11.9.11

ရခိုင့်လွတ်လပ်ရေးစာစောင် (အမှတ်. ၉)

                       စာတည်းစကား                
ဗမာပြည်၌ အသစ်စက်စက်တက်လာသည့် ၀န်ကြီးချုပ်အနိန်ဖြင့် သူ၏လမ်းပျောက်မြီပုံကို ထုတ်ပြန်ကြေငြာလိမ္မည်ဟု မည်သူတဦးတယောက်မျှ မျှော်လင့်ထားလိမ္မည်မဟုတ်ပေ။ နအဖ၏ လမ်းပျောက်မြီပုံသည် သူရို့၏ အဖတ်ဆည်မရအောင် ကျနိန်သောသိက္ခာကို မဆည်နိုင်သည်သာမက နအဖ၏ အစွမ်းကုန်မိုက်ကန်းမှုကို ဖေါ်ပြနိန်ပြီး ပို၍ပို၍သိက္ခာကျစီပါသည်။ ဤလမ်းပျောက်မြီပုံသည် မြန်မာပြည်၌ ဒီမိုကရီစီရဟိရေးအတွက် လှုပ်ယှားနိန်ကြသော ဒီမိုကရီစီဘက်တော်သားများကိုသာမက နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် မြန်မာပြည်မှ ပြည်သူတရပ်လုံးကိုပါ ဒေါသမီးအိုးပေါက်ကွဲစီခဲ့ပါသည်။ မြန်မာစစ်အစိုးရအနိန်ဖြင့် ဆယ်စုနှင့်ချီ၍ ဖြစ်ပွါးလာခဲ့သော နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာဖြီယှင်းလိုစိတ် မဟိသောကြောင့်၊ သူရို့၏အာဏာတည်မြဲရေးအတွက် စစ်ပွဲများကို ဆက်လက် ဆင်နွဲနိန်မည်ဖြစ်ကြောင်း ဦးခိန်ညွန့်၏ လမ်းပျောက်မြီပုံက ပြသနိန်ပါသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အနိန်ဖြင့်လည်း စစ်အစိုးရ၏ မိုက်မဲသောလုပ်ရပ်အပေါ် ဆန့်ကျင်မှု ပြသခဲ့ပြီးဖြစ်ပါသည်။
            ဒီပဲယင်းအရေးအခင်းနောက်ပိုင်း ဒေါ်အေင်ဆန်းစုကြည်သည် စစ်အာဏာပိုင်များ၏ ဖမ်းစီးထိန်းသိမ်းခြင်းကို ခံရသော်လည်း သူမ၏ငြိမ်သက်နိန်မှုသည် အခြားလှုပ်ရှားမှုများထက် အသံကျယ်လောင်ကာ ကမ္ဘာကြီးတခုလုံးကို တုန်လှုပ်စီခဲ့ပါသည်။ စစ်အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်ကို ရီအဖြစ်မှတ်ထင်ကာ သူရို့၏လက်များဖြင့်ဆုတ်ကိုင်လျှက် လက်ခုပ်ထဲက ရီအဖြစ်ဖန်တီးရန် ကြိုးစားကြခဲ့ပါသည်။ သို့သော်ဒေါ်အောင်ဆန်းစုကြည်မှာ လက်ခုပ်ထဲကရီမဟုတ်ဘဲ လက်ခုပ်ထဲမှ မှန်ကွဲမှန်စများသာဖြစ်နိန်ကာ အာဏာပိုင်များအနိန်ဖြင့် ဆက်လက်ဆုပ်ကိုင်ထားဖို့ ကြိုးစားလျှင်ကား စစ်ဗိုလ်ချုပ်များ၏ လည်ခြောင်းသွီးကိုပင် ထုတ်ယူဖို့ ပြသလျှက်ဟိနိန်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာကျော်နိုင်ငံရေးသမားတဦးဖြစ်ပြီး မြန်မာပြည်၌ ဒီမိုကရီစီရဟိရန်အတွက် ငြိမ်းချမ်းသောနည်းဖြင့် သတ္တိဟိဟိ တိုက်ပွဲလာခဲ့မှုကြောင့် ၁၉၉၁-ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ထိုက်ထိုက်တန်တန် ရဟိခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ဒီမိုကရီစီရဟိရေးအတွက် မှန်မှန်ကန်ကန် ဆက်လက်တိုက်ပွဲဝင်နိန်မှုကြောင့် တရားမျှတမှုနှင့် လွတ်လပ်မှု၏ သင်္ကေတဖြစ်လာကာ နိုင်ငံတကာမှ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်ရေးဆိုင်ရာဆုပေါင်း ရာနှင့်ချီ၍ လက်ခံရဟိခဲ့ပါသည်။
              မြန်မာနိုင်ငံ၌ နိုင်ငံရေးအခြေအနေ သောင်မတင်ရီမကျ ဖြစ်နိန်ချိန်၌ မြန်မာနိုင်ငံ၏နိုင်ငံရေးပြဿနာကို ဖြီချင်းပီးနိုင်စီရန် ရည်ရွယ်လျှက် ထိုင်းနိုင်ငံမှ နိုင်ငံရေးလမ်းပြမြေပုံတခုကို လွန်ခဲ့သောလက လူသိချင်ကြားတင်ပြခဲ့ပါသည်။ ထိုင်းဝန်ကြီးချုပ်ဒေါက်တာထာ့စိန်အနိန်ဖြင့် နအဖ၏မိုက်မဲရက်စက်မှုများကို လျှော့တွက်လျှက် နအဖသည် သူရို့၏ကိုယ်ပိုင်လမ်းပြမြီပုံကို မိုက်မိုက်မဲမဲချပြဖို့အစား ထိုင်းအစိုးရ၏လမ်းပြမြီပုံကို နိုင်ငံတကာအသိုင်းအ၀ိုင်းအပါအ၀င် ပြည်တွင်းပြည်ပဟိ မြန်မာဒီမိုကရီစီလှုပ်ယှားသူများပါ ပါဝင်ရီးဆွဲကြမည်ဆိုင်လျှင်၊ မြန်မာနိုင်ငံ၏ပြဿနာကို ဖြီယှင်းရန်နည်းလမ်းကောင်းတခုဖြစ်ပြီး လှပသောလမ်းပြမြီပုံတချပ် ဖြစ်လာမည်မှာသေချာပါသည်။ သို့သော် မြန်မာစစ်အာဏာသျှင်များက ထိုင်းအစိုးရအား ထိုကဲ့သို့အခွင့်ကောင်းကို မပီးခဲ့ပေ။ ထိုင်းအစိုးရ၏လမ်းပြမြီပုံကို ဖျက်ဆီးးမည့် နအဖ၏လမ်းပျောက်မြီပုံကို သူရို့ကိုယ်တိုင် ရီးဆွဲခဲ့ကြပါသည်။ နအဖနှင့်ဆက်ဆန်ရာမှ ရဟိပြီးသောအတွိအကြုံများကို ချင့်ချိန်သုံးသပ်ကာ ထိုင်းဝန်ကြီးချုပ်အနိန်ဖြင့် ထိုင်းအစိုးရ၏ မြန်မာအစိုးရအာပေါ်သဘောထားကို ပြန်လည်သုံးသပ်သင့်ကာ ထိုင်းဝန်ကြီးချုပ်အနိန်ဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် လက်တွဲကာ ဒီမိုကရီစီဘက်တော်သားများကို ပြောင်ပြောင်ချင်းချင်း ကူညီသင့်ပါပြီ။ နိုင်ငံတကာ နိုင်ငံရေးစင်မြင့်၌ နိုင်ငံရေးသိက္ခာတက်စီဖို့အတွက်လည်း မြန်မာနိုင်ငံ၌ ဒီမိုကရီစီရဟိရေးအတွက် ဆောင်ရွက်ရာတွင် ဦးဆောင်ဦးရွက် အခန်းကဏ္ဍမှပါဝင်ဖို့ ထိုင်းအစိုးရအတွက် အကောင်းဆုံးအချိန်ဖြစ်နိန်ပါသည်။
          ဤအချိန်သည် မြန်မာနိုင်ငံ၌ ဒီမိုကရီစီရေးလှုပ်ယှားမှုများ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ဒီမိုကရီစီလှုပ်ယှားမှုများကို ထောက်ခံနိန်ကြသူများအနိန်ဖြင့် ဒီမိုကရီစီရဟိရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယင်ပိုင်ပြဌါန်းခွင့်ရဟိရေးရို့အတွက်၊ လီးနက်သောဆုံးဖြတ်ချက်တခုကို ချမှတ်ကာ စနစ်တကျအကောင်အထည်ဖေါ်ဖို့ အချိန်တန်နိန်ပါပြီ။ အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် ကုလသမဂ္ဂတပ်ကို အသုံးပြုကာ မြန်မာနိုင်ငံအရေးကို ၀င်ရောက်စွက်ဖက်နိုင်လျှင် အသင့်တော်ဆုံး ဖြစ်လိမ္မည်။ မြန်မာနိုင်ငံ၏ အဖိနှိပ်ခံပြည်သူများအနိန်ဖြင့်လည်း ကုလသမဂ္ဂ၏ အင်အားသုံးဝင်ရောစွက်ဖက်မှုကို နှာခေါင်းကိုးတောာင်ရှည်အောင် မျှော်လင့်တကြီး စောင့်မျှော်နိန်ကြပါကြောင်း။

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP