11.9.11

...

            ကိုယ့်နှင့်မဆိုင်သောကိစ္စရပ်၊ ကိုယ်နှင့်မပတ်သက်သောကိစ္စရပ်ရို့အတွက် သူများကိုယ်စား မဆီမဆိုင် နာတတ်ကြသူများကို ရခိုင်စကားပုံ၌ အိုးကမပူ ခွက်ကပူဟူ၍ စောင်းမြောင်းပြောဆိုတတ်ကြသည်။ ဗမာရို့ကမူ၊ အိုးကမပူ ဇလောင်းကပူဟူ၍ ခေါ်ဝေါ်သုံးစွဲတတ်ကြသည်။ တော်လှန်ရီးထဲ၌လည်း၊ ကိုယ့်လူမျိုးနှင့် မသက်ဆိုင်မပတ်သက်သူ၊ ဗမာရို့၏မှားကွက်ကို ထောက်ပြသည့်အခါတွင်၎င်း၊ အတုအယောင် ရိုဟိန်ဂျာအကြောင်းကို၊ အဟိကိုအဟိတိုင်း တင်ပြသည့် အခါတွင်၎င်း၊ မိမိရို့၏ အမျိုးသားခံယူချက်များကို ပြောပြသည့်အခါတွင်၎င်း၊ ဗမာနှင့် အတုအယောင် ရိုဟိန်ဂျာများကိုယ်စား နာတတ်သူများကို တော်လှန်ရေးတွင် တိုက်ရိုက်ပါဝင်ပတ်သက်နိန်သူများသည်၎င်း၊ တော်လှန်ရီးနှင့် နီးစပ်မှုဟိနိန်ကြသူများသည်၎င်း၊ ကြုံဖူးတွိဖူးကြပါလိမ္မည်။ ထိုသူများကို အိုးကမပူ ခွက်ကပူသည့်လူစားမျိုးအဖြစ် အမည်မှည့်ခေါ် သတ်မှတ်လိုက်ရပါသည်။
          တိုင်းပြည်တပြည်လွတ်လပ်ရီးရဟိရန်အတွက် ကျွန်ပြုခံပြည်သူများက ကျွန်ပြုသူဘက် ပြည်သူများထံမှ ထောက်ခံမှုရဟိလာအောင် ကြိုးစာခြင်းသည်လည်း တော်လှန်ရီး၏ နည်းဗျူဟာတခုအဖြစ် သတ်မှတ်ကြပါသည်။ အင်္ဂလိပ်ကဲ့သို့သော ယဉ်ကျေးမှုအရမြင့်မားပြီး၊ လူမျိုးရေးအရ သဘောထားပြည့်ဝသည့် လူမျိုးရို့၏ ပြည်သူရို့သည် ကျွန်ပြုခံနိုင်ငံများကို လက်လွှတ်လိုက်ဖို့(သို့)လွတ်လပ်ရီးပီးဖို့ တောင်းဆိုမှုများဟိခဲ့ကြောင်း၊ စာပီနှင့်ယဉ်ပါးသူ၊ စာပီဗဟုသုတပြည့်ဝသူရို့၏ ပြောစကားကို နားထောင်မှတ်သားဖူးပါသည်။ ဤသို့ဆိုလျှင် ရခိုင်ပြည်လွတ်လပ်ရေးအတွက်၊ ဗမာပြညသူများကို စည်းရုံးရမည်မှာလည်း ရခိုင်ရို့အတွက် နည်းဗျူဟာတခုအဖြစ် အတင်းတိုးဝင်လာပါသည်။ သို့သော် ဗမာလူမျိုးရို့ကို ရခိုင်ပြည်လွတ်လပ်ရီးအတွက်ကား စည်းရုံး၍ရနိုင်မည်လား၊ ဤအဆင့်အထိလက်ခံနိုင်အောင် သဘောထားပြည့်ဝသည့်ဗမာများကား လူ့ဘ၀တွင် အသက်ရှင်လျှက် ဟိနိန်ပါမည်လား၊ ဆိုသည်မှာ မိန်းစရာ မဟာရမိန်းခွန်းတခု၊ ရခိုင်ပြည်လွတ်လပ်ရီးအတွက်၊ ဗမာရို့ကိုစည်းရုံးဖို့မဆိုထားနှင့်၊ ရခိုင်ရို့က မိမိရို့၏ကိုယ်ပိုင်ရပိုင်ခွင့်ဖြစ်သော ရခိုင်ပြည်လွတ်လပ်ရီးအတွက် တောင်းဆိုတိုက်ပွဲဝင်နိန်သည်ကိုပင်လျှင် သက်ဆိုင်သူ ဗမာများနှင့် မသက်ဆိုင်သည့် ဗမာဘက်တော်သားများက အမျိုးသားရီးအစွမ်းရောက်သူများ၊ ကျဉ်းမြောင်းသူများဟု ကပွန်းတတ် မှည့်ခေါ်တတ်ကြပါသည်။ ဤသို့ကြုံတွိရသည့်အခါတိုင်း ဗမာဘက်တော်သားများ၏ အတွေးအခေါ်ကို အွနှလုံးနာရွံချာမိပါသည်။ ဗမာရို့၏မှိုင်းမိခံနိန်ရမှုကို စိတ်မကောင်းဖြစ်၊ တခါတရီမှာ သနားလည်းသနားမိပါသည်။ 
          ဆိုဗီယပြည်ထောင်စုပြိုကွဲခြင်းသည်၎င်း၊ ကနေဒါနိုင်ငံ၌ ကွိအက်ပြည်နယ်က သီးခြားခွဲထွက်ခွင့် တောင်းဆိုသော်လည်း ပြည်သူအများစု၏ကန့်ကွက်မှုကြောင့် ခွဲထွက်ခွင့် အခွင့်အရေး ဆုံးယှုံးရခြင်းသည်၎င်း၊ ဒီမိုကရီစီ၏အနှစ်သာရကို အပြည့်အ၀ဆောင်နိန်ပါသည်။ နည်းတူပင်လုံစာချုပ်၊ မာနယ်ပလောစာချုပ်၊ တိုင်းရင်းသားလူမျိုးများနှီးနှောဖလှယ်ပွဲ(မယ်သရောထာ)၏သဘောတူညီချက်များ၊ သိုးမွေးကလိုသဘောတူညီချက်များသည်လည်း၊ ဖယ်ဒရယ်စနစ်ပေါ်တွင်အခြီခံသည့် ဒီိမိုကရီစီသဘောတရားပြည့်ဝသောစာချုပ်များ၊ သဘောတူညီချက်များဖြစ်သည်။ အမျိုးသားတော်လှန်ရီးကို ဆင်နွှဲနိန်ကြသည့် ရခိုင်အပါအ၀င် အခြားလူမျိုးများသည် လက်နက်စွဲကိုင်တိုက်ပွဲဝင်နိန်ရသည်မှာ ထိုကဲ့သို့သောတရားဝင် စာချုပ်များဟိလျှက်နှင့် ဗမာအစွမ်းရောက်ဝါဒီရို့၏ နင်းခြီဖျက်စီးခြင်းခံရ၍သော်၎င်း၊ သက်ဝင်မှုမဟိ မျက်ကွယ်ပြုခံရ၍သာ ဖြစ်သည်ကို အိုးကမပူ ခွက်ကပူလူစားများအား ယှင်းပြလိုက်ရပါသည်။
           အကယ်၍ တနိန့်သောအခါ၌ ထိုကဲ့သို့စာချုပ်များ သဘောတူညီချက်များသည် မြန်မာနိုင်ငံဟု ခေါ်တွင်သောနိုင်ငံ၌ သက်ဝင်လာသောအခါ သီးခြားနိုင်ငံအဖြစ်ခွဲထွက်မည် မခွဲထွက်မည်မှာ အဓိကအားဖြင့်
           (၁) ဗမာရို့နှင့်အတူ လက်တွဲနိန်ထိုင်လျှင် အမျိုးသားတန်းတူရေးကို အပြည့်အ၀ခံစားရမည်လော။
          (၂) ဗမာနှင့်အတူလက်တွဲနိန်ခြင်းထက် သီးခြးနိန်ထိုင်ခြင်းက မိမိရို့၏ အမျိုးသားပြည်သူလူထုအထွက် ပို၍အကျိုးပြုနိုင်မလား။
          (၃)  ဗမာပြည်မှ သီးခြားနိုင်ငံအဖြစ် ခွဲထွက်လိုက်လျှင် ပြည်ပ၏ကျူးကျော်မှုကို ခံရနိုင်မညလော်။
         (၄)လူမျိုးတမျိုးနှင့် တမျိုးအကြား မည်သည့်အတိုင်းအတာအထိ ယုံကြည်မှုတည်ဆောက်နိုင်မည်နည်း။ ဆိုသည့်အချက်များအပေါ်တွင် မူတည်နိုင်ပါသည်။ လူမျိုးတမျိုးနှင့်တမျိုးအကြား ယုံကြည်ခြင်းသည်လည်း သဘောတူစာချုပ်များကို မချိုးမဖေါက်ဘဲမည်သည့် အတိုင်းအတာအထိ သက်ဝင်ယုံကြည်ကြပြီး ကျင့်သုံးကြသလဲ ဥပဒေများသည် မည်သည်လောက်အထိ သက်ဝင်မှုဟိသလဲဆိုသည့်အပေါ်တွင် အဓိကမူတည်နိန်ပါမည်။ ဤအချက်ကိုဗမာရို့က ပြည့်ပြည့်၀၀ လက်ခံကျင့်သုံးကြမည်လော။
ဗမာပြည်ပြိုကွဲမည် မပြိုကွဲမည်ဆိုသည်မှာ အထက်ပါအချက်ကြီးများအပေါ်တွင် မူတည်နိန်ပါမည်။ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ပြီးမှ ခွဲထွက်သောနိုင်ငံများလည်းဟိလာမည်။ ခွဲထွက်သူများကို အမျိုးသာရေး အစွမ်းရောက်သမားများဟု မဆိုနိုင်၊ ဗမာတို့နှင့်ပူးပေါင်းသူများကိုလည်း ဗမာနောက်လိုက်ဟု စွပ်စွဲ၍ရနိုင်လိမ္မည်မဟုတ်ပေ။ မိမိလူမျိုး၏အကျိုးစီးပွါး၊ မိမိလူမျိုး ရေရှည်တည်တံ့နိုင်မှု အခြေအနေအပေါ်တွင်မူတည်ပြီး ချင့်ချိန်သုံးသပ် ဆုံးဖြတ်ကြပါလိမ္မည်။ ထို့ကြောင့် အိုးကမပူခွက်ကပူသူများကို ပြောလိုသည်မှာ အမျိုးသားတော်လှန်ရေးလုပ်နိန်သူများကို ကျဉ်းမြောင်းသူများဟုအပြစ်မတင်ခင် တော်လှန်တိုက်ပွဲဝင်နိန်ကြသော လူမျိုးတို့၏နောက်ခံသမိုင်း၊ လက်ဟိခံစားနိန်ရမှုဘ၀အခြေအနေ လူမျိုးတမျိုး၏ရပိုင်ခွင့် အခွင့်အလမ်းများကို လေ့လာစီလိုပါသည်။ အမျိုးသားတော်လှန်ရီးကို လက်နက်ကိုင်တိုက်ပွဲဝင်နိန်ကြသည်မှာ ဒီမိုကရီစီသဘောသဘာဝကို ပစ်ပယ်ငြင်းဆန်နိန်ခြင်းမဟုတ်၊ ဒီမိုကရီစီလမ်းကြောင်းထဲမှ သွယ်ဖယ်သူများလည်းမဟုတ်၊ ဗမြာ့ပည်၌ ဒီမိုကရီစီဆိပ်သုဉ်းမှု၏ အကျိုးဆက်သာဖြစ်သည်ကို သဘောထားကြီးကြီးဖြင့် လက်ခံဖို့အချိန်ရောက်ပါပြီ။
         ဘင်္ဂလီအနွယ်ဝင် မူဆလင်ရို့၏ ကမ္ဘာကြီး၌မဟိသော“အလိမ်အညာရိုဟိန်ဂျာ”အသုံးအနှုန်းနှင့် မြန်မာနိုင်ငံ၌ တိုင်းရင်းသားဖြစ်ပိုင်ခွင့်အတွက် တောင်းဆိုတိုက်ပွဲဝင်နိန်မှုကို ရခိုင်ရို့က အဘယ်ကြောင့် လက်မခံကြပါသနည်း။ ဒီမိုကရီစီသဘောသဘာဝကို နားမလည်၍လား၊ ပကတိဖြစ်တည်မှုအတိုင်း ဒီမိုကရီစီဘောင်တွင်းထဲမှ ချယ်ပတိုက်ပွဲဝင်နိန်ခြင်းလားဆိုသည်ကို ရခိုင်ရို့၏ သမိုင်းနောက်ခံနှင့်တကွ လက်ဟိဖြစ်တည်မှု၊ရိုးရာဓလေ့ထုံးတန်းစဉ်လာများ၊ ရိုးရာယဉ်ကျေးမှု၊ စာပီများတည်တန့်ရန်နှင့် မိမိရို့နယ်မြီကိုတပါးသူရို့၏ ကျူးကျော်နယ်ချဲ့ခြင်းရန်မှ ကာကွယ်ရန်မှာ လူမျိုးတိုင်း၌ ဟိသင့်ဟိထိုက်၊ ဟိရမည့် မျိုးစောင့်တရားဖြစ်သည်။ ကျူးကျော်နယ်ချဲ့ရာ၌ လက်နက်ကိုင်သိမ်းပိုက်မှုအပြင် လူဦးရေအသာစီးရမှုကို အသုံးချပြီး တဖြည်းဖြည်း နယ်ချဲ့ထွင်မှုသည်လည်း အလွန်ကြောက်စရာကောင်းလှသော၊ နယ်ချဲ့ထွင်မှုတခုဖြစ်သည်။ ထို့ကြောင့်မြီမျိုး၍လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်သည်ဟု အဆိုအမိန်းဟိသည်ကို အထူးဂရုထားဖို့လိုအပ်သည်။ရခိုင်တို့သည် နယ်ချဲ့ဗမာနှင့် စစ်တကောင်းဖွါး ဘင်္ဂလီနယ်ချဲ့ရို့၏ လူမျိုးရေးအရ မွားမျိုမှု၊ရိုးရာယဉ်ကျေးမှု၊ ဘာသာရေး၊ ဓလေ့ထုံးတန်းစဉ်လာ၊ သမိုင်းများကိုပျောက်ကွယ်အောင် နည်းမျိုးစုံဖြင့်လုပ်ဆောင်နိန်သည်ကို သတိထားမိကြပါသလား၊ ယင်းနှစ်ဖက်ညှပ်တိုက်ခိုက်မှုကို ဒီမိုကရီစီဘောင်တွင်းထဲမှ ခုခံတိုက်ပွဲဝင်နိန်မှုများကို လူမျိုးရေးအစွမ်းရောက်သူများအဖြစ်၎င်း၊ ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒီများအဖြစ်၎င်း၊ သတ်မှတ်နိန်မှုများသည် အော့နှလုံးနာစရာကောင်းးလှပါသည်။
           ဗမာပြည်ရေးရာနှင့်ပတ်သတ်သော NGO-များသည်၎င်း၊ ကုလားရို့၏ဥာဏ်နီဥာဏ်နက်ကို နားမလည်သူများသည်၎င်း၊ ကုလားရို့၏လီချိုသွီးရာနောက်ကို တကောက်ကောက်လိုက်လျှက် စစ်တကောင်းအနွယ်ဝင် ဘင်္ဂလီများကို“ရိုဟိန်ဂျာ”အမည်ဖြင့် တိုင်းရင်းသားလူမျိုးတမျိုးအဖြစ် လက်ခံရန် ရခိုင်ရို့အားဖိအားပီးနိန်ကြသည်။“ရိုဟိန်ဂျာ”အမည်ကို ရခိုင်ရို့က လက်မခံမှုကို၎င်း၊ မြန်မာနိုင်ငံမှ တိုင်းရင်းသားလူမျိုးတမျိုးအဖြစ် အသိအမှတ်မပြုမှုကို၎င်း၊ ရခိုင်ရို့အား အမျိုးသားရေးအစွမ်းရောက်သူများအဖြစ် တံဆိပ်ခပ်နိန်ကြသည်။ ၎င်း“ရိုဟိန်ဂျာ”အမည်ခံဘင်္ဂလီကုလားများသည်“al-Qaida Net Work”  နှင့် အဆက်အသွယ်ဟိသည်ဟု ကမ္ဘာ့သတင်းမီဒီယာ၌ ထည့်သွင်းခံရမှုကို အဘယ်ကြောင့်မျက်ကွယ်ပြုဝံ့ကြသနည်း။ ဤရိုဟိန်ဂျာအမည်ခံ ဘင်္ဂလီရို့သည် မောင်တောမြို့ကို ဗုံးခွဲတိုက်ခိုက်ဖူးသဘည်။ ဤသို့ဗုံးခွဲတိုက်ခိုက်နိုင်ဖို့အတွက် အတတ်ပညာနှင့် အထောက်အပံ့များကို မည်သူထံမှရဟိခဲ့ကြသနည်း။ ARNO-မှစစ်ဦးစီးချုပ်ဖြစ်သူ ဆလိန်း အူလာဆလိန်းကို ဘင်္ဂလားဒေခ်ျနိုင်ငံ၌ စစ်တကောင်းထောင်၌ဖမ်းစီးထောင်ချထားစဉ် bin-laden နှင့်အဆက်အသွယ်ဟိသည့် စာရွက်စာတန်းများကို ဘင်္ဂလားအစိုးရမှ တွိဟိခဲ့သည်ဟု သိဟိရပါသည်။ ဤသည်ကိုထောက်ရှု၍“ရိုဟိန်ဂျာ”များသည် အရှိအလယ်ပိုင်း၌ကြီးစိုးသော ဘာသာရေးအစွမ်းရောက် အကြမ်းဖက်သမားများ၊al- Qaidaအဖွဲ့တို့ထံမှ အကြမ်းဘက်ဗုံးခွဲတိုက်နည်းပညာများ ရဟိခဲကြသည်ကို မည်သူကငြင်းပယ်နိုင်မည်နည်း။
           တချို့NGO များနှင့် လူပိုဂ္ဂိုလ်တချို့ရို့သည် ဖေသာရဟိရေးအတွက်“ရိုဟိန်ဂျာ”အမည်ခံ အကြမ်းဘက်သ္မားထံမှ ရှိနိန်လိုက်နိန်မှုများကို အံ့ဩဖွယ်တွိနိန်ရသည်။ ယင်းရှိနိန်များသည်“အယ်ကေဒါ”အင်အားကြီးထွားလာအောင် ပံ့ပိုးနိန်သူများဖြစ်သည်ကို ၎င်းရို့အနိန်ဖြင့် သတိထားမိစီလိုသည်။ အမှန်ကိုအမှန်အတိုင်း အဟိကိုအဟိအတိုင်း လက်ခံဝံ့ဖို့လိုအပ်သည်။ အကယ်၍ ရိုဟိန်ဂျာများအမည်ခံ ဘင်္ဂလီမူဆလင်များအနိန်ဖြင့် အဟိကိုအဟိအတိုင်းဝံခံပြီး ၎င်းရို့ရသင့်ရထိုက်သော အခွင့်အရေးအတွက်သာ တောင်းဆိုတိုက်ပွဲဝင်မည်။ ရခိုင်ပြည်၌ အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မည့် အစီအစဉ်များကို စွန့်လွှတ်လျှက် ဘာသာရေးအစွမ်းရောက်ဝါဒီဘ၀ကို စွန့်လွှတ်ကာ၊ ရခိုင်ရို့နှင့်ချစ်ခင်ရင်နှီးစွာဖြင့် နိန်ထိုင်လိုည်ဟု အမြင်မှန်ရလာပါက“ရခိုင်နှင့် ဘင်္ဂလီမူဆလင်”ရို့အကြား ဖြစ်ပွါးနိန်သောပြဿနာကို ဖြီချင်းရန် ရခိုင်မျိုးချစ်ရို့အနိန်ဖြင့် လက်ကမ်းကြိုဆိုလျှက်စောင့်နိန်ပါသည်။
           ရခိုင်အမျိုးသားရို့သည် နှစ်ပေါင်းငါးထောင်ကျော်ကိုယ့်မင်း၊ ကိုယ့်ချင်း၊ ကိုယ့်နိုင်ငံဖြင့် နိန်ထိုင်လာခဲ့ကြသည်။ သို့သော် ဗမာရို့၏ကျွန်ပြုမှုကိုခံရပြီး ရခိုင့်ယဉ်ကျေးမှုအမွီအနှစ်၊ ရခိုင်သမိုင်း၊ ရခိုင့်စာပီ၊ ရခိုင်ရိုးရာဓလေ့ထုံးတမ်းစဉ်လာရို့သည် တိမ်မြှုပ်ပျောက်ကွယ်ခြင်းအဖြစ်နှင့် ရင်ဆိုင်ခဲ့ရသည်။ ဗမာရို့၏ မျိုးဖြုတ်သတ်ဖြတ်မှုဘေးမှ လွတ်မြောက်ရန် ရခိုင်လူမျိုးအများစုရို့သည် ရခိုင်ပြည်ထဲမှ အင်္ဂလိပ်ရို့၏ ကိုလိုနီနိန်မြီ ဘင်္ဂလားနယ်သို့ ထွက်ပြီးခိုလှုံခဲ့ရသည်၊ ရခိုင်ရို့က အင်္ဂလိပ်ရို့နှင့် ပူးပေါင်းကာ ဗမာရို့ကို ရခိုင်ပြည်ထဲမှ မောင်းထုတ်နိုင်ခဲ့ပြီး အင်္ဂလိပ်ရို့က ရခိုင်ပြည်ကိုအုပ်ချုပ်သောအခါမှ ရခိုင်ပြည်သူအများအစုသည် ရခိုင်ပြည်သို့ ပြန်လာခြီချက်ခဲ့ကြသည်။ ဤကဲ့သို့ဗမာရို့က ရခိုင်ရို့ကို မျိုးဖြုတ်သတ်ဖြတ်ခဲ့ကြသည်ဟု ရိုးရိုးယှင်းယှင်းချေ ဖေါ်ပြသည့်အခါတွင်၎င်း၊ ရခိုင်ရို့သည် သီးခြားနိုင်ငံထူထောင်ဖို့ တောင်းဆိုတိုက်ပွဲဝင်နိန်မှုကို၎င်း၊ ဗမာနှင့်ဗမာမဟုတ်သောလူတချို့က ရခိုင်ရို့ကို အမျိုးသားရေးအစွမ်းရောက်သမားများဟု မထီမဲ့မြင်ပြုသတ်မှတ်နိန်ကြသည်။
              ရခိုင်မျိုးချစ်တော်လှန်ရေးသ္မားရို့သည် ဗမာလူထုအပေါ်တွင်၎င်း၊ သမိုင်းအတုအယောင်ကိုဖန်တီးသူ စစ်တကောင်းအနွယ်ဖွား ဘင်္ဂလီလူထုအပေါ်တွင်၎င်း၊ ဗမာရို့ပြုမူကြသကဲ့သို့ မည်သည့်အချိန်အခါကမှ မပြုမူကြဖူးသေးချေ။ နောက်လည်းပြုလိမ့်မည်မဟုတ်။ ရခိုင်ရို့သည် အမှန်တရားကိုမြတ်နိုးပြီး အတိတ်နှင့်ပစ္စုပ္ပန်ကာလရို့၌ အမှန်အဂင့်ဖြစ်ပျက်မှုများကို အဟိကိုအဟိအတိုင်း ဖေါ်ပြပြီး ရသင့်ရထိုက်သောအခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နိန်ခြင်းသာဖြစ်သည်ကို အိုးကမပူခွက်ကပူသူများ နားလည်သဘောပေါက်သင့်သည်။
             ရခိုင်-မြန်မာပဏ္ဍိတ်ဦးဦးသာထွန်းနှင့် ဗမာရဟန်းအသျှင်ဥာဏိဿရရို့၏ အမိန်းအဖြီတခု၌ အဘိုးဦးသာထွန်းက ပညာဟိပီပီ ဖြီကြားခဲ့သည်မှာ“အသျှင်ဘုရားယ္ခုထိုင်နိန်သောနိန်ရမှ နောက်သို့တချက်ချေလှည့်ကြည်လိုက်ပါ။ သျှစ်သောင်းဘုရားတိဟိပါသည်။ ကျောက်ြုံးကြီးများဖြင့် လှိုင်အထပ်ထပ်တည်ထားပါသည်။ ထိုဘုရားနောက်မှာ ဒုက္ကသိန်ဘုရား၊ ရတနာပုံဘုရားနှင့်အံတော်သိန်များကို တွိမြင်ရပါမည်။ ယ္ခုအချိန်ကဲ့သို့ မဖွံ့ဖြိုးဘဲ သေးငယ်နိန်သောအချိန်အခါက တည်ထားခဲ့သော အဆောက်အဦးများမဟုတ်ပါ။ ဤကဲ့သို့ကြီးကျယ်သော အဆောက်အဦးမျိုးကို သာမန်ဘုရင်များမတည်နိုင်ပါ။ နန်းတော်ကုန်းကို တည်ဆောက်ထားသော ကျောက်တုံးကြီးများကိုလည်း အသျှင်ဘုရားမြင်ပြီးသားဖြစ်ပါသည်။ ယင်းကြောင့် ဤအဆောက်အဦးများကို တည်ဆောက်သောအချိန်သည် ကိုယ့်မင်း ကိုယ့်ချင်း၊ ကိုယ့်ထီးကိုယ့်နန်းနှင့် ကိုယ့်ဘာသာ သာသနာ ကြီးပွါးထွန်းကားနိန်သော အချိန်ဖြစ်နိန်သည်ကို အသျှင်ဘုရားစိတ်တွင်မှတ်ထားရပါမည်။ သို့မှသာ..တပည့်တော်ပြောသောစကားကို သဘောပေါက်နားလည်ပါလိမ္မည်။ ထို့ကြောင့်ရခိုင်ရို့သည် ရှီးခေတ်ကခန်းနားကြီးကျယ်ခဲ့သည်ကို စိတ်မှာမှတ်ထားရန် ဂတိခံယူပါဘုရား”ဟု ရဲဝံ့စွာလျှောက်ထားခဲ့ပါသည်။ ဤကဲ့သို့ရဲရဲတောက်အရေးဆိုဝံ့သော အဖိုးကို အဖိုး၏အတ္ထုပ္ပတ္တိ၌ “တိမ်မြှုတ်ပျောက်ကွယ်ခဲ့ပြီးဖြစ်သော ရခိုင်ယဉ်ကျေးမှုအမွီအနှစ်၊ ရခိုင်သမိုင်း၊ ရခိုင်စာပီ၊ ရခိုင်ရိုးရာဓလေ့ထုံးစဉ်လာရို့ကို ကမ္ဘာသိအောင်ရှာဖွယ်စုဆောင်း လေ့လာဖေါ်ထုတ်ခဲ့သူအဖြစ် ဂုဏ်ပြုထားသည်။ ယင်းစာအုပ်၌ပင် ရခိုင်အမျိုးသားရို့အားလည်း ယဉ်ကျေးမှုအမွီအနှစ်၊ ရခိုင်သမိုင်း၊ ရခိုင်စာပီ၊ ရခိုင်ရိုးရာဓလေ့ထုံးစဉ်ရို့ကို ပြန်လည်မွီးထုတ်ပီးခဲ့သော ဖခင်ကြီးအဖြစ် ဖေါ်ကျူးရီးသားထားပါသည်။
           နောက်ဆုံးနိဂုံးချုပ်အနိန်ဖြင့် အိုးကမပူ၊ ခွက်ကပူသူများကို မှာကြားလိုသည်မှာ လူမျိုးတမျိုး၏ နာကျဉ်းခံစားနိန်ရမှုများ၊ ယင်းလူမျိုးရို့၏ ရပိုင်ခွင့် အခွင့်အရေးများကို အဘယ်ကြောင့်တောင်းဆိုနိန်ရသလဲ ဆိုသည်ကို ကိုယ်ချင်းစာ ခံစားတတ်စီရန် ယင်းလူမျိုးရို့၏ အတိတ်၌ဖြစ်တည်ခမှု၊ ပစ္စုပ္ပန်၌ ဖြစ်တည်နိန်မှုများကို လေ့လာဖို့ လိုအပ်သည်။ လူမျိုးနှစ်မျိုး၏ အကြား၌ညှပ်ပိတ်လျှက် လူမျိုးရေးအရ မွားမျိုနိန်ခြင်းကို ခံနိန်ရသောရခိုင်ရို့ကို ကိုယ်ချင်းစာတတ်ရန် ရခိုင်ရို့အကြောင်းကိုသိဖို့လိုအပ်သည်။ ရခိုင်ရို့၏ လက်ဟိမွဲပြာကျဘ၀ကိုကြည့်ပြီး အထင်းသေးမှုအကြည့်နှင့် ရခိုင်ရို့ကိုစောင့်ကြည့်နိန်လျှင်ကား ၎င်းရို့၏အတွေးအခေါ်များ ဇာသောအခါမျှ တည့်တည့်ကျလိမ္မည်မဟုတ်။

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP