ဒေအချိန်ဆို မောင်ရို့ပြည်မှာ အုန်းတောပင်ပျိုယိမ်းနွဲ့ငိုသည်
တောင်လီမုတ်သုန် ၀င်မွှီနှောက်သည်
ဆင်းရဲပြည်သူ ၀မ်းစာပူသည်
လှိုင်းကြီးဝဲသန် တံငှာငိုသည်
ဒေအချိန်ဆို
မိုးရိပ်တိမ်မဲ
ရွာငြိုးကြီးသည်
တောင်သူလယ်လုပ် နွံမြီလူးသည်
ဝမ်းစာမလောက် ဒါတောင်ကိုင်သည်
ရွာဦးဘုန်းကြီး ဆွမ်းပန်း ငတ်သည်။
ဒေအချိန်ဆို
ဖြားကြီးလီကြီး အညာရီပေါက်သည်(အာသံပေါက်သည်)
စားကျက်ရီမြုပ်နွားအုပ်ငိုသည်၊သားငါးဆီဆန်ကုန်ဈီးကြီးသည်
စိုးရိမ်ညဉ်းးသံ ပြည်ရွာညံသည်။(ရွာလုံးညံသည်)
(နယ်ချဲ့စစ်သားပြည်ရွာစိုးသောအချိန်ကိုး)
ပုဏ္ဏာကျွန်း ဇူးဝေ
၂၀၊ ၆၊ ၂၀၀၃/