6.9.11

ရခိုင့်လွတ်လပ်ရေးစာစောင် (အမှတ် .၆)

                                  စာတည်းစကား
     နိုင်ငံတခု ပြန်လည်ထူထောင်ခြင်းသည် အလွန်တရာမှ ခက်ခဲသော အလုပ်တခုဖြစ်ပါသည်။ လူမျိုးတမျိုး၏ စာပီ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတန်းစဉ်လာများ၊ သမိုင်းအထောက်အထားများကို ဖျက်စီးခြင်းခံရပြီး လူမျိုးစရိုက်လက္ခဏာများပါ ယိုယွင်းပျက်စီးလာသောအခါတွင်မှာကား ပို၍ပင်ခက်ခဲလာပါသည်။ ကျွန်သက်ရှည်လာသည်နှင့်အမျှ နဂိုဟိရင်း အမျိုးစရိုက်လက္ခဏာများပါ ရိုက်ချိုးဖျက်စီးခံရကာ နောက်အခါတွင် အမျိုးတခုလုံးသုဉ်လာပြီး တိုင်းပြည်အဖြစ်တည်ဟိခဲ့စဉ်အခါက အမှန်တကယ်အဖြစ်အပျက်များကို အဟိကိုအဟိတိုင်း ပြောပြသည်ကိုပင် ဆိတ်ရုပ်ကို ဆင်ရုပ်အဖြစ်ရွီးဆွဲပြနိန်သည်ဟု တလွဲမှတ်ယူပြီး အယုံအကြည်ကင်းမဲ့လာသည့်အဖြစ်မျိုးထိ ဆိုက်ရောက်လာတတ်ပါသည်။
       ရခိုင်သားရို့သည် တိုင်းပြည်အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့သည့်အချိန်မှစ၍ ရခိုင့်အချုပ်အခြာအာဏာကို ရခိုင်ရို့လက်ဝယ် ပြန်လည်ရဟိပြီး ရခိုင့်နိုင်ငံတော်သစ် ပြန်လည်ထူထောင်နိုင်အောင် ကြိုးစားလာခဲ့သည်မှာ မျိုးဆက်(၃-၄ဆက်)(သို့) နှစ်ပေါင်း( ၂၁၉ ) နှစ်တိုင် ပြည့်မြောက်လာခဲ့ပြီးဖြစ်ပါသည်။ ကျွန်သက်ရှည်လာသည်နှင့်အမျှ အမျိုးသားစရိုက်လက္ခဏာများပါ ပျက်ပြားလာမှုအပေါ် မူတည်ပြီး အမျိုးသားစည်းရုံးညီညွတ်ရေးကို ပြန်လည်တည်ဆောက်ရေး အလုပ်သည်လည်း အချုပ်အခြာအာဏာ ပြန်လည်ရဟိမှုနည်းတူ ခက်ခဲလာသော အရာတခုဖြစ်လာခဲ့ပါသည်။ ရခိုင့်အချုပ်အခြာအာဏာနှင့် အမျိုးသားစည်းရုံးညီညွတ်ရေး ဆက်စပ်ပုံကို (A.L.P) ပါတီ ဥက္ကဌဟောင်း (ကွယ်လွန်သူ-ဥက္ကဌခိုင်မိုးလင်း)ကဆိုလျှင် ရခိုင်ပြည်လွတ်လပ်ရေးသည် ရခိုင်မသားတို့လက်ထဲတွင်ဟိသည်။ ရခိုင်ပြည်လွတ်လပ်ရေးအတွက် ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ရမည်။ ရခိုင်အမျိုးသားရို့သည် ရခိုင်မသားတယောက်ပမာစည်းရုံးကြရမည်။ သို့မှသာ ရခိုင့်ရွတ်လပ်ရေး(သို့) ရခိုင်ပြည်၏ အချုပ်အခြာအာဏာကို ပြန်လည်ရဟိနိုင်မည်ကို ဥက္ကဌခိုင်မိုးလင်း၏ အဆိုအမိန့်(၅)ချက်ထဲ၌ ထည့်သွင်း ဖေါ်ပြခဲ့ပါသည်။
             ရခိုင်ပြည်၏ အချုပ်အခြာအာဏာကို  ပြန်လည်ရဟိဖို့အတွက် ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေး ပြန်လည်တည်ဆောက်ရေးသည် အလွန်တရာမှ အခရာကျသည်ကို ရခိုင့်တော်လှန်ရေးခေါင်းဆောင်များက လက္ခံလာခဲ့ကြသည်သာမက အမျိုးသားစည်းရုံးညီညွတ်ရေးကို တည်ဆောက်နိန်ခဲ့ကြသည်ကိုလည်း တွိ့မြင်လာခဲ့ရပါသည်။ ဒေနိအချိန်အခါ၌လည်း ရခိုင်အမျိုးသားညီလာခံ ဆိုင်းဘုတ်အောက်၌ ရခိုင်အမျိုးသားစည်လုံးညီညွတ်ရေးကို တည်ဆောက်နိုင်အောင်အပတ်တကုတ် ကြိုးစားနိန်ကြသည်ကို တွိဟိရပါသည်။ ရခိုင်အမျိုးသားညီလာခံလည်း ထမြောက်အောင်မြင်ရန် အလွန်တရာမှ နီးစပ်လာပြီဖြစ်သည်။
            နိုင်ငံတခုပြန်လည်တည်ဆောက်နိုင်ရန်အတွက်အမျိုးသားစည်းရုံးညီညွတ်မှုနည်းတူ ပြည်ပ၏ အကူအညီသည်လည်း အလွန်တရာမှ အရေးကြီးသညကို တော်လှန်ရေးခေါင်းဆောင်တိုင်း သဘောပေါက်လက်ခံကြသည်။ နိုင်ငံကြီးတခုထံမှ တော်လှန်ရေးအတွက် ပြည့်ပြည့်၀၀ အကူအညီရဟိနိုင်လျှင်လည်း နိုင်ငံတခုကို ပြန်လည်တည်ဆောက်နိုင်သည်ကို အပြည့်အ၀ ယုံကြည်လက်ခံထားကြပါသည်။ ယင်းအကူအညီသည်လည်း တနိန့်သောအခါ၌ မိမိတိုင်းပြည်၏ အချုပ်အခြာအာဏာကို မထိခိုက်စီဘဲ  အနှောင်အဖွဲ့ကင်းသော အကူအညီဖြစ်ဖို့လည်း လိုအပ်လှပါသည်။ ပြည်ပ၏အကူအညီကိုရယူပြီး နိုင်ငံတခုတည်ထောင်ပြီးမှ မိမိရို့အမျိုးသားရို့၏ မျိုးစဉ်ဘောင်ဆက် ထိန်းသိမ်းစောက်ရှောက်လာခဲ့ကြသောယုံကြည်ကိုးကွယ်မှု၊ စာပီယဉ်ကျေးမှုဓလေ့ထုံးစံများကို ထိခိုက်သောအန္တရာယ်ဟိပါက ယင်းအကူအညီကို လုံးဝလက်မခံသင့်ပေ။ ဥပမာအားဖြင့်..ရခိုင်ပြည်အချုပ်အခြာအာဏာကို ရခိုင်ရို့လက်ဝယ် ပြန်လည်ရဟိပြီးမှ အစ္စလာမ်( သို့ )ခရစ်ယာန် ဘာသာထဲသို့ အတင်းအဓမ္မ သွတ်သွင်းခံရပြီး ရခိုင်ရို့၏ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတန်းစဉ်လာများကို ဖျက်စီးခြင်းအန္တရာယ်နှင့်ရင်ဆိုင်ရမည်ဆိုလျှင် ယင်းအကူအညီသည် အချဉ်းနှီးပင်။ တချို့က ဤသည်ကို ထည့်မတွက်ဘဲ အချုပ်အခြာအာဏာကို ပြန်လည်ရဟိလျှင်ပြီးပြီဆိုပြီး အမျိုးသားအတွက် အန္တရာယ်ဟိသော အတွေးအခေါ်များကို ယစ်မူးလျှက် တော်လှန်ရေး၊ စားဝတ်နိန်ရေးကို ယာယီဖြီယှင်းဖို့ ကြိုးစားနိန်ကြသူများလည်း ဟိနိန်ကြပါသည်။ ဤသည်မှာ အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိခိုက်လာသည်သာမက လူမျိုးတည်တံ့ရေးကိုပါထိပါးလာနိန်ပါသည်။
           ရခိုင်ပြည်သည် နိုင်ငံတခုအဖြစ် ပြန်လည်ထူထောင်ရန် လက္ခဏာပေါင်းစုံနှင့် ပြည့်စုံနိန်ပါသည်။ သိုသော်ဗမာနယ်ချဲ့ကျူးကျော်သူများ၏ နှိပ်စက်ညှင်းပမ်း၊ ရက်စက်သတ်ဖြတ်မှုများကို ခံနိန်ရ၍သာ အကျဉ်းတန်အလှပျက်နိန်ခြင်းဖြစ်ပါသည်။ ရိုင်းရိုင်းပြောရလျှင် ရခိုင့်နိုင်ငံသည် မိစ္ဆာရိုင်းစိတ်ဝင် ဗမာစစ်သွီးကြွရို့၏ မုဒိန်းကျင့်ခြင်းကို ခံနိန်ရ၍ အလှပျက် အကျဉ်းတန်နိန်သော အပျိုစင်တယောက်နှင့် တူညီလှပါသည်။ မည်သို့ပင် အလှပျက်အကျဉ်းတန်စီကာမူ ရခိုင်ပြည်သည် သူ၏နဂို ရုပ်ရည်ဖြစ်သည့် သဘာဝသယံဇာတများနှင့် ပြည့်နှက်နိန်သော ပြည်တပြည်အဖြစ်ဟိနိန်ပြီး လူတိုင်းကသဘောကျသည့် နှင်းဆီခိုင်အလား လှပနိန်တုန်းပင်။ အမျိုးသားစရိုက်လက္ခဏာများ ယိုယွင်းပျက်စီးနိန်မှုကြောင့် ပြိုပျက်နိန်သော ရခိုင့်အမျိုးသားစည်းလုံးညီညွတ်ရေးကိုလည်း နိုင်ငံကြီးတခု၏ အကူအညီအောက်တွင် ပြန်လည်ပြုပြင်တည်ဆောက်နိုင်မည်ဟု မိမိအနိန်ဖြင့် အပြည့်အ၀ယုံကြည်သည်။ အကယ်၍ နိုင်ငံကြီးတခုက အနှောင်အဖွဲ့ကင်းစွာ ကူညီ
လာမည်ဆိုပါက ရခိုင်အမျိုးသားတို့အနိန်ဖြင့် လက်ခံရန်အဆင်သင့်ဟိနေပါသည်။ ကူညီသောနိုင်ငံအနိန်ဖြင့်လည်း ရခိုင်နိုင်ငံပြန်လည်ထူထောင်နိုင်ရန် အကူအညီပီးခဲ့သည့် နိုင်ငံတခုအဖြစ် ရခိုင်သမိုင်း၌ မှတ်ကျောက်တင်ခံရမည့်ဆုကြီးနှင့်အတူ ရခိုင်နိုင်ငံ၏ ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်ခြင်း အကျိုးအမြတ်ကိုပါ ခံစားရမည်မှာ မုချပင်။

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP