18.9.11

လက်နက်ကိုင်တော်လှန်ရေး ဆင်နွဲကြရာဝယ် (၂) ( ခိုင်မင်းညို )

                   
                     လက်နက်ကိုင်တော်လှန်ရေးတရပ်ကို အောင်မြင်စွာဆင်နွဲနိုင်ရန် လက်နက်ကိုင်အဖွဲ့အစည်းတရပ်သည် ခိုင်မာ၍ စနစ်ကျသော၊ သမာသမတ်ကျသောဘောင်၊ စည်းမျဉ်းစည်းကမ်းများကို ချမှတ်လျှက်၊ ထိုချမှတ်လိုက်သောဘောင်စည်းကမ်းရို့သည် မှန်ကန်ကြောင်း၊ လက်ဟိတော်လှန်ရေးရီစီးကြောင်းနှင့် ကိုက်ညီကြောင်း၊ ပြည်သူနှင့် နောက်လိုက်တပ်မှူးရဲဘော်များကို စနစ်တကျချပြရမည့်အပြင် သတ်မှတ်သောစည်းကမ်းဘောင်များကို ခေါင်းဆောင်များကိုယ်တိုင် သဝေမတိမ်း လိုက်နာလုပ်ဆောင်ကြကြောင်း သက်သီပြဖို့လိုအပ်သည်။ ၎င်းအပြင်နိုင်ငံတကာသို့ လှည့်လည်လျက် မိမိရို့၏တော်လှန်ရေးကို နိုင်ငံတကာအသိုင်းအ၀ိုင်းမှ စိတ်ဝင်စားမှုဟိလာအောင် မိမိရို့အမျိုးသားရေးကို ကျွမ်းကျင်စွာသိဟိပြီး နိုင်ငံတကာအသိုင်းအ၀ိုင်း၌ ၀င်ဆန့်နိုင်မည့် အမျိုးကောင်းသား နိုင်ငံရေးခေါင်းဆောင်များက(Lobby)လုပ်ရမည်။ ယင်းခေါင်းဆောင်များက မိမိပါတီ၊ ရခိုင်အမျိုးသားနှင့် ရခိုင်ပြည်ကို ကိုယ်စားပြု၍ ကုလသမ္မက၌ ကိုယ်စလှယ်များအဖြစ် တက်ရောက်စီလျက် မိမိရို့၏လက်ဟိတိုက်ပွဲဝင်နိန်မှုသည် မှန်ကန်ကြောင်း၊ လက်ဟိကျူးကျော်သူနယ်ချဲ့(သို့) စစ်အာဏာသျှင်ရို့၏ လက်အောက်၌ ပြည်သူအများ မည်ကဲ့သို့ ဆင်းရဲဒုက္ခကို မရှုမလှခံစားနိန်ရကြောင်း၊ မိမိရို့အောင်မြင်ပါက ပြည်သူများအနိန်ဖြင့် မည်ကဲ့သို့ သုခကိုခံစားစံစားရမည်ရို့ကို စည်းဝါးကျကျ ယှင်းလင်းတင်ပြရမည်။ မိမိအဖွဲ့အစည်းအတွင်း လူတဦးချင်းအလိုက် ပုဂ္ဂိုလ်ရေးပဋိပက္ခ၊ အုပ်စုလိုက်ဂိုဏ်းဂဏ ပဋိပက္ခဖြစ်ပွါးလာလျှင်၎င်း၊ အခြားအဖွဲ့အစည်းများနှင့် ပဋိပက္ခဖြစ်ပွါးလာပါက ပြဿနာ၏အရင်းအမြစ်ကို စနစ်တကျရှာဖွယ်ဖေါ်ထုတ်လျှက် ပြဿနာအရပ်ရပ်ကို အောင်မြင်စွာဖြေယှင်းနိုင်ကြောင်း၊ မိမိရို့ပါတီအတွင်း ထိုကဲ့သို့ဖြေယှင်းသည့်အလေ့အထဟိကြောင်းကို ပြည်သူများအားပြသနိုင်ရမည်။ တော်လှန်ရေးသည် အလွှာအားလုံး၊ ပြည်သူအားလုံးနှင့်သက်ဆိုင်ကြောင်း၊ ပြည်သူများကတတ်နိုင်သည့်နိန်ရာက ပါဝင်ဆင်နွဲရမည်ဖြစ်ကြောင်းနှင့် တော်လှန်ရေး၏ဖြစ်တည်မှု၊ ပြုပြင်ပြောင်းလဲမှုများကို ပြည်သူရို့ ယှင်းယှင်းလင်းလင်း သိဟိနိန်ရန် ၀ါဒဖြန့်ချိရေးလုပ်ငန်းကို ကျင်လည်စွာအသုံးချတတ်ရမည်။ ပြည်သူများဘက်ကလည်း တော်လှန်ရေးသည် မိမိရို့အားလုံးနှင့်သက်ဆိုင်ပြီး မိမိရို့အမျိုးသားတည်တံ့နိုင်စီရန် မိမိရို့အသက်သီရေး၊ ရှင်ရေးနှင့်ထပ်တူ တော်လှန်ရေးသည် အရေးကြီးကြောင်း လီးလီးနက်နက် ခံယူလျက် တော်လှန်ရေးကြီးပွါးအောင်မြင်ရေးအတွက် တတ်နိုင်သည့်ဘက်က ပါဝင်လုပ်ဆောင် တိုက်ပွဲဝင်ကြရမည်။
                         ရခိုင့်လက်လက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများတွင် ဘောင်၊ စည်းကမ်းများကို ချမှတ်ထားကြသော်လည်း၊ ယင်းဘောင်စည်းကမ်းများသည် အပြည့်အ၀သက်ဝင်မှုမဟိဘဲ လျှော့ရဲမှုနှင့် ဘောင်စည်းကမ်းများကို ပြောင်ပြောင်တင်းတင်းသော်၎င်း၊ မသိလိုက်မသိဖာသာ ချိုးဖောက်မှုများသော်၎င်း ဟိနိန်သည်ကို မျက်ဝါးထင်ထင် တွိမြင်နိန်ရပါသည်။ စည်းကမ်းဘောင်၏ အမြင့်ဆုံးသည် ပါတီအဖွဲ့အစည်း၏ အဓိကရည်မှန်းချက်ဖြစ်သော မဟာဗျူဟာပင်ဖြစ်သည်။ ဤမဟာဗျူဟာကို အဖွဲ့အစည်းတခုအနိန်ဖြင့် လုံးဝအထိအပါးခံ၍မရပေ။ မဟာဗျူဟာကိုချမှတ်ရာတွင် အချို့အဖွဲ့အစည်းများက ရဲရဲတင်းတင်း ပြတ်ပြတ်သားသားကြီး ချမှတ်ကြသကဲ့သို့ အချို့က အချော့အတင်း အဆွဲအငင်ရသော မဟာဗျူဟာမျိုးကို ချမှတ်တတ်ကြပါသည်။ ရဲရဲတင်းတင်း ပြတ်ပြတ်သားသားကြီး ချမှတ်ထားသောမဟာဗျူဟာတွင် မဟာဗျူဟာကို လုံးဝအထိအပါးခံ၍မရပေ။ ဥပမာ-လွတ်လပ်ရေးဆိုလျှင် လွတ်လပ်ရေးသာဖြစ်ရမည်။ ဖယ်ဒရာယ်မဖြစ်စီရ။ သို့ရာတွင်တချို့ပါတီအဖွဲ့အစည်းများက လွတ်လပ်ရေးနှင့် ဖယ်ဒရာယ်နှစ်ခုစုံလုံးကို ပုံဖေါ်နိုင်သည့်အဓိပ္ပါယ် နှစ်မျိုးစုံလုံးကို အကျုံးဝင်စီသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ကို အဖွဲ့အစည်း၏မဟာဗျူဟာအဖြစ် ချမှတ်လာကြသည်ကိုလည်း မြန်မာနိုင်ငံ၏ လက်ဟိတော်လှန်ရေးတွင် တွိမြင်လာရပါသည်။ မည်သည့်မဟာဗျူဟာက ရခိုင်အမျိုးသားရို့နှင့် ပို၍ လိုက်လျှောညီထွေမှုဟိသည်ကိုမဖေါ်ပြလိုပါ။ သို့သော် ပါတီအဖွဲ့အစည်းက မဟာဗျူဟာကို လွတ်လပ်ရေးဟု အတိအကျချမှတ်ထားသော ရခိုင့်လက်နက်ကိုင်အဖွဲ့အစည်းတွင် ခေါင်းဆောင်များက မဟာဗျူဟာနှင့်ပတ်သက်၍ ပြောဆိုသုံးနှုန်းကြရာ၌ တယောက်နန့်တယောက် မတူညီကြပေ။ တချို့ကလွတ်လပ်ရေး၊ တချို့ကဖယ်ဒရာယ်စသည်ဖြင့် မိမိသဘောကျရာကို အဖွဲ့အစည်း၏ဘောင်ကိုကျော်၍ ပြောဆိုနိန်မှုများကိုလည်း တွိမြင်နိန်ရပါသည်။ တချို့အဖွဲ့အစည်းများသည် မဟာဗျူဟာကို ကြီးကြီးမားမားချမှတ်ကြသော်လည်း မဟာဗျူဟာကိုစနစ်တကျ အကောင်အထည်ဖေါ်မှုမဟိဘဲ ကြော်ငြာအဆင့်သာသာ ဖြစ်နိန်သည်ကိုလည်း ရခိုင့်တော်လှန်ရေး၌ တွိမြင်နိန်ရပါသည်။
                               မဟာဗျူဟာကိုကျော်လွန်၍ ပြောဆိုသုံးနှုန်းမှုနန့် အဖွဲ့အစည်း၏ချမှတ်ထားသော စည်းကမ်းဘောင်များကိုချိုးဖောက်ကြသော်လည်း အပြစ်ပီးအရေးယူမှုမဟိဖြစ်နိန်သည်ကိုလည်း တွိမြင်ကြရမည်။ မိမိကိုယ်တိုင် အပြစ်ဟိသူတယောက်သည် လိပ်ပြာမသန့်ဖြစ်ကာ သူတပါးကိုလည်း အပြစ်ပီးအရေးယူဖို့ ၀န်လီးတတ်ကြသည်။ တခါတရီမှာ မသိရေပိုင် မသိလိုက်မသိဖာသာ နိန်တတ်ကြသည်။ ခေါင်းဆောင်တချို့ရို့၏အတွေးအခေါ်၌မူ တော်လှန်ရေး၌ ခေါင်းဆောင်၊တပ်မှူး၊ ရဲဘော်များအလွန်နည်းနိန်သည်။ ဤခေါင်းဆောင်များ၊ ရဲဘော်များ၊ တပ်မှူးများကို သာမန်အပြစ်ပီးအရေးယူမှုကိုသော်၎င်း၊ ပါတီအဖွဲ့အစည်းမှ ထုတ်ပါယ်ပစ်သည်အထိ အရေးယူမှုကိုသော်၎င်း၊ တော်လှန်ရေးအတွက် နစ်နာမည်ကိုစိုးရိမ်ကြ၍ အရေးမယူဝံ့ကြပေ။ လူတချို့ကဆိုလျှင် လူတဘက်သားကို အားနာ၍သော်၎င်း၊ တန်ပြန်အရေးယူခံရမည်ကို စိုးရိမ်၍သော်၎င်း၊ အရေးယူအပြစ်ပီးမှု မလုပ်တတ်ကြပေ။ ဤသည်မှာ မျက်မှောက်ခေတ်၌ တော်လှန်ရေးမဆန်သော တော်လှန်ရေးထုံးစံတခုဖြစ်လာသည်ကို တွိမြင်နိန်ကြရသည်။ ဤသို့ဖြစ်ပေါ်နိန်မှုများသည် တခါတရီမှာအကောင်းဘက်သို့ ဦးတည်တတ်သော်လည်း အဆိုးဘက်သို့သာ အလီးပိုစီးသည်ကိုသာ တော်လှန်ရေးသ္မားများ သတိထားမိကြမည်ဟု မိမိယုံကြည်သည်။ တော်လှန်ရေး၌ အစားထိုးတာဝန်ယူမှု အစဉ်အလာနည်းပါးလာပြီး တော်လှန်ရေးလုံးပါးပါးလာသည်ကိုလည်း တွိမြင်နိန်ရပါသည်။ လူတချို့ရို့သည် အဖွဲ့အစည်း၏ စည်းကမ်းဘောင်များကို ချိုးဖောက်ဖူးကြသည်သာမက အမျိုးသားတော်လှန်ရေးအပေါ်တွင်လည်း ရဲရဲတင်းတင်းချိုးဖေါက်မှုများကို ကျူးလွန်ဖူးကြသော်လည်း အပြစ်ပီးမှုတစုံတရာမဟိဘဲ မျက်ကွယ်ပြုထားကြသည်ကိုလည်း တော်လှန်ရေးနှင့်နီးစပ်သူများ သတိထားမိကြပေမည်။ ဤကဲ့သို့ အရေးယူအပြစ်ပီးမှု အစဉ်အလာပျက်သုဉ်းလာနိန်မှုကြောင့် လူတချို့ရို့၏ တော်လှန်ရေးအပေါ် မထီမဲ့မြင်ပြုမှု၊ စော်ကားမော်ကားလုပ်မှုများကို ရခိုင့်လက်နက်ကိုင်တော်လှန်ရေးက ခေါင်းငုံ့ခံနိန်ရပေပြီ။ မိန်းခွန်းမိန်းလိုက်သည်မှာ ပြစ်မှုကျူးလွန်ပြီး အပြစ်ပီးအရေးယူမှု မလုပ်ရသေးသောသူများကို သင်ပုန်းချေမည်လား၊ အရေးယူအပြစ်ပီးမှုကို လုပ်ဆောင်ကြမည်လား၊ ဤနှစ်လမ်းမှ တလမ်းကိုရွီးချယ်ပြီး တော်လှန်ရေး၏စည်းကမ်းဘောင်များ ခိုင်မာလာအောင်၊ သက်ဝင်မှုဟိလာအောင် လုပ်ဆောင်သင့်ပါပြီ။
                                နောက်တချက်မှာ ဒေနိန့် မိမိရို့ လက်ဟိကျင့်သုံးလုပ်ကိုင် အကောင်အထည်ဖေါ်နိန်မှုများသည် ခေတ်သစ်တော်လှန်ရေးနှင့် အံဝင်ဂွင်ကျဖြစ်ပါသလား၊ တော်လှန်ရေးပြောင်းလဲမှု ရီစီးကြောင်းနောက်ကို လိုက်နိုင်ပါသလား ဆိုသည်ကို စီစစ်ရမည်။ တော်လှန်ရေး၏ သီအိုရီမှာ ဤသို့အဓိပ္ပါယ်ရသည်ဟု သီအိုရီကိုချပြကာ ဟန်ပန်တခွဲသားနှင့် တော်လှန်ရေးသ္မားပီသကြောင်း ကြောလုံးထုတ်နိန်ရုံဖြင့် တော်လှန်ရေးကောင်းသ္မားတယောက်အဖြစ် သတ်မှတ်၍ ရနိုင်လိမ္မည်မဟုတ်။ ရှီးခေတ်ကချက်မှတ်ခသော တော်လှန်ရေးသီအိုရီသက်သက်ကိုသာ ပြောဆိုဆွေးနွေးပြပြီး ခေတ်အခါ၏ပြောင်းလဲမှုကို မျက်ကွယ်ပြုမိလျှင်လည်း ယင်းတော်လှန်ရေးခေါင်းဆောင်အနိန်ဖြင့် လက်အောက်ငယ်သားများနှင့် ပြောဆိုဆွေးနွေးရာ၌ အံဝင်ဂွင်ကျဖြစ်နိုင်လိမ္မည်မဟုတ်။ ခေတ်ရီစီးကြောင်း၏ ပြောင်းလဲရာနောက်ကို တကောက်ကောက်လိုက်လျှက် တော်လှန်ရေး၏သီအိုရီကို ဘေးဖယ်ထားလျှင်လည်း တော်လှန်ရေးအနှစ်သာရကင်းမဲ့သော တော်လှန်ရေးတရပ်သာဖြစ်နိန်ပြီး ထိန်းမနိုင်သိမ်းမရ ဗရုန်းသုဉ်းကား ဖြစ်လားဖို့သေချာပါသည်။ တော်လှန်ရေးသီအိုရီနှင့် ခေတ်ရီစီးကြောင်းပြောင်းလဲမှုကို သဟာဇာတကျကျညှိယူလျှက် အတွေးအခေါ်အသစ်ဖြင့် တော်လှန်ရေးနည်းဗျူဟာများကို လိုအပ်လာလျှင်ပြောင်လဲလုပ်ဆောင်ဝံ့ကြဖို့ ခေတ်အချိန်အခါကတောင်းဆိုလာနိန်ပါပြီ။
                                  မိမိရို့ရခိုင့်တော်လှန်ရေးကို နိုင်ငံတကာအသိုင်းအ၀ိုင်းမှ စိတ်ဝင်စားမှုဟိလာအောင် နိုင်ငံတကာသို့ရောက်လာပြီး(lobby)လုပ်မှု လုံးဝမဟိသည့်အပြင် မိမိရို့ရခိုင်အမျိုးသားနှင့်ပတ်သက်၍ ကမ္ဘာ့ကုလသမ္မကသို့ တက်ရောက်ဆွေးနွေးနိုင်သည့် အဆင့်ကိုလည်း ရခိုင့်တော်လှန်ရေး မလျှောက်လှမ်းနိုင်သိပါ။ ရခိုင်အမျိုးသားရို့၏ နိုင်ငံရေးလှုပ်ယှားမှုအားနည်းမှုနှင့်(NGO)ရို့၏ စီးပွါးရေးဂွင်ထွင်မှုကြောင့် အတုအယောင်ရိုဟိန်ဂျာများအရေးကိုသာ နိုင်ငံတကာစင်မြင့်၌ ခင်းကျင်းပြသနိန်မှုကြောင့် ရခိုင်ပြည်ကိုအတုအယောင်ရိုဟိန်ဂျာရို့၏ တိုင်းပြည်ဟု နိုင်ငံတကာအသိုင်းအ၀ိုင်းက မှတ်ထင်ခံရသည့်အဆင့်သို့ပင် ရောက်နိန်သည်ကို ရခိုင်အမျိုးချစ်ပြည်ချစ်ရို့ သတိထားမိကြဖို့ လိုအပ်လာပါပြီ။
                                     မိမိရို့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်နိန်သောပြဿနာများကို ပြေလည်အောင် စနစ်တကျဖြီယှင်းဖို့ မကြိုးစားခဲ့ကြဘဲ ပုဂ္ဂိုလ်ရေးအဆင့်မပြေမှုကို အခြီပြုကာ ဂိုဏ်းဂဏအုပ်စုဖွဲ့၍ ခွဲထွက်သွီးထွက်ဖြီယှင်းမှုခဲ့မှုများကိုလည်း တွိမြင်ခဲ့ဖူးကြရပါပြီ။ ဤကဲ့သို့ ပါတီဘောင် စည်းမျဉ်းစည်းကမ်းအတွင်းမှ ပြဿနာကိုပြေလည်အောင်ဖြီယှင်းဖို့ မကြိုးစားဘဲ အကောက်နည်း အကောက်ကြံ အောက်လမ်းနည်းနာ ဥာဏ်နီဥာဏ်နက်များဖြင့် ပြဿနာများကို ဖြီယှင်းခဲ့ကြသောကြောင့် ရခိုင့်တော်လှန်ရေးသည် ရှိသို့မတက် နောက်သို့ပက်လက်သာလန်ခဲ့ရသည်။ ဤအောက်လမ်း ဥာဏ်နီဥာဏ်နက်များကို အသုံးပြုကာ ဖြီယှင်းဖူးခဲ့ကြသော ခေါင်းဆောင်များသည် တော်လှန်ရေးကို ကြီးထွားအောင် မလုပ်ပီးနိုင်မှုကြောင်း လက်အောက်ငယ်သားများလည်း စိတ်ဓါတ်ကျကာ အကြံမရသောအဆုံး၌ ထပ်မံခွဲထွက်ကာ ရန်သူထံ အညံ့ခံဒူးထောက် လက်မြှောက်အယှုံးပီးလျှက် ကြက်ပျောက်ငှက်ပျောက် ပျောက်လားကြသည်ကို တွိမြင်ခဲ့ရပါပြီ။ ယင်းအခင်းဖြစ်ပွါးမှုကို ဦးဆောင်လျှက် လူမိုက်ဇာတ်ခင်းခဲ့ကြသော ခေါင်းဆောင်များသည်လည်း ရဲဘော်နှင့်ကွဲ၊ ပြည်သူနှင့်လည်းဝီး၊ ရှိဆက်မရ၊ နောက်ဆုတ်မဖြစ် အကြံအိုက်ကာ နောင်တရလျှက် တော်လှန်ရေးခရီးဆက်ဖို့ အခက်တွိနိန်ကြရပါပြီ။
                                 နောက်တချက်က အဖွဲ့အစည်းတခုနှင့်တခုအကြားး ဖြစ်ပွါးသောပြဿနာကို မိတ်ဘက်ဆောင်သည့် ဖြီယှင်းမှုများဖြင့် ဖြီယှင်းဖို့ မကြိုးစားကြဘဲ လက်ဦးသူစား၊ သွီးထွက်သံယိုမှုများဖြင့် ဖြီယှင်းလာခဲ့မှုများကိုလည်း ရခိုင့်တော်လှန်ရေး၌ကြုံတွိခဲ့ရပါပြီ။ ကြီးသောအမှုငယ်စီ၊ ငယ်သောအမှုပပျောက်စီမဟုတ်ဘဲ ပြဿနာမီးပွါးချေတခုကို ဓါတဆီလောင်း၊ မီးစာထည့်နည်းလမ်းများကို သုံးလျှက်ပို၍ကြီးကျယ်အောင်သာ ဖန်တီးခဲ့ကြပါသည်။ ယင်းပြဿနာများသည် ဒေနိန့်တော်လှန်ရေးကို ရိုက်ခပ်နိန်ရုံသာမက ယ္ခုလက်ဟိတွင်လည်း သွီးထွက်သံယိုဖြီယှင်းမှုများသည် ရခိုင့်လက်နက်ကိုင်တော်လှန်ရေး၌ ထုံးတမ်းစဉ်လာတခုအသွင်သို့ ကူးပြောင်းလာနိန်သည်ကို ရခိုင့်တော်လှန်ရေးနှင့်နီးစပ်သူများ သတိထားမိကြပါလိမ္မည်။
                                ဤကဲ့သို့ သွီးရင်းသားချင်း ရခိုင်လူမျိုးအချင်းချင်း တဖွဲ့နှင့်တဖွဲ့ ထိပ်တိုက်ရင်ဆိုင် လက်နက်ကိုင်တိုက်ခိုက်နိန်ခဲ့ကြမှုကြောင့်  အမြတ်ထွက်သူများမှာ ရန်သူနအဖနှင့် အတုအယောင်ရိုဟိန်ဂျာများသာ ဖြစ်နိန်သည်ကို သတိပြုမိဖို့လိုအပ်ပါသည်။ ဤကဲ့သို့ပြဿနာများဖြင့် ရောထွီးနိန်သောရခိုင့်တော်လှန်ရေးသည် ပြည်သူများကိုစည်းရုံးဖို့အစား၊ ပြဿနာဖြစ်ပွါးမှုများ၌ မိမိအဖွဲ့မှန်ကန်ကြောင်း၊ သက်သီပြနိန်မှုများဖြင့် တော်လှန်ရေးအလုပ်ကိုလုပ်ဖို့မရဘဲ အချိန်ကုန်ခံနိန်ကြရသည်။ မိမိရို့အဖွဲ့မှန်ကန်ကြောင်း သက်သီရှိနိန်လိုက်ကြရာ၌လည်း အမှန်ကိုအမှန်အတိုင်း မိမိရို့၏အမှားကို ၀န်ခံချပြခြင်းမျိုးမဟုတ်ဘဲ အခြားအဖွဲ့၏ အပြစ်အနာအဆာများကို မဟုတ်မကဆွဲထုတ်ပြသလျှက် ပြဿနာကိုပိုပြီးယှုပ်ထွီးအောင် လုပ်ဆောင်ပီးလျှက် ပြဿနာကို ဗီဇာသက်တမ်းတိုးဖို့ ကြိုးစားနိန်ကြသည်။ အမျိုးချစ်သောတော်လှန်ရေးသ္မားကောင်းများနှင့် မျိုးချစ်ပြည်သူများက တော်လှန်ရေး၏ မဆုံးတမ်းသော ပြဿနာအယှုပ်အထွီးကို ကိုယ်နှင့်မဆိုင်သလို လက်ဖက်ကြည့်၊ ဘေးထိုင်၊ ဘုပြော၍ အချိန်ကုန်ခံနိန်ကြမည်လော။
                                  တော်လှန်ရေးသည် တော်လှန်ရေးထဲ၌ပါဝင်လုပ်ဆောင်နိန်ကြသော တော်လှန်ရေးရဲဘော်၊ တပ်မှူး၊ ခေါင်းဆောင်များသာမက တိုင်းသူပြည်သားအားလုံးနှင့် သက်ဆိုင်သည်ဟု ရခိုင်အမျိုးသားများ နားလည်သဘောပေါက်ခံယူကြရမည်။ အထူးသဖြင့် ပြည်ပရောက် ပညာတတ်၊ ပညာဟိ၊ ရဟန်းသျှင်လူများအနိန်ဖြင့် တိတ်ဆိတ်ငြိမ်သက် နှုတ်ပိတ်မနိန်သင့်ဟု သုံးသပ်မိသည်။ တော်လှန်ရေး၏လမ်းကြောင်း လွဲလျှော်နိန်မှုများကို ပြစ်တင်ပုတ်ခတ်ဝေဖန်သည်ထက် တော်လှန်ရေးတရပ် လမ်းမှန်သို့ ဦးတည်လာအောင် ပညာအား၊ ဖေသာအား၊ လူရင်းမြစ်အားကို စနစ်တကျ အရင်းတည်ထည့်ဝင်လျှက် တော်လှန်ရေးကို လမ်းကြောင်းတည့်ပီးရမည်။ ဤသည်မှာတော်လှန်ရေးကို ပြည်သူ့နောက်မြီးဆွဲဖြစ်အောင် ဖန်တီးဖို့မဟုတ်၊ တော်လှန်ရေးလမ်းကြောင်း တည့်လာအောင် မျိုးချစ်ပြည်သူရို့စွမ်းအားကို အသုံးပြုဖို့ လိုအပ်လာပြီဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။
  
                           ------------------------------------------------------------------------------------

                                     တော်လှန်ရေးအောင်မြင်စီလိုလျှင် ပြည်သူ့ဘ၀ကိုလေ့လာပါ။
                                                  ပြည်သူတယောက်စီ၏ဘ၀ကိုမြှင့်တင်ပြီး
                                              ခေတ်မှီသောတော်လှန်ရေးလမ်းကြောင်းထက်၌
                                                                 ပြည်သူ့စွမ်းအားကို
                                                                      အသုံးချ၍
                                                          တော်လှန်ရေးကို မောင်းနှင်ပါ။
                                                            ရခိုင့်လွတ်လပ်ရေးစာစောင်…

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP