7.7.11

ရခိုင့်လွတ်လပ်ရေးစာစောင် (အတွဲ ၁. အမှတ် .၆)

စာတည်းစကား 
ဗမာပြည်ဟုခေါ်တွင်သော နိုင်ငံထဲမှ ရခိုင်ပြည်ကြီးကို သီးခြားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရန်ခွဲထွက်ဖို့ တောင်းဆိုနေသည့်အတွက် ဗမာအမျိုးသား အားလုံးလိုလိုက ရခိုင်ရို့ကို ကျဉ်းမြောင်းသူများဟု စွပ်စွဲကြသည်။ ရခိုင်ရို့သည် ဗမာရို့နှင့်မတူ ကွဲပြားခြားနားသော ၀ိသေသလက္ခဏာများဟိသောကြောင့် ဗမာရို့နှင့် လက်တွဲနိန်ထိုင်ဖို့သော်၎င်း၊ ခွဲထွက်ဖို့သော်လည်းကောင်း ရခိုင်ရို့မှာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ဟိသည်။ ရခိုင်ရို့သည် ရှီးပဝေသဏီကပင် ကိုယ့်ချင်းကိုယ့်မင်းနှင့် ရာစုနှစ်ပေါင်းများစွာ သီးခြားနိန်ထိုင်လာခဲ့ပြီး ယ္ခုလက်ဟိတွင်လည်း သီးခြားနိုင်ငံတစ်ခုအဖြစ် ရပ်တည်နိန်နိုင်ရန်အတွက် နန်းရာကုန်းအပါအ၀င် မြောက်များစွာသော သမိုင်းအထောက်အထားနှင့် ရီမြီအထောက်အထား ဟိနိန်သည်ကို မည်သူကမျက်ကွယ်ပြု ငြင်းကွယ်နိုင်မည်နည်း။ ရခိုင်ရို့သည် ဗမာအမျိုးသားလက်ထဲ၌ အတိတ်နှင့်ပစ္စုပ္ပန်ကာလ နှစ်ခုစုံလုံးရို့တွင် လူ့အခွင့်ရေးပေါင်းမြောက်များစွာ ဆုံးယှုံးခံနိန်ရသည်။ မိမိရို့ဘုရင်ကို သတ်ခဲ့သောသူ၊ မိမိနိန်မြီကိုကျူးကျော်လျှက် မိမိရို့၏ စာပီယဉ်ကျေးမှုအစဉ်အလာများကို ဖျက်စီးခဲ့သော၊ လက်ဟိ၌လည်း ဖျက်စီးနိန်သောသူများနှင့် အတူနိန်ထိုင်၍ မည်ကဲ့သို့ပျော်နိုင်ပါမည်နည်း။
ရခိုင်ရို့ကို ဗမာရို့က ကျဉ်းမြောင်းသည်ဟု စွပ်စွဲလာလျှင် သူများနိန်မြီများကို ကျူးကျော်လျှက် အခြားလူမျိုးများကို မျိုးဖြုတ်သတ်ဖြတ်နိန်သူများကို မည်ကဲ့သို့ ကင်မွန်းတပ် စွပ်စွဲရမည်နည်း။ ဗမာလူမျိုးရို့သည် ရခိုင်ပြည်ကို ကျူးကျော်သိမ်းပိုက်သည့်အချိန်မှစ၍ ရခိုင်လူမျိုးရို့အပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြသည်။ ဒေနိန့်ထက်ထိလည်း အုပ်စိုးသူရို့သည် လူ့အခွင့်ရေးပေါင်းမျိုးစုံကို လျှိုးဖေါက်လျှက်ဟိနိန်တုန်းပင်။       
ရခိုင်လူမျိုးရို့သည် ဗုဒ္ဓဘာသာဖြစ်သည်နှင့်အညီ ငြိမ်းချမ်းရးကို ချစ်မြတ်နိုးးကြသည်။ ထို့ကြောင့် ရခိုင်အမျိုးသားအချို့ရို့သည် အုပ်စိုးသူ၏ နှိပ်ကွက်ရက်စက်မှုကို မခံနိုင်သောအဆုံးစွန်၌ ငြိမ်းချမ်းသောနိန်မြီကို ရှာဖွယ်ရန်အတွက် မိမိမွီးရပ်မြီကို စွန့်ခွာလာခဲ့ကြသည်။ တချို့ရို့သည် အလုပ်အကိုင်ရှာဖွယ်ပြီး သူရို့၏ဘ၀ကို ရပ်တည်နိန်နိုင်ရန်အတွက် ထိုင်းနိုင်ငံသို့လည်း ရောက်ဟိလာခဲ့ကြသည်။ တခါတရီ ထိုင်းရဲများက ဖမ်းဆီးးပြီး နယ်စပ်သို့ပြန်ပို့ခြင်းခံရသော်လည်း အာဏာသျှင်နယ်ချဲ့ရို့၏ ဖိနှိပ်မှုလက် အောက်မှာထက် လုံခြုံမှုဟိသည်ဟု ခံယူကြသည်။ အဖရခိုင်ပြည်ကြီး ငြိမ်းချမ်းသာယာမှု မဟိသမျှကာလပါတ်လုံး တရားမ၀င်အလုပ်သမားပြဿနာနှင့် မူးယစ်ဆီးဝါးပြဿနာရို့ကို ဖြီချင်းနိုင်လိမ္မည်မဟုပ်ပါ။ ရခိုင်လူမျိုးရို့၏ဘ၀နှင့် ထိုင်းပြည်သူရို့၏ဘ၀ကို ကယ်တင်နိုင်ရန်အတွက် ထိုင်းအစိုးရအနိန်ဖြင့် ဗမာပြည်၏ပြဿနာကို အကျွန်ရို့၏ပြဿနာသည်သာမက ထိုင်းရို့၏နိန်မြီနှင့် ထိုင်းပြည်သူရို့၏ လုံခြုံရေးအတွက်ပါ သက်ဆိုင်သည်ဟု သဘောထားသင့်သည်။ ကမ္ဘာ့ကုလသမဂ္ဂအနိန်ဖြင့်လည်း မြောက်များစွာသော မြန်မာပြည်သူရို့ ငြိမ်းချမ်းသာယာရေးအတွက် အနည်းငယ်မျှသော အုပ်စိုးမင်းမူသူများကို ပြစ်ဒါဏ်ချမှတ်ဖို့ လီးလီးနက်နက် ထည့်သွင်းစဉ်းစားသင့်သည်။ အနည်းငယ်မျှသော အုပ်စိုးသူများကို အပြစ်ပီးအရေးယူခြင်းသည် မြောက်များစွာသော ပြည်သူရို့၏ဘ၀ကို ကယ်တင်ရာရောက်ပါမည်။
အကျွန်ရို့၏ ဘိုးဘွား၊ ဘီဘင်ရို့သည် ထွန်းလင်းတောက်ပြောင်သော ရခိုင်မင်းနိန်ပြည်တော်တွင် ဗုဒ္ဓဘာသာ ရခိုင်ဘုရင်ရို့၏ အုပ်ချုပ်မှုလက်အောက်၌ နိန်ထိုင်ခဲ့ရသောကြောင့် ချမ်းသာခြင်း၊ ပျော်ရွှင်ခြင်းနှင့် နှစ်မြို့ဖွယ်ရာရို့သည် ၎င်းရို့၏အိပ်မက်များ ဖြစ်နိန်ခဲ့ပါသည်။ သို့သော် ဗမာရို့၏ကျွန်ပြုမှုကို ခံခဲ့ရပြီးနောက်ပိုင်းတွင်မူ ရခိုင်ပြည်သည် သဘာဝသယံဇာတမျိုးစုံ ပွါးများစီကာမူ ဆင်းရဲခြင်း၊ မျက်ရည်ကျခြင်းနှင့် ကြောက်ရွံ့ခြင်းရို့သည်သာ ရခိုင်ရို့အတွက် နိန့်စဉ်အိပ်မက်ဖြစ်လာခဲ့ရသည်။ ရခိုင်လူမျိုးရို့သည် ကိုယ့်နိန်မြီ၌ တပါးသူရို့၏ ကျွန်ပြုမှုကိုခံနိန်ရသည်။ ရခိုင်ပြည်သည် ကိုလိုနီဖြစ်ပါလျှက်နှင့် လူများမသိသော ကျွန်ပုန်းကိုလိုနီဖြစ်နိန်ရသည်မှာ အလွန်တရာမှဝမ်းနည်းစရာပင်။
အတိတ်နှင့် ပစ္စုပ္ပန်ရို့သည် အကျွန်ရို့၏နှလုံးအိမ်ကို နိန့်စဉ်ရက်ဆက် ရိုက်ခတ်နိန်မှုကြောင့် ရခိုင်ရို့သည် ဒီဇင်ဘာလ ၃၁-ရက်နိန့်ကျရောက်တိုင်း မျက်ရည်နှင့် ပြည့်နှက်နိန်ကြသည်။ ဤအချုပ်အခြာအာဏာကျဆုံးခဲ့သောနိန့်ကို ရခိုင်ရို့အနိန်ဖြင့် မည်ကဲ့သို့ မိန့်ပျောက်နိုင်ပါမည်နည်း။ ထိုနိန့်သည် ရခိုင်သားရို့အတွက် မိန့်ပျောက်၍မရနိုင်သောကြောင့် ရခိုင်ပြည် အချုပ်အခြာအာဏာကျဆုံးသောနိန့်ကို အခွင့်အခါရတိုင်း ရခိုင်သားရို့ကျင်းပကြသည်။ ဤသို့ကျင်းပခြင်းဖြင့် ရခိုင်ပြည်သည် အစစ်အမှန်ကိုလိုနီတိုင်းပြည်ဖြစ်နိန်သည်ကို ပြင်ပကမ္ဘာမှသိအောင် ဖန်တီးပီးနိုင်ပါမည်။ ရခိုင်ရို့ ဆက်လက်ပြီး မငိုချင်တော့ပါ။ ရခိုင်ရို့၏ညီညွတ်မှုဖြင့် အဖရခိုင်ပြည်ကြီးကို ပြန်လည်တည်ဆောက်နိုင်မည်ဟု ယုံကြည်လျှက်။
                                                                       အေဒီတာ
(အတွဲ-1၊ အမှတ်-6)

နီညိုချိန်

     ခိုင်မင်းညို
မေတ္တာရီတိခမ်းခြောက်
အတ္တရီတိ သောက်အားကြီးလို့
အမျိုးသားအတွက် အကြွီးတင်
ရွှီနန်းသျှင် အိုခေါင်းဆောင်ကြီး။

ဒေါသမီးတိ တဟုန်းဟုန်းတောက်
တယောက်ကို တယောက်ရန်စောင်ဗျာယ်
ထောင်ချောက်ဆင်ဖမ်းစီးသတ်ဖြတ်လို့
နောက်တရားတိ လွင့်စင်ဗျာယ်
မုသာဝါဒ မိုးခါးရီ သောက်နိန်ကတ်တုန်း။

အမျိုးသားရေးကို အကြောင်းပြ
စကားလှချေတိပြောဗျာယ်
ချစ်ကွန်ဆောင်နိန်ကေလေ့
မိုက်တိ မိုက်ကန်း ဇာတ်လမ်းတိက
ရီမှာတောင်မက၊ လီမှာတောင် အရုပ်ထင်
ကိုယ်ထင်ပြနိန်ယင့်။

မျိုးစိမမှန် ပင်မသန်

မောင်ယု
ရက္ခမဏ္ဍိုင်၊ ပြည်ရခိုင်က
ညီနောင်သားချင်း၊ ဆွေမျိုးရင်းရို့
အမျိုးဘာသာ၊ သာသနာကို
ကိုးကွယ်စောင့်ထိန်း၊ ခေတ်ပင်ယိန်းလဲ
ယိုဉ်ကျေးမျိုးနွယ် အမြစ်တွယ်လျှက်
စဉ်လာထိန်းသိမ်း၊မျိုးမယိန်းကေ
ရခိုင်နာမ၊ထွန်းတောက်ရဖို့။

ရက္ခမဏ္ဍိုင်၊ ပြည်ရခိုင်က
အစ်ကိုညီရင်း၊ အိမ်နီးချင်းရို့
ဥဩရီသောက်၊မင်းဆက်ပျောက်လို့
ကြီးပြားပြောင်ပြောင်၊ နန်းမိုးခေါင်က
ခွါဗျာလ်ယူလား၊ လူ ငကြွားရို့
ပုံသွန်းအရုပ်၊ ခေါင်းလောင်းလုပ်ဗျာယ်
မမင်းဖြူပင်၊ မှန်မှန်ပြောလို့
ကမ္ဘာ့အလယ်၊ ဂုဏ်တင့်စီဖို့
ကြွားဝါနိန်ရေ၊ သတိထားယေ။

ရက္ခမဏ္ဍိုင်၊ ပြည်ရခိုင်မှ
ညီရင်းပေါင်းသင်း၊ သူငယ်ချင်းရို့
သမိုင်းတွန့်လိမ်၊ မြွီပိုင်ခြွီလျှက်
ရောယောင် မှားမှောင်၊ လိုက်လို့ယောင်ကေ
အမျိုးလည်းပျောက်၊ မြီလည်းပျောက်ဖို့
ဒုံးနန့်ဗန္ဓ၊ ရောစပ်ရကေ
ဇာပိုင်မျိုးရိုး၊ သန့်ဖို့လဲ..?
ဥဒေါင်းနဲ့ကြက်၊ ဆွေမျိုးဆက်ကေ
ကြက်ပိုင်မတွန်၊ ဒေါင်းသံမပျောက်
အောက်ကလိဩ၊ ဩကလိအောက်
မစပ်တွန်သံ၊ ကြက်မမှန်ဒေါင်း
အဖြစ်ပြောင်းကေ၊ ရယ်စရာမျိုးရိုး
အဖြစ်ဆိုးလို့၊ ကွယ်ပျောက်လီဖို့ သတိထား။     

ပြည်သစ်တည်စို့ ငါရို့ရခိုင်[၂]

                           ခိုင်မင်းညို
                                 ဗိုလ်ရာဇာသည် ဖေသာ၊ လက်နက်ခဲယမ်းများကိုဖြည့်ဆည်းလျှက် ရခိုင်ပညာတတ်များကိုလည်း တော်လှန်ရေးထဲသို့ ရောက်လာအောင်ကြိုးစားခဲ့သည်။ ခေတ်မှီပညာတတ်တချို့ကို ရခိုင်တော်လှန်ရေးထဲသို့ ရောက်အောင် ဆွဲသွင်းနိုင်ခဲ့သော်လည်း ခိုင်မာသော အတွေးအခေါ်တရပ်ကို မချပြနိုင်ခဲ့မှုကြောင့် လိုသလောက် ခရီးမရောက်ခဲ့ဟုဆိုရပေမည်။ ပိုဆိုးသည်မှာ ဗိုလ်ရာဇာ၏ လက်တွဲဖေါ်တချို့ရို့သည် ဖေသာမက်သော၊ ဖေါက်ပြန်သော၊ အထက်ဖိအောက်ဖားများဖြစ်နိန်သည်သာမက ၎င်းရို့က အဓိကနိန်ရာများကို ယူထားခဲ့ကြမှုကြောင့် ဗိုလ်ရာဇာထင်သလောက် ခရီးမရောက်ခဲ့။ အကွဲအပြဲများနှင့်သာ ရင်ဆိုင်လာခဲ့ရသည်။ ဗိုလ်ရာဇာအနိန်ဖြင့် မျက်နှာပျက်ခဲ့ရသည်။ သို့သော် ဗိုလ်ရာဇာသည် ဖေသာမက်သူ၊ စဉ်းစိမ်ယစ်မူးသူတယောက်မဟုတ်ကြောင်းကို၊ ဗိုလ်ရာဇာ၏ဇာတ်သိမ်းခန်းက သက်သီပြနိုင်ခဲ့ပါသည်။ ဗိုလ်ရာဇာ၏ အဓိကအားနည်းချက်မှာ လူအကဲခပ်ညံ့ခြင်းနှင့် တဖက်သားစကားကို ယုံလွယ်ခြင်းပင်ဖြစ်ပါသည်။ ယင်းအားနည်းချက်ဟိသော်လည်း ခေတ်ပညာတတ်များကို အားကိုးယုံကြည်သည်။ ဤကဲ့သို့အားကိုးကြောင်းကိုလည်း ရခိုင်မျိုးဆက်သစ်များဖြင့် တည်ဆောက်ထားသော ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များဆိုင်ရာအစည်းအရုံး(AASYC)ကို (NUPA) ထဲသို့ သွင်းကာနိန်ရာပီးခြင်းပင်ဖြစ်သည်။ ဤသည်ကို သူ၏ဖေါက်ပြန်သော လုပ်ဖေါ်ကိုင်တချို့က မလိုလားကြရုံသာမက (AASYC) ကို လက်တွဲခေါ်ဖို့အစား ဖြိုခွဲဖို့အထိ လုပ်ကြံကြိုးစားခဲ့ကြသည်။
                                            ဗိုလ်ရာဇာသည် မျိုးချစ်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်းကို သူ၏နောက်ဆုံး တော်လှန်ရေးခရီးက သက်သီပြခဲ့သည်။ ဗိုလ်ရာဇာAdman ကျွန်းသို့ ခရီးမဆက်မှီ ဗိုလ်ရာဇာကိုယ်တိုင်မလိုက်ပါဖို့ လက်အောက်ငယ်သားများနှင့် ခေါင်းဆောင်တချို့ရို့ကတားမြစ်ကြသည်။ သို့သော် ဗိုလ်ရာဇာက လက်မခံ မအောင်မြင်လျှင် မိတ်ပျက်မည်ကိုစိုးရိမ်၍ အိန္ဒိယထောက်လှမ်းရေးတဦး၏ ထောင်ချောက်ထဲသို့ သက်ဆင်းကာ မျိုးချစ်သူတယောက်ဖြစ်ကြောင်းကို သက်သီပြလျှက် ဇာတ်သိမ်းခဲ့ပါသည်။ ရခိုင်တော်လှန်ရေးကိုလည်း အတိုင်းအတာတခုထိ စည်းရုံးပြနိုင်ခဲ့ပါသည်။ သို့သော် ကံကြမ္မာကိုသာ အပြစ်ဖို့ရမည်လား၊ ဗိုလ်ရာဇာကိုပင် အပြစ်တင်ရဖို့လား ဝေခွဲ၍မရဖြစ်နိန်သည်မှာ မျိုးချစ်ရဲဘော် အကျွန်၏ ဝေခွဲမရသော အိပ်မက်ကုဋေကုဋာ။ မည်သို့ပင်ဆိုစေကာမူ ခိုင်ရာဇာ၏မှန်ကန်သော၊ လက်တွိကျသော အတွေးအခေါ်လုပ်ရပ်များကို မျိုးဆက်သစ်ရဲဘော်များက လက်ဆင့်ကမ်းသယ်ယူလားကာ မှားယွမ်းသော အတွေးအခေါ်များကိုလည်း စွန့်လွှတ်ရုံသာမက မြီမြှုပ်မီးယှိုးသဂြိုဟ်ပစ်ရမည်။ မည်သို့ပင်ဆိုစေကာမူ ခိုင်ရာဇာ၏ မြင့်မြတ်သောတော်လှန်ရေးသမိုင်းကို ကျန်ရစ်သူများက မှတ်တမ်းတင် ရီးသားကြရမည်။
                                 ဗိုလ်ရာဇာကွယ်ပျောက်လားပြီးနောက်ပိုင်းတွင် အဖွဲ့အစည်းအတွင်း အချင်းချင်း အားပြိုင်မှုနှင့်အတူ ရဲဘော်များလည်း ရခိုင့်တော်လှန်ရေးအပေါ် ယုံကြည်မှု လျော့နည်းလာခဲ့ကြသည်။ တော်လှန်ရေးရေရှည်ကို မကြည့်ဘဲ တချက်ချေဖြီချင်းဖို့ကို ကြိုး.စားလျှက်(NUPA)သည် လမ်းချော်လာခဲ့သည်။ ဤစပ်ကြားတွင် ဗိုလ်ရာဇာ၏ လုပ်ဖေါ်ကိုင်ဖက်တချို့က မစားရသောအမဲကို သဲနှင့်ပစ်ဖို့သာကြိုးစားခဲ့မှုကြောင့် (NUPA)တွင် ထပ်မှန်လက်နက်သိမ်း ခွဲထွက်မှုဖြစ်ပွါးခဲ့ရသည်။ ၎င်းခွဲထွက်ခဲ့သောအုပ်စုမှ တယောက်နှစ်ယောက်သာ ကျန်ရစ်ခဲ့ပြီး အများစုမှာ ရန်သူထံလက်နက်ချအညံ့ခံလျှက် ဗိုလ်ရာဇာထူထောင်ခဲ့သော ရခိုင်ပြည်တပ်မတော်မှာလည်း ဘ၀ဇာတ်သိမ်း ချုပ်ငြိမ်းတော့မည့် အနိန်အထားသို့ ဆိုက်ရောက်လာခဲ့ရသည်။ ဤသည်ကို တချို့တော်လှန်ရေးအဖွဲ့အစည်းများက လက်ကတီးခတ်ကာ ၀မ်းသာနိန်ခဲ့ကြသည်။ တဘက်သားနစ်နာသည်ကို တော်လှန်ရေးသမားချင်း ၀မ်းသာအားရဖြစ်သည်မှာ မှန်ကန်သော အတွေးအခေါ်တရပ်လားဆိုသည်ကို ယင်းခေါင်းဆောင်များ သဘောပေါက်သင့်သည်။
                                 ယင်းထပ်မှန်လက်နက်သိမ်းခွဲထွက်မှု ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်းတွင် ရခိုင်လက်နက်ကိုင်တော်လှန်ရေးကို ပြန်လည်သုံးသပ်ဖို့၊ လိုအပ်လာပြီဖြစ်ကြောင်းကို မိမိသဘောပေါက်လာခဲ့ပါသည်။ မိမိသည်လက်နက်ကိုင်တော်လှန်ရေးကို ယုံကြည်သည်။ အားကိုးသည်၊ စိုက်စိုက်မတ်မတ်လျှောက်လာခဲ့သည်။ လျှောက်လှမ်းလာသည်နှင့်အမျှ တော်လှန်ရေးအတွက် လိုအပ်ချက်များကို တွိလာခဲ့ရသည်။ ဤသည်မှာ တော်လှန်အတွေးအခေါ်မပြည့်ဝမှု၊ မိသားစုစိတ်ဓါတ်၊ ရဲဘော်ရဲဘက်စိတ်ဓါတ် ကင်းဝီးနိန်ကြမှုများပင်ဖြစ်ပါသည်။ လက်နက်ကိုင်တော်လှန်ရေးတရပ် ခိုင်မာဖို့ တော်လှန်ရေးအတွေးအခေါ်တရပ်ကို ခိုင်မာအောင်တည်ဆောက်ရမည်ကို၊ ခေတ်နှင့်လျှော်ညီအောင် တည်ဆောက်ရမည်ကို မိမိ၏အတွိအကြုံ၊ တော်လှန်ရေးသမိုင်းက သက်သီပြခဲ့ပါပြီ။ ခိုင်မာသော လက်နက်ကိုင်တော်လှန်ရေးတရပ်ကို တည်ဆောက်နိုင်ရန်အတွက် စာပီသည် အခရာကျသည်ကို မိမိသဘောမပေါက်ဘဲ မနိန်နိုင်အောင် ဖြစ်ရပ်များက တခုပြီးတခု  သက်သီပြလာခဲ့ပြီ။ ဤအတွေးရောက်လာအောင် ဤစာပီလောကထဲသို့ရောက်လာအောင် စေ့ဆော်လှုပ်ယှားပြခဲ့သူမှာ အကျွန်၏လုပ်ဖေါ်ကိုင်ဖက် ခိုင်ကောင်းစံဖြစ်သည်ကို မိမိအနိန်ဖြင့် ရဲရဲကြီးဝန်ခံရမည်။
                                 ၁၉၉၈-ခု ( UNPA )သည် အသင့်အတင့် ခိုင်မာစွာ ရပ်တည်နိန်နိုင်ခဲ့သည့်အခါက စာပီတော်လှန်ရေးသမား ခိုင်ကောင်းစံကို စော်ကား မော်ကားပြောခဲ့သော စကားတခွမ်းက မိမိကို မကြာခဏ ခြောက်လှန့်နိန်သည်ကို မိမိဝန်ခံရမည်။ ယင်းစကားမှာ ရခိုင်ဝံသာနု စာပီအသင်း၏ ပထမ မဂ္ဂဇိန်း မထုတ်ဝီမီက အကူအညီလာတောင်းသည်ကို အကိုခိုင်ကောင်းစံအတွက် ပီးရန် ဒေလက်သီးသာဟိသည်၊ လက်နက်ကိုင်တော်လှန်ရေးသမားကို စာပီတော်လှန်ရေးသမားကသာ အအကူအညီ ပီးရမည်။ ဟု နောက်ပြောင်ပြောင် ပြောလိုက်ခြင်းစကား၊ တဖက်မှာလည်း ခိုင်ကောင်းစံကို အမြင်မယှင်းခြင်း၊ စာပီနှင့် မယဉ်ပါးခြင်း၊ လက်နက်ကိုင် လမ်းကြောင်းမှ သွယ်ဖယ်ကာ လက်နက်ထက် ပေါ့ပါးသော ကလောင်ကိုင်သည်ကို မိမိမနှစ်မြို့၊ ယှုပ်ချချင်၍ ပြောလိုက်သော စကားဖြစ်ပါသည်။
                                 သို့သော် ခေတ်ရီစီးကြောင်း ပြောင်းလဲလာမှု၊ ရခိုင့်တော်လှန်ရေး နောက်ပြန်ဆုတ်မှုများကို သုံးသပ်မိလာသည်နှင့်အမျှ ခိုင်မာသောပြည်သူ့တော်လှန်ရေး၊ ခေတ်မှီတော်လှန်ရေးတရပ် တည်ဆောက်ရာတွင် ကလောင်                                        လက်နက်သည်လည်း အခရာကျသည်ကို ရခိုင့်တော်လှန်ရေးသာမက မြန်မာရို့၏ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရန်တော်လှန်ရေးအစ၊ ကမ္ဘာ့သမိုင်းတွင်ဖြစ်ပေါ်ခဲ့ကြသော တော်လှန်ရေးတိုင်း၌ စာပီလက်နက်ဖြင့် အတွေးအခေါ်ကို ခိုင်မာအောင်တည်ဆောက်ပြီးမှ လက်နက်ကိုင်တော်လှန်ရေးကို တော်လှန်ရေးအတွေးအခေါ်ခိုင်မာပြီး၊ ခေတ်မှီတိုးတက်သစ်လွင်သော အတွေးအခေါ်ဟိသူ ခေတ်ရီစီးကြောင်းနောက်ကို လိုက်နိုင်သည့်မျိုးချစ်များက စနစ်တကျနှင့်စမှသာ အောင်မြင်သည်ကို တော်လှန်ရေးသမိုင်းတိုင်းက သက်သီပြခဲ့ပါပြီ။ ပြည်သူ့တော်လှန်ရေးဖြစ်မှသာ တော်လှန်ရေးအောင်မြင်မှုရဟိသည်ကို တော်လှန်ရေးသမားများက မျက်ကွယ်မပြုသင့်ပါ။
                                 ပြည်သူ့တော်လှန်ရေးတရပ်ကို ဖန်တီးတည်ဆောက်နိုင်ရန်အတွက် ပြည်သူများ၏ အားနည်းးချက်၊ အားသာချက်နှင့် ပြည်သူများ၏ လိုလားချက်ကိုသဘောပေါက်ကာ မှန်ကန်သော လမ်းကြောင်းပေါ်သို့  ပြည်သူကို ဆွဲခေါ်ရမည်။ ပြည်သူများ၏ အားသာချက်မှာ တော်လှန်လိုစိတ်ဟိနိန်ခြင်းပင်။ အားနည်းချက်မှာကား ပြဿနာ၏အတိမ်အနက်ကို မသုံးသပ်ဘဲ၊ ဓါးဆွဲဒုတ်ဆွဲ ကိုင်တွယ်ဖြီချင်းတတ်ကြသော အလေ့အထပင်။ တချို့ရို့ဆိုလျှင် ဆေးလိပ်တလိပ်၊ ဖေသာ ငါးကျပ်ပြဿနာကြောင့်၊ ဓါးဖြင့်ခွပ်သတ်ခြင်း၊ စူးဖြင့်ထိုးသတ်ခြင်းများပင် ပြုလုပ်တတ်ကြသည်။ ဤကဲ့သို့ဖြီယှင်းသောနည်းမှာ ရှီးကျောက်ခေတ်ကဖြီယှင်းသောနည်း၊ မမှန်ကန်သောနည်းဆိုသည်ကို ရခိုင်ပြည်သူများအနိန်ဖြင့် သဘောပေါက်သင့်ပါပြီ။ ထိုပုံစံမျိုးဖြီချင်းသောနည်းများကို တချို့သော ရခိုင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွင်ပင် ကျင့်သုံးခဲ့ကြသည်ကို တွိဟိခဲ့ရပါသည်။ တချို့တော်လှန်ရေးသမားများကဆိုလျှင် ရခိုင်ပြည်လွတ်လပ်ရေးရဖို့အတွက် ရခိုင်ပြည်သူ ထက်ဝက်ခန့်ကို သတ်ပစ်ရမည်ဟု မှားယွင်းစွာ တွေးခေါ်ပြောဆိုနိန်ကြသည်ကိုလည်း မိမိနားဖြင့် မယုံကြည်နိုင်လောက်အောင် ကြားခဲ့ရသည်။ လက်နက်အားကိုးဖြင့် ပြည်သူ့သဘောထားကို ပြောင်းလဲ၍မရဆိုသည်ကို ယင်းတော်လှန်ရေးသမားခေါင်းဆောင်များ သဘောပေါက်သင့်ပါပြီ၊ ပြည်သူ၏မှားယွမ်းသော အတွေးအခေါ်ကို တော်လှန်ရေးကို ဦးဆောင်နိန်ကြသော ခေတ်မှီပြီး သဘောထားဖြူစင်သည့် တော်လှန်ရေးသမားများ၏ အတွေးအခေါ်က ဖြီချင်းနိုင်ရမည်။ ထိုသို့ အတွေးအခေါ်မျိုးမ၀င်လျှင်ကား တော်လှန်ရေး လုံးပါးပါး ပျောက်ကွယ်ရုံသာဟိပါတော့မည်။ နောက်မှားယွမ်းသော အတွေးအခေါ်တရပ်မှာ ရွာ၌ဖြစ်ပွါးခဲ့သော ပြဿနာချေတခုအတွက် ဓါးဆွဲ ဒုတ်ဆွဲ ဖြီယှင်းနိန်ကြခြင်းပါ။ ဤသည်မှာ ကျောက်ခေက်ကအတွေးအခေါ်တရပ်ဆိုသည်ကို သဘောပေါက်သင့်ပါပြီ။ ဤသည်ကိုပင်လျှင် ပြတ်သားသည်၊ သတ္တိဟိသည်ဟု ရခိုင်ပြည်သူတို့တချို့လက်ခံနိန်ကြတုန်း။ နောက်ပိုဆိုးသော အတွေးအခေါ်တရပ်မှာ ရမ်းဗြဲသား၊ ဇကူးသာား၊ မန်အောင်သား၊ စစ်တွေသားစသည်ဖြင့် မှားယွမ်းစွာ ခွဲခြားနိန်ကြသည်သာမက ရီခြား မြီခြား၌ ဒေသခွဲ အုပ်စုဖွဲ့သတ်ဖြတ် လက်စားချေမှုများ ဟိနိန်ခဲ့ခြင်းမှာလည်း ခေတ်အဆက်ဆက် ဗမာနယ်ချဲ့ဝါဒီရို့၏ သပ်ချိုဖြိုခွဲမှုကြောင့် ဆိုသည်ကို ရခိုင်ပြည်သူများ သဘောပေါက်သင့်ပါပြီ။ ဤကဲ့သို့ စရိုက်ဆိုးများ ဟိနိန်သမျှကာလပတ်လုံး ရခိုင်လူမှုအဖွဲ့အစည်းသည် တိုးတက်မှုမဟိဘဲ ဆုတ်ယုတ်လာမည်မှာ သဘာဝနိယာမတရားပင်။ သို့သော် ရခိုင်သားရို့၏ မြတ်နိုးဖွယ်ရာ လုပ်ရပ်တခုမှာ သာရေးနာရေး ကိစ္စများ ပေါ်ပေါက်လာလျှင် နယ်မြီ ဒေသမခွဲ ကူညီ ၀ိုင်းဝန်းလုပ်ဆောင်ကြခြင်းပင်။ ဤကဲ့သို့သော အစဉ်အလာများကို တခြားလူမျိုးများက မချီးကျူး၍ မနိန်နိုင်လောက်အောင်ပင်။ ဤကဲ့သို့ ကောင်းမြတ်သော အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းလျှက် မကောင်းသော အစဉ်အလာရိုင်းများကို မြီမြှုပ် သင်္ဂြိုဟ်ပစ်ရမည်။
                        နောက်ထပ် မှားယွမ်းသော အတွေးအခေါ်တရပ်မှာကား ပြည်ပရောက် တချို့ရခိုင်ရို့ မူးယစ်ဆီးဝါးများကို သုံးစွဲ ယစ်မူးနိန်ကြခြင်းနှင့် ဒုစရိုက်လုပ်ငန်းများတွင် ပါဝင်ပတ်သက်လာကြခြင်းပင်။ ရခိုင်သားတချို့ရို့ မူးယစ်ဆီဝါး သုံးစွဲယစ်မူးနိန်ကြသည်ကို တချို့တော်လှန်ရေးသမားများက မသိလိုက် မသိဖာသာနိန်ကြသည်သာမက ဒုစရိုက်သမားရို့၏ ခြိမ်းခြောက်မှုများကိုလည်း တချို့သော တော်လှန်ရေးသမားခေါင်းဆောင်များက ခေါင်းငုံ့၍ ခံနိန်ကြသည်ကို မနှစ်မြို့ဖွယ်  တွိမြင်နိန်ရပါသည်။ ယင်းဒုစရိုက်လုပ်ငန်းများ၌ ပါဝင်လုပ်ဆောင်နိန်ကြသူများထဲတွင် သာမန်ပြည်သူများသာမက တော်လှန်ရေးထွက် ရဲဘော်ဟောင်းများကပါ ထိပ်တန်းမှ ဦးဆောင် ဦးရွက် ပါဝင်နိန်ကြခြင်းမှာ တော်လှန်ရေးသမားများအတွက် ရင်လီးစရာ အဖြစ်ဆိုးတခု။ ပိုဆိုးသည်မှာတော်လှန်ရေးထွက် ရဲဘော်ဟောင်းများက တော်လှန်ရေး၌ မကြေနပ်၊ အစာမကြီ ဖြစ်ခဲ့မှုများကို တော်လှန်ရေးထဲမှာကတည်းက ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း မဖြီယှင်းခဲ့ကြဘဲ တော်လှန်ရေး လောကအပြင်ပ ဒုစရိုက်လောထဲသို့ ရောက်ပြီးမှ စိန်ခေါ်နိန်ကြခြင်းပင်။
                     ပြည်ပရောက် တချို့ပြည်သူများ ဒုစရိုက် လောကထဲသို့ ရောက်နိန်ကြသည် သာမက တော်လှန်ရေးထွက် ရဲဘော်ဟောင်းများ ပါဝင်ပါတ်သက်နိန်မှုများကိုပါ ပြည်ချစ် မျိုးချစ်များအနိန်ဖြင့် လက်ပိုက် ကြည့်မနိန်သင့်။ ယင်းအတွေးအခေါ်များ ပြောင်းလဲလာစီရန်အတွက် စာတကြောင်း ပီတကြောင်းဖြင့် ဆုံးမရုံ သက်သက်မဟုတ်ဘဲ ရခိုင်ပြည်မှ အ၀ီးရောက်ပြည်သူများနှင့် တော်လှန်ရေးထွက် ရဲဘော်ဟောင်းများ နိန်ရာချထားရေးအတွက်ကိုပါ ထည့်သွင်းစဉ်းစားကြရမည်။ ပြည်သူများနှင့် တော်လှန်ရေးထွက် ရဲဘော်ဟောင်းများ အနိန်ဖြင့်လည်း တော်လှန်ရေး မကြီးထွားဖြစ်နိန်ရမှုအတွက် တော်လှန်ရေးသမား ခေါင်းဆောင်များကို အပြစ်တင်ရုံသက်သက် မဟုတ်ဘဲ မိမိကိုလည်း မူးယစ်ဆီးဝါး သုံးစွဲမှုနှင့် ကင်းကွာအောင် ဒုစရိုက် လောကနှင့် ကင်းကွာအောင် နိန်ထိုင်လျှက် မိမိဘ၀မြင့်မြတ်အောင် ရခိုင်သားများ အချင်းချင်းလက်ဆက်ကာ ၀ိုင်းဝန်းတည်ဆောက်ကြရမည်။
                      ဤကဲ့သို့ တွေးခေါ် ရီးသားရခြင်းမှာလည်း တော်လှန်ရေးသည် ပြည်သူကို အခြီပြုသောကြောင့် ပြည်သူ၏ အတွေးအခေါ် အပြုအမူ တိုးတက်သစ်လွင်မှ တော်လှန်ရေးလည်း တိုးတက်သစ်လွင်မည်ကို ရခိုင်တော်လှန်ရေးခေါင်းဆောင်များ သတိမူမိဖို့၊ ရခိုင်ပြည်သူများ သတိပြုမိဖို့အတွက်ကို အကျွန့် ဦးနှောက်မှီသလောက် လက်ထောက်ပြ ချပြရခြင်းပင်ဖြစ်ပါသည်။ လက်ထောက်ချပြဖို့လည်း လိုအပ်သည်။ ခေါင်းဆောင်များ အနိန်ဖြင့်လည်း ပြည်သူကို ဦးဆောင်လမ်းပြနိုင်စီရန် အရည်အခြင်း ပြည့်မှီသော အမှန်ကိုမြင်လျှင် တော်လှန်ရေးလမ်းကြောင်းကို အမှန်ဘက်သို့ဦးတည် လျှောက်လှမ်းလိုသော သဘောတရား ပြည့်ဝသော ခေါင်းဆောင်များဖြစ်ဖို့လည်း လိုအပ်ပါသည်။ တော်လှန်ရေးလမ်းကြောင်းကိုလည်း လမ်းရိုးဟောင်း အကျဉ်းချေအတိုင်းသာမက ယင်းလမ်းဟောင်းအကျဉ်းချေသည် ဆက်လက်မှန်ကန်နိန်သည်ဆိုပါက လမ်းဟောင်းကို ချဲ့ထွင်ခြင်းနှင့် ဆူး၊ငြှောင့်၊ ခလုပ်၊ ချြုံနွယ်များကို ရှင်းလင်းခြင်းအပြင် သစ်လွင်သော အတွေးအခေါ်များဖြင့် တော်လှန်ရေးအတွက် လိုအပ်သော လမ်းသစ်များကိုလည်း လိုအပ်သလို ဖေါက်လုပ်ဖို့ လိုအပ်နိန်ပြီ ဖြစ်ပါကြောင်း။ (မှတ်ချက်- 2002-ခုနှစ်က ဆောင်းပါးအဟောင်း)

တစ်ထွာတစ်မိုက်အမြင်နှင့် အုတ်တစ်ချပ်၊သဲတစ်ပွင့်

                                           ခိုင်လင်း {မေဃ၀တီ}
ခေတ်သစ်မှာ ပညာဆိုရေ ရင်းမြစ်ရေ အကြီးမားဆုံးမြစ်ဆိုစွာကို ကျနော်အနေနန့် ကြည်ဖြူစွာ လက်ခံပြီးသားပါရာ၊ ယုံကြည်မှုလည်းဟိပါရေ။ လူ့အဖွဲ့အစည်းတစ်ခု ဖွံ့ဖြိုးနိုင်ဖို့အတွက် ပညာဆိုရေ ရင်းမြစ်ရေ {အခရာ} ဆိုစွာကို လေ့ကြားဖူးပါရေ။ ပညာတတ်လူ့အလွှာထဲက အကန့်တကန့်ကို ဆွေးနွေးချင်စွာပါရာ။ အေပြဿနာကဇာလဲဆိုကေ တော်လှန်ရေးထဲက ပညာတတ်အချို့ စွန့်ခွါလားစွာရေ ပညာမဲ့တိ၏ ပယောဂနန့် ဖရိုဖရဲဟိနိန်ရေ လူ့အဖွဲ့အစည်းကြောင့်လို့ ပြုပြင်ပြောင်းလဲရေးသမားတိက ဆွေးနွေးလာကတ်ပါရေ။ ကျနော်အနေနန့်က တမိုးလုံးဖျောက်ဆိတ်မဖြစ်ဖို့ လိုအပ်ရေလို့ ထောက်ပြချင်ပါရေ။
              နောက်တစ်ချက်က တော်လှန်ရေး၊ နိုင်ငံရေးထဲမှာ ပညာတတ်နန့် ပညာမတတ်တေအလွှာနှစ်ခုရေ  ပဋိပက္ခလို့ ထောက်ပြလာကတ်တေ။ ပညာမတတ်တေ အချို့ခေါင်းဆောင်တိရေ ပညာတတ်တိကို ဖိနှိပ်မှု၊ ဖယ်ယှားမှု ကိစ္စနန့် ပညာတတ်အချို့ အောက်ကျနောက်ကျ နောက်လိုက်ပုံစံမျိုး စရေကိစ္စတိကို ဆွေးနွေးလာကတ်ပါရေ။ ယင်းပိုင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလာခြင်းရေ အမျိုးသားအတွက် ကောင်းရေလက္ခဏာတိပါရာ။ ဆိုကေ ပညာတတ်အချို့ရေ တော်လှန်ရေးကို စွန့်ခွါပနာ လားကတ်တေလို့ ထောက်ပြလာကတ်ပါရေ။ ကျနော့်အနေနန့် ပြောရကေ ယင်းပိုင်စွန့်ခွါလားရေ ပညာတတ်အချို့ကို ဖင်ပြန် ဂေါင်းပြန်စဉ်းစားလာရေ။ သူရို့စကားနန့်ပြောရကေ ပညာမဲ့လူအချို့တိရေ ချယ်လှယ်မှု၊ မရိုးသားမှု၊ ကျော်တက်ဖို့စွာကို ကြောက်မှုတိကြောင့် စွန့်ခွါလားရေပညာတတ်အချို့ကို ကျနော့်အနေနန့်ထင်စွာက အဂင့်စစ်မှန်ရေ မျိုးချစ်စိတ် သို့မဟုတ် ခိုင်မာရေမျိုးချစ်စိတ်မဟိလို့-လို့ ထင်မြင်မိပါရေ။ ကျနော်ထင်ပါရေ အဂင့်ပြင်းထန်ရေ မျိုးချစ်စိတ်ဟိကေ စိတ်ပျက်ဖွယ်ရာတိကြားမှာ ပုံဖေါ်ရဖို့လို့။ နောက်တချက်က ပညာတတ်အချို့ရေ အေပိုင်အခြေအနေတိကြောင့် စွန့်ခွာလားစွာဆိုရေ အလွယ်တကူတွေးတောလို့ရစွာထက် တဆင့်တိုးပနာ စဉ်စားကတ်ဖို့၊ ဆွေးနွေးကတ်ဖို့ လိုသိမ့်ရေလို့ထင်ပါရေ။ အားလုံးအဖြေရှာကတ်ဖို့ပါ။ တိုင်းပြည်ကို ရိုးသားစွာချစ်ရေ ပညာတတ်အချို့ဆိုကေ စိတ်ပျက်ဖွယ်ရာတိကြားမာ သူရို့ဘ၀တိကို ပီးဆပ်ပနာ နမူနာပြလားစွာတိကို အတုယူသင့်ပါရေ။ ဥပမာ ဆရာစံကျော်ထွန်း။
              အဓိကကျောရိုးရေ တိုင်းပြည်နှင့်လူမျိုးအပေါ်မှာ ရိုးသားစွာ အမှန်ချစ်ရေစိတ်ဓါတ်အပေါ်မှာ အခြီခံရဖို့လို့မြင်ပါရေ။ ပညာမတတ်တေ လူအချို့ကြောင့်ဆိုရေ အတွေးတိကို ကျော်လွန်ဖို့သင့်ပါရေ။ အကယောင်း တိုင်းပြည်နန့်လူမျိုးအပေါ် ရိုးသားစွာချစ်တေဆိုကေ ပညာတတ်ရေလူဖြစ်ဖြစ်၊ ပညာမတတ်ရေလူဖြစ်ဖြစ်၊ ဘ၀ကိုပီးဆပ်ရပါဖို့။ အချို့ထောက်ပြကတ်တေအချက်က အချို့ပညာတတ်တိ အေပိုင်စိတ်ပျက်ဖွယ်တိကြောင့်ဆိုရေ အကြောင်းပြချက်ရေ အကယောင်း ခိုင်လုံမှုမဟိလို့ဆိုချင်ပါရေ။ ခိုင်လုံမှုမဟိဆိုစွာကို အမျိုးသားရေးရှုထောင့်ကကြည့်ပနာ သုံးသပ်စွာပါ။ ကိုယ်ကျိုးရှာသမားတိဖြစ်လို့ စွန့်ခွာလားစွာလားလို့ တွေးကြည့်ဖို့လိုအပ်ပါရေ။ ကျနော်ရို့ရေ တိုင်းပြည်နန့်လူမျိုးအတွက် တော်လှန်ရေး၊ နိုင်ငံရေးလုပ်နိန်ကတ်စွာပါ။ ထဘိန်ပျောက်စွာလဲပါဖို့၊ မုဒိန်းမှုနန့်လဲကြုံရဖို့။ တရားစွာဖြစ်ဖြစ်၊ မတရားစွာဖြစ်ဖြစ်၊ ပြိုင်ဆိုင်မှုဟိဖို့။ အဆိုးစွန်ဆုံးပြောရကေ ရန်သူသတ်လို့မသီ ကိုယ့်အချင်းချင်းသတ်လို့ သီရဖို့။ ယင်းပိုင်မကြုံတွိချင်ဆိုကေ သစ်တစ်ပင် ၀ါးတစ်ပင်အောက်မှာ တရားအားထုတ်ဖို့ တောထွက်ရုံသာ။ မဟုတ်ကေ နိုင်ငံရေးမလုပ်ကေ့၊ စီးပွါးရေးလုပ်။ ကျနော့်အမြင်က အချို့ပညာတတ်တိ စိတ်ပျက်ဖွယ်တိကြောင့် စွန့်ခွါလားရေဆိုရေ ဆင်ခြီ၊ ဆင်လက်တိရေ ခိုင်မာရေအမျိုးသားစိတ်ဓာတ်မဟိလို့ပြောရပါဖို့။
           ခိုင်မာရေအမျိုးသားရေးစိတ်ဟိရေ ပညာတတ်အချို့ဆိုကေ စိတ်ပျက်ဖို့၊ ငြီးငွေ့ဖို့၊ နောက်ဆုံး မိမိအသက်တောင် စတေးခံရဖို့ဆိုရေ အနိန်အထားတိဟိရေဆိုစွာကို ခန်မှန်းလို့သိကေလေ့ သူ၏ခိုင်မာရေ၊ ပြင်းထန်ရေ အမျိုးသားစိတ်ကြောင့် သူ၏ပညာရင်းမြစ်ကို အသုံးပြုပနာ တိုင်းပြည်နန့် လူမျိုးအတွက် ပုံဖေါ်လားကတ်စွာမနား။ ပညာတတ်သည်ဖြစ်ဖြစ်၊ မတတ်သည်ဖြစ်ဖြစ် တိုင်းပြည်နန့်လူမျိုးအပေါ်မှာ ရိုးရိုးသားသားချစ်လားကတ်ဖို့ရာ လိုအပ်ပါရေ။ အမှန်က ပညာမတတ်တေလူအချို့နန့် ပညာတတ်တေလူအချို့ရေ ပဋိပက္ခအသွင်ဆောင်နိန်ရေဆိုစွာ မဟုတ်လို့ထင်ပါရေ။ ပညာမတတ်တေလူအချို့နန့် ပညာတတ်တေလူအချို့ကိုယ်တိုင်က ပြင်းထန်ရေ အမျိုးသားရေးစိတ် ဟိကွန်ဆောင်ပနာ ရောယောင်ပြီး ကရောင်ကထောင် လုပ်ကတ်စွာလို့မြင်ပါရေ။
                                 နောက်မျက်နှာစာတစ်ခုမှာလေ့ တိုးတက်သစ်လွင်ရေ အတွေးအခေါ်ဟိရေ လူတိနန့် ခေတ်ပညာတတ်အချို့ရေ ရခိုင့်တော်လှန်ရေး၊ နိုင်ငံရေးမျက်နှာစာမာ ထင်ပေါ်လာဖို့ စိုးရိမ်ရေလူအချို့ရေ ဟိကတ်တေဆိုစွာကို မငြင်းလိုပါ။ မိမိကိုယ်ကို ဗဟိုပြုချင်ရေစိတ်ဓါတ်တိကို ဖယ်ယှားကတ်ဖို့လိုပါရေ။ အလှကိုယ်စီဟိကတ်တေဆိုစွာကို လက်ခံကေ တလွဲဆံပင်ကောင်းပုံစံတိ ပျောက်ကတ်ပါဖို့။ မိမိကိုယ်ကို ဗဟိုပြုချင်ရေ စိတ်ဓါတ်တိလေ့ ပျောက်လားကတ်ဖို့ရာ။ ပြောရကေ၊ လက်နက်ချလားရေ သတင်းတိကြားတိုင်း ပျော်ရွှင်ကတ်တေ တော်လှန်ရေး၊ နိုင်ငံရေးသ္မားတိလေ့ ဟိကတ်တေဆိုဝါ။ ကိုယ့်အနိန်အထားကို ကိုယ်ကိုတိုင်သိအောင်ကြိုးစားပနာ လက်တွဲလုပ်လားကတ်ဖို့ဆိုကေ တိုးတက်မှုတိဟိဖို့လို့ထင်ရေ။ တခါတရီ ကျနော်ကြားရစွာတိဟိရေ။ ကျနော်က ဖက်ဒရယ် အကြောင်းတိကိုရာ ဆောင်းပါးတိ ရီနိန်ရေလတ်၊ ကျနော်ပြောကေ စော်ကားရာကျဖို့။ ဘုန်းကြီးလိုလို၊ ဖိုးသူတော်လိုလို လုပ်နိန်ကတ်စွာက မကန်ထွား။  ဘုန်းကြီးဆို ဘုန်းကြီးလုပ်၊ ဖိုးသူတော်ဆို ဖိုးသူတော်လုပ်။ ဗျူဟာ၊ မဟာဗျူဟာ၊ နည်းဗျူဟာစရေ စကားတိနန့် လာမပြောကေ့။ ကိုယ့်ကို ကိုယ်လဲဆင်ခြီမပီးကေ့။ ဘုန်းကြီလုပ်ပြီး ဖိုးသူတော်အကျင့်ကိုကျင့်နိန်ကေ သမိုင်းမှာအပြောခံရဖို့။ ဖိုးသူတော်လုပ်ပြီး ဘုန်းကြီးအကျင့် ကျင့်နိန်ကေ ချီးကျူးကတ်ဖို့။ သမိုင်းမာလဲလှပဖို့။ လိမ္မာပါးနပ်မှုအရ လုပ်နိန်ကတ်စွာပါရာမနား ဆိုရေအတွေးတိဟိကေ ကျနော်ရို့အတွက် အငြင်းပွါးစရာတိ နည်းလာဖို့ထင်ပါရေ။
                                 ကျနော်၏ဆွေးနွေးမှုတိအရ ပညာတတ်တိကို ဆန့်ကျင်နိန်ရေလို့ ကောက်ချက်မဆွဲစီချင်ပါ။ ကျနော်ရို့ လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲ တိုးတက်ရေးမာ ပညာအရင်းအမြစ်တိ လိုအပ်ရေဆိုစွာကို ကျနော်နားလည်သဘောပေါက်ရေပိုင် ယုံကြည်မှုလေ့ဟိပါရေ။ ပညာတတ်အုပ်စုထဲက အကန့်တကန့် (သို့မဟုတ်)ကဏ္ဍတခုကို ဆွေးနွေးပြစွာပါ။ ယင်းအကန့်တကန့်အတွက် တွေးတောသုံးသပ်မှုတိ လွဲချော်မှုတိကို ထောက်ပြစွာအဆင့်ပါရာ။ ဆက်ပနာဆွေးနွေးရကေ ပညာတတ်လူတယောက်က ရိုဟင်ဂျာဆိုရေ                                
နာမည်သစ်နန့် လူမျိုးတမျိုးအဖြစ် သတ်မှတ်ပနာ ရခိုင်ပြည်တ၀က်ကိုလေ့ သူရို့နယ်မြီပါလို့ လက်ခံရေဆိုကေ၀ါ။             ယင်းပိုင်အခြေအနေတိလေ့ ဟိကတ်စွာပါနမ်း။ အေပိုင်အခြေအနေတိကိုလေ့ချင့်တွက်ရဖို့ ဆိုစွာပြောလိုစွာပါ။ ဆိုလိုစွာက ပညာတတ်သည်ဖြစ်ဖြစ်၊ ပညာမတတ်သည်ဖြစ်ဖြစ်၊ ဖောက်ပြန်ရေလူတိဟိစွာကိုလေ့ စဉ်းစားရဖို့ ဆိုလိုစွာပါ။ တမိုးလုံး ဖျောက်စိတ်မဖြစ်ဖို့ လိုအပ်ပါရေ။
                  ဇာပင်ဖြစ်နိန်နိန် တိုင်းပြည်နန့်လူမျိုး တိုးတက်ဖွံ့ဖြိုးရေးအတွက် တော်လှန်ရေးတရပ်ဆင်နွှဲရာမာ စိတ်ပျက်စရာ၊ ငြီးငွေ့စရာတိဟိစွာပိုင် ဘ၀တိ၊ အသက်တိကိုလေ့ပီးဆပ်ပနာ ကျနော်ရို့လူ့အဖွဲ့အစည်းအတွက် ခိုင်မာရေအုတ်မြစ်ချနိုင်ဖို့(သို့မဟုတ်) ခိုင်မာရေ အုတ်မြစ်မချနိုင်တောင်မှ ခိုင်မာရေအုတ်မြစ်ချနိုင်ရေးအတွက် အဆင့်ဆင့်ပုံဖေါ်ဖို့ လိုအပ်တေလို့မြင်မိပါရေ။ နောက်တချက်က ပညာတတ်အချို့ရေ ပျက်စီးနိန်ရေ လူ့အဖွဲ့အစည်းကိုမြင်လို့  အယှုပ်အထွီးကိုမခံချင်လို့ ကျောခိုင်းစွာဆိုခြင်းရေ ဇာလောက်ပင် အမျိုးသားရေးစိတ်ဟိရေလို့ပြောပြော လက်ခံနိုင်စရာအကြောင်းမဟိ။ အဂင့်(အကယောင်း)ပြင်းထန်ပြီး ခိုင်မာရိုးသားရေ အမျိုးသားစိတ်ဟိကေ မိမိရို့၏ပညာရင်းမြစ်တိကို စနစ်တကျအသုံးချပနာ တိုင်းပြည်နန့်လူမျိုးအတွက် ပုံဖေါ်လားရပါဖို့လို့ ကျနော်ထင်ပါရေ။ ဟုတ်ပါယင့်၊ ကျနော်လည်းကြားဖူးပါရေ။ ရင်းမြစ်တကာ့ရင်းမြစ်ထဲမှာ ပညာရင်းမြစ်ရေ အကြီးမားဆုံး၊ အကြီးကျယ်ဆုံးလို့။ ကျနော်၏တိုင်းပြည်နန့် လူမျိုးအပေါ် တိုးတက်စီချင်ရေ စေတနာနန့် တထွာတမိုက်အမြင်ရေ အုတ်တချပ် သဲတပွင့်ဖြစ်ခကေ။  ။

စာတည်းစကား

               တန်းဆောင်မုန်းလပြည့်နိန့်သည် ဗုဒ္ဓဘာသာရခိုင်လူမျိုးရို့အတွက် အလွန်တရာမှ တန်ဖိုးဟိသော နိန့်ထူးနိန့်မြတ် တရက်ဖြစ်သည်။ ဗုဒ္ဓဘာသာယဉ်ကျေးမှုအစဉ်အလာအရ သီတင်းကျွတ်လပြည့်ကျော်တရက်နိန့်မှ တန်းဆောင်မုန်းလပြည့်နိန့်ထိ ကထိမ်သင်္ကန်းကပ်လှူခြင်း၊ ဝင်္ကဘာပတ်ပွဲများပြုလုပ်ခြင်း၊ သက်ကြီးပူဇော်ပွဲများကို ရခိုင်ပြည်အနှံ့ ကျင်းပပြုလုပ်ပြီး တန်းဆောင်မုန်းလပြည့်နိန့်တွင်မူ  ကထိမ်သင်္ကန်းကပ်လှူခြင်းသာမက မသိုးသင်္ကန်းရက်ပြိုင်ပွဲ၊ တန်းဆောင်မုန်းမီးထွန်းပွဲနှင့် ဆီးမီးဖောင်မျှိုးပွဲများကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ဟိကြပါသည်။
                တိုင်းပြည်နှင့်အနိန်ဝီး ပြည်ပရောက်ရခိုင်သားများကလည်း ကထိမ်ပွဲ၊ တန်းဆောင်မုန်းမီးထွန်းပွဲတော်များကို မိမိရို့ရောက်ဟိရာတိုင်းပြည်များ၌ အခွင့်အခါကြုံတိုင်း ကျင်းပပြုလုပ်လေ့ဟိကြသည်။ ယင်းပွဲတော်များကို  မကျင်းပနိုင်သော ရခိုင်သားများက အနည်းဆုံး ကိုယ့်တိုင်းကိုယ့်ပြည်ကို သတိရလျှက် ဘုရားတွင် ဆွမ်းပန်းသပ်ပါယ် ပူဇော်မှုများကို ပြုလုပ်တတ်ကြပြီး ဘုရားတွင် ရည်မှန်းဆုတောင်းတတ်ကြပါသည်။
                 ထိုင်းနိုင်ငံတွင် ဆီမီးဖောင်မျှိုးပွဲတော်ကို လွိုင်ကထုန်ပွဲတော်ဟုခေါ်ပြီး ရခိုင်သားရို့နည်းတူ တနိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြသည်။လွိုင်ကထုန်(ဆီမီးဖောင်မျှိုး)ခြင်းရည်ရွယ်ချက်မှာ အပြစ်အကုသိုလ်ရို့ကို ၄င်းဆီမီးဖောင်တွင်ထည့်၍ မျှိုးလိုက်ခြင်းဖြစ်ပါသည်။ ထိုသို့လွိုင်ကထုန်မျှိုးခြင်းအားဖြင့် ဟိဟိသမျှသောအပြစ်ရို့မှ လွတ်ကင်းနိုင်သည်ဟုယုံကြည်ကြသည်။ ထိုင်းနိုင်ငံရောက်ရခိုင်သားများက ထိုင်းရို့၏ရိုးရာ အစဉ်အလာပွဲတော် လွိုင်ကထုန်ကိုသာမက မိမိရို့အစဉ်အလာအတိုင်း ကထိမ်ပွဲများ၊ မီးထွန်းပွဲများကိုလည်း ရခိုင့်လူမှုရေးအသင်းများက ဦးဆောင်၍ အခွင့်အရေးရသလို ပြုလုပ်တတ်ကြသည်။
                 ထိုင်းနိုင်ငံရောက် ရခိုင်သားများအနက် ဘန်ကောက်မြို့ရောက် ရခိုင်သားများသည် ၂၀၀၂-ခု ဘန်ကောက်မြို့ထခမ့်နယ်မြီ၌ ဘုံကထိမ်ပွဲနှင့် ဆီးမီးထွန်းပွဲများကို ရခိုင်လူမှုကူညီစောင့်ရှောက်ရေးအသင်း ASWA မှ ဦးဆောင်ဦးရွက်လုပ် ကျင်းပနိုင်ခဲ့သည်။ ယင်းအခမ်းအနားသို့ ရခိုင်သားများသာမက မြန်မာနိုင်ငံမှ အခြားလူမျိုး ဗုဒ္ဓဘာသာဝင်များပါ တတ်ရောက်၍ ရဟန်းတော် ၁၃ပါး (ရခိုင် ၁၀ပါး ကရင်တပါး မွန်တပါး ထိုင်းတပါး)ရို့က တရားရီးအေးတိုက်ကျွေးခဲ့ပါသည်။ သို့ရာတွင် ထိုင်းနိုင်ငံအချို့ဒေသများ၌ ဘန်ကောက်မြို့၌နည်းတူ ကျင်းပပြုလုပ်လိုကြသော်လည်း ဒေသဆိုင်ရာအာဏာပိုင်များ၏ တားမြိုက်မှုကြောင့် မပြုလုပ်နိုင်ခဲ့ပေ။ အာဏာပိုင်များ၏ အကြောင်းပြချက်မှာ ဘာသာရေးပွဲကိုကြောင်းပြပြီး နိုင်ငံရေးတရားဟော၊ အစည်းအဝေးပွဲပြုလုပ်ကြ၍ ခွင့်ပြုမပီးနိုင်ကြောင်း၊ ပြုလုပ်လိုလျှင်မြန်မာသံရုံးသို့ အလုပ်သမားများက တိုက်ရိုက်အကြောင်းကြားရမည်ဖြစ်ပြီး သံရုံး၏ခွင့်ပြုချက်ရမှသာ ခွင့်ပြုပီးနိုင်မည်ဟူ၍ပင်ဖြစ်သည်။ မိမိရို့ရိုးရာအစဉ်အလာအတိုင်း စုပေါင်းဘုံကထိမ်ပွဲကို ပြုလုပ်လိုကြသော်လည်း ဒေသဆိုင်ရာထိုင်းအာဏာပိုင်များ၏ ခွင့်ပြုချက်မရကြသောကြောင့် ထိုင်းရိုးရာအစဉ်အလာ လွိုင်ကထုန်ပွဲဖြင့်သာ ဗုဒ္ဓဘာသာရခိုင်များက ကြေနပ်နှစ်သိမ့်ခဲ့ကြရသည်။
(အတွဲ-1၊ အမှတ်-5)

စာတည်းစကား

“သီခြင်းတရားသည် လောကလူသားများအတွက် နောက်ဆုံးအခွင့်အရေးဖြစ်သည်။ ထို့ကြောင့်လူရို့သည် မသိခင်စပ်ကြား၌ ကောင်းမွန်သောလုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြရမည်”။ ကျူးကျော်သူနယ်ချဲ့များကို တိုက်ထုတ်ရန် ဖိလစ်ပိုင်ပြည်သူများကို "ပျောက်ဆုံးနိန်သော နိဗ္ဗာန်ဘုံ”စာအုပ်ဖြင့် နိုးထစီခဲ့သူ ဒေါက်တာ ဟိုဆေးရီဇော်က မိန့်မှာခဲ့ဖူးသည်။ သူ၏စာအုပ်ကြောင့် မြောက်များစွာသော ဖိလစ်ပိုင်ပြည်သူများ နိုးထခဲ့ပြီး သူရို့၏လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည်။ ဒေါက်တာ ဟိုဆေးရီဇော်သည် ဖိလစ်ပိုင်ပြည်သူတရပ်လုံး၏ လွတ်လပ်ရေးအတွက် သူ၏အသက်ကို စတေးခဲ့သောကြောင့် သူပင်သီလားသော်လည်း သူ၏စိတ်ဓာတ်သည် ဖိလစ်ပိုင်ပြည်သူများရင်ထဲ၌ ကိမ်းဝပ်နိန်ဆဲ၊ သူ၏ကိုယ်ခန္ဓာသည် ကျောက်ရုပ်အဖြစ် ရပ်တည်နိန်နိုင်ဆဲပင်။ ဒေါက်တာရီဇော်သည် မိုးသောက်ကြယ်အဖြစ် ထာဝရ ထွန်းတောက်နိန်မည်သာဖြစ်သည်။
                   ၁၉၈၆ ခု တနိန့်သောမိုးရာသီ မင်္ဂလာမိုးထခင်း၌ အကျွန်၏သူငယ်ချင်းတယောက်က ရခိုင်ပြောက်ကျားများသည် မင်းပြားမြို့ကိုသိမ်းပိုက်ကာ အစိုးရဘဏ်ကို ဖြိုခွင်းလျှက် ဖေ့သာကျပ်သန်း(၈၀)ကို တော်လှန်ရေးအတွက် အသုံးချရန် ယူဆောင်လားကြသည်ဟု ဝမ်းပန်းတသာ အကျွန့်အားပြောပြသည်။ ၄င်းနိန့်၌မင်းပြားမြို့ဟိ လမ်းများတွင် လူများကြက်ပျံမကျ စည်ကားလျှက် ရခိုင်တော်လှန်ရေးသမားရို့၏ အောင်ပွဲအတွက် အော်ဟစ်ကြွေးကြော်နိန်ကြသည်။ မြို့နိန်ပြည်သူများနည်းတူ ရခိုင်တော်လှန်ရေး ပြောက်ကျားများကလည်း သီနတ်ကို မိုးပေါ်ထောင်ပစ်ကာ သူရို့၏အောင်ပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြသည်။ ကျောင်းသူကျောင်းသားများနှင့် ဆရာဆရာမများက ရခိုင်ပြောက်ကျားများကို နှုတ်ဆက်ရန် အခင်းဖြစ်ပွားရာနိန်ရာသို့ ရောက်ဟိလာခဲ့ကြပြီး သူရို့ကိုတော်လှန်ရေး၌ လက်ခံရန် ရခိုင်ပြောက်များအား တောင်းဆိုခဲ့ကြသည်။ အဖိနှိပ်ခံ ကိုလိုနီလက်အောက် ရောက်ဟိနိန်သော ပြည်သူများအနိန်ဖြင့် ၄င်းရို့လွတ်မြောက်ရန်အတွက် တိုက်ပွဲဝင်ကြရမည်ဟူ၍ အသိတခု အကျွန်ဦးနှောက်ထဲသို့ ဆပ်ခနဲဝင်လာခဲ့သည်။ ဤသည်မှာ လောကလူသားများအတွက် ယှောင်လွှဲ၍မရသော တာဝန်တရပ်ဖြစ်ပြီး ဤတာဝန်ကိုလူတိုင်းထမ်းဆောင်ကြရမည် ဟုလည်းသဘောပေါက် လက်ခံလာခဲ့ပါသည်။ ဤသည်မှာ ထိုအဖြစ်အပျက်အပြီး နောက်ပိုင်း အကျွန်၏ခံယူချက်ဖြစ်ပြီး တနိန့်တော်လှန်ရေးလုပ်ရန်လည်း ခိုင်မာသော ဆုံးဖြတ်ချက်တရပ်ကို ချလိုက်ပါသည်။
             နယ်ချဲ့ကိုလိုနီစစ်အစိုးရက ရခိုင်ပြည်တခုလုံး၌ အရေးအပေါ်အမိန့်ထုတ်ပြန်လိုက်ပြီး၊ ပြည်သူများအနိန်ဖြင့် မိမိအိမ်၌ အိမ်ပြင်မထွက် နိန်ထိုင်နိန်ကြရသည်သာမက ပြောက်ကျားးများကိုရှာဖွယ်ရာတွင် ဗမာစစ်သားများနှင့်အတူ ပေါ်တာအဖြစ် လိုက်ပါခဲ့ကြရသည်။ မင်းပြားမြို့နယ်၌ ပြောက်ကျားအဖြစ်မသင်္ကာသူများကို ပစ်သတ်ရန်အတွက် စစ်သားများအား အမိန့်ပီးခဲ့သည်။ ဗမာစစ်သားများသည် ဤအခွင့်အရေးကို အခွင့်ကောင်းယူလျှက် ပြောက်ကျားမဟုတ်သော၊ ပြောက်ကျားနှင့် လုံးဝအဆက်အစပ်မဟိသော လယ်သမားများကို ပစ်သတ်ခဲ့သည်။ ပြောက်ကျားရို့၏ ရခိုင်ရိုးမတောင် တောနက်ကြီး၌ မြီအောက်တွင်မြှုပ်နှံထားခဲ့သော ရိက္ခာများကို တောဆင်များက ဖျက်ဆီးခဲ့ကြ၍ ပြောက်များ အငတ်ဘေးနှင့်ရင်ဆိုင်ခဲ့ကြရသည်။ ဖမ်းဆီးရမိသော ရခိုင်ပြောက်ကျားအချို့ကို တရားစီရင်ခြင်းမဟိပဲ အဆုံးစီရင်ခဲ့ကြသည်။ အချို့ကို တသက်တကျွန်း ထောင်ချလိုက်သည်။ ပြောက်ကျားအနည်းငယ်သာ တော်လှန်ရေးနယ်မြီထဲသို့ လွတ်မြောက်လာနိုင်ခဲ့ပြီး သူရို့၏ မပြီးဆုံးသိသော သမိုင်းပီးတာဝန်များအတွက် ဒေနိန့်ထက်ထိ ဆက်လက်တိုက်ပွဲဝင်လျှက်ဟိနိန်ကြသည်။ သူရို့၏သမိုင်းဝင်လုပ်ရပ်ကြောင့် အကျွန်သည် တော်လှန်ရေးသမားတယောက်ဖြစ်လာခဲ့ပြီး ရခိုင့်လွတ်လပ်ရေးရဟိရန်(သို့) ရခိုင့်အောင်လံတော်ကိုဆုပ်ကိုင်ကာ ရခိုင့်လွှတ်တော်(သို့) သမိုင်းဝင်အဆောက်အဦအဖြစ် အသစ်တည်ဆောက်ထားသော ရခိုင့်နန်းတော်ရှိ လွှင့်ထူနိုင်ရန် ကြိုးစားတိုက်ပွဲဝင်လျှက် ဟိနိန်ပါသည်။
           အင်ဒိုနီးယှားနိုင်ငံမှခွဲထွတ်ကာ အရှိတီမောလွတ်လပ်ရေးကို အရယူပီးခဲ့သူမှာ အရှိတီမော၏ဖခင် ဇာနာနာဂါ(စ်) မာအို့ပင်ဖြစ်ပါသည်။ အရှိတီမောကို လွတ်လပ်သော အချူပ်အခြာအာနာပိုင်သော နိုင်ငံတခုအဖြစ်၂၀၀၂-ခုနှစ်တွင် စွမ်းဆောင်ပီးခဲ့နိုင်ရုံသာမက ယင်းနှစ်မှာပင် အရှိတီမောနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတခု ဖြစ်လာခဲ့ပါသည်။ အနာဂတ်ကိုးရီးယားနှစ်နိုင်ငံပေါင်းစည်းရေး သင်္ကေတအဖြစ် တောင်နှင့်မြောက်ကိုးရီးယား အားကစားသမားများ ကိုးရီးယားအောင်လံတော်တခုတည်းအောက်၌ ချီတတ်ခဲ့ကြသည့် တောင်ကိုးရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျှက်ဟိသော ၁၄-ကြိမ်မြောက် အာယှအားစကားပြိုင်ပွဲ၌ အရှိတီမောနိုင်ငံမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်နိန်ကြသည်ကိုကြည့်ရူလျက် အရှိတီမောနိုင်ငံသစ်၏ သမ္မတသစ် အနိန်ဖြင့် အတိုင်းမသိ ဝမ်းသာနိန်မည်ဖြစ်သည်။ အကျွန်ရို့ ရခိုင်နိုင်ငံတော်သစ်၏ နိုင်ငံတော်ဖခင်နိန်ရာတခု ကွက်လပ်ဖြစ်နိန်သည်။ ဤကွက်လပ်ကို ရခိုင်မသားတိုင်း ဖြည့်ပိုင်ခွင့်ဟိသည်။ ၄င်းအပြင် ရခိုင့်တော်လှန်ရေး၌ လွတ်လပ်ရေးစစ်သီတော်အဖြစ် သီခြားတရား၏ နောက်ဆုံးအခွင့်အရေးကို အသုံးချရန် (သို့) ရခိုင်ပြည်သူတရပ်လုံးအတွက် အသက်စတေးတိုက်ပွဲဝင်ရန် (သို့) အနည်းဆုံးအဆင့် တော်လှန်ရေးရဲဘော်များဖြစ်လာစီရန် ကြိုးစားကြပါဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
(အတွဲ-1၊ အမှတ်-4)

စာတည်းစကား

ခေတ်ရီစီးကြောင်းသည် ပြောင်းလဲရွိလျှားလျှက်ဟိသည်။ ထို့အတူ တော်လှန်ရေးရီစီကြောင်းသည်လည်း ခေတ်ကိုလိုက်ပြီး ပြောင်းလဲရွိလျှားလျှက်ဟိသည်ကိုလည်း သတိမူမိဖို့ လိုအပ်သည်။ ခေတ်၊ အခြေအနေ အချိန်အခါကိုလိုက်၍ မိမိရို့အတွေးအခေါ်ကို လိုက်ပြောင်းလဲဖို့ လိုအပ်သည်၊ ပြောင်းလဲဝံ့ဖို့ လိုအပ်သည်။ စနစ်တကျ ပြောင်းလဲတတ်ဖို့လည်း လိုအပ်သည်။ ထိုသို့မဟုတ်ပါက ခရီးရှည်ပြီး ပင်ပန်းနွမ်းနယ်မှုနှင့် ပြည်သူအများက အမြင်ကပ်မှုသာ အဖတ်တင်ပေလိမ္မည်။
            အင်္ဂလိပ်နယ်ချဲ့ ကျွန်သဘောက်ဘ၀သို့ အာာသျှပြည်သူများ ရောက်ဟိခဲ့စဉ်အခါက ဆရာတော် ဦးဥတ္တမမည်သော ရဟန်းသျှင်မြတ်တပါး ပေါ်ပေါက်ခဲ့ဖူးသည်။ ထိုရဟန်းသျှင်မြတ်သည် မိမိရို့အိမ်တွင်း၌ ပြဿနာဟိနိန်သည်ကို မြင်တွိခဲ့သည်။ ပြဿနာဇစ်မြစ်ကိုလည်း သိမြင်ခဲ့သည်။ သို့သော်အိမ်တွင်း၌ ဖြစ်ပွါးနိန်သောပြဿနာကို အိမ်တွင်းမှ မြင်တွိသုံးသပ်ရုံတခုတည်းဖြင့် မဖြေယှင်းခဲ့။ အိမ်နီးချင်းနိုင်ငံတို့သို့ လားရောက်လှည့်လည်လျှက် ပြဿနာကို အိမ်အပြင်မှနိန်ကြည့်ခဲ့သည်။ အိမ်နီးချင်းများ၌ ဖြစ်ပွါးလျှက်ဟိသော ပြဿနာရပ်များကိုလည်း အသေးစိပ်လေ့လာခဲ့သည်။ အိမ်နီးချင်းနိုင်ငံများ၌လည်း အလားတူပြဿနာဟိနိန်သည်ကို သတိမူမိခဲ့သည်။
            ဆရာတော်၏ပြဿနာကို စနစ်တကျ ဖြီချင်းချက်မှာကား အများတကာကို ပါးစပ်ပေါက်ဟောင်းလောင်းဖြင့် ထိုပြောဒေပြော ထိုကောက်လုပ်ဒေကောက်လုပ် ဖြီချင်းခဲခြင်းမဟုတ်။ ပြဿနာကို ဖြီချင်းနိုင်ရန်အတွက် မိမိ၌လိုအပ်သော အရည်အခြင်းကို ဖြည့်ခဲ့သည်။ နည်းပညာတရပ်ကို အသုံးပြုပြီး ဖြီချင်းကြည့်သည်။ သို့သော်မြန်မာနိုင်ငံဟိ ပြည်သူများက ဆရာတော်ကို လက်ခံမှုမပြုခဲ့၊ သို့သော်ဆရာတော်သည် စိတ်ဓါတ်မကျ၊ သုံး၍မရသော နည်းနာဟောင်းကြီးကိုလည်း ဆက်မသုံးတော့ဘဲ နည်းလမ်းသစ်ကို ရှာဖွီခဲ့သည်။ ယင်းအချိန်က ဂျပန်ကဲ့သို့သော နိုင်ငံချေတခုက ရုယှကဲ့သို့သောနိုင်ငံကြီးတခုကို စစ်ပွဲတွင် အနိုင်ယူလိုက်ခြင်းက ဆရာတော်အား အထူးအံ့သြစရာတခု ဖြစ်လာခဲ့ရုံသာမက ဂျပန်ရို့၏သတ္တိကို ဆရာတော်ချီးကျူးခဲ့သည်။ ဂျပန်ရို့၏ မျိုးချစ်စိတ်ဓါတ်နှင့် နည်းနာများကိုလေ့လာရန် ဂျပန်နိုင်ငံသို့ ကိုယ်တိုင်လားရောက်ခဲ့သည်။ ဆရာတော်သည် သင်ပြသူနှင့် လေ့လာသူကို တချိန်တည်းတွင် တွဲ၍လိုအပ်သလို အသုံးချကာ ပြောင်မြောက်သော၊ လူအများက ယုံကြည်အားကိုးခံရသော နိုင်ငံရေးသမားကောင်း တယောက်ဖြစ်လာအောင် ဘ၀တလျှောက်လုံး လုံးပမ်းကြိုးစားခဲ့ပါသည်။
            ဆရာတော်သည် ခေတ်မှီတိုးတက်နိန်သော ဥရောပတိုက်ကြီးကို မျက်ကွယ်မပြုခဲ့၊ နယ်ချဲ့ရို့၏ အားသာချက်ကိုလည်း ကိုယ်တိုင်လားရောက်လေ့လာခဲ့သည်။ မိမိရို့နှင့်တူညီသော အဖိနှိပ်ခံများနှင့် လက်တွဲကာ နယ်ချဲ့ကိုမောင်းထုတ်နိုင်ရန် တိုက်ပွဲဝင်ခဲ့သည်။ သို့ရာတွင် မိမိရို့မဟာမိတ်ရို့က မိမိလွတ်မြောက်ရေးအတွက်ကို လုပ်ပီးလိမ္မည်ဟု အများကိုအားကိုးကာ ထိုင်စောင့်မနိန်ခဲ့။ မိမိပြည်သူများ စိတ်ဓါတ်တက်ကြွလာစီရန်အတွက် မိမိသည်အပြောသမားသတ်သတ်မဟုတ်ဘဲ ပြောင်မြောက်သော မီးရှူးတန်ဆောင် ရှိဆောင်တယောက်ဖြစ်ကြောင်းကို နယ်ချဲ့ဘုရင်ခံချုပ် ကရက်တောက်အား မောင်းထုတ်ပြခြင်း၊ ပြည်သူလူထုတရပ်လုံးအား ပြောင်မြောက်သည့် လွတ်မြောက်ရေးတရား ဟောပြောခြင်းများဖြင့် သက်သီပြခဲ့သည်။ မိမိ၏ခေတ်မှီသော တော်လှန်ရေးအတွေးအခေါ်နောက်သို့ ပါလာအောင် ပြည်သူကိုဆွဲယူခဲ့သည်။ မိမိ၏မှန်ကန်သည်ဟုထင်သော အတွေးအခေါ်လမ်းကြောင်းသို့ တယောက်တည်း အထီးကျန်လျှောက်လှမ်းခဲ့ခြင်းမျိုးမဟုတ်။
            ဆရာတော်သည် အာသျှတိုက်ဟိ အခြားအဖိနှိပ်ခံပြည်သူများ၏ ခေါင်းဆောင်များနှင့် တွိဆုံဆွေးနွေးကာ တူညီသောလမ်းစဉ် တူညီသော သဘောတရားများကို ချမှတ်၍ လက်တွဲတိုက်ပွဲဝင်ခဲ့ခြင်းကြောင့် မိမိပြည်သူများသာမက အာသျှတိုက်ဟိ အဖိနှိပ်ခံပြည်သူတရပ်လုံး လွက်မြောက်လာခဲ့ရခြင်းဖြစ်ပါသည်။ ဆရာတော်အသျှင်ဦးဥတ္တမသည် မိမိပြည်သူများကို နိုးထက်စီရန် အိန္ဒိယ၏ နိုင်ငံရေးနည်းပညာများကို အသုံးပြုခဲ့သည်။ အာသျှတိုက်သားရို့၏ မြတ်နိုးဖွယ်ကောင်းသော ယဉ်ကျေးမှု၊ ဥရောပတိုက်သားရို့၏ သိပ္ပံနည်းကျအယူအဆ၊ ဂျပန်ရို့၏မြင့်မြတ်သော မျိုးချစ်စိတ်နှင့် တရုတ်ရို့၏ တော်လှန်ရေးရည်မှန်းချက်များကို နှလုံးသွင်းကာ မြောက်များစွာသော မြန်မာပြည်သူများကို လွတ်လပ်ရေးအတွက် တော်လှန်သူများးဖြစ်လာအောင် မွီးထုတ်ပီးခဲ့သည်။
            ဒေနိန့် တော်လှန်ရေးခေါင်းဆောင်များ အနိန်ဖြင့်လည်း မိမိပြည်သူများ နိုးထက်လာစီရန်အတွက် ခေတ်နှင့်လျှော်ညီသော တော်လှန်ရေးလမ်းကြောင်းထက်သို့ ရောက်ဟိဖို့ လိုအပ်နိန်ပြီဖြစ်ပါကြောင်း။
(အတွဲ-1၊ အမှတ်-3)

စာတည်းစကား

လူမျိုးတမျိုး၏  စာပီ၊ အစဉ်အလာ၊ ရိုးရာယဉ်ကျေးမှုများကိုကြည့်ခြင်းအားဖြင့် ယင်းလူမျိုး၏ အတိတ်နှင့် အနာဂတ်ကို ခန့်မှန်းသိဟိနိုင်သည်။ သို့သော် ရိုးရာယဉ်ကျေးမှုများကို ဖျက်စီးခြင်းခံရပြီး စာပီကို ဗမာမှုပြုခံထားရသော ရခိုင်ရို့၏အနာဂတ်ကို မည်သူခန့်မှန်းနိုင်မည်နည်း။ ရခိုင်ရို့သည် ဗမာပြုမှုခြင်း အန္တရာယ်များကို ရင်ဆိုင်ရသော်လည်း ၄င်းရို့၏ ယဉ်ကျေးမှုများမှာ ဆက်လက်ရှင်သန်နိန်ဆဲပင်။  အကယ်၍ ရခိုင်ရို့သည် ၄င်းရို့၏အတိတ်သမိုင်းကို မပြသနိုင်ခဲ့ပါက ဗမာလူမျိုးများက ရခိုင်လူမျိုးရို့သည် ဗမာလူမျိုးများထံမှ ဆင်းသက်လာသည်ဟု လိမ်လည်နိုင်ပြီး၊ ဘင်္ဂလီမူဆလင်များကလည်း ရခိုင်သမိုင်းတလျှောက်လုံး၌ ဘုရင်ရို့သည် မူဆလင်ဘုရင်များဖြစ်ကြသည်ဟု သမိုင်းကို လိမ်လည်ရီးသားနိုင်ပါသည်။ ယင်းကြောင့် စာပီသည် အလွန်အရေးကြီးသည်။ စာပီပျောက်လျှင်လူမျိုးပါ ပျောက်နိုင်သည်ကို အလီးအနက်သတိထားကြရမည်။
ရခိုင်လူမျိုးရို့သည် အိန္ဒိယနိုင်ငံ သကျသာကီဝင်မျိုးနွယ်(အိန်ဒိုအာရီယန်) မှဆင်းသက်လာပြီး ဘီစီ (၃၃၂၅)ခုနှစ်တွင် မာရယုမင်းက ပထမဓည၀တီနိုင်ငံတော်ကို တည်ထောင်လျှက် ရခိုင်သမိုင်းကိုစတင်ခဲ့သည်။ ဤမတိုင်မှီ ရခိုင်ပြည်အာရက္ခဒေသ၌ မှတ်တမ်းတင်လို့မဟိသော ဒွါရာဝတီခေတ်နှင့် ရခိုင်ရာဇ၀င်ရှီးပီမူတစောင်ကို အထောက်အထားပြု၍  သုတေသီဦးချန်ထွန်း၏ ရီးသာဖော်ပြချက်အရ ဘီစီ (၅၃၁၅)- ခုနှစ်ကပင် ရှီးဝေသာလီနိုင်ငံတော်ကို ထူထောင်လျှက် နှစ်ပေါင်း 1990- အုပ်ချူပ်ခဲ့သည်။
ရခိုင်လူမျိုးရို့သည် ဗြဟ္မီအက္ခရာမှကူးယူလျှက် စာပီကိုစတင်အသုံးပြုခဲ့ကြပြီး ဝေသာလီပထမခေတ် အေဒီ(၄) ရာစုမှစ၍  ရခိုင်စာပီအဖြစ် အသွင်ကူးပြောင်း သုံးစွဲလာခဲ့ကြသည်။ ရခိုင်စာပီသည် အဆင့်ဆင့်ပြောင်းလာခဲ့ပြီး က၀ိကျော် ၊ စာဆိုကျော်များ ပေါ်ထွန်းလျှက် ရခိုင်သမိုင်းအကြောင်းကို ကျောက်၊ ကြီးပြား၊ ပီရွက်များပေါ်တွင် ရီးသားကာ စနစ်တကျ မှတ်တမ်းတင်နိုင်ခဲ့ကြသည်။ ယင်းရို့အနက် အနန္ဒစန္ဒရားကျောက်စာမှာ လူသိထင်ရှားပြီး ယနိန့်ထက်တိုင် သျှစ်သောင်းပုထိုးတော်ကြီးရှိတွင် အထင်အရှား တွိဟိနိုင်သေးသည်။ ၁၇၈၄-ခုနှစ်တွင် ကျူးကျော်သူ ဗမာပဒေသရိုက်များက ယဉ်ကျေးမှု သမိုင်းအမွီအနှစ်များကို မြီလှန်မီးယှို့ဖျက်ဆီးလျှက် ရခိုင်စာပီကိုလည်း ဗမာမှုပြုခဲ့ကြသည်။ ရခိုင်လူမျိုးရို့သည် မူရင်းစာပီများကို ကိုလိုနီသမိုင်းစဉ်ဆက်တလျှောက်လုံး အေနိန့်ထက်ထိ သင်ကြားခွင့်မရဟိပေ။
ရခိုင်သုတေသီအချို့က  ဗမာရို့၏ဖုံးကွယ်ထားသော ရခိုင်စာပီဆိုသည်မှာ ဒေနိန့်ဗမာရို့အသုံးပြုနိန်သော စာပီပင်လျှင် ရခိုင်စာပီဆိုသည်ကို ကျောက်စာ၊ ကြီးပြားစာ၊ ပီစာစသည့် အထောက်အထားမျိုးစုံဖြင့် သွယ်ဝိုက်၍ သက်သီပြနိုင်ခဲ့ကြသော်လည်း မည်သည့်ဝေါဟာရကို ဖျောက်၍ ဗမာဝေါဟာရဖြင့် အစားထိုးထားသည်ကိုကား ၄င်းရို့၏အသက်လုံခြုံရေးကြောင့် မပြသ၀ံ့နိုင်ခဲ့ကြပေ။ ယ္ခုလက်ဟိတွင်လည်း ဗမာရို့၏ လက်ဟိအသုံးပြုနိန်သော စာပီသည်လျှင် ရခိုင့်စာပီဖြစ်သည်ဟု ပြောဆိုနိန်ကြသော်လည်း မည်သည့်ဝေါဟာရကို ဗမာ့ဝေါဟာရဖြင့် အစားထိုးအသုံးပြုထားသည်ကိုကား မသိရသေးပေ။ ယ္ခုဗမာရို့အသုံးပြုနိန်သောစာ၌ ဝေါဟာရအားလုံးသည် ရခိုင့်ဝေါဟာရဖြစ်သည်ဟု လက်ခံ၍မရသလို ယခုဗမာရို့ အသုံးပြုနိန်သောစာကို ဗမာရို့အား မူပိုင်ပီးလျှက် ရခိုင်စာပီသစ်ကို တီထွင်အသုံးပြုရန်မှာလည်း သင့်လျော်သော ကိစ္စရပ်တခုမဟုတ်ပေ။
ပြည်ထဲ၌၄င်း၊ ပြည်ပ၌၄င်း ရခိုင်လူမျိုးရို့သည် မိမိရို့စကားပြောကို စာဟန်အဖြစ် အသုံးပြုနိန်ရသည်ကို တွိဟိနိန်ရသည်သာမက ၄င်းစကားပြောရီးသားဟန်ကိုပင်လျင် တချို့က ရခိုင်စာဟုခံယူလျှက် ကြွားလုံးထုတ်နိန်ကြသည်။ တချို့က မှိုင်းမိခြင်းကို မရှုမလှခံနိန်ကြသည်။ စာရီးသားရာ၌ စကားပြောရီးသားဟန်၊ စကားပြေရီးဟန်ဖြင့်ရီးသားဟန်ဟူ၍ နှစ်မျိုးဟိသည်ဟု ကျွန်တော်လေ့လာမိသလောက် သိဟိရသည်။ ဗမာနယ်ချဲ့ရို့က စကားပြောဟန်ဖြင့် ရီးသားခြင်းကို ခွင့်ပြုထားသော်လည်း ရခိုင်စာပီဖေါ်ထုတ်သင်ကြားခြင်းကို ခွင့်ပြုခြင်း မဟိသေးပေ။
ရခိုင်တမျိုးသားအချို့က ရခိုင်နိုင်ငံထူထောင်နိုင်မှသာ၊ စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ပြီးမှသာ ရခိုင်စာပီကိုဖေါ်ထုတ်ကြမည်၊ အကယ်၍ယခုကတည်းက ဖေါ်ထုတ်ရီးသားနိန်ကြလျှင် အငြင်းပွားခြင်းသာလျှင် အဖတ်တင်မည်ဟု ပြောဆိုနိန်ကြသည်။ ယခုဗမာရို့အသုံးပြုနိန်သော ရခိုင်စာပီထဲမှ ဗမာဝေါဟာရများကို ဆွဲထုတ်ပြီး ရခိုင်စာပီဟန်စစ်စစ်ဖြစ်လာအောင် ပြုပြင်ဖန်တီးယူရမည်မှာ ရခိုင်သမိုင်းသုတေသီရို့၏ တာဝန်သာမက ရခိုင်စာပီသမားရို့၏ တာဝန်တရပ်လည်းဖြစ်သည်ဆိုသည်ကို ပြည်တွင်းပြည်ပဟိ ရခိုင်အမျိုးသားရို့ သဘောပေါက်သင့်ပါပြီ။ အကျွန်ရီးသားသော ရခိုင်စာသားဝေါဟာရများကိုလည်း ရခိုင်ဝေါဟာရစစ်စစ်ဖြစ်လာအောင် ဝေဖန်ထောက်ပြကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
(အတွဲ-1၊ အမှတ်-2)

စာတည်းစကား

ဒဏ္ဍာရီ၌ တချို့သော ဘုရင်အုပ်စိုးသည့် တိုင်းပြည်များတွင်ပင်လျှင် ပြည်သူများ၏ သဘောထားများကို ဖေါ်ပြနိုင်ရန်အတွက် ဟစ်တိုင်များကို သတ်မှတ်ပီးထားလေ့ဟိကြောင်း ကြားဖူးပါသည်၊ အကယ်၍ လူတယောက်သည် ဘုရင်အပေါ်တွင်၎င်း၊ တိုင်းပြည်၏ အခြေအနေများအပေါ်တွင်၎င်း မကြေနပ်လျှင် ၎င်းဟစ်တိုင်မှ နိန်၍ ဆန္ဒသဘောထားကို ဖေါ်ပြခွင့်ဟိပါသည်။ အကယ်၍ တစုံတဦးက ဘုရင်၏မတရားပြုကျင့်မှုအပေါ်တွင်း၎င်း၊ တိုင်းပြည်၏ ကပ်ဘေးဆိုက်နိန်မှုအပေါ်တွင်၎င်း ၎င်း၏ဆန္ဒကို ဖေါ်ထုတ်လာခဲ့လျှင် မင်းတိုင်ပင်အမတ်များနှင့် ဘုရင်သည်လွှတ်တော်ခေါ်ယူ၍ ဆွေးနွေးတိုင်ပင် ဖြေယှင်းရသည်၊ တချို့သော ဒီမိုကရေစီနိုင်ငံများတွင် ဒေနိန့်ထက်ထိ ဟစ်တိုင်သဖွယ် ပြည်သူများဆန္ဒကို ထုတ်ဖေါ်ပြနိုင်သည့် နိန်ရာများကို သတ်မှတ်ပီးထားဆဲဖြစ်ပါသည်။ ဤသတ်မှတ်ပီးထားမှုသည် ပြည်သူများအတွက် အထူးအခွင့်အရေးတခုဖြစ်ပြီး ပြည်သူများ၏တိုးတက်မှုနှင့် နိုင်ငံတော်၏ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေနိုင်ပါသည်။
ဒေနိန့်အချိန်အခါ၌ လွတ်လပ်သော သတင်းဌာနသည် ပြည်သူနှလုံးဖြစ်လာခဲ့ပြီး ကမ္ဘာပေါ်ဟိ နိုင်ငံများအားလုံးအတွက် အရေးအကြီးဆုံးသော ဂဏ္ဍတခုဖြစ်ပါသည်။ ဤလွတ်လပ်သည့် သတင်းဌာနများကို ဒီိမိုကရေစီနိုင်ငံများတွင် အစိုးရက မပိုင်ဆိုင်ဘဲ ပြည်သူများကသာ ပိုင်ဆိုင်ကြသည်။ သို့ရာတွင် ဒီမိုကရေစီမဟုတ်သော (သို့) အာဏာသျှင်အုပ်စိုးသည့် နိုင်ငံများတွင် သတင်းမီဒီယာများကို အစိုးရက လက်ဝါးကြီးအုပ်ထားပြီး ၄င်းရို့၏၀ါဒဖြန့်ချိရေးအတွက် လက်နက်တခုအဖြစ် အသုံးချနိန်ကြသည်။ အစိုးရများသည် ၄င်းရို့၏ လူ့အခွင့်အရေး ချိုးဖေါက်မှုများနှင့် အာဏာအလွဲသုံးစား လုပ်မှုများကို ဖုန်းကွယ်နိုင်ရန်အတွက် သတင်းအမှောင် ချထားကြသည်။
ဒေနိန့်ထက်ထိ ဗမာကိုလိုနီ အုပ်စိုးစဉ်ကာလ သမိုင်းတလျှောက်လုံးတွင် ရခိုင်ပြည်သူများအတွက် ဆန္ဒကို ဖေါ်ပြနိုင်ရန် ဟစ်တိုင်မှ သော်လည်းကောင်း၊ လွတ်လပ်သည့် သတင်းမီဒီယာများမှ သော်လည်းကောင်း အခွင့်အရေးမရေသိပေ။ အင်္ဂလိပ်နယ်ချဲ့ရို့အုပ်စိုးစဉ်ကာလက ရခိုင်ပြည်သူများ၏ သဘောဆန္ဒကို ဖေါ်ပြနိုင်ရန်အတွက် 1854-ခုနှစ်တွင် ရခိုင်ရို့၏ ပထမဆုံးသတင်းစာကို ထုတ်ဝီခွင့်ရဟိခဲ့ပါသည်။ တော်လှန်ရေးနယ်မြီ၌ နရိဉ္စရာသည် မြန်မာစစ်အုပ်စု၏ ရခိုင်ပြည်၌  လူ့အခွင့်အရေး ချိုးဖေါက်မှုများကို Internet Website မှ တဆင့် ကမ္ဘာသို့တင်ပြလျှက် ရခိုင်ရို့သည် မီဒီယာလောကကို 2001-နှစ်၌ စတင်အခြီချနိုင်ခဲ့ပါသည်။ တော်လှန်ရေးနိန်မြီ၌ ထုတ်ဝီသော စာစောင်တချို့ဟိနိန်ပြီး လွတ်လွတ်လပ်လပ် ထုတ်ဝီလိုသော်လည်း တော်လှန်ရေးပတ်ဝန်းကျင်မှ အမြင်တမျိုးမြင်လားမည်ကို စိုးရွံ့၍ ပါတီဘောင်တွင်း လမ်းညွှန်ချက်အတိုင်းသာ ထုတ်ဝီနိန်ကြရပါသည်၊
ရခိုင့်လွတ်လပ်ရေး စာစောင်သည် ကျွန်တော်၏ ဇွဲဟိဟိ ကြိုးစားမှုဖြင့် တော်လှန်ရေးနယ်မြီ၌ ပထမဆုံးထုတ်ဝီသည့် စာစောင်တခုဖြစ်ပါသည်။ ရခိုင်ပြည်၏ အတိတ်နှင့် လက်ဟိဖြစ်ပျက်နိန်မှုများကို ဖေါ်ပြနိုင်ရန်အတွက် ရခိုင်ဘာသာဖြင့် ထုတ်ဝီလိုက်ရခြင်း ဖြစ်ပါသည်။ ရခိုင်ရို့၏ သဘောဆန္ဒများကို ဤစာစောင်မှတဆင့် တင်ပြလားမည်ဖြစ်ပါသည်။ ဤစာစောင်အား အကြံပြုမှုနှင့် စောဒကတက် ထောက်ပြဝေဖန်မှုများကို လှိုက်လှိုက်လှဲလဲ ကြိုဆိုလျှက်ဟိပါသည်။ ရခိုင်ပြည်သူများအပေါ်တွင်၎င်း၊ မြန်မာစစ်အာဏာပိုင်များအပေါ်တွင်၎င်း ဝေဖန်မှုများကို ပီးပို့နိုင်ပြီး ယင်းဝေဖန်မှုများကိုလည်း သင့်လျှော်လျှင် ဤစာစောင်မှတဆင့် ဖေါ်ပြပီးမည်ဖြစ်ပါသည်။
ခိုင်မင်းညို
အေဒီတာ
ရခိုင့်လွတ်လပ်ရေးစာစောင်
(အတွဲ-1၊ အမှတ်-1)

1.7.11

ဘဝကိုယ်စီနန့်လူငယ်

အချင်းချင်းတိုက်ခိုက်စရာ ဇာလိုလို့လဲ
စဉ်းစားကြည့်ပါဗလင်
ယင်းပိုင်အပြန်အလှန်တိုက်ခိုက်နီကေ
“ရန်သူလဲရယ်”
“ရန်သူလဲပျောက်”
လူမျိုးမပျောက်စွာ ကံကောင်းရေ။

ယေဒါလေ့
တော်လှန်ရေးကာလမှာ
အမှိုက်တိဟိစွာကိုဖယ်ယှင်း
လမ်းကြုံလို့ဝင်လာရေလူတိ
ဟန်ဆောင်ကောင်းရေ မျိုးချစ်တိကိုဖယ်
တတေ့ပြောရကေ
တော်လှန်ရေးသန့်ယှင်းရေးလုပ်ရဖို့။

ကြည့်ပါဗလင်
အမျိုးသားရေးလို့ အော်ကြီးဟစ်ကျယ်နန့်
ကိုယ့်အခြေအနေကို ကိုယ်မသိ
ကိုယ်ရပ်နီရေပါတီကို ကုမ္ပဏီလို့ထင်နီစွာ
ရင်မာ အဂင့်နာကျင်ရေ။

ငါရို့ လူငယ်တိရေ
နှပ်စားမဟုတ်ပါနှမ်း
နိုင်ငံရေးရိုးသားမှုနန့် ကြံ့ကြံ့ခံနီစွာ
သမိုင်းကသက်သီပြလိမေ။

    ခိုင်းလင်း (မေဝတီ)

ခေါင်းဆောင်ရို့အားပန်ကြားချက်

အတ္တမျက်လုံး ပြူးထွက်ကျလို့
အနိစ္စသဘောကို မိန့်ကွန်ဆောင်နိန်ကေလေ့
အနိစ္စည့်သည် တန်းခါးလာခေါက်ချိန်မှာ
ဒယောမရ အကျီမပါ ကပျာကယာလိုက်ခရရေမနား။

မျိုးချစ်ဟန်ဆောင်နိန်ကေလေ့
မျိုးဖျက်သဏ္ဍာန်လုပ်ဆောင်ချက်တိ၏
တန်ပြန်ရိုက်ခတ်ချက်တိက
ရင်ဝကိုနာနာလာဆောင့်ချိန်မှာ
မှားပါယေလို့ ဝန်ခံရရေမနား။

လောကဓံတရားတိ ဒါဏ်မခတ်ခင်
အပ်သင့်ရေ တာဝန်တိကိုလွှဲပနာ
တွဲခေါ်ဆွဲခေါ် အတွေးအခေါ်ဟိရေ
မျိုးချစ်ခေါင်းဆောင်အဖြစ် ဂုဏ်ယူလိုက်ပါ။
                 ခိုင်မင်းညို

ရခိုင်အမျိုးသား ဗုဒ္ဓဘာသာကျောင်း ဆရာတော်အသျှင်က္ကုန္ဒာစက္က၏ လက်သုံးရခိုင်လိုရီစက်ချနည်း

အသျှင်မြတ်ရို့ဘုရား…..ဘုရားတပည့်တော် တပည့်တော်မရို့သည် ကောင်းစွာပြုလုပ်လျှင် ကောင်းသောကံ၊ မကောင်းစွာပြုလုပ်လျှင် မကောင်းသောကံ အကျိုးပီးလိမ့်မည်ဟု ဗုဒ္ဓဘာသာ ရခိုင်ပီပီ ကံ၏အကျိုးကို အထူးအားဖြင့် ယုံကြည်ပါကုန်သည်ဖြစ်၍ ဂနိန့် ပြုလုပ်သော ကုသိုလ်ကံသည် အမှန်မုချ ဒုက္ခဟူသမျှအားလုံးမှ လွတ်ငြိမ်း၍ အထွေထွေအပြားပြားသော လူ၊ နတ်၊ နိဗ္ဗာန်သုံးတန်သော ချမ်းသာမြတ်ကို ပီးလိမ့်မည်ဟု ယုံကြည်ပါကုန်သည်ဖြစ်၍ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသောသီလတော်မြတ်ရို့ကို ဗုဒ္ဓဘာသာ ရခိုင်လူမျိုးရို့၏ မိရိုးဖလာအတိုင်း ကောင်းစွာခံယူဆောက်တည်ပါကုန်၏။ ဆောက်တည်ပြီး၍ ဤနိန့်၊ ဤရက်၊ ဤအချိန်အခါ၌ တပည့်တော် တပည့်တော်မရို့၊ ကိုးကွယ်ဆည်းကပ်လျှက်ဟိသော ရခိုင်အမျိုးသားကျောင်း          ဆရာတော်ဘုရားကို မိမိရို့ အိမ်ဂေဟာသို့ ပင့်ဖိတ်လျှက်၊ သံဃဂုဏ်ကို အာရုံပြုကာ  န်မြတ်သော ဆွမ်းခဲဖွယ်ဘောဇဉ် ချိုချဉ်အရသာ အဖြာဖြာရို့ကိုလည်းကောင်း၊ ထိုမှတပါး ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆီး၊ ပစ္စည်းလေးပါးရို့ကိ တာဝန်ဟိသည်အတိုင်း ကျေးဇူးသျှင်ဆရာတော်ဘုရားအား နဝကမ္မအဖြစ် ပုဗ္ဗ၊ မုဉ္စ၊ပရ စေတနာသုံးတန်ဖြာလျှက် သဒ္ဓါကြည်ဖြူ ကပ်လှူပူဇော်ကြပါကုန်၏။ ထိုမှတပါး မြတ်စွာဘုရား၏ အာဏာဒေသနာတော် ဖြစ်တော်မူ၍ ဘေးရန်ခပ်သိမ်း၊ အန္တာရာယ် ခပ်သိမ်း ဒုက္ခဘေးမှ ကင်းငြိမ်းစီနိုင်သော ပရိတ်တရားတော်မြတ်ရို့ကို ရိုရိုသေသေ လေးလေးစားစား ယုံကြည်သောအားဖြင့် နာကြားကြပါကုန်၏ အသျှင်ဘုရား။
                 အသျှင်မြတ်ဘုရား...ဤနိန့်၊ ဤရက်၊ ဤအချိန်ခါ၌ တပည့်တော်၊ တပည့်တော်မရို့မြဲမပြတ်ကိုးကွယ် ဆည်းကပ်လျှက်ဟိသော ရခိုင်အမျိုးသားကျောင်း ဆရာတော်ဘုရားအား ပင့်ဖိတ်၍ ဆွမ်းခဲဘောဇဉ်နှင့်တကွ ဒါတဗ္ဗဝတ္ထု အစုစုရို့ကို လှူဒါန်းဆက်ကပ်ကုန်၏ အသျှင်မြတ်ဘုရား။ ဤကဲ့သို့ လျှူဒါန်းရသော ကုသိုလ်ကံ စေတနာရို့သည် အိုခြင်းဒုက္ခ၊ နာခြင်းဒုက္ခ၊ သီခြင်းဒုက္ခ၊ ဗမာလက်အောက်၌ ကျွန်ဖြစ်ရသောဒုက္ခ၊ အစဟိသော ဒုက္ခဟူသမျှအပေါင်းရို့ ကင်းရာ၊ ကုန်ရာ၊ ချုပ်ရာ၊ ငြိမ်းရာ၊ မဟိရာဖြစ်သော မဟာအသင်္ခတဓါတ် နိဗ္ဗာန်ပရမတ်သို့ ဝဋ်ဘဝတိုတိုဖြင့် မျက်မှောက်ပြုပါရကုန်၏ အသျှင်မြတ်ဘုရား။
                      အကယ်၍များ နိဗ္ဗာန်ရောက်ရန် ပါရမီဘုန်းကံ၊ မပြည့်စုံပါက ထိုမျှသောဘဝရို့၌ ကျင်လည်ရသည်ဟိသော် ဖြစ်တိုင်းဖြစ်တိုင်းသောဘဝရို့၌ မဟိ၊ မရ၊ မဖြစ်ဟူသော စကားရို့ကို မကြားရဘဲ ပီးပါ၊ ကမ်းပါ၊ စွန့်ကြဲပါ၊ သနားပါစသော စကားလုံးတလုံးမျှ မသုံးရဘဲ ပြုံးပြုံးရွှင်ရွှင်၊ ကြည်ကြည်လင်လင် စသော ဘဝကြီးငယ်ရို့၌ ဖြစ်ရပါလိုကုန်၏ အသျှင်ဘုရား။ လူသားရို့ မလိုလားကြ၊ မတောင်တကြ၊ မမြင်ချင်ကြ၊ အလိုမဟိကြသော ငရဲ ၊ တိရစ္ဆာန်ပြိတ္တာ ၊ အသူရကေ”ဟုဆိုအပ်သော အပါယ်၎-ဘုံသို့မရောက် မတွိ၊ မမြင်၊ ရကြပြီးလျှင် ဗုဒ္ဓမြတ်စွာ သာသနာတော်ကို “ဆွမ်း၊ သင်္ကန်း၊ ကျောင်း ၊ဆီး ပစ္စည်းလေးပါးရို့ဖြင့် စိတ်ဟိသလောက် ထင်တိုင်းပေါက်အောင် ချီးမြင့်နိုင်သော သာသနာ့ဒါယကာ ရခိုင်ဘုရင် စန္ဒာသူရိယကဲသို့ မြင့်မြတ်သော သာဂီဝင်မျိုး၌ (ဝါ)ရခိုင်ဘုရင်မင်းအဆက်ဆက်ရို့စိုးစံရာ အာရက္ခခေါ် ရခိုင်ဒေသ၌ ဖြစ်ရပြီးလျှင် ဗမာအစဟိသော လူယုတ်မာရို့၏ သူ့ကျွန်ဘဝက(ဝါ) မတရားသတ်ဖြတ်၊ နှိပ်စက်၊ ညှင်းဆည်းခြင်းမှ လွတ်မြောက်၍ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်စာ ကိုယ့်စကားနှင့် လွတ်လွတ်လပ်လပ်ဖြင့် ဓညဝတီ ရခိုင်ပြည်ကြီး၏ ရွှီဘုံရွှီနန်း၌ သာယာပျော်ရွှင်စွာ နိန်ကြရပြီးလျှင် သက္ကရာဇ် ၁၂၃-ခု ကဆုန်လဆန်း (၄)ရက် ဗုဒ္ဓဟူးနိန့်၌ ရခိုင့်ဘုရင်စန္ဒာသူရိယ ပင့်ဖတ်ချကြောင့် မြတ်စွာဘုရားနှင့်နောက်ပါ သံဃာ(၅၀၀)ရို့သည် ကြွရောက်ပြီးသည်မှစ၍ ဖြစ်ပေါ်လာသော ကိုယ်စားတော် မဟာမြတ်မုနိ ရုပ်ရှင်မြတ်၌ ဥပုသ်ရှည်ရှည် စောင့်လျှက်၊ ကုသိုလ်ပြု၍ တရားဓမ္မဖြင့် ပျော်ရွှင်စွာ နိန်ရပါလိုကုန်၏ အသျှင်မြတ်ဘုရား။
                   အသျှင်မြတ်ဘုရား....ဘုရားတပည့်တော် တပည့်တော်မရို့သည် ရခိုင်ရို့၏ မိရိုးဖလာအတိုင်း ဆွ်းခဲဖွယ် ဘောဇဉ်၊ သင်္ကန်းနှင့် ဒါတဗ္ဗဝတ္ထုအစုစုရို့ကို လှူဒါန်းဆက်ကပ်ခြင်းတည်းဟူသော ဒါနကုသိုလ် ကံစေတနာ သရဏဂုံသုံးပါးသော သီလကို ဆောက်တည်ခြင်းတည်းဟူသော သီလကုသိုလ်စေတနာပွားများအပ်သော ဘဝနာမယ၊ ကုသိုလ်ကံစေတနာရို့သည် မြင့်မိုလ်တောင်ဦး မကကျူးသော ကျေးဇူးသျှင် အမိအဘရို့အားလည်းကောင်း ၊ မကောင်းစွာကိုပါယ် ကောင်းရာကိုသာ ညွှန်ဆုံးမအပ်သော ကျေးဇူးသျှင် ဆရာသမားရို့အားလည်းကောင်း အဖရခိုင်ပြည်နှင့် ရခိုင်လူမျိုးကောင်းစားရေးအတွက် ကိုယ်ကျိုးမဖက် အနစ်နာခံကာ တိုက်ပွဲဝင်၍ အသက်ပီးလားခကတ်တေ ရခိုင်အာဇာနည် သူရဲကောင်းများဖြစ်ကြသော ကွယ်လွန်သူ ရခိုင်ပညာဟိသုခမိန် ဆရာဦးမြဝါအားလည်းကောင်း၊ (၁၁၄၆)-၁၇၈၄-ခုနှစ် ဒီဇင်ဘာလ ၃၁-ရက်နိန့်တွင် အောက်သားဗမာ ပျူမိစ္ဆာများရို့၏ ကျူးကျော်နယ်ချဲ့ရန်ကို ခုခံကာကွယ်ယင်းနှင့် အသက်ဆုံးယှုံးလားခကတ်တေ ရခိုင်အာဇာနည်သူရဲကောင်းအပေါင်းရို့တွင် သူ့ကျွန်မခံလိုသောစိတ်ဖြင့် သမိုင်းမှာ တခါမှမဟိခသော ငါရို့ရခိုင်တွင် သမီးရတနာကို ကုလား၊ ဗမာစသော လူယုတ်မာတိအား ဆက်သက်ခြင်း၊ ပီးစပ်ခြင်း၊ မင်္ဂလာဆောင်ခြင်း၊ လက်ထပ်ခြင်း၊စသည်ရို့ကို မလုပ်ပါရစီနှင့်၊ သမိုင်းသစ္စာဖေါက် မဖြစ်လိုပါဟု ခေါင်းမာစွာပြောဆို၍ ရက်ရက်စက်စက် အသတ်ခံရသော ရခိုင်ဘုရင် မဟာသမ္မတရာဇာနှင့်တကွ မင်းညီမင်းသား၊ သမီးရို့အားလည်းကောင်း၊ ဒါးပိုင်ကြီး ကျော်ပုံနှင့်တကွ ရခိုင်သူရဲကောင်းအပေါင်းရို့အားလည်းကောင်း၊ မဟာမုနိရုပ်ပွားတော်မြတ်အား အောက်သားဗမာရို့၏လက်ထဲသို့ မပီးလို့ဆိုကာ ခုံခံကာကွယ်ယင်း အသက်ဆုံးယှုံးလားကြသော သျှစ်သောင်းသော ရခိုင်သူတော်စင်အပေါင်းရို့အားလည်းကောင်း၊ အသက်(၁၃)နှစ်မှ(၃၅)နှစ်အထိ ရခိုင်အမျိုးသမီး တရက်မှာ (၁၀၀)ကျစီ မုဒိမ်းကျင့်သတ်ဖြတ်သဖြင့် အသက်ဆုံးယှုံးလားကတ်တေ(၂၃၀၀၀)သော ရခိုင်သူမရို့အားလည်းကောင်း “၁၁၄၆ မှ ၁၁၄၈” ထိ ၄-နှစ်အတွင်း သတ်ဖြတ်ခံကြရသော မြောက်ဦးမြို့တွင် ၃၇၀၀၀၊ သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင်ရို့တွင် ၁၈၅၀၀၀၊ ဘုရားပေါ်၊ဒိုင်းကျီ၊ မောင်းဆွဲ၊ ငရကောက်စု၊ ခေါင်းဖြူတောင်၊ ရတနာပြင်၊ ပုရိန်၊ ကိုးဆယ့်ကိုးတောင်(လေးမြို့ချောင်း)တွင် ၉၀၀၀ ပုခက်တွင်းမှအချေ(၁၀၀၀၀)၊ သရက်အုပ် ၁၀၀၀၊ စံကားတောင် ၇၀၀၀၊ ကြက်ရိုးတောင် ၁၀၀၀၊ ပေါင်းတုတ်ပြင် ၁၀၀၀၊ စုစုပေါင်း ၂၅၁၀၀၀ နှစ်သိန်းငါးသောင်းတစ်ထောင်သော ရခိုင်ပြည်သူရို့အားလည်းကောင်း၊ မဟာမုနိရုပ်ရှင်မြတ်အား ပင့်ဆောင်လားသောအခါ တောင်ကုတ်လမ်းတွင် အသတ်ခံရသော တသောင်းသော သူတော်စင်အပေါင်းရို့အားလည်းကောင်း၊ အမိရင်ခွင်အတွင်းမှ အဓမ္မယူဆောင်၍ အောက်ကဒါးခံကာ မြှောက်၍သတ်ဖြတ်ခံရသော ရခိုင်နို့စို့ချေ ၂၀၀၀၀ရို့အားလည်းကောင်း၊ ကျီးကျွန်း၊ အုန်းကျွန်း အစဟိသောကျွန်းများ၌ တခုမကျန် မြို့ကိုလှန်၍ သတ်ဖြတ်ခံရသော ရခိုင်လူကြီး၊ လူငယ်ရို့အားလည်းကောင်း၊ ၁၁၄၆-ခုနှစ်တွင် ကြိမ်သပ်ကြိုးဖြင့် နားကြိုးတပ်၍ အမရပူရသို့ အယူခံရသော မင်းညီမင်းသား၊ ရဟန်းသျှင်လူ ၂-သိန်းအနက် မခံမရပ်နိုင်သောကြောင့် ခုခံပြောဆို၍ အသတ်ခံရသော ရခိုင်ပြည်သူပြည်သားရို့အားလည်းကောင်း၊ ၄င်းနောက်အမရပူရ၌ ဆင်ဖြူကိုရှိခိုးခိုင်း၏ နီထွတ်ဘုရင်ကျွန်တော်မျိုးပါဟု ဝါးခြမ်းပြား၊ ပီရွတ်ရို့တွင် စာရီးထိုးကာ နံနှိပ်၍ ကြွေးကြော်ခိုင်းပြီး၊ ၄င်းကိုမပြုလုပ်သူရို့အား သတ်ဖြတ်ခံရသော ရခိုင်ပြည်သူပြည်သားရို့အားလည်းကောင်း၊ ယင်းလူအုပ်စုတွင် လက်သမား(၂၀၀) ရို့ကို ထမင်းတနပ်စာစီကျွေး၍ မန္တလေးနန်းတော်ကို ဆောက်လုပ်ခိုင်း၏။ နှစ်ထပ်သောထမင်း တောင်းဆိုမှုကြောင့် အသတ်ခံရသော လက်သမား(၂၀၀)ရို့အား၎င်း၊ တောင်မင်းကြီး၊ ရွှီဘန်းအဆုံး ရခိုင့်မျိုးချစ်အာဇာနည်သူရဲကောင်းရို့ အောက်သားဗမာကို တော်လှန်ယင်း အသက်ပီးလားကြကုန်သော သောင်းသိန်းမကသော ရခိုင်ပြည်သူပြည်သား သူရဲကောင်းရို့အားလည်းကောင်း၊ မိတ္ထိလာကန်တော်ကို တူးခိုင်းပြီး အဆုံးစီရင်ခံရသော ရခိုင်ပြည်သူပြည်သားရို့အားလည်းကောင်း၊ ယိုးဒယားသို့ စစ်တိုက်လားသောအခါ ပေါ်တာအဖြစ် ခေါ်ဆောင်လားသော ရခိုင်သားရို့သည် အစာရီစာဝအောင်မစားရ၍ မလားနိုင်ခြင်းကြောင့် အသတ်ခံရသော (၆၀၀၀)သော ရခိုင်သူ၊ ရခိုင်သားရို့အားလည်းကောင်း၊ ယင်းနောက် ရခိုင်ပြည်တွင် အိုနာ၊ကျီးကန်း၊ အဖိုးအဘောင်ရို့ကို အခန့်တိုက်လုပ်၍ အခန့်ထဲသို့သွင်းပြီးကေ မီးယှို့ကာ အသတ်ခံရသော ရခိုင်အဖိုးအဘောင်ရို့အားလည်းကောင်း၊ ဗိုလ်မင်းထောင်၊ ဖလံထောင်၊ အဝကျွန်းမှ ရခိုင်းသားရို့သည် ရခိုင်ပြည်အီးချမ်းသည်ကို ကြား၍ ပြန်လာကြသောအခါ ချင်းပျံစစ်သားဟုစပ်စွဲကာ လက်မောင်းမှစပြီး ခြီဖျားအထိ တကိုယ်လုံးကြိုးဖြင့်ရစ်ပတ်၍ အဂုမြို့ဟောင်းမြို့ ခေါင်းဖြူပြင်၌ ဓါးဖြင့်ပိုင်းဖြတ်၍ အသတ်ခံရသော ရခိုင်(ကျားမ)၃-သိန်းကျော်ရို့အား၎င်း၊ နောက်ထပ်တဖန် ၁၁၄၉-ခုနှစ်တွင် ရခိုင်တပြည်လုံး၌ဟိသော  ကျောင်းကြီး(၃၀) ကျောင်းငယ်ပေါင်း (၃၇၀၀)မှ ရဟန်းအပေါင်းရို့အား လူဝတ်လဲ၍ ဒွန်စဏ္ဍား ဇတ်နိမ့်သူရို့အား ရဟန်းပြုပြီး လူဝတ်လဲထားသော ဆရာသမားရို့အား ရဟန်းခံခိုင်းပြီး ဒွန်စဏ္ဍားဇတ်နိမ့်သူရို့အား ရှိခိုးခိုင်းသဖြင့် ပြန်လှန်ပြောဆိုမှုကြောင့် အသတ်ခံရသော ဆရာတော်သာံတော်ရို့အားလည်းကောင်း၊ ယင်းသို့ခံမပြောဘဲ စိတ်ဆင်းရဲစွာဖြင့် ပျံလွန်တော်မူလားခသော ရခိုင့်ရဟန်းသာံတော်အသျှင်မြတ်ရို့အားလည်းကောင်း၊ အောက်သားဗမာပျူမိစ္ဆာရို့ မုဒိမ်းကျင့်မှုကို ပြန်ပြောသဖြင့် အသတ်ခံရသော ရခိုင်ပြည်သူပြည်သားရို့အားလည်းကောင်း၊ ယင်းနောက် အဖရခိုင်ပြည်ကြီးကို ကယ်တင်ရန်အတွက် ကြိုးစားအားထုတ်ခသော ဗိုလ်မျက်တောင်ရှည်၊ ဗိုလ်ငပြောင်လုံး၊ ဗိုလ်တိမ်ကျား၊ ဗိုလ်ငမောက်၊ မျက်ကန်းဗိုလ်၊ ဗိုလ်ကျော်ထွီးမှအစ တပ်ရင်းမှူး၊ တပ်မမမှူး၊ ရဲဘော်ရဲဘက်ရို့သည် ဗမာတပ်ကိုတိုက်ယင်း အသက်ဆုံးယှုံးလားကြသော ရခိုင်သူရဲကောင်းများအားလည်းကောင်း၊ အဂုဘင်္ဂလားဒေ့ခ်ျ နိုင်ငံ မရှက်ကျွန်း၌ ရခိုင်သူရခိုင်သားများကို မောင်နှင့်နမ၊ သားနှင့်အမိ၊ သမီးနှင့်အဖ အရှက်ရအောင် အဓမ္မမုဒိမ်းကျင့်ရန် ခိုင်းသဖြင့် ပြန်ပြော၍ အသတ်ခံရသော မရှက်ကျွန်းဟိ ရခိုင်ယောင်္ကျား၊ မိန်းမရို့အားလည်းကောင်း၊ အဖရခိုင်ပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခသော မင်းသားကြီးရွှီဘန်း၊ မြို့သူကြီးအောင်ကျော်ဇံရို့နှင့်တကွ “တကျိပ်ခြောက်သောင်း”  သော ရခိုင်အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ရဲဘော်ရဲဘက်အပေါင်းရို့အားလည်းကောင်း၊ အောက်သားဗမာ ပျူမိစ္ဆာရို့၏ သတ်ဖြတ်မှုကိုခံရသော “တင်းဝါးပန်းခိုင်တမြိုင်မြိုင်” ဟုဆိုအပ်သော (၇၄၅၂၇၅၅)ယောက်သော ရခိုင်ပြည်သူပြည်သားရို့အားလည်းကောင်း၊ ဦးနု၊ နီဝင်းလက်ထက် ဒီမိုကရေစီနှင့် လွတ်လပ်ရေးတောင်းသဖြင့် ထောင်သွင်းအကျဉ်းချ တိတ်တဆိတ်ခေါ်ယူ၍ အသတ်ခံရသော ရခိုင်ပြည်သူအပေါင်းရို့အားလည်းကောင်း၊ ၁၉၅၂-ခု ဒီဇင်ဘာလ ၁၂-ရက်နိန့်တွင် ဦးနုအမိန့်ဖြင့် တရွာလုံးအသတ်ခံရသော တောပန်းဇင်းရွာသူရွာသား၊ မောင်သျှင်၊ သီလသျှင်များအားလည်းကောင်း၊ အင်္ဂလိပ်လက်ထက်တွင် ကြွေးကြော်ဆန္ဒပြမှုကြောင့် လက်နက်အမြောက်ရို့ဖြင့် ပစ်ခတ်ခံရသော တောပန်ဇင်းရွာသူရွာသားတို့အားလည်းကောင်း၊ ၁၉၆၇-ခုနှစ် သြဂုတ် (၁၃) ရက်နိန့်တွင် စစ်တွေမြို့၌ အငတ်ပြဿနာကြောင့် ဆန္ဒပြ၍ထမင်းတောင်းကြသော ရခိုင်ရို့အား (G-3G-4) ဖြင့် ရက်ရက်စက်စက် အသတ်ခံခရသော ရခိုင်ပြည်သူပြည်သားရို့အားလည်းကောင်း၊ ၁၉၇၇-ခုနှစ်တွင် အဖရခိုင်ပြည်အတွက် တပ်မှူး ဗိုလ်ရဲဘော်စုစုပေါင်း (၁၂၀)ကျော်ရို့ဖြင့် ရခိုင်ပြည်အရောက်ချီတတ်ရာမှာ ဗမာတပ်များ၏ အမြဲမပြတ်၊ ပိတ်ဆို့ဝိုင်းဝန်းမှုကြောင့် တိုက်ပွဲအကြိမ်ပေါင်းမြောက်များစွာဖြစ်ပွားပြီး နောက်ဆုံးထွက်ပေါက်မဟိသောအခါ ရန်သူထံမောက်တွင် အဖမ်းမခံဟူသော ဆန္ဒဖြင့် ပီစတိုဖြင့် မိမိကိုယ်တိုင်ကိုမိမိ စီရင်၍လားခသော ALP ဥက္ကဌကြီး ရခိုင့်အာဇာနည် ခိုင်မိုးလင်းနှင့် ရဲဘော်ရဲဘက်ရို့အားလည်းကောင်း၊ ALP ၏အတွင်းရေးမှူး ခိုင်ဘကျော်၊ ဗိုလ်ကြီးခိုင်မင်းနိုင်၊ ဗိုလ်ခိုင်သိန်းနိုင်၊ ဗိုလ်ခိုင်ကျော်ထွီး၊ ဗိုလ်ခိုင်သီဟ၊ ဆရာကြီးခိုင်ထွန်းသာအေး၊ ဗိုလ်ခိုင်ဓညအောင်၊ ဆရာခိုင်ရွှီခိုင်၊ ဆရာခိုင်ပြောက်ကျား၊ ရဲဘော်ခိုင်ကျော်ဝင်း၊ ဆရာခိုင်သန်း၊ ရဲဘော်ခိုင်မိုးကြိုး၊ ဆရာခိုင်စိုးနိုင်၊ ဆရာခိုင်ရဲလင်း၊ ဗိုလ်ခိုင်စိုးနိုင်၊ ရဲဘော်ခိုင်သန်းထွန်းနှင့် ရဲဘော်(၄၀)ကျော်ရို့အားလည်းကောင်း၊ ကရင်ပြည်နယ်၌ ကျဆုံးလားခသော ဆရာကြီးခိုင်ကျော်ထွန်း၊ ဆရာကြီးခိုင်ထွန်းနိုင်နှင့်တကွ တပ်မှူး တပ်ဗိုလ် ရဲဘော်များအားလည်းကောင်း၊ ဘင်္ဂလာဒေ့ခ်ျ၌ ကျဆုံးလားခကတ်သော ဆရာခိုင်သစ္စာနှင့် ရဲဘော်ရို့အားလည်းကောင်း၊ အိန္ဒိယနိုင်ငံ၌ ကျဆုံးလားခကတ်သော ရဲဘော်ခိုင်ရွက်သစ်နီ၊ ရဲဘော်ခိုင်ဝရဇိန်၊ ဆရာခိုင်တိုက်ထွန်းရို့အားလည်းကောင်း၊ ရန်သူဗမာမိစ္ဆာယုတ်တိကို တိုက်ခိုက်ယင်း ကျဆုံးလားခကတ်သော AIA အတွင်းရေးမှူး ရို့အားလည်းကောင်း၊ AIO/ACP/BCP/ABSDF-Arakan အစဟိသော ပါတီပေါင်းစုံ၌ တိုက်ပွဲဝင်ယင်း ကျဆုံးလားခကတ်တေ ရခိုင်အာဇာနီ သူရဲကောင်းများအားလည်းကောင်း၊ ဂျပန်နှင့် အင်္ဂလိပ်ရို့ လက်ချက်ဖြင့် အသတ်ခံကြရသော ဆရာတော်ဦးဥတ္တမနှင့် ရခိုင်ပြည်သူပြည်သားရို့အားလည်းကောင်း၊ ဗိုလ်နီဝင်းလက်ထက် မင်းပြားကို ဝင်ရောက်တိုက်ခိုက်သိမ်းကြသောအခါ ဗမာစစ်တပ်၏လက်တွင်း၌ အဖမ်းခံကြရသော ACP မှ ဆရာတော် ခိုင်စိုးသီရိ၊ ရှိနိန်ဦးစိုးမြင့်နှင့်တကွ အပေါင်းအပါရဲဘော်များ၊ မတရားဖမ်းဆီးနှိပ်စက်ခံကြရသော ရခိုင်ပြည်သူပြည်သားရို့အားလည်းကောင်း၊ ရခိုင်မှ ဦးထိန်လင်းရို့လုပ်ကြံမှု၌ အဖမ်းခံ၊ အသတ်ခံ၍ သီဆုံးလားခကတ်တေ ရခိုင်ပြည်သူပြည်သားရို့အားလည်းကောင်း၊ ဗိုလ်နီဝင်းတပ်ထဲမှ တပ်မှူး၊ တပ်မမှူး၊ ဗိုလ်အရာဟိရို့၏ အမိန့်အာဏာဖြင့် အသတ်ခံကြရသော အပြစ်မဲ့ ရခိုင်သူရခိုင်သားရို့အားလည်းကောင်း၊ စောမောင်အာဏာသိမ်းစဉ်ကစ၍ စစ်တပ်၏ လူမဆန်စွာ ရက်စက်ဆိုးရွားမှုကြောင့် ကျောက်တော်မြစ်ကမ်း လောင်းထက်၌ ကူတိုးကူးနိန်စဉ် စစ်တပ်ကအရက်သောက်ယမ်းကားကာ G-3 G-4 ရို့ဖြင့် မတရားအသတ်ခံကြရသော ကြံ့ခိုင်ရေးအသင်းဝင် ရခိုင်ပြည်ကျောက်တော်မြို့မှ (၁၀)တန်းကျောင်းသား သုံးယောက်အားလည်းကောင်း မင်းပြားကျိန်းတောင်၌ လမ်းလုပ်ယင်း တောင်ပြိုကျရာ၌ ကျိုးပဲ့အသက်ဆုံးယှုံးလားခကတ်တေ ရခိုင်ပြည်သူပြည်သားရို့အားလည်းကောင်း၊ ကျောက်တော်မြို့၌ စခန်းချနိန်သော (ခမရ) ၃၇၈- တပ်ခွဲမှူးသည် ပေါ်တာဆွဲမရသဖြင့် သတ်ဖြတ်ခံရသော ကျောက်ဂူစုရွာမှ ရဝတ ဥက္ကနှင့်တကွ မိသားစု (၁၃)ဦးသော အပြစ်မဲ့ ရခိုင်ပြည်သူပြည်သားရို့အားလည်းကောင်း၊ ရခိုင်တပ်မတော်ကို ခေတ်မှီတိုးချဲ့တည်ဆောက်ရန် အတွက် စည်းရုံးမှုးတာဝန်ဖြင့် လူသစ်စုဆောင်းနိန်ကြသော ဂိုးသမားကိုဦးကျော်စံရို့ ၂-ဦးကို ကျောက်တော်မြို့၌ နှိပ်စက်အသတ်ခံခဲ့ရသော ၄င်းအာဇာနီ ၂-ဦးအားလည်းကောင်း၊ ကျောက်ဖြူ-ရန်ကုန်လမ်းလုပ်ရာ၌ ကျောက်ပိ၍ အသက်ဆုံးယှုံးလားခကတ်တေ ကိုယ်ဝန်အရင့်အမာနှင့် ရခိုင်သူမ သုံးယောက်အပါအဝင် များစွာသော ရခိုင်ပြည်သူပြည်သားရို့အားလည်းကောင်း၊ မြောက်ဦးမြို့၌ ဘားဘူတောင်ပြိုကျ၍ အသက်ဆုံးယှုံးလားခရေ ပေါ်တာသည်တဦးနှင့်တကွ မြောက်ဦး“ကျေးတောတပ်စခန်း”၌ စစ်တပ်ကအဓမ္မပြုကျင့်ခံရသော ပေါ်တာသည်မစိန်အေးအားလည်းကောင်း၊ နီဝင်း၏ ယုတ်မာစွာ အဆိပ်ခပ်သတ်ခံရသော  ဆရာကြီး ဦးစံသာအောင်အား၎င်း၊ စစ်တွေအကျဉ်းထောင်၌ လူမဆန်စွာ နှိပ်စက်ညှင်းဆည်းပြီး အသတ်ခံရသော ရခိုင်ပဏ္ဍိတ် ဆရာကြီးဦးသာထွန်းအားလည်းကောင်း၊ ဗမာစစ်အာဏာသျှင်ရို့၏ လက်ချက်ကြောင့် အမျိုးမျိုးသော ပြစ်ဒါဏ်ပေါ်တာကျ၍ အသက်ဆုံးယှုံးလားခကတ်တေ ရခိုင်ပြည်သူပြည်သားရို့အားလည်းကောင်း၊ မာနယ်ပလော၊ မေါ်ဖိုးကေ၊ မေးသဝါး၊ မေးလာ၊ ခွီးအိပ်တောင်အစဟိသော ကရင်ရှိတန်းစစ်မျက်နှာ၌ မဟာမိတ်ကရင်တပ်နှင့်အတူ တိုက်ပွဲဝင်ယင်း အသက်ဆုံးယှုံးလားခကတ်တေ ရခိုင်သူရဲကောင်းများနှင့် ဗမာစစ်တပ်မှ မသိနားမလည်ရေ ကျဆုံးလားပြီးသော ရခိုင်စစ်သားရို့အားလည်းကောင်း၊ အဖရခိုင်ပြည်လွတ်လပ်ရေးအတွက် အလုပ်လုပ်ယင်းနှင့် အောင်လံမလဲသော စိတ်ဓါတ်ဖြင့် ကျဆုံးလားခရေ ရခိုင်အမျိုးသားခေါင်းဆောင် မောင်ကျော်လှိုင်အားလည်းကောင်း၊ “မဟာမိတ် KNU ” နှင့်ပူးပေါင်းပြီး ရခိုင်နယ်စပ်တွင် စစ်မျက်နှာဖွင့်ရန် လာကြရာ အိန္ဒိယထောက်လှန့်ရေးတပ်မှ ဗိုလ်မှူး “ဂြာဝါ” ဗမာသူလျှိုရို့၏ လိမ်လည်ကာ သတ်ဖြတ်မှုကြောင့် အန္တမန်ကျွန်း၌ အသက်ဆုံးယှုံးလားကြသော ရခိုင်တပ်မတော်၏ စစ်ဦးစီးချူပ် ခိုင်ရာဇာ၊ ခိုင်စောထွန်းနှင့် ရခိုင်ကရင်ခေါင်းဆောင်(၆)ယောက်ရို့အားလည်းကောင်း၊ အားလုံးသော ဘဝတပါးသို့ပြောင်းလားခကတ်တေ ရခိုင်ဘိုးဘွား၊ ဘီဘင်၊ မိဘ၊ ညီအကိုမောင်နှမ ဆွေမျိုးဥာတိ မိသားစုအဖြစ်တော်စပ်ခကတ်တေ ရခိုင်ပြည်သူပြည်သားအားလုံးနှင့် အားလုံးသော ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြို့စောင့်နတ်၊ တောစောင့်နတ်၊ ရွာစောင့်နတ်၊ တိုင်းပြည်စောင့်နတ်၊ ကမ္ဘာစောင့်နတ်၊ သာသနာစောင့်နတ် ရို့အားလည်းကောင်း၊ အရပ်လေးမျက်နှာ၊ အရပ်သျှစ်မျက်နှာ၊ အရပ်ဆယ်မျက်နှာရို့၌ ဟိကြကုန်သော သမ္မာဒေဝ နတ်ကောင်းနတ်မြတ် အပေါင်းရို့အားလည်းကောင်း၊ ၃၁- ဘုံ၌ ကျင်လည်ကြကုန်သော ဝေနီယ သတ္တဝါအပေါင်းရို့အားလည်းကောင်း၊ ရီစက်သွန်ချ၍ အမျှ အမျှ အမျှဟု ပီးဝီကြပါကုန်ပါ၏။ ထိုထိုသတ္တဝါရို့သည် အမျှရ၍ ကျန်းမာကြပါစီသတည်း၊။ အကြင် ၂-သိန်း ၄-သောင်းထုဟိသော မဟာပထဝီမြီကြီးသည် သက်သီအရာ၌ ငါကြားလိုက်၏ ငါမြင်လိုက်၏ ငါသိဟိတော်မူ၏ ဟူ၍ သက်သီအရာ၌ တည်ပါစီသတည်း။ အားလုံးကြားကြားသမျှသတ္တဝါရို့ အမျှ အမျှ အမျှယူတော်မှုကြပါကုန်လော  သာဓု သာဓု သာဓုပါဘုရား။။

မှတ်ချက်။  ။ ကျဆုံးလားခကတ်တေ ရခိုင်အာဇာနီသူရဲကောင်းများနှင့် ရခိုင်ပြည်သူပြည်သားရို့အား ရည်မှန်း၍ ရီစက်ချ ။ ရခိုင်မူအတိုင်းရီစက်ချက်နည်း၊
 စီစဉ်သူ အသျှင်န္ဒာစက္က
         ဗေဒနှင့်သမိုင်းသုတေသီ
          ၁၂ ၊ ၈ ၊ ၂၀၀၂

ပြည်သစ်တည်စို့ ငါရို့ ရခိုင်(၁)

ခိုင်မင်းညို
             ပျက်နိန်သောလမ်းကိုပျင်ရမည်။ လမ်းမဟိသေးသော်လည်း လိုအပ်လာလျှင် လမ်းသစ်ကိုစနစ်တကျ ဝိုင်းဝန်းဖောက်လုပ်ကြရမည်။ လမ်းဆိုရာ၌ ကုန်လမ်းတခုတည်းကိုမဆိုလိုပေ။ ရီလမ်း၊ ကုန်းလမ်း၊ လီကြောင်းလမ်း စသည်ရို့ကိုဆိုလိုသည်။ လမ်းကိုအဘယ်ကြောင့်ဖောက်ရမည်ဆိုသော် လမ်းသည်လူသားရို့တွက် လားလာရေး၊ ရောင်းဝယ်ဖောက်ကားရေးရို့အတွက် အခရာကျသည်။ ထို့ကြောင့်လမ်းသည် လူသားရို့အတွက် မဟိမဖြစ်လိုအပ်သည်။ လမ်းကိုဖောက်လုပ်ရုံနှင့်မပြီးဘဲ မြက်ပင်ခြုံနွယ်၊ ဆူးငြှောင့်၊ ခလုပ်၊ သဲသောင်အစဟိသည့် ကုန်းကြောင်း၊ ရီကြောင်း၊ အတားအဆီးများကို သုတ်သင်ချင်းလင်းပစ်ရမည်။ သို့မှသာ လမ်းကြောင်းများ ယှင်းလင်းပြီး လူသားရို့သည် နိန့်တဓူဝခရီးကို လွယ်ကူချောမွေ့စွာ လားလာနိုင်မည်ဖြစ်သည်။
              ရခိုင့်လွတ်လပ်ရေးအတွက် ရခိုင့်တပ်မတော်ကို တည်ဆောက်ကြ၊ ရခိုင့်လွတ်လပ်ရေးအတွက် ဘဝတူတော်လှန်ရေးများနှင့် လက်တွဲကြ၊ ရခိုင့်လွတ်လပ်ရေးသည် လက်နက်ကိုင်နည်းလမ်းမှအပ အခြားနည်းလမ်းမဟိ၊ ရခိုင်လွတ်လပ်ရေးသည် ရခိုင့်အမျိုးသားညီညွတ်ရေး လက်ထဲတွင်ဟိသည်၊ ရခိုင့်သားရို့ ရခိုင်မသားတယောက်ပမာစည်းရုံးကြ။ ကွယ်လွန်သူ ရခိုင့်လွတ်မြောက်ရေးပါတီ(ALP) ဥက္က ဗိုလ်ခိုင်မိုးလင်း၏ မူဝါဒလမ်းစဉ်များ၊ မှတ်သားလောက်ဖွယ်ရာ၊ ရခိုင်သားရို့အတွက် အတုယူစရာပင်။ ဥက္က ဗိုလ်ခိုင်မိုးလင်းသည် ဤလမ်းစဉ်များကို ချမှတ်ခဲ့ရုံသာမဟုတ်ဘဲ သူ၏အတွေးအခေါ်များကို လက်တွိကျကျ အကောင်အထည်ဖေါ်ခဲ့သည်။ ရှိတန်းနိန်မြီများကို  ကိုယ်တိုင်လားရောက်ပြီး ရဲဘော်များကိုဦးဆောင်ကာ ရဲရဲတောက်တိုက်ပွဲဝင်ခဲ့သည်။ ဘဝတူတော်လှန်ရေးများနှင့်လက်တွဲကာ ရခိုင်အမျိုးသားစည်းရုံးညီညွတ်ရေးကို စွမ်းစွမ်းတမံအကောင်အထည်ဖေါ် လုပ်ဆောင်ခဲ့သောကြောင့် ရခိုင့်အာဇာနီသူရဲကောင်းအဖြစ် သူ့၏သမိုင်းမှတ်တိုင်ကို ကိုယ်တိုင်စိုက်ထူခဲ့သူ တယောက်အဖြစ် မှတ်တမ်းတင်ရမည်။
               သို့သော်သူ၏လုပ်ဆောင်မှုအားလုံးသည် မှန်ကန်ချင်မှမှန်ကန်မည်။ ကရင့်တော်လှန်ရေးခေါင်းဆောင်များက ဥက္က ဗိုလ်ခိုင်မိုးလင်းကို နှမြောတသ၍မဆုံးကြသလို သူ၏စစ်ရေးဗျူဟာအမှားတခုကိုလည်း ဤကဲ့သို့ထောက်ပြကြသည်။ ဥက္ကခိုင်မိုးလင်း၏ မိုင်ထောင်ရှည်ခရီးစဉ်မှာ အလွန်ကြမ်းတမ်းပြီး သတင်းပေါက်ကြားလျှင် အချိန်မရွီး ခြီမုန်းခံရနိုင်သည်။ ၄င်းအပြင် ယင်းအချိန်က လက်နက်ကိုင်တော်လှန်ရေးသည် မိုင်ရှည်ခရီးစဉ်၌ ကြား၌ပြတ်တောက်မှု ဟိနီခြင်းသည် ရန်သူ(မဆလ)အတွက် အကွက်ကောင်းတခုပင်။ ဤသည်ကို ကရင်ထိပ်တန်းခေါင်းဆောင်များက ထောက်ပြခဲ့သည်သာမက ရီကြောင်းမှ ရခိုင်ပြည်အရောက် ကရင်ရို့ကိုယ်တိုင် ပို့ပီးမည်ဟုအာမခံခဲ့ကြောင်းကို ကရင်ခေါင်းဆောင်ကြီးများနှင့်တွိတိုင်း မိမိကိုဖေါက်သေချ ပြောပြကြသည်။ 
                  ဥက္ကဌ ခိုင်မိုးလင်းအနိန်ဖြင့် အဘယ်ကြောင့် မိုင်ထောင်ရှည် ခရီးချီတတ်မှုကိုရွီးချယ်ခဲ့ရသည်ကို ခြီရာခံ ကောက်ရသော် ယင်းအချိန်က ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ထဲမှရဲဘော်တချို့ရို့ ရန်သူထံတွင်လက်နက်ချ အညံ့ခံမှုများက တပ်ကို အဓိကဦးဆောင်ဦးရွက်ပြုနိန်သော ဥက္ကခိုင်မိုးလင်းအား အရှက်ရစရာ ဖြစ်ခဲ့ပါသည်။ တချို့ရဲဘော်များကဆိုလျှင် ကရင်ပြည်အတွက် တိုက်ပွဲဝင်နိန်ခြင်းမဟုတ်ကြောင်း၊ သူများလူမျိုးအတွက် အသက်ကို အသီမခံနိုင်ကြောင်း ပြောဆိုနိန်ကြခြင်းတို့သည် ဥက္က ခိုင်မိုးလင်းနားသို့ရောက်လာသည်က အထူးစဉ်းစားစရာ ကိစ္စရပ်တခု ဖြစ်လာစီပါသည်။ သို့သော် ကရင်ခေါင်းဆောင်များက ရခိုင်ပြည် သို့ရောက်သည်အထိပို့ပီးမည်ကို လက်မခံခဲ့သည်မှာ စစ်ရေးဗျူဟာအမှားတခု၊ ရခိုင်မသားတိုင်းအတွက် မိန်းစရာ မိန်းခွန်းတခုမဟုတ်ပါလော။ မိမိသံသယဝင်သည်မှာ ဥက္ကဌ ခိုင်မိုးလင်းအနိန်ဖြင့် ကရင်ခေါင်းဆောင်များ၏ အကူအညီကိုယူခဲ့လျှင် မိမိရဲဘော်များက သူရဲဘောကြောင်သူ တယောက်ဟု အထင်ခံရမည်ကိုကြောက်၍လား၊ မိမိသည်ရခိုင်ရဲဘော်များကို သူများ အကူအညီမပါဘဲ ရခိုင်ပြည်သို့ ကိုယ်တိုင်ဦးဆောင်သယ်ယူနိုင်ခဲ့သူတယောက်ဖြစ်ကြောင်းကို သမိုင်းရးချင်၍လားဆိုသည်ကို ဒေနိန့်ထက်ထိ မိမိအနိန်ဖြင့် ဝေခွဲ၍မရဖြစ်နိန်ပါသေးသည်။ ဤမိန်းခွန်းကို ဥက္ကဌ ခိုင်မိုးလင်းတယောက်တည်းသာ အမှန် ကန်ဆုံးဖြစ်အောင် ဖြေဆိုနိုင်မည်ဖြစ်ပါသည်။
              အကယ်၍ အထက်ကဖေါ်ပြသကဲ့သို့ အတွေးများဝင်ခဲ့လျှင်ကား တလွဲမာနတက်သည်ရခိုင်ခေါင်းဆောင်တဦး၏ မှားယွင်းမှုတရပ်ဖြစ်ကြောင်းကို ရခိုင်မျိုးဆက်သစ် တော်လှန်ရေးသမားများအနိန်ဖြင့် ရခိုင်သူရဲကောင်းတယောက်၏ သမိုင်းအမှားကို ဝမ်းနည်းဖွယ်မှတ်တင်ကြရပေမည်။ ဤသို့မှတ်တမ်းမတင်ခဲ့လျှင်ကား နောင်လာနောက်သား ရခိုင့်မျိုးဆက်သစ်များက မှားပြီးသားအမှားကို ထပ်မှားကြမည်ဖြစ်သည်။ ဤမှားပြီးသားအမှားတခုကို ထပ်မမှားစီချင်သည်မှာ မိမိ၏စေတနာ အမှန်တရားတခု။ ထပ်မှားနိုင်သည်ဟု မိမိအနိန်ဖြင့် အဘယ်ကြောင့်သံသယဝင်ရသနည်းဟု မိန်းလာခဲ့လျှင်ကား မိမိအနိန်ဖြင့် မိမိအတွိအကြုံအရ အလုံအလောက် သက်သီပြနိုင်ပါသည်။
                 ရခိုင်သားရို့သည် လူတဦးချင်းအနိန်ဖြင့် စွမ်းပကားမဟိကြသည်မဟုတ်၊ သူများလူမျိုးနှင့်ယှဉ်လျှင် အနည်းဆုံးမသာသော်လည်း တန်းတူဖြစ်နိန်လိမ္မည်ကို သက်သီပြလျှက်ဟိသည်။ သို့သော်လူအဖွဲ့အစည်းတရပ် တိုးတတ်ရန် တယောက်ကောင်း၊ တဦးကောင်းဖြင့် လုပ်၍မရ တော်လှန်ရေးအတွက်ဆိုလျှင်ကားဝီးစွ။ တဦးချင်း၏ စွမ်းပကားများကို စုပေါင်းပြီးဆက်စပ် အသုံးချမှ ထိရောက်မှုခြီရာ တွင်ကျန်ရစ်မည်။ ခြီတလှမ်းကုဋေတသန်း တန်ဖိုးဟိမည်။ သို့သော် ရခိုင်သားရို့မှာ ထိုသို့မဟုတ်ယင်းသူလုပ်၍ရသကဲ့သို့ မိမိလုပ်၍လည်းရနိုင်သည်ဟု ခံယူမွီးဖွားရုံမျှမက ယင်းဆက်စပ်လုပ်နိန်သူများထံမှ ခွဲထွက်၍ လုပ်ဆောင်မည်ကိုဝန်မလီး၊ ဆပ်စပ်၍ စွမ်းအားဟိအောင်လုပ်ဆောင်မည်ကို စိတ်ကူးမရောက်ကြ။ အားမသန်ကြ။ သူ့မှာ အစွယ်ဟိသလို ငါ့မှာလည်းအစွယ်နှင့်၊ ငါ့အစွယ်က သူ့အစွယ်ထက်ပိုရှည်သည်ဟု အစွယ်တိုင်းဖို့ကိုသာ အားသန်ကြသည်။ ယင်းလွဲမာနများကြောင့် ရခိုင်တော်လှန်ရေးအဖွဲ့အစည်းများတွင် အကွဲအပြဲသမိုင်းများကို ရီးခဲ့ကြရုံသာမက ရခိုင်လူမှုအဖွဲ့အစည်းလည်း ဆောက်တည်ရာမရ ယိုင်လဲနိန်တုန်းဟိနိန်ပါသေးသည်။ ဤမှားယွင်းသော တလွဲမာနတရားနောက်ကို ရခိုင်သားများ ဆက်လျှောက်ကြမည်လော စွန့်ပါယ်ကြမည်လားဆိုသည်မှာ ရခိုင်သားများအတွက်၊ ရခိုင်တော်လှန်ရေးသမားများအတွက် မိန်းစရာမိန်းခွန်းတခု၊ မိမိအနိန်ဖြင့် ယင်းမိန်းခွန်းကို မိန်းချင်သည်မိမိကိုယ်တိုင်ဖြေကြည့်ချင်သည်။ မိမိအဖြေမှာကား ယင်းကဲ့သို့အတွေးအခေါ်မျိုးကို စွန့်ပါယ်ရုံသာမက မြီမြုပ်မီးယှိုး သဂြိုဟ်ပစ်ချင်သည်။ မှားသည်ကို ထပ်မမှားဘဲ စွန့်ပါယ်ကြစိုအို- ရခိုင်ရို့  မီးကိုတိုးသည့် အသီဆိုးသော ပိုးစူံးကြူးလိုမျိုး ရခိုင်သားရို့ကို မဖြစ်စီချင်စွာက အကျွန့် စေတနာအမှန်တရား။
              ဥက္ကဌ ခိုင်မိုးလင်းသည် မိမိယုံကြည်ချက်ကို ရဲရဲကြီးအကောင်အထည်ဖေါ် လုပ်ဆောင်ခဲ့သည်အတွက် ဥက္ကဌ ခိုင်းမိုးလင်းအတွက် သူကိုမွီးထုတ်ပီးခဲ့သော ရခိုင်ပြည်အပေါ်တာဝန်ကျခဲ့ပြီ၊ သူရဲကောင်းသမိုင်းတခုကိုလည်း သူ၏သွီးသားများဖြင့်းသားထုဆစ်ခဲ့ပြီ။ သိုသော် ဥက္ကဌ ခိုင်မိုးလင်းကို ရခိုင်တော်လှန်ရေးခေါင်းဆောင်တချို့နှင့် သူ၏လုပ်ဖေါ်ကိုင်ဖက်အချို့က မိန်ပိုက်ဖို့ကြိုးစားနိန်ကြသည်။ ဥက္ကဌ ခိုင်မိုးလင်းလမ်းကြောင်းနောက်ကိုလိုက်ဖို့  တွန့်ဆုတ်နိန်ကြသည်။ သို့ရာတွင် ရခိုင်ပြည်သူပြည်သားများ၊ ရခိုင့်တော်လှန်ရေးမျိုးဆက်သစ်များ၊ ကရင်တော်လှန်ရေး၏ ထိပ်တန်းခေါင်းဆောင်များ၊ ကရင့်တော်လှန်ရေးတွင်ဟိနိန်ကြသေးသော ကရင့်တော်လှန်ရေးရဲဘော်များ၊ ကရင်ပြည်သူများနှင့် သူ၏လက်တွဲဖေါ်လက်တွဲဖက် ဘဝတူတော်လှန်ရေးသမားများက သတိရရုံသာမက သူ၏သတ္တိနှင့် သူ၏မှန်ကန်သောလမ်းစဉ်များကို ချီးကျူးကာ သူ၏ရဲကောင်းဝိဥာဏ်ကို အလေးပြုနိန်ကြတုန်းပင်။ ရခိုင့်တော်လှန်ရေး မျိုးဆက်သစ်များအနိန်ဖြင့်လည်း သူ၏လက်တွိဆန်သော အတွေးအခေါ်များကို လက်ခံလျှောက်လှမ်းလျှက် သူ၏လွဲချော်သည်ဟုထင်သော အတွေးခေါ်အယူအဆနောက်ကို မလိုက်မိကြဖို့  ကိုလည်းအထူးသတိပြုကြရပေမည်။
            တက္ကသိုလ်ကျောင်းဆရာတဦး၊ နာမည်ကျော်စာရီးဆရာတဦး ဖြစ်နိန်ပါလျှက် သူ့ဘဝသာယာမှု တခုတည်းအတွက် ထွက်ပေါက်ကိုမရှာ၊ ပြည်သူများ၏ငိုယိုနိန်မှုများကို မျက်ကွယ်ပြုကာ စဉ်းစိမ်ယစ်မှုးဖို့မကြိုးစားခဲ့သူက ဆရာစံကျော်ထွန်း၊ ရခိုင့်တော်လှန်ရေးလမ်းကြောင်းတလျှောက်ကို သုတေသီတဦးအဖြစ် လေ့လာသုံးသပ်ခဲ့ရုံမျှမက ယင်းတော်လှန်ရေးသမိုင်းကြောင်းကို မိမိ၏အတွေးအခေါ်ဖြင့် ရောယှက်ကာ ငါရို့ဇာလုပ်ကတ်ဖို့လဲဆိုသည်ဆရာစံကျော်ထွန်း၏ တော်လှန်ရေးအတွေးအခေါ်များမှာ ယင်းအချိန်အတောအတွင်း၌သာမက ဒေနိန့်အချိန်အထိ ရခိုင်သားများအတွက် မှန်သောတော်လှန်ရေးနိယာမ။ ယင်းတော်လှန်ရေးနိယာမကို ဖေါ်ထုတ်ရီးသားခဲ့ရုံသာမက သူ၏ယုံကြည်စိတ်ချက်ရသော တက္ကသိုလ်ကျောင်းသားများကို သူ၏အတွေးအခေါ်ကိုသွပ်သွင်းကာ ခေတ်မှီသောတော်လှန်ရေးတရပ်ဆင်နွဲရန် ဦးလဉ်မသုန်ကြိုးစားခဲ့သူတယောက်လည်းဖြစ်သည်။
               ယင်းအတွေးအခေါ်နောက်ကို သူ၏ယုံကြည်စိတ်ချရဆုံး ရဲဘော်ရဲဘက်များကိုဆွဲခေါ်ကာ လက်နက်တပ်ဆင်လျှက် ရခိုင့်လွတ်လပ်ရေးအဖွဲ့(AIO)ကို ကချင်တော်လှန်ရေးနိန်မြီ၌ ထူထောင်ကာ ခေတ်သစ်တော်လှန်ရေးသမိုင်းကို ရီးခဲ့သူတယောက်လည်းဖြစ်သည်။ ဆရာစံကျော်ထွန်း၏ ထူးခြားချက်တခုမှာ သူ၏အစ်ကိုယ်၊ တူ၊ တူမများကိုပါ တော်လှန်ရေးထဲသို့ ဆွဲသွင်းနိုင်ခဲ့သောအရည်အခြင်း၊ တော်လှန်ရေးအတွက် မိမိအသက်ကိုသာမက မိမိ၏ဆွေမျိုးများအသက်ကိုပါ ပီးဆပ်ရဲသော သတ္တိမှာ အာကသတ္တိပင်ဖြစ်သည်ကို ရခိုင်ပြည်သူရို့၊ ရခိုင်တော်လှန်ရေးသမားရို့ လေးစားအသိမှတ်ပြုကြရမည်။ သို့သော် ရခိုင်တော်လှန်ရေးကို အခြေအနေတခုသို့ရောက်အောင် မဖန်တီးပီးနိုင်ခဲ့မှုကိုကား ဆရာ၏အမှားဟု မယိုးစွပ်ချင်၊ ကံကြမ္မာကိုသာ အပြစ်ဖို့လိုသည်။ လောဓကံတရားက ဆရာ့ကိုဖန်တီးခွင့်မပီးခဲ့၊ ဖန်တီးနိုင်ခွင့်အချိန်မရခဲ့၍သာ သို့မဟုတ်လျှင်ကား ရခိုင့်တော်လှန်ရေး ကမ္ဘာကျော်ကြားခဲ့မည်မှာ သေချာသည်။
               ဆရာစံကျော်ထွန်းနှင့် ဥက္ကခိုင်မိုးလင်းရို့ မကျဆုံးမှီကတည်းက ရခိုင်သားရို့၌တပေါင်တခု ပေါ်ပေါက်ခဲ့သည်။ ယင်းတပေါင်မှာ  “ပတ္တမြားတလုံး ချင်းလက်မှာဆုံး”  ဟူ၍ပင်ဖြစ်သည်။ ဆရာစံကျော်ထွန်းနှင့် ဥက္က ခိုင်မိုးလင်းနှစ်ယောက်စလုံးသည် ရခိုင်ပြည်သို့ သူရို့၏တပ်များနှင့်အတူ ချီတက်စဉ် ရခိုင်ပြည်သို့ရောက်ခါနီး ချင်းတောင်တနိန်ရာ၌ နောက်လိုက်များနှင့်အတူ ဘ၀စတေးလားခဲ့ကြသည်။ ချင်းတောင်၌ပတ္တမြားတလုံးသာမက မြောက်များစွာသောပတ္တမြာများ ဆုံးယှုံးခဲ့ရပြီ။  ဥက္က ခိုင်မိုးလင်းနှင့် ဆရာစံကျော်ထွန်းနှစ်ယောက်စလုံးသည် လူလတ်လူရွယ်များဖြစ်သည်ကို ရခိုင်တော်လှန်ရေးခေါင်းဆောင်များ မမိအပ်ရုံသာမက ယင်းအချိန်က ခေတ်မမှီသော ရခိုင်တော်လှန်ရေးဟိနိန်ပြီဆိုသည်ကိုလည်း လက်ခံကြရမည်။ အဘယ်ကြောင့် ယင်းတော်လှန်ရေးခေါင်းဆောင်နှစ်ယောက်စလုံးရို့သည်          ဟိနိန်ပြီးသော တော်လှန်ရေးထဲတွင် ပါဝင်ပူးပေါင်းမှုမဟိဘဲ သီးခြားစီဖြစ်တည်ခဲ့ရသနည်းဆိုသည်ကို ရခိုင်တော်လှန်ရေးခေါင်းဆောင်များအနိန်ဖြင့် နှလုံးသွင်းကြရမည်။ ယင်းခေတ်မှီတော်လှန်ရေးသမားနှစ်ယောက်ကို ရခိုင်တော်လှန်ရေး ဝါရင့်ခေါင်းဆောင်များအနိန်ဖြင့် မှားယွင်းသည်ဟုစွပ်စွဲရဲပါသလား။   အဘယ်ကြောင့် ယင်းခေါင်းဆောင်များပေါ်ပေါက်ရသည်ကို နှလုံးသွင်းမိကြပါသလား။
                အကယ်၍ ယင်းရဲရဲတောက်တော်လှန်ရေး ခေါင်းဆောင်နှစ်ဦးရို့သည် ရခိုင်ပြည်သို့ရောက်ခဲ့လျှင်ကား ရခိုင့်တော်လှန်ရေးသည် တမျိုးတဖုံပြောင်းလဲရုံသာမက အကယ်၍ ဆရာစံကျော်ထွန်း၏ မှန်ကန်သော တော်လှန်ရေးနိယာမတရားနှင့် ဥက္က ခိုင်မိုးလင်း၏ လက်တွိဆန်သော လုပ်ရပ်များကိုပေါင်းစည်းကာ ဘဝတူတော်လှန်ရေးများနှင့် လက်တွဲကာ တိုက်ပွဲဝင်နိန်မည်ဆိုပါက ရခိုင်ပြည်လွတ်လပ်ရေးမရလျှင်တောင်မှ ရခိုင်ပြည်ထက်ဝက်ကို သိမ်းလျှက် တော်လှန်ရေးရှိရောက်နိန်မည်မှာသေချာသည်။
               ရခိုင့်တော်လှန်ရေးသည် ပြောင်မြောက်သည့် ခေါင်းဆောင်တယောက်ပေါ်တိုင်း အဆင့်တဆင့်သို့ရောက်ဟိခဲ့သည်ကို ရခိုင်တော်လှန်ရေးကို မျက်ကွယ်မပြုသူတိုင်း သတိထားမိကြမည်ဟု ယုံကြည်ပါသည်။ ရခိုင့်တော်လှန်ရေးသည် အချိန်တခုထိ မှေးမိန်နိန်ခဲ့သည်ကိုလည်း သတိပြုမိကြမည်ဟုလည်း ယုံကြည်မိပါသည်။ ယင်းမှေးမိန်ခဲ့သော ရခိုင့်တော်လှန်ရေးကို အဆင့်တဆင့်သို့ရောက်ဟိအောင် ပြန်လည်တည်ဆောက်နိုင်ခဲ့သူမှာကား ခိုင်ရာဇာပင်။ သူ၏အတွေးအခေါ်မှာကား တော်လှန်ရေးကို ခေတ်မှီအောင်လုပ်ဖို့ ဖေသာသည်အခရာကျသည်ကို သတိပြုခဲ့ရုံသာမက မိမိအသက်ကိုရင်း၍ ဖေသာကိုရအောင်ရှာဖွယ်ကာ ရခိုင့်တပ်မတော်ကို ခေတ်မှီသောတပ်မတော်တခုဖြစ်လာအောင် တည်ဆောက်ရန် ကြိုးစားခဲ့သည်။
                 ၁၉၉၁-ခုနှစ်တွင် ရခိုင်ပြည်တော်လှန်ရေးအတွက် အဓိကလိုအပ်နိန်သော လက်နက်များကို ရခိုင်ပြည်သို့ စွန့်စားကာပို့ဆောင်ပီးခဲ့သည်။ သို့ရာတွင် ယင်းလက်နက်များကို တော်လှန်ရေးနိန်မြီသို့ရောက်အောင်မပို့ဘဲ ရခိုင်ပြည်ထဲမှ စစ်ကြောင်းကိုဖြတ်လျှောက်ခဲ့သည်မှာ စစ်ဗျူဟာာအမှားတရပ်၊ သို့သော် ယင်းအမှားကို ဦးဆောင်ချီတက်ခဲ့သော တပ်မှူးတဦး၏ အမှားတခုရာဖြစ်သည်ကို ယင်းစစ်ကြောင်းတွင် ကိုယ်တိုင်ပါဝင်ခဲ့သူတိုင်း အသိပင်မဟုတ်ပါလား။ ရခိုင်ပြည်တပ်မတော်(AA) စစ်ဦးစီးချူပ်ဗိုလ်ရာဇာ၏ တိုးတတ်သစ်လွင်သော အတွေးအခေါ်တရပ်မှာ ဖေသာတသိန်းကိုရင်း၍ တသန်းရအောင်လုပ်ယူသော ခေတ်မှီစီးပွါးရေးသမားတယောက်၏ လက်တွိကျသော အတွေးအခေါ်နှင့် တော်လှန်ရေးအတွက်ခေတ်ပညာတတ်များလိုအပ်သည်ကို နှလုံးသွင်းလျှက် ခေတ်မှီသော ရခိုင့်တော်လှန်ရေးတရပ်ကို ဆွင်နွဲရန် ကြိုးစားခဲ့သူတယောက်လည်းဖြစ်ပေသည်။          

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP