်ဆက် ကာကွယ်ထိမ်းသိမ်းလာခဲ့သော ထီးနန်းပျက်သုဉ်း လူဖြစ်ယှုံးကာ၊ အမျိုးပျောက်လုမတတ်၊ ဗမာရို့၏သတ်ဖြတ်မှု၊ လုယက်မှု၊ မုဒိန်းကျင့်မှု၊ စာပီယဉ်ကျေးမှု၊ ရိုးရာအမွီအနှစ်၊ ဇာတီပုထိုး၊ ဘုန်းကြီးကျောင်းများကို မီးယှိုးဖျက်စီးလျှက် ရခိုင်ရို့၏အမျိုး၊ဇာတိကို အစအနဖျောက်ရန် ကြိုးစားလာခဲ့ကြသည်။ ရခိုင်လူမှုအဖွဲ့အစည်းမှာလည်း တရက်ထက်တရက်နိမ့်ကျပျက်စီးလာခဲ့ရသည်။ ဤစပ်ကြား၌ မျိုးချစ်စိတ်ကင်း အတ္တတွင်းနက်သော ရခိုင်တချို့ရို့က ဗမာလူမျိုးရို့အတွက် အမှုတော်ကိုထမ်းရွက်သည်သာမက ဗမာရို့အကြိုက် မိုက်ဇတ်ခင်းခဲ့ကြသည်။ အကယ်၍ ရခိုင်မျိုးချစ်ခေါင်းဆောင်ကြီး မင်းသားကြီးရွှီဘန်း၊မြို့သူကြီး အောင်ကျော်ဇံ၊ ဒေ၀န်းကြီး အောင်ကျော်ရှီရို့က အင်္ဂလိပ်ရို့အကူအညီကိုယူ၍ ရခိုင်ပြည်ကိုသိမ်းပိုက်ရန် စိတ်ကူးမရောက်ခဲ့ပါက ဒေနိန့်အချိန်အခါဆိုလျှင် ဗမာရို့၏ရက်စက်သတ်ဖြတ်၊ သွီးနှောခြင်းရို့ကြောင့် ရခိုင်အမျိုးလည်း ပျောက်လောက်ပါပြီ။
                ရခိုင်ပြည်ကို အင်္ဂလိပ်ရို့အုပ်ချုပ်စဉ်အခါက ရခိုင်လူမျိုးရို့သည် တိုင်းတပါးသားရို့၏ အုပ်ချုပ်ခြင်းကိုခံရသော်လည်း ရိုးရာယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာ ဇာတီပုထိုးရို့ကိုကား ရိုင်းရိုင်းစိုင်းစိုင်းဖျက်စီးမှုကို မခံခဲ့ရရုံသာမက အင်္ဂလိပ်ရို့၏ ခေတ်မှီပညာရေးများကိုလည်း သင်ကြားခွင့်ရခဲ့ကြသည်။ စီးပွါးရေးအရ အမြတ်ထုတ်ချယ်လှယ်ခြင်း၊ အနည်းငယ်ဖိနှိပ်ညှင်းပမ်းခြင်းမှတပါး အခြားမဟိခဲ့။ ရခိုင်ရို့၏ရှီးတေ် စာပီယဉ်ကျေးမှုများကိုလည်း စာပီယဉ်ကျေးမှုရေးရာများကို ၀ါသနာပါသူ နယ်ချဲ့အင်္ဂလိပ်များက မှတ်တမ်းတင် ထိန်းသိမ်းခဲ့ကြသည်။ ဗမာရို့၏ မျိုးဖြုတ်သတ်ဖြတ်၊ သွီးရောမွားမျိုခြင်းရို့မှ ကာကွယ်နိုင်ခဲ့သည်ဟု ဆိုရမည်သာမက ရခိုင်လူမှုအဖွဲ့အစည်းလည်း တစိချေလောက် ခေါင်းထောင်လာနိုင်ခဲ့သည်ဟု ဆိုရပေမည်။ ဗမာရို့၏လက်အောက်မှ လွတ်မြောက်လာနိုင်ခဲ့ခြင်းသည် ရခိုင်ရို့အတွက် မိမိရို့တိုင်းပြည်ကို ပြန်လည်ထူထောင်နိုင်ရန်၊ မိမိရို့လူမှုအဖွဲ့အစည်းကို ပြန်လည်ထူထောင်နိုင်ရန် အခွင့်ကောင်းတရပ်ဟု ဆိုရပေမည်။ ရခိုင်ပြည်၌ ရခိုင်ပညာတတ်များ ပွါးများလာသည်နှင့်အမျှ ရခိုင်လူမှုအဖွဲ့အစည်း တိုးတက်လာခဲ့သည်ကို အကြောင်းပြု၍ ပညာရေးသည် လူမှုအဖွဲ့အစည်းတခု တိုးတက်လာမှုအတွက် အခရာကျသည်ဟုဆိုရပါမည်။ သို့သော် ရခဲ့သောအခွင့်ကောင်းများကို ပိုင်ပိုင်နိုင်နိုင်အသုံးမချနိုင်ခဲ့ခြင်းက ရခိုင်သားရို့အတွက် အဖိုးမဖြတ်နိုင်သော ဆုံးယှုံးမှုတရပ်ပင်။ ဗမာရို့၏ လှည့်ကွက်ထောင်ချောက်တွင် အာဏာရူးရခိုင်တစု၏ သက်ဆင်းခဲ့မှုကြောင့် ရခိုင်ပြည်ကြီးသည် ကံကြမ္မာဆိုးကြီး၏ဒါဏ်ကို နာတာရှည်ဖြတ်သန်း ရင်ဆိုင်လာခဲ့ရသည်။ ယင်းအာဏာရူးရခိုင်တစုက ရခိုင်သားရို့ကို ကျွန်ဗီဇာသက်တန်းတိုးပီးလိုက်သည်ဟု ဆိုရပေမည်။ ဤသည်မှာရခိုင်ခေါင်းဆောင်တချို့မိမိကံကြမ္မာကို မိမိဖန်တီးလိုသော စိတ်ဓါတ်ပျက်သုဉ်းကာ ကျွန်စိတ်ဝင်လျှက် သူတပါးလူမျိုးအား အထင်ကြီးပြီး သူတပါး၏အခိုင်းအစေ ကျွန်အဖြစ်အမှုထမ်းလိုစိတ်များ ဖြစ်ပေါ်ခဲ့ရခြင်းကြောင့်ဖြစ်ပါသည်။ ပိုဆိုးသည်မှာ မိမိကောင်းစားရေးအတွက် ကိုယ့်လူမျိုးအချင်းချင်း ညှင်းပမ်းမှုပင်ဖြစ်ပါသည်။
                 ဒေနိန့်အချိန်အခါ၌ဆိုလျှင် ရခိုင်ရို့အား ကျွန်ဗီဇာကို တိုးပီးနိုင်ရန်အတွက် ဗမာရို့ကြီးစိုးသော န၀တ၊ နအဖ ရို့သည် စစ်တပ်ကို အခွင့်ရေးပီးဖျက်ဆီးလျှက် သူရို့၏ ဗမာလူမျိုးကြီးစိုးချယ်လျယ်ရေး စစ်ဝါဒကို ပြောင်ပြောင်တင်းတင်း ထူထောင်ကာ ပြည်သူရို့အား နိုင်ငံရေးဘက်သို့ဥိးလှည့် မစဉ်းစားနိုင်စီရန်အတွက် ပြည်သူအများစုအား မ၀ရီစာစား ပြာပုံဘ၀ရောက်အောင် ဖန်တီးလျှက် လာဒ်ပီးလာဒ်ယူစနစ်ကိုအားပီး လာဒ်ပီးနိုင်သူ သို့မဟုတ် ၎င်းရို့၏သစ္စာတော်ခံများကို စီးပွါးရေးအတွက် အခွင့်ကောင်းပီးကာ သူရို့၏အာဏာတည်မြဲရေးအတွက် လက်ကိုင်တုတ်အဖြစ်မွီးစပ် ပျိုးထောင်လုပ်ပီးနိန်ပါသည်။ ပြည်သူရို့အား အတင်းအဓမ္မခိုင်းစေခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ စစ်တပ်၏အကာအကွယ်ကိုယူလျှက် အမျိုးရော၊ သွီးနှောခြင်း၊ ဗမာလူမျိုးများကို အခြားလူမျိုးများနိန်ထိုင်ရာ ဒေသများသို့ ရွှိပြောင်းအခြီချစီလျှက်ဗမာစကားမပြောသော ဒေသများ၌ ဗမာစကားပြောလာရသော အခြေအနေသို့ရောက်အောင် ဖန်တီးနိန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဟိနိန်ပြီဖြစ်ပါသည်။
             ဤစပ်ကြား၌ မိမိရို့အမျိုးသား ရခိုင်သားရို့ကလည်း ရ၀တ၊ က၀တ၊ ကျွန်နိန်ရာများကို အလုအယက် ဈီးကြီးပီးဝယ်ယူလျှက် တပည့်လူမိုက်များမွီးကာ ကိုယ့်သွီး၊ ကိုယ့်သားများကို တထွပ်ကြီအောင် နှိပ်စက်ညှင်းပန်းလျှက် လူမိုက်ကြီးဇာတ်ဆောင်အဖြစ် လူ့ဘ၀ဇာတ်စင်ထက်၌ မိုက်ဇာတ်ခင်းပြနိန်ကြသည်။ စစ်တတ်၏မျက်နှာသာပီးမှုကို ခံရရေးအတွက် ကိုယ့်သွီး ကိုယ့်သားများကို နှမသားချင်းမစာညှာ စစ်တတ်၏စစ်သားမယားငယ် အဖြစ်သို့ရောက်အောင် ဖန်တီးလုပ်ဆောင်ပီးခြင်း သို့မဟုတ် မိမိဇာတ်ကိုဖျက်၍ ဗမာလူမျိုးများတိုးပွါးလာရေးကို အမှတ်မထင် အားပီးကာ ကျွန်ကောင်းတံဆိပ်ခပ်ခံနိန်ကြသည်။ ထိုသည်သာမက ကိုယ့်သွီး၊ ကိုယ်သားများထံမှ သူရို့၏ပိုင်ဆိုင်သော အိမ်မြီနိန်ရာများ၊ပိုင်ဆိုင်မှုများကို စစ်တတ်နှင့်ပေါင်း၍ မိမိကိုယ်ကျိုးအတွက်သော်၎င်း၊  စစ်တတ်အကျိုးအတွက်သော်၎င်း၊ အနုကြမ်းစီ၍တမျိုး၊ ပြောင်တိုက်ဓါးပြတိုက်၍တဖုံ လုယက်တိုက်ဖျက်နိန်ကြသည်။
          ဤကဲ့သို့မိုက်ဇတ်ခင်းပြနိန်မှုရို့ကြောင့် ပြည်သူရို့သည် ဗမာရို့ကြီးစိုးသော နအဖစစ်တတ်နှင့်ကင်းဝီးရာ ပြည်ပသို့ထွက်ပြီးတိမ်းလျှောင်၍တမျိုး၊ နအဖရို့၏အထောင်းအထုဒါဏ် သက်သာစီရန် ကျေးရွာများမှမြို့ငယ်၊ မြို့ငယ်မှမြို့ကြီး၊ အခြားလူမျိုးများနိန်ထိုင်ရာ နိန်ရာဒေသမှ ဗမာပြည်မ၊ ဗမာပြည်မမှ ပြည်ပသို့စသည်ဖြင့် ဖေသာတတ်နိုင်မှုအပေါ်မူတည်၍ တဆင့်စီရွှိပြောင်းနိန်ထိုင်မှုများ လုပ်ဆောင်နိန်ကြသည်။ သို့သော် ဆင်းရဲမွဲပြာကျ တောင်သူလယ်သမား၊လက်လုပ်လက်စားများမှာကား နအဖရို့၏ထောင်းထုနှိပ်စက်မှုနှင့်တကွ နှိပ်ကွပ်မှုမျိုးစုံကို ရင်စီးခါးစီးခံနိန်ကြရရုံသာမက တချို့ဆိုလျှင်အိမ်မဲ့၊ ယာမဲ့၊ ပိုင်ဆိုင်မှုမဲ့ အစားမ၀ အအိပ်မဲ့ လူ့ငရဲဒဏ်ကို ခံနိန်ကြရပေပြီ။
         ထိုင်းနိုင်ငံရောက်ရခိုင်သားတချို့ဆိုလျှင်ကား မျှော်လင့်ချက်ကင်းမဲ့သော လောကကြီးဒါဏ်ကို မခံနိုင်သောအဆုံး၌ မူးယစ်ကျွန်အဖြစ်သို့သက်ဆင်းကာ မိုးခါးရီသောက်နိန်ကြရပေပြီ။ တချို့ဆိုလျှင်မှီဝဲ သုံးဆွဲရုံသာမက ရောင်းဝယ်ဖေါက်ကားလုပ်မှု၌ပါ ပါဝင်ပတ်သက်နိန်မှုများကိုပါ တွိနိန်ရပေပြီ။ အို..အမျိုးချစ်သောရခိုင်သားကောင်းရတနာရို့သင်ရို့၏အသွီးအသားရို့၏ ရင်နှင့်ဖွယ်ရာဇာတ်လမ်းများကို သဘာဝမကျထိုင်ကြည့်ကာ ရခိုင်လူမှုအဖွဲ့အစည်း ပျက်စီးပျောက်ကွယ်သည်အထိ ဆွံ့အနိန်ကြမည်လော။ ထိုသွီးရင်း သားရင်းရို့အတွက် ကောင်းမွန်သောထွက်ပေါက်တခုကို ပြုပြင်ဖန်တီးပီးလျှက် သမိုင်းကောင်းတခုကိုရီးရန် သင်ရို့လက်များမတတ်နိုင်ကြပြီလော။ အို..မူးယစ်ကျွန်ရို့ သင်ရို့သည် ရန်သူနအဖနှင့်သစ္စာမဲ့ မူးယစ်ကုန်သည်ရို့၏ အသုံးတော်ခံဖြစ်နိန်သည်ကို သင်ရို့သတိပြုမိကြပါသလော။
            အို….ရခိုင်အမျိုးသား၊ အမျိုးသ္မီးကောင်းရို့၊ အချင်းရို့၏စွမ်းအားများဖြင့် ရခိုင်လူမှုအဖွဲ့အစည်းကို စနစ်တကျပြန်လည်ထူထောင်ကြစို့။ အချင်းရို့သည် မိမိကိုမိမိ အမျိုးချစ်သူများဟု ခံယူကြပါလျှင် အချင်းရို့၏တတ်နိုင်သောစွမ်းပကားများကို အသုံးချလျှက် မိမိရို့လူမျိုး၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးရို့ မြင့်မားလာအောင် ကြံဆောင်ကြတော့အံ့။ အိုဗမာကြီးစိုး နအဖကျွန် ရ၀တ၊ က၀တ၊ မ၀တ၊ ပ၀တ၊ ရို့၊ သင်ရို့၏သွီးရင်းသားရင်းများကို တိုက်ရိုက်နှိပ်စက်ကလူပြုမှုကိုသော်၎င်း၊ နအဖစစ်တတ်လက်တွင်းသို့အပ်နှံကာ ညှင်းပမ်းနှိပ်စပ်ကလူပြုမှုများကိုသော်၎င်း ရပ်တန့်က ရပ်သင့်ပါပြီ။ အကယ်၍ သင်ရို့ကို နအဖစစ်တတ်က လက်ကိုင်တုတ်အဖြစ် ပျိုးထောင်မွီးမြူ၍မရနိုင်ပါက နအဖ၏အာဏာစက်များ သက်ရောက်မှုမဟိတော့ဘဲ နအဖယိုင်လဲပြိုကွဲလားမည်မှာ မုချပင်။ အို…မူးယစ်ကျွန်ရို့ မူးယစ်ဆီးဝါးများကို မှီဝဲရောင်းဝယ်မှုများကို ရပ်တန့်လျှက် အမျိုးကောင်းသားများဖြစ်အောင် ကြံဆောင်ကြလော့၊ နအဖနှင့် မူးယစ်ကုန်သည်ရို့၏ စီးပွါးရေးလုပ်ငန်းလည်ပတ်မှုများကို ရပ်တန့်အောင် သို့မဟုတ်၊ မူးယစ်လမ်းကြောင်းများကို ဖျက်စီးကာ သင်ရို့၏ရင်သွီး၊ သားရင်းများနှင့် သွီးသားရင်းမဟုတ်သူရို့၏ ဘ၀ကိုကယ်တင်ကြလော။

                                                                                                         ခိုင်မင်းညို

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP