6.9.11

ပြုပြင်ပြောင်းလဲမှ ရခိုင့်တော်လှန်ရေး ထွန်းပြောင်မည်

                                  
                                                                                                                             
                                                                    ဆောင်းပါး။   ။ကျော်ဝေ (လခြမ်းမြီ)       

          အနာဂတ်ကံကြမ္မာရေ လူငယ်တိလက်ထဲမှာဟိရေ။ အကျွန်ရို့ရခိုင့်လူ့အဖွဲ့အစည်းစွာလည်း မျိုးဆက်သစ် ရခိုင်လူငယ်တိလက်ထဲမှာဟိစွာကို အကျွန်ရို့ လူကြီးလူငယ်တိအားလုံး သဘောပေါက်နားလည်ကတ်ဖို့ ထင်မိပါရေ။ သဘောပေါက်ကေလေ့ လက်မခံရေလူတိဟိကတ်စွာကိုရေ အမျိုးသားအတွက် ကောင်းသော လက္ခဏာမဟုတ်ပါ။ သစ်ရွက်ဟောင်းတိနိန်ရာမှာ သစ်ရွက်သစ်တိ အစားထိုးဝင်ရောက်လာစွာပိုင် မျိုးဆက်ဟောင်းတိနိန်ရာမာ မျိုးဆက်သစ်တိ အစားထိုးဝင်ရောက်လာခြင်းရေ သဘာဝပါ။ ယင်းပိုင်ဖြစ်ပေါ်လာခြင်းစွာ တားဆီးလို့မရရေ နိယာမတရားဖြစ်ပါရေ။ ရခိုင့်တော်လှန်ရီးရေ  ကျွန်သက်နန့်ထပ်တူလို့ ပြောကတ်ပါရေ။ မျိုးဆက်အဆက်ဆက် တော်လှန်တိုက်ပွဲဝင်လာကတ်စွာ ကနိန့်အထိလို့ ပြောဆိုကေလေ့ ဗိုလ်ချင်းပျံလက်ထက်က တော်လှန်ရီးလောက် ဇာအချိန်ကမှ မထွန်းပြောင်ခသိ။ ရခိုင့် တော်လှန်ရီး..နောက်မှာကျန်ဟိနိန်ခြင်းရေ ဇာကြောင်းပါလဲ။ တချို့တလီက စည်းလုံးညီညွတ်မှု မဟိလို့လို့ ထောက်ပြကတ်တေပိုင် တချို့ကဖေသာဖြစ်တေလို့လည်း ထောက်ပြကတ်ပါရေ။ ယင်းထောက်ပြမှုတိရေ မှန်သင့်သလောက်မှန်ကေလေ့ လိုအပ်နိန်ဖို့သီးလို့ ထင်မိပါရေ။ အကျွန့်အမြင်က“ ခေါင်းဆောင်မှုပြဿနာလို့” လို့မြင်မိပါရေ။ ရခိုင့်တော်လှန်ရေးကို CARRYလုပ်ဖို့ ခေါင်းဆောင်ကောင်းလိုအပ်ပါရေ။“စုပေါင်းခေါင်းဆောင်မှု” ဆိုစွာလဲ အရည်အခြင်းပြည့်ဝရေ ခေါင်းဆောင်ကောင်းဟိမှ ဖြစ်လာပါဖို့လို့ထင်မိပါရေ။ ယင်းအားနည်းချက်ကို မကွယ်မ၀ှက်ဝန်ခံရဲဖို့ လိုအပ်ပါရေ။
အမျိုးသားတော်လှန်ရီးထွန်းပြောင်မှ ရခိုင်တမျိုးသားလုံးလွတ်မြောက်ပါဖို့။ ယေဇူးနန့် အရည်အခြင်းဟိရေခေါင်းဆောင်တိ မွီးထုတ်ပီးရပါဖို့။ ဆိုလိုစွာက အရည်အခြင်းဟိရေလူတိကို အသိအမှတ်ပြု လက်ခံလားဖို့စွာကို ဆိုလိုစွာပါ။ တနည်းပြောရကေ “အမျိုးသားသူရဲကောင်းဖြစ်ပေါ်ရီးကို ရှိရှုရပါဖို့” တိုင်းပြည်တပြည်လွတ်မြောက်ခြင်းဆိုစွာ ခေါင်းဆောင်ကောင်းဟိမှဖြစ်စွာပါ။ ယင်းပိုင်ဆင့်ကဲဖြစ်ပေါ်မှ တတိုင်းတပြည်လုံး အုံကြွပနာ တော်လှန်ရီးအောင်မြင်စွာပါ။ နောက်တချက်က အမျိုးသားအပေါ်မှာ သစ္စာဟိဖို့လိုပါရေ။ ဒေကိစ္စကိုမဆွေးနွေးးဗျာယ်။ ရခိုင့်တော်လှန်ရီးမျိုးဆက် မပြတ်တောက်ရီးကို မျိုးဆက်ဟောင်းများ ခိုင်ခိုင်မာမာအုတ်မြစ်ချမှတ်ဖို့လိုအပ်ပါရေ။ မျိုးဆက်တဆက်က မျိုးဆက်တဆက်ကို တော်လှန်ရီး ပခုံးပြောင်းတာဝန်ပီးတိုင်း အခြားမျိုးဆက်တဆက်မှာ ရခိုင်တော်လှန်ရီးစွာ ကြီးမားလာရပါဖို့။ ကြီးထွားမှုဟိခြင်း မဟိခြင်းဆိုစွာ ယင်းမျိုးဆက်၏ သမိုင်းမှတ်တိုင်ဖြစ်ပါရေ။ ယင်းမျိုးဆက်၏တာဝန်ဖြစ်ပါရေ။ သူဇာလောက်သမိုင်းပီးတာဝန်ကျီလဲဆိုစွာကို ယင်းပေတန်နန့်တိုင်းတာရပါဖို့။ ယင်းပိုင်ဗျာယ် မျိုးဆက်ဟောင်းနန့် မျိုးဆက်သစ်တိဂျိတ်ဆက်မိဖို့ အရေးကြီးပါရေ။ မျိုးဆက်ဟောင်းနန့် မျိုးဆက်သစ်တိ ဂျိတ်ဆက်မမိရေပြဿနာကို ကနိန့် အကျွန်ရို့ကြုံနိန်ရရေလို့ထင်မိပါရေ။ မျိုးဆက်ဟောင်းတိစွာ ခေါင်းဆောင်ဖြစ်လာရေ မျိုးဆက်သစ်တိကို ကြည်ဖြူစွာလက်ခံမှုမဟိခြင်းရေ အမျိုးသားအတွက် အကောင်း ၀မ်းနည်းဖို့ကောင်းပါရေ။ မျိုးဆက်ဟောင်းတိနိန်ရာမှာ မျိုးဆက်သစ်တိ မလွဲမယှောင်သာ အစားထိုး ၀င်ရောက်လာခြင်းဆိုစွာ နှစ်ပိုင်းဟိဖို့လို့ထင်ပါရေ။ သက်ကြားရွယ်အို( သို့မဟုတ်) သီဆုံးပြီးမှ
အစားထိုးဝင်ရောက်လာခြင်းနန့် အရည်အခြင်းပြည့်ဝခြင်းကြောင့် အစားထိုး ၀င်ရောက်လာခြင်းလို့ အကြမ်းအားဖြင့် နှစ်ပိုင်းဟိပါရေ။ မျိုးဆက်ဟောင်းတိသီဆုံးခြင်းနန့် သက်ကြီးရွယ်အိုဘ၀မရောက်မီ အရည်အခြင်းပြည့်ဝမှုအပေါ် မူတည်ပနာ မျိုးဆက်သစ်တိ အစားထိုးဝင်ရောက် ခေါင်းဆောင်အဖြစ် ပါဝင်ထမ်းဆောင်လားရေးရေ အကျွန်ရို့ ရခိုင့်တော်လှန်ရီးမှာ “စိန်ခေါ်မှု” တရပ်ဖြစ်နိန်ပါရေ။ အကျွန်သာဓကတခုအဖြစ် ဆွဲထုတ်ပြချင်စွာက အခုပေါ်ပေါက်လာရေ“ရခိုင်လူငယ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ” ( AYCC )ဖွဲ့စည်းမှုရေ“စိန်ခေါ်မှု” တရပ်ဖြစ်လာပါရေ။ သဘောရိုးနန့်သုံးသပ်ကေ ဒေစိန်ခေါ်မှုရေ မျိုးဆက်ဟောင်းတိကို စွမ်းအားမြင့် လုပ်ဆောင်စီရေးအတွက်သာဖြစ်ပြီး မျိုးဆက်ဟောင်းနန့် မျိုးဆက်သစ်တိ ပူးပေါင်းလုပ်ဆောင်ရေးအတွက်ကို ရှိရှုခြင်းသာဖြစ်ပါရေ။ မျိုးဆက်သစ်တိက မျိုးဆက်ဟောင်းတိကို ဖယ်ယှားခြင်းမဟုတ်လို့ အကျွန်မြင်မိပါရေ မျိုးဆက်ဟောင်းတိရေ မျိုးဆက်သစ်တိကို ပူးပေါင်းဆောင်ရွက်ဂတ်ဖိုဆိုစွာကို ၀န်လီးကတ်ပါရေ။ ပူးပေါင်းဆောင်ရွက်မှုဆိုစွာမှာလည်း သာမန် အသေးအမွှားကိစ္စတိကို ဆောင်ရွက်မှုကိုမဆိုလိုပါ။ မျိုးဆက်သစ်တိရေ လုပ်နိုင်ရေ စွမ်းအားနန့် အရည်အခြင်းပြည့်မီကေ မလွဲမရှောင်သာ နိန်ရာဖယ်ပီးခြင်းနန့် ပူးပေါင်းဆောင်ရွက်ခြင်းကို လုပ်ရပါဖို့။ အေပြဿနာစွာ ရခိုင့်တော်လှန်ရီးတခုလုံးမှာ ဟိရေပိုင် တဖွဲ့ချင်းမှာလဲဟိပါရေ။ တခါတလီ ၀တုတ်ဇာနှစ်သစ်စားဖူးလေ ဆိုရေမိန်းခွန်းတိရေ ကိုယ်အသုံးမကျစွာကို ဖေါ်ပြရာရောက်ပြီးကေ လူငယ်တိ၏မာန်မာနကို တိုက်ရိုက်စွာကားရာရောက်ပါရေ။ အမျိုးသားညီလာခံ( အကြို) မှာလည်းပူးပေါင်းပါဝင်မှုအသိအမှတ်ပြုမှု၏ အခမ်းကဏ္ဍအလျှောက်မျိုးဆက်ဟောင်းတိနန့် မျိုးဆက်သစ်တိရေ ၀ီးကွာခြင်း၊ ပေါင်းစည်းခြင်းတိ ဖြစ်ပေါ်လာတတ်ပါရေ။ လွတ်လပ်တေလူငယ်အဖွဲ့အစည်းတိ ဟိရေပိုင် ပါတီထဲကလူတိလည်းဟိပါရေ။ ဆိုကေ ယင်းလူငယ်နှစ်ရပ်စွာ အေညီလာခံမှာ ဇာလောက်ပါဝင်လာကတ်ဖို့လဲ လူငယ်တိဖက်ကလည်း ဇာလောက်ပြင်ဆင်မှုဟိလေ ပါတီအဖွဲ့အစည်းကို ကိုယ်စားပြုရေလူငယ်တိနန့် ရခိုင်လူငယ်ထုကို ကိုယ်စားပြုရေလူတိဆိုပနာ နှစ်ပိုင်းဟိရေဆိုစွာကိုလည်းထည့်စိုဉ်းစားရပါဖို့။ မျိုးဆက်ဟောင်းတိက အရည်အခြင်းပြည့်ဝရေ မျိုးဆက်သစ်တိကို အသိအမှတ်ပြုပနာ ပါတီကိုယ်စားပြု တက်ရောက်ခွင့်ဟိရေပိုင် သီးခြားလွတ်လပ်စွာ ဖွဲ့စည်းထားရေ လူငယ်တိလေ့ပါဝင်ဖို့လိုပါရေ။ ယင်းပိုင် ပူးပေါင်းပါဝင်စွာမှာလည်း ဇာလောက်ထိကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာအောင် တန်းခါးဖွင့်ပီထားလဲဆိုစွာကို အကျွန်ရို့စောင့်ကြည့်ရပါဖို့။ အေဥပမာဆောင်ဆွေးနွေးချက်စွာ အကျွန်ရိုးသားမှုနန့် ဆွေးနွေးချက်ဖြစ်ပါရေ။ အမျိုးသားညီလာခံကို ဝေဖန်ခြင်းမဟုတ်ပါ။အကျွန်ကိုယ်တိုင် ရခိုင်မသားတယောက်ဖြစ်လို့ ရခိုင်အရေးကို အပြုသဘောဆောင် ဆွေးနွေးခြင်းဖြစ်ပါရေ။ တချို့မျိုးဆက်ဟောင်းတိရေ ဝေဖန်မှုကို လက်မခံစွာကိုတွိဟိရလို့ အေပိုင်ပြောရခြင်းပါ။ နောက်တချက်က မျိုးဆက်သစ်တိအနိန်နန့်မိမိရို့ကြိုးပမ်းမှုဟိခြင်း အရည်အခြင်းပြည့်ဝခြင်းတိစွာလဲ ဆိုင်ရေလို့ဆိုစွာကိုလေ့ ထည့်တွက်ရပါဖို့လို့ ဆွေးနွေးကတ်ပါရေ။ အေဆွေးနွေးချက်စွာလဲ မှန်သင့်သလောက်မှန်ပါရေ။ အဓိကပြောချင်စွာက လူငယ်မျိုးဆက်သစ်တိကို အထင်မသေးဖို့ပါ။ မျိုးဆက်သစ်တိကို အထင်အမြင်သေးခြင်းဟိခြင်းရေ ကောင်းရေအရာမဟုတ်ဆိုစွာကို နားလည်ဖို့ လိုအပ်ပါရေ။
           AYCC ဖြစ်ပေါ်လာခြင်းစွာ ၀မ်းသာဂုဏ်ယူစရာပါ။ မတူကွဲပြားရေလူငယ်တိစုစည်းခြင်းရေ တွေးကြည့်ကေ အမျိုးသားတော်လှန်ရီးအတွက် ကြီးမားရေ အင်အားတရပ်လို့ အကျွန်မြင်မိပါရေ။ ပါတီထဲကလူငယ်တိ လွတ်လပ်စွာဖွဲ့စည်းထားရေ လူငယ်အဖွဲ့အစည်းတိ တသီးပုဂ္ဂလလူငယ်တိဆုံရပ်တခုအပေါ် ဆုံဆည်းလာခြင်းရေ အဂုဟိနိန်ရေ မျိုးဆက်သစ်တိ၏ ပြင်းပြရေစိတ်ဓာတ၊် ရိုးသားရေစိတ်ဓာတ်၊ ညီညွတ်ချင်ရေစိတ်ဓာတ်တိကို ညွှန်းဆိုခြင်းဖြစ်ပါရေ။ အေစုစည်းညီညွတ်မှုရေ အေမျိုးဆက်၏ သမိုင်းမှတ်တိုင်ပါ။ မျိုးဆက်ဟောင်းတိ ဖရိုဖရဲကွဲတိုင်းမျိုးဆက်သစ်တိလည်း ဖရိုဖရဲကွဲကတ်စွာ ဓမ္မတာတခုပါရာ၊ ထွား….အေမျိုးဆက်သစ်တိ၏အမြော်အမြင်ကြီးမားခြင်း၊ သဘောထားကြီးမားခြင်းတိနန့် စည်းလုံးညီညွတ်မှု တည်ဆောက်ခြင်းရေ မျိုးဆက်ဟောင်းတိ စည်းလုံးကတ်ဖို့ စေ့ဆော်နိန်ရေ“စိန်ခေါ်မှု”လားလို့ အကျွန်ထင်မိပါရေ။
AYCC  အနိန်နန့် ရခိုင့်လူငယ်ညီလာခံထိ သယ်ယူပနာ ယင်းညီလာခံက ရခိုင့်အမျိုးသားရီးကို ခိုင်မာရေဆုံးဖြတ်ချက်တိချကတ်ဖို့ ယင်းဆုံးဖြတ်ချက်တိအတိုင်း ချီတက်ကတ်ဖို့ဆိုရေ ဆုံးဖြတ်ချက်တိကိုလည်း ဆုံးဖြတ်ကတ်တေလို့ ကြားသိရလို့ မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် ရခိုင်လူငယ်ညီလာခံကျင်းပခရေ သမိုင်းတိကိုလားသတိရမိပါရေ။ ရခိုင့်အရီးမှာ မြေပုံညီလာခံရေ အထင်ကရသမိုင်းမှတ်တိုင်တခုပါ။ ယင်းညီလာခံဖြစ်ပေါ်လာရခြင်းရေ ရခိုင်လူငယ်ညီလာခံဖြစ်ပေါ်ပြီးမှဖြစ်ပေါ်လာရခြင်းဖြစ်ပါရေ၊ တနည်းပြောရကေ ရခိုင်လူငယ်ညီလာခံရေ“စိန်ခေါ်မှု”တရပ် ဖြစ်ခပါရေ   
ယင်းစိန်ခေါ်မှုကြောင့် သမိုင်းဝင်မြေပုံညီလာခံ ဖြစ်ပေါ်ခပြီး ဆရာတော်ဦးစိန္တာရို့နန့် ပူးတွဲပနာ လူငယ်တိရေ အဓိကနိန်ရာတိကို ယူခရေ။ ယင်းညီလာခံက ဖွဲ့စည်းလိုက်တေ ရခိုင်ပြည် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်မှာ လူငယ်တဦးဖြစ်သူ ဘုံပေါက်သာကျော်ရေ အထွေထွေအတွင်းရေးမှူး ဖြစ်လာခပါရေ။ ညီလာခံမုခ်ဦးမှာ“လွတ်လပ်ရီးကို ရွေးကောက်ပွဲနန့်ရဖို့လား ဟား ဟား ဟား”ဆိုရေဆိုင်းပုဒ်စွာ ကနိန့် ရခိုင်လွတ်လပ်ရေးသမားရို့ကို ခြောက်လှန့်နိန်သီးရေလို့ မြင်ပါရေ။ အေပိုင်ဗျာယ် ရခိုင့်အမျိုးသား ဆရာတော် ဦးဥတ္တမ ၁၉၂၂-ခုနှစ် ဂျူလိုင်လ နှစ်ရက်နိန့်က နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးမှာ ဟောကြားရေမိန့်ခွန်းထဲက စကားရပ်တခုကိုလဲ သတိရမိပါရေ။ယင်းစွာကို အဟိအတိုင်း ပြန်ပြောရကေ“လွတ်လပ်ရီးသို့ ရောက်ရန် ကိစ္စ၌၊ ထောင်များ၊ စက်တိုင်များမှ ဖြတ်လားရမည်ဖြစ်ကြောင်းမှာ ရာဇ၀င်ရို့တွင်လည်း အထင်အရှားရှိခဲ့ပါပြီ”လို့ ဟောကြားစွာကိုလည်း သတိရမိပါရေ။ မှန်ပါရေ လွတ်လပ်ရီးလိုချင်ရေ ရခိုင်မသားတိုင်း ဆရာတော်ဦးဥတ္တမပြောရေပိုင် ထောင်တိ၊ စက်တိုင်(ကြိုးပီးသီဒါဏ်ချမှတ်မှု)တိကို မလွဲမသွေ ဖြတ်သန်းကြုံတွိ့ရပါဖို့။
           ခေတ်သစ်မှာကျင်းပကတ်ဖို့ ရည်စူးထားရေ ရခိုင်လူငယ်ညီလာခံစွာလဲ ပြုပြင်ပြောင်းလဲရီးကို ဖြစ်ပေါ်စီဖို့လို့ ထင်မိပါရေ။တော်လှန်ရီးတရပ်အောင်မြင်ဖို့ဆိုစွာ အုပ်စိုးသူအဆက်ဆက်ကို တဘက်ကတော်လှန်ရေပိုင် တဘက်မှာလဲ တော်လှန်ရီးထဲမှာ တော်လှန်ရီး(ပြုပြင်ပြောင်လဲရီး)လုပ်ရပါဖို့။ ဇာကြောင်းလဲဆိုကေ ခေတ်တိုင်းခေတ်တိုင်း မျိုးဆက်တိုင်းမျိုးဆက်တိုင်းမှာ အမှိုက်တိဟိနိန်လို့ပါ။ အေမျိုးဆက်ရေနောက်ဆုံးမျိုးဆက်လားလို့ ဆင်ခြင်မိပါရေ။ အေမျိုးဆက်မှာ“ပန်းတိုင်”မရောက်ကေတောင်မှ ခိုင်မာရေတော်လှန်ရီးတရပ်ဖြစ်ပေါ်လာရီးအတွက်  ခိုင်မာရေအုတ်မြစ်ချထားခဖို့ အထူးလိုအပ်ရေလို့ အကျွန်ထင်မြင်မိပါရေ။ တော်လှန်ရီး မျိုးဆက်တိုင်းမျိုးဆက်တိုင်း သူ့မျိုးဆက်မှာ တော်လှန်ရီးမကြီးထွားကေ ယင်းမျိုးဆက်ရေ သမိုင်းပီးတာဝန်ကျီရေလို့ ဇာပိုင်မော်ကွန်းထိုးရဖို့လဲလို့ အကျွန်ပြောချင်ပါရေ။
                       ကျော်ဝေ (လခြမ်းမြီ)

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP