၁၆ / ၈ / ၂၀၀၃ /
သာစွရခိုင် ပြည်မဏ္ဍိုင်၌
ရွှီမိုးငွီမိုး ရွာသွန်းဖြိုးလျှက်
ဆန်ရီစပါး ပြည့်လျှံပွားလည်း
မြင်သာမြင်ရ မစားရ။
အဖရခိုင်ပြည် ငါရို့မြီမှာ
သစ်ဝါးထွက်ကုန် ကြွယ်ဝဖုံလုံ
ဆန်ရီစပါး ပုဇွန်သားငါး
စိုင်းတောင်ရီအား ရွှီတောင်ကြားနန့်
ရီနံဓာတု ဂတ်(စ်)စုရို့
သယံဇာတကြွယ် ရက္ခမြီမှာ
ဂုတ်သွီးကိုစုတ် မိစ္ဆာယုတ်ရို့
ကိုယ်ချင်းမစာ ရက်စက်စွာ။
ငါရို့မွီးမြီ လခြမ်းမြီမှာ
ဆန်စပါးဈီး တက်လို့ပြီးစွာ
ဆန်ရီစပါး ကျွဲနန့်နွားကို
မှောင်ခိုခိုးထုတ် လူငယုတ်ရို့
ပရမဆောင် အတ္တဆောင်ကာ
ဘင်္ဂလားနယ် အပြည်ပြည်သို့
ကိုယ်ကျိုးစီးပွါး ရှာလို့လား။
ရက္ခပြည်သူ ရခိုင်လူရို့
မြင်သာမြင်ရ မစားရစွာ
မျက်ရည်ဝီလျှံ ကြွီကွဲဟန်ရို့
မိုးနန့်အပြိုင် ထိန်းမနိုင်အောင်
ရင်မှာခံစား အသဲကြားက
ထိန်းချုပ်မျက်ရည်ကျမိရေ။
တနိန့်တရက် အသက်ဆက်လို့
မျိုးကိုချစ်ကေ ရခိုင်ချေရို့
လွတ်လပ်ရေးရအောင် ၀ိုင်းကြံဆောင်ဖို့
အာဇာနည်ပီပီ ရက္ခိုင်မြီကို
ရအောင်တိုက်ဖို့ ကြံဆောင်စို့။