ဩော်--မိခင်
စိတ်ကစိုဉ်ကလျားနန့် အတွေးတိနှိပ်စက်
အိပ်မရနိန့်ရက်တိမှာ
အမြဲသတိရလွမ်းစွာက--မိခင်။
လမ်းတကာလျှောက်၊ အရပ်တကာရောက်လို့
အသိတရားများ၊ ခရီးမဟာလားကေလေ့
မဟိအသပြာပါလားမိခင်။
အ၀ီးကမိခင်ကိုလွမ်းတိုင်း
စာတကြောင်းကဗျာတပုဒ်ရီး
အများတကာကိုအသိပီး
သတိဟိဖို့တင်ပြ
ရင်မဆန့်ရေဝေဒနာ
တကိုယ်လုံးမှာပြည့်လို့ အပိုဆုပင်မရခပါမိခင်။
မိခင်လေ့မ၀တ၀ သားလည်းမလှမပနန့်
အသိတရားပွါးရေသင်္ခန်းစာ
မိခင်ရွာသို့ယူဖို့စရိတ်
အားလုံးယိုဖိတ်
လက်ဟိအဖြစ်စုပ်စုပ်နစ်
မဟုတ်တဟုတ် လူဖြစ်ရရေ--မိခင်
ခေတ်ဆိုးခေတ်ယုတ်မှာ အသက်တချောင်းအတွက်
အုလုပ်လုပ် မိခင်နန့်သား ၀ီးမြီခြား
သင်္ခါရတရား၊ မတွေးငြား
မိခင်အနား အရောက်လာဖို့
“ယောင်္ကျားမနား”လို့ အားကိုတင်း
တင်းယင်းနန့်ခေတ်တိပျက်
အခက်အလက်ကျိုး
ခရီးတ၀က်မျိုးနန့် အသိပျက်နိန်ရပါရေ--မိခင်။
မောင်ယု
၂၁၊ ၉၊ ၂၀၀၂၊(မွီးမိခင်သို့တမ်းတမှု)
၂၁၊ ၉၊ ၂၀၀၂၊(မွီးမိခင်သို့တမ်းတမှု)