
သမိုင်းစာမျက်နှာသစ်
ဖွင့်လှစ်ကြရန်
ဝံလက်ငှက်များ ပျံလာပြီ။
ဝံလငှက်များ အင်အားနှင့်ပျံ
ကောင်းကင်ယံဝယ်၊ လီဟုန်စီး၍
ပြည်ကျိုးအတွက် သက်စွန့်ဆန်ဖျား
တိုက်ခိုက်လားရန်၊ မာန်ဟုန်ပြင်းပြင်း
သွီးနှင့်ရင်းတည်၊ ရခိုင်ပြည်အား
ပြန်လည်တည်ဆောက်ကြတော့မည်။
ဝံလက်ငှက်များ ဇာနှည်ဖွားရို့
အင်အားအဖြစ် ထုဆစ်လိုက်ကြ
ရိုးမပြည်ဘက် တောင်ပံနှက်၍
ချီတက်ဖြောင်းဖြောင်း၊ ထောင်းလမောင်းထ
ပျံလာကြ၏၊ ဘူမိရက္ခိတပုတ္တရများ။
သမိုင်းစာမျက်နှာသစ်
ဖွင့်လှစ်ကြရန်
ဝံလက်ငှက်များ
ပျံလာပြီ။
ခိုင်လင်း(မေဃဝတီ)
၁၊ ၄၊ ၂၀၀၄
(ရခိုင့်အမျိုသားကောင်စီသို့ ဂုဏ်ပြုဖွဲ့ဆိုသည်)