11.9.11

ရင်တွင်းဝေဒနာ အမျိုးသားတွက်ကဗျာ

     
အတိတ်ကို ကူတိုးပို့ရေသင်္ဘော၊ လီယိုင်ပျံ၊ ရထား၊ ကားမဟိလို့လားမသိ လူသတ္တ၀ါ၊ တိရိစ္ဆာန်ပါမကျန် သက်ဟိသက်မဲ့အားလုံး ရှိကိုရာတက်လှမ်းနိန်ကတ်ရေ။ ယေကေလေ့ အတိတ်ဆိုစွာကား ရှိကိုလားနိန်ရေလူတိနောက်ကို အရိပ်ပိုင် ကပ်လိုက်နိန်ရေဆိုစွာကို ဇာသူတဦးတယောက်လေ့ ငြင်းနိုင်ဖို့မဟုတ်ပါ။ ယင်းကြောင့် အောက်မွိခြင်း၊ လွမ်းဆွေးခြင်း၊ တမ်းတခြင်း၊ ပြန်လိုချင်ခြင်း၊ နာကျဉ်းခြင်းအစဟိရေ ရသပေါင်းစုံကိုဖက်ဖွေ့ပြီးကေ အနာဂတ်ထဲကို တိုးဝင်နိန်ကတ်ရရေ။
ယင်းပိုင်ခရီးလားကတ်စွာထဲမှာ လူသားတိရေ အထူးခြားဆုံးဖြစ်တေ။ ယေဘူယျအားဖြင့် လူတိရေ..တမျိုးတည်းဆိုကေလေ့ မတူကွဲပြားရေစိတ်ထား၊ စရိုက်လက္ခဏာ၊ ယဉ်ကျေမှု၊ ဘာသာစကား၊ စာပီ၊ ဘာသာတရားကိုးကွယ်မှု အစဟိရေမျိုးရိုးဗီဇ အယူအဆတိနန့် ကိုယ့်လူမျိုး၊ သူ့လူမျိုး၊ ကိုယ့်တိုင်း ကိုယ့်ပြည်၊ ကိုယ့်အုပ်စု၊ သူ့အုပ်စု ကွာခြားမှုတိနန့် အားပြိုင် ချီတက်နိန်ကတ်ရေ။
ယင်းရို့ထဲမှာ ရခိုင်လူမျိုးဆိုစွာလေ့ ကိုယ်ပိုင်မြို့ပြ၊ နိုင်ငံတည်ဆောက်ပြီးကေ နှစ်ပေါင်းငါးထောင်ကျော် ကိုယ့်မူပိုင်ဟန်နန့် အချုပ်အခြာအာဏာပိုင် ရခိုင့်နိုင်ငံတော်အင်ပါယာကြီးကို တည်ဆောက်လို့ ဂုဏ်သရေဟိဟိ ကမ္ဘာ့သမိုင်းမှာ ပါဝင်လှုပ်ယှားခပါရေ။ အဂုအချိန်အခါမှာ ရခိုင်လူမျိုးရို့ရေ အဖက်ဖက်ကဆုတ်ယုတ်မှုတိနန့် အယှုံးကိုပွေ့ဖက်ပြီးကေ၊ တဖြည်းဖြည်း မျိုးပျောက်ရာလမ်းကြောင်းဖက်မှာ စီးမျိုးရွင့်လာကတ်စွာAD(၁၇၈၄)-ခုနှစ်ကပင်ဖြစ်ပါရေ။ ယင်းအချိန်ကစပြီးကေ၊ ဗမာနယ်ချဲ့ရို့၏ မတရားသိမ်းပိုက်မှုတိအောက်မှာ၊ ကျွန်ဇာတ်ဝင်လို့ လက်ပြောင်း လက်လွှဲ ကျွန်သံသရာထဲက အဂုထိရုန်းမထွကနိုင်ကတ်ပါသိ။
လူမျိုးတမျိုးတည်တန့်ခိုင်မြဲဖို့အတွက် အဓိက၀င်ရိုးရေ စည်းလုံးညီညွတ်မှုဖြစ်ပါရေ။ ရခိုင်ရို့မှာ စည်းလုံးညီညွတ်မှုပြိုကွဲလားလို့ ကျွန်ဖြစ်ရရေပိုင်၊ ဂနိန့်ထိလည်း ပြိုကွဲနိန်လို့ ကျွန်ဇာတ်ထဲမှာ ကြမ္မာငင်နိန်ရတုန်းဖြစ်ပါရေ။ ယေကေလေ့ ရခိုင်ရို့မှာ အထက်ကရီးခရေပိုင် အတိတ်ရေ ရခိုင်သားရို့နောက်မှာ ကပ်လိုက်နိန်လို့ မိန့်မရ၊ ဖျောက်မရ ရခိုင့်နိုင်ငံတော်၏ ရွှီရောင်တောက်ပခရေ..ခေတ်နိန့်၇က်တိကို အောက်မွိကတ်တေ။ အတိတ်မှာ ကိုယ်ရို့ပိုင်ဆိုင်မွိပျော်ဖူးခေ ရရွတ်လပ်မှုတိကို တမ်းတကတ်တေ။ ကိုယ်ရို့အချုပ်အခြာအာဏာကို ပြန်လိုချင်ကတ်တေ။ ယင်းအတွက်နန့်..တော်လှန်တိုက်ပွဲဝင်လာကတ်စွာ နှစ်ပေါင်းနှစ်ရာကျော် ကြာလာပါဗျာယ်။
ရခိုင်အမျိုးသားတော်လှန်ရေးရေ ဆယ့်ယှစ်ဆယ့်ကိုးရာစုရို့မှာ အင်နန့် အားနန့် စနစ်တကျ တော်လှန်နိုင်ခကေလေ့ နောက်ပိုင်းမှာ တရွိရွိကျဆင်းလာပြီးကေ နှစ်ဆယ်ရာစုနှစ်ကိုရောက်တေခါ..အဓိကလမ်းကြောင်း၊ အဓိကမှတ်တိုင်တိ ပျောက်လားပြီးကေ ဗမာတော်လှန်ရီးနှင့် ရောထွီးပနာ အမျိုးသားတော်လှန်ရီးအသွင်ရေ မြုပ်တခါ ပေါ်တလှည့်နန့် ရီစုံမျိုးလာလတ်စွာ အဂုဆိုကေ အမျိုးသားတော်လှန်ရီးရေ အသံဟိပြီးကေ၊ အဆံမပါရေ သင်္ကြန်အမြောက်ပိုင် ဖြစ်နိန်ပါရေ။ အဆံဟိဖို့အတွက် တိုးတက်ပြောင်းလဲဖို့အတွက် အောင်ပွဲခံနိုင်ဖို့အတွက်..လုံးချင်းတည်းလုပ်လို့မရပါ။ စည်းရုံးညီညွတ်မှုမဏ္ဍိုင်အောက်မှာ တမျိုးသားလုံး ပါဝင်ချီတက် တော်လှန်ကတ်ရပါဖို့။ ဒေန့်နိသမိုင်းပီးတာဝန်ရေ ရခိုင်သားရို့အတွက်ယှောင်မရရေ တော်လှန်ရီးတာဝန်တရပ်ပင် ဖြစ်ပါရေ။
တော်လှန်ဝံ့မှရာ ရွှီရောင်တောက်ပရေ နိန့်သစ်တိကို လက်တွိကျကျ စိတ်ကူးယဉ် ပုံဖေါ်နိုင်စွမ်းဟိပါဖို့။ ယင်းပိုင်မဟုတ်ဘဲ အာရုံခေါ်နှိုးတိုင်း အတိတ်ကမြင်ကွင်းစိမ်းကို တမ်းတနိန်လို့လေ့ အပိုပါရာ။ ရွတ်လပ်ကမ္ဘာမှာ ပျော်ရွှင်ချမ်းမြေ့စွာ နိန်ထိုင်နိုင်ကတ်တေ လူမျိုးတိရေ တော်လှန်တိုက်ခိုက်ဝံ့ရေ လူမျိုးတိဖြစ်ပါရေ။ ယင်းကြောင့် အကျွန်ကကဗျာချေတပုဒ်ကို ဒေပိုင်ခံစားရီးစပ်ကြည့်ပါရေ။

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP