14.9.11

မမိအပ်သောနိန်တနိန် ..... အသျှင်က္ကန္ဒာစက္က(ဗေဒင်နှင့်သမိုင်းသုတေသီ)

                                          
             -၁၉၉၅-ခုဖေဖေါ်ဝါရီလ-၁၈-ရက်နိန်သည် ရခိုင်အာဇာနီသူရဲကောင်းလည်းဖြစ်၊ ရခိုင်အမျိုးသားခေါင်းဆောင်ကြီးလည်းဖြစ်သော်မောင်ကျော်လှိုင် ကျဆုံးလားခသည့်နိန့်ဖြစ်ပါသည်။ ဤနိန့်သည် ရခိုင်တမျိုးသားလုံးအတွက် အလင်းရောင်ပျောက်ကွယ်၍ အမှောင်ကျခဲ့ရသောနိန့်၊ ရခိုင်တော်လှန်ရေးအတွက် အစားထိုးမရသည့် ကြယ်တပွင့်ကြွီကျခဲ့ရသည့်၊ မျိုးချစ်သူများအတွက် ရင်ကွဲနာကျခဲ့ရသောနိန့် (သို့မဟုတ်) အစားထိုးမရသော ရခိုင့်တော်လှန်ရေးခေါင်းဆောင်ကောင်းတယောက် ကွယ်ပျောက်လားသည့်နိန့်တနိန့်ပင်။
                ရခိုင်အမျိုးသားခေါင်းဆောင် အသက်ထင်ရှားဟိစဉ်က ရခိုင်ရို့ဂုဏ်ရောင်တောက်ခဲ့ရသည်။ ရခိုင်ဂုဏ်ရောင်ထွန်း တောက်ရခြင်း အကြောင်းမူကား ခေါင်းဆောင်ကြီးမောင်ကျော်လှိုင်သည် အမျိုးချစ်သောခေါင်းဆောင်၊ အမျိုးအတွက် အနစ်နာခံသောခေါင်းဆောင်၊ ပညာတတ်၍ အမြော်အမြင်ဟိသောခေါင်းဆောင်၊ အတွေးအခေါ်ကောင်းသောခေါင်းဆောင်၊ ဆက်ဆံရေးကောင်း၍ စကားပြောကောင်းသောခေါင်းဆောင်၊ လူလှ၍စံချိန်ဝင်သောခေါင်းဆောင်၊ ချောမောလှပ၍ လူချစ်လူခင်များသောခေါင်းဆောင်၊ အင်္ဂလိပ်စာပီကို အထူးကျွမ်းကျင်သောခေါင်းဆောင်၊ မိန်းမမလိုက်စား၍ စာရိတ္တကောင်းမွန်သော၊ သတင်းကောင်းထွက်သောခေါင်းဆောင်၊ ကမ္ဘာ့အနှံ့အပြားက လူမျိုးအသီးသီးရို့၏ အရိုအသေပီးမှုကို ခံရသောခေါင်းဆောင်ဖြစ်သည်။
                   တချို့နိုင်ငံခြားသားတိက ကိုယ်မောင်ကျော်လှိုင်လှပသကဲ့သို့ ရခိုင်ရို့သည်လည်း လူလှမျိုးနွယ်စု သာကီဝင် မျိုးနွယ်စုဟူ၍၎င်း၊ ကိုယ်မောင်ကျော်လှိုင်သည်၊ အင်္ဂလိပ်စာတတ်ကျွမ်းသကဲ့သို့ ရခိုင်ရို့သည်လည်း ပညာတတ်ကြသောလူမျိုးဟူ၍၎င်း၊ မောင်ကျော်လှိုင်သည် မျိုးချစ်စိတ်ဓါတ်ပြင်းထန်သကဲ့သို့၊ ရခိုင်ရို့သည်လည်း အမျိုးချစ်၍ အမျိုးကိုအစဉ်စောင့်ရှောက်သော လူမျိုးဟူ၍၎င်း၊ မောင်ကျော်လှိုင်သည် စာရိတ္တကောင်းမွန်သကဲ့သို့ ရခိုင်ရို့သည်လည်း စာရိတ္တကောင်းမွန်သောလူမျိုး၊ အချစ်ရေးထက် အမျိုးသားရေးကို ဦးစားပီးသောလူမျိုးဟူ၍၎င်း၊ မောင်ကျော်လှိုင်သည် လူပျိုးကြီးဘ၀ဖြင့် စိတ်ဓါတ်မကျ သကဲ့သို့ ရခိုင်ရို့သည်လည်း သစ္စာဟိသောလူမျိုး၊ စည်းကမ်းဟိသောလူမျိုးဟူ၍ ပြောဆိုကြသဖြင့် ရခိုင်ရို့၏စံပြပုဂ္ဂိုလ်လည်းဖြစ်သည့်အပြင် ခေါင်းဆောင်ကောင်းတဦးလည်းဖြစ်ပါသည်။
                     တိုင်းရင်းသားလူမျိုးအသီးသီးမှ ခေါင်းဆောင်အသီးသီးက မောင်ကျော်လှိုင်ကို အရိုအသေပီးကြသကဲ့သို့၊ ဘင်္ဂလားဒေ့(ခ်ျ)နိုင်ငံမှ အစိုးရအရာဟိ အချို့ရို့ကလည်း အရိုအသေပီး၊ နိန်ရာပီးဆက်ဆံကြပါသည်။ ရခိုင်ပြည်မှာ သမ္မတဖြစ်လာမည့်သူ၊ ရခိုင်မင်းလောင်းဟု သမုတ်ခေါ်ဝေါ်ကြလျှက် ရာဇာကြီးဟုလည်းခေါ်ဝေါ်ကြပါသည်။
                 လက်ရုံးရည်၊ နှလုံးရည်စွမ်းပကား ထက်မြက်သော ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေး ဗိသုကာ မောင်ကျော်လှိုင်၏ လုပ်ရည်ကိုင်ရည်၊ စွမ်းဆောင်မှုတစိပ်တစောင်းကို တင်ပြရသော်--ရခိုင်အမျိုးသားခေါင်းဆောင်ကြီး မောင်ကျော်လှိုင်ကို ရခိုင်ပြည် ရသေ့တောင်မြို့နယ် ပြင်ယား(စဖိုကျွန်း)ကျေးရွာ၌ အဘဦးမောင်စိန်ဖြူ(ကျောင်းဆရာကြီး) အမိဒေါ်မစိန်ဖြူတို့မှ(၁၃၀၈)ခု တပေါင်းလ္ဆုတ်-၇-ရက်ဗုဒ္ဓဟူးနိန့်တွင် မွီးဖွါးသန့်စင်ခဲ့ပါသည်။ ငယ်အမည်မှာ င/ပုခေါ်လှဖြူသန်ဖြစ်သည်။ ညီအကိုယ်မောင်နှမ(၈)ယောက်ဟိသည့်အနက် မောင်ကျော်လှိုင်မှာ တတိယမြောက်သားဖြစ်သည်။ မိဘနှစ်ပါးနှင့်အတူ မြောက်ဦးမြို့ဝါးဈီးရပ်သို့ ပြောင်းရွှိခဲ့ပြီး အလယ်တန်းပညာကို မြောက်ဦး ကံလျကျောင်းတွင်သင်ကြားခဲ့ပြီး စစ်တွေမြို့အထက-၁-တွင်-၁၉၆၅-ခုနှစ်၌ ၁၀-တန်းကိုအောင်မြင်ခဲ့သည်။ မောင်ကျော်လှိုင်သည် အလယ်တန်းကျောင်သားဘ၀မှစ၍ အမျိုးသားရေးလှုပ်ယှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့သည်။ ၁၉၇၀-ခုနှစ်တွင် မြန်မာစာအဓိကဖြင့် BA ဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ရဟိခဲ့သည်။ ပညာသင်ကြားစဉ်ကာလတလျှောက် အမျိုးသားစည်းရုံးရေး၊ တက္ကသိုလ်ရေးရာတာဝန်ခံဖြစ်ခဲ့သည်။ ၁၉၇၀-ခုမေလ-၂၀-ရက်နေ့တွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့KIO ဌါနချုပ်တွင်ဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်လွတ်လပ်ရေးအဖွဲ့AIO၌ တတိယခေါင်းဆောင်အဖြစ်ပါဝင်ခဲ့သည်။ မောင်ကျော်လှိုင်၏ ထမ်းဆောင်ခဲ့သော နိုင်ငံရေးတာဝန်များမှာ---
          (၁)-၁၉၇၀-မှ ၁၉၈၀-ထိAIO ၏တွဲဘက်အတွင်းရေးမှူးအဖြစ်၎င်း၊
          (၂)-၁၉၈၀-မှ ၁၉၈၆-ထိAIO ဥက္ကဋ္ဌအဖြစ်၎င်း၊
          (၃)-၁၉၈၆-မှ ၁၉၈၈-အထိAIO/ALP ပူးတွဲ ကော်မတီဥက္ကဌအဖြစ်၎င်း၊
          (၄)-၁၉၈၈-မှ ၁၉၉၀-ထိALP ဥက္ကဌနှင့်NUFA၏ အလှည့်ကျသဘာပတိအဖြစ်၎င်း၊ ထို့အပြင်DAB                                      ဆိုင်ရာNUFA ကိုယ်စားလှယ်အဖြစ်၎င်း၊
          (၅)-၁၉၉၀-ခုမှ ကွယ်လွန်သည်အထိRakhing Education ProgramCoodinatorအဖြစ်၎င်း၊ ပါဝင်ဆောင်ရွက်ခဲ့သည်။ ယင်း ၄၈-နှစ်တိုင် ရခိုင်အမျိုးသားကောင်းစားရေး၊ ရခိုင်ပြည်လွတ်လပ်ရေးအတွက် အမျိုးသားရေးတာဝန်များကို ဦးလည်မသုန် ထမ်းဆောင်ခဲ့သည်။ မောင်ကျော်လှိုင်သည်-၁၈/၂/၉၅/-နိန့်တွင် ရုတ်တရက် ဘင်္ဂလားဒေ့(ခ်ျ)နိုင်ငံ ဒက္ကားဆီးရုံ၌ ကွယ်လွန်ခဲ့ပါသည်။ ရခိုင်အမျိုးသားခေါင်းဆောင်ကြီး မောင်ကျော်လှိုင်ကွယ်လွန်ခဲ့သည်မှာ ဒေနိန့် ၂၀၀၄-ခု ဖေဖေါ်ဝါရီလ ၁၈-ရက်နိန့်ဆိုလျှင် ၉-နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ရခိုင်အမျိုးသားခေါင်းဆောင်ကြီး မောင်ကျော်လှိုင် ကျဆုံးလားခသည့် ဖေဖေါ်ဝါရီလ ၁၈-ရက်နိန့်သည် ရခိုင်ပြည်နှင့် ရခိုင်ပြည်သူလူထု တရပ်လုံးအတွက် ၀မ်းနည်းကြီကွဲဖွယ်ရာ မမိန့်အပ်သောနိန့်တနိန့်အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါသည်။        

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP