14.9.11

မင်းလောင်းမျှော် ပေါ်လာမယောင်ယောင် (ခိုင်မင်းညို)

          
                                              ခိုင်မင်းညို
             ဘုရားဗျာဒိတ်ပီးခဲ့ရာမြီ၊ ဗုဒ္ဓမြတ်စွာဘုရား ဘုရားအဖြစ်သို့မရောက်မီ လောကသံသရာ၌ ကျင်လည်ခဲ့စဉ်က ဘ၀ပေါင်းမြောက်များစွာ ကျင်လည်ဖြစ်ပေါ်ခဲ့သောနိန်ရာ၊ ဘုရားမြတ်စွာကိုယ်တိုင် လာရောဂ်ာလျက် ဗုဒ္ဓကိုယ်ပွါးတော် (ကမ္ဘာလောကကြီး၌မထမဦးဆုံးသောဗုဒ္ဓကိုယ်ပွါးတော်မြတ် ထုဆစ်ကိုးကွယ်ခဲ့သောနိန်ရာ) မဟာမုနိ ရုပ်သျှင်တော်မြတ်ကို သိကြားမင်းက ဗုဒ္ဓနှင့်ပုံတူ ဖန်ဆင်းထုဆစ်တော်မူပြီး သာသနာငါးထောင်လုံး ဗုဒ္ဓ၏ကိုယ်ပွါးတော်အဖြစ်၊ ဤလောက၌ နတ်၊ လူ ဗြဟ္မာတို့၏ရှိခိုးဦးချမှုကို ခံယူနေရစ်မည်ဟု ဗုဒ္ဓကမိန့်တော်မူခဲ့သည်။ ထိုသည်သာမက ဗုဒ္ဓ၏ဓာတ်တော်ပေါင်းမြောက်များစွာတို့ ကိန်းဝပ်စံပါယ်လျှက်ဟိနိန်သော စေတီပုထိုးတော်တို့ ပွားများရာနီမြီမှာ အာရက္ခဒေသျှ (သို့) ရခိုင်နိုင်ငံတော်သည် ရာစုနှစ်ပေါင်းများစွာ တည်မြဲလျှက် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးခေတ် စသည့်ခေတ်ကြီးလေးခေတ်ထွန်းပေါ်လျှက် ကြက်ပျံမကျ စည်ကားခဲ့သော ရခိုင့်နိုင်ငံတော်သည်-၁၇၈၄-ခုနှစ်တွင် ဗမာနယ်ချဲ့တို့ ကျူးကျော်သိမ်းပိုက်ခဲ့ပြီးနောက် ပြာပုံဘ၀ကျရောက်ခဲ့ရသည်။ ဒေနိန့်ထက်ထိလည်း လူ့အဖွဲ့စည်းတခုလုံးပျက်ပြားကာ ရှိရိုးရာယဉ်ကျေးမှု အစဉ်အလာများလည်း တစတစပျောက်ကွယ်လာခဲ့ရသည်။
                  ရခိုင်ပြည်သည် သီးခြားလွတ်လပ်သောနိုင်ငံအဖြစ် ရပ်တည်လာခဲ့ပြီး နယ်မြီအနေအထား၊ သဘာဝသယံဇာတ၊ သမိုင်းစသည်တို့သည် နိုင်ငံတခုအဖြစ် မည်သည့်အချိန်၊ မည်သည့်အခြေအနေတွင်မဆို ရပ်တည်နိန်နိုင်သည်ဆိုသည်ကို မည်သူကငြင်းချက်ထုတ်နိုင်မည်နည်း။ ရခိုင်ပြည်ကို မြန်မာနိုင်ငံက ခွဲထွက်ရန်တောင်းဆိုခြင်းသည် တရားနည်းလမ်းကျသည၊် မှန်ကန်သည်၊ ပြည်သူတို့၏ တောင်းဆိုချက်ဖြစ်သည်ဆိုသည်ကိုလည်း အချိန်မရွီး သက်သီပြနိုင်ပါသည်။ လူတချို့က ရခိုင်ပြည်သည် အဖက်ဖက်မှယိုးယွင်းပျက်စီးနိန်ပြီး ပြည်သူများမှာလည်း ဆင်းရဲမွဲတေနိန်ပြီး ကုလားရန်လည်းဟိနိန်သည့်အတွက် လောလောစဉ်တွင် မြန်မာနိုင်ငံကခွဲထွက်ရန် မသင့်တော်သေးကြောင်း ယင်းအကြောင်းကို ရခိုင်နိုင်ငံရေးသမားတယောက်ဆိုလျှင် အသက်က(၁၃)နှစ်ရာဟိသိရေ မိခင်အိမ်က အိမ်ခြားဆင်းဖို့ဆိုသည်မှာ မဖြစ်နိုင်ကြောင်း ဥပမာပီး ပြောကြားဖူးသည်ကို ကျွန်တော့် သူငယ်ချင်းတယောက်က ဖောက်သည်ချဖူးသည်။
                   လွတ်လပ်ရေးအပေါ်ခံယူချပြင်းထံသည့် ရခိုင်အမျိုးသားများက လွတ်လပ်ရေးသာလျှင် ရခိုင်ပြည်အတွက်အသင့်တော်ဆုံးဟု ပြောဆိုနိန်ကြသလို ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို လက်ခံသည့်၊ ပြင်းထန်သည့်၊ ရခိုင်သားများက ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသာလျှင် ရခိုင်တို့နှင့်အသင့်တော်ဆုံးနိုင်ငံရေး မူဝါဒဟု ခံယူလျှက်ဟိနိန်ကြသည်။ မည်သူ၏အယူဝါဒသည် မှန်ကန်သည်၊ မည်သူ၏အယူဝါဒသည် မှားယွင်းသည်ဆိုသည်ကို မိမိမဝေဖန်လို၊ အရေးကြီးသည်မှာ ရခိုင်အချင်းချင်း တယောက်ကိုတယောက် နားလည်ကြဖို့၊ တယောက်ကိုတယောက် တန်ဖိုးထားပြီး လက်တွဲလုပ်ဆောင်ကြဖို့ကို မိမိအနိန်ဖြင့် လိုလားသည်၊ လုပ်ဆောင်ကြဖို့လည်း အလီးအနက်တိုက်တွန်းလိုပါသည်။
                      လူမှုအဖွဲ့အစည်းတခုခေါင်းထောင်လာစီရန်အတွက၊် မိမိလူ့အဖွဲ့အစည်းအတွင်း ပျက်ပြားနိန်သောစရိုက်လက္ခဏာများကို ပြောင်လဲလျှက် ယဉ်ကျေးသောလူမှုအဖွဲ့အစည်းတခု ပြန်လည်တည်ဆောက်ရေးမှာ အလွန်အရေးကြီးသည်။ ဤသို့ဆိုလျှင် ရခိုင့်လုမှုအဖွဲ့အစည်းသည် ရိုင်းစိုင်းသော လူမှုအဖွဲ့အစည်းတခုဖြစ်ပါသလားဟု မိန်းခဲ့လျှင် ရိုင်းစိုင်းသောလူမှုအဖွဲ့အစည်းတခုမဟုတ်သေးပါ။ သို့သော် ဗမာနယ်ချဲ့ဝါဒီတို့၏ ပုံရိုက်သွင်းခံထားရမှုကြောင့် ရခိုင်လူမျိုးတို့သည် ရိုင်းစိုင်းသော လူမှုအသိုင်းအ၀ိုင်းဖက်သို့ ဦးတည်လာနိန်သည်တို့ကို တွိဟိရပါသည်။ ဤကဲ့သို့ဖြစ်ပေါ်လာရခြင်းမှာ ကိုယ့်ကိုကိုယ် တန်ဖိုးထားသည်မှာ အဘယ်နည်း။ သူများကိုတန်ဖိုးထားသည်မှာ အဘယ်နည်းဆိုသည်ကို သဘောပေါက်နားလည်မှုမဟိကြတော့ပဲ မနာလိုဝန်တိုစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊ ရခိုင်သားအချင်းချင်း ရန်စောင်လိုစိတ်များ တိုးပွါးလာနိန်သည်ကို တွိဟိရပါသည်။ ထို့ကြောင့် အကျွန့်သူငယ်ချင်းများကို ပြောဖူးသည် အေနိန့် အကျွန်အလိုချင်ဆုံးအရာမှာ လွတ်လပ်ရေးလည်းမဟုတ်၊ ဖယ်ဒရာယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေးလည်းမဟုတ်၊ ဒီမိုကရေစီလည်းမဟုတ်။ မနာလိုဝန်တိုစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊ ရခိုင်သားအချင်းချင်း ရန်စောင်လိုစိတ်များ ကင်းဝီးကာ ကိုယ့်ကိုကိုယ် တန်ဖို့ထားတတ်သော၊ အမျိုးသီလနှစ်ဌါနကို စောက်ရှောက်ကာကွယ်သော ရခိုင်သူ ရခိုင်သားများဖြစ်လိုပါသည်။ အတိုချုပ်ပြောရလျှင် ယ္ခုလက်ဟိရခိုင်လူမှုအဖွဲ့အစည်းကို ယဉ်ကျေးသော စာရိတ္တစရိုက်လက္ခဏာ ကောင်းမွန်သော လူမှုအဖွဲ့အစည်းတခုဖြစ်အောင် ပြန်လည်တည်ဆောက်လိုသည်။ ဤသည်မှာ မိမိ၏လက်ဟိအခြေအနေ၌ အလိုလားအတောင်းတဆုံးအရာတခုဖြစ်ပါသည်။
                        ရခိုင့်လူမှုအဖွဲ့အစည်းကို ယျဉ်ကျေးသော၊ စရိုက်လက္ခဏာကောင်းမွန်သော၊ လူမှုအဖွဲ့အစည်းတခုအဖြစ် ပြန်လည်တည်ဆောက်နိုင်ပါက ရခိုင်သားတို့ တယောက်အပေါ်တယောက် နားလည်မှုဟိလာမည်၊ သံသယစိတ်များကင်းဝီးလာမည်၊ မိမိကိုယ်ကို တန်ဖို့ထားတတ်လာသလို အများကိုလည်း တန်ဖို့ထားတတ်လာမည်။ တဦးနှင့်တဦး၊ တဖွဲ့နှင့်တဖွဲ့ ရင်နှီးခင်မင်မှုကို တည်ဆောက်တတ်လာပြီး ရခိုင်လူမျိုးအချင်းချင်းအကြားတွင် စည်းလုံးညီညွတ်မှုဟိလာမည်။ စည်လုံးညီညွတ်မှုကိုတည်ဆောက်နိုင်ပါက လွတ်လပ်ရေးကို ရယူဖို့လား။ ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့လား။ မည်သည့်အရာကိုမဆို စုပေါင်းစွမ်းအားဖြင့် တည်ဆောက်နိုင်မည်ကို မိမိယုံကြည်သည်။
                        ဗမာနယ်ချဲ့လက်အောက်သို့ ရခိုင့်နိုင်ငံတော် ကျရောက်ရခြင်းသည် ထိုအချိန်က ရခိုင်သားရို့ ခေတ်နောက်ကျကျန်နိန်ခ၍မဟုတ်သလို၊ ဗမာရို့က အလွန်ခေတ်မှီလွန်း၍မဟုတ်ပါ။ သူတလိုငါတမင်း တကိုယ်ကောင်းဆန်သောစိတ်၊ ကောင်းမွန်သောယဉ်ကျေးမှု အမွီအနှစ်များ ပျက်စီးယိုယွင်းလာကာ အချင်းချင်း စည်းလုံးညီညွတ်မှုဟိတော့ပဲ အသားထဲကလောက်ထွက်ကာ ကိုယ့်အရိုးဖြင့် ကိုယ့်ကိုအထိုးခံရသောအဖြစ်ပင် မဟုတ်ပါလား။ ဟိုးရှီးအယင်က ရခိုင့်နိုင်ငံတော်သည် တိုင်းတပါးတို့၏ ကျူးကျော်မှုကိုခံခဲ့ရသော်လည်း ကောင်းမွန်သောအစဉ်အလာများကို ဆက်လက်ထိန်သိမ်းနိုင်ခဲ့ကြ၏။ ခေါင်းဆောင်များ ဆက်လက်ကျန်နိန်သေး၍၎င်း။ အေနိန့်ကဲ့သို့ ကျွန်သက်ရှည်သည့်အဖြစ်မျိုးကို မရင်ဆိုင်ခဲ့ကြရပေ။ ယ္ခုအချိန်ခါမှာကား လူမျိုးစရိုက်လက္ခဏာလည်းပျက်၊ ဗမာ့ယဉ်ကျေးမှုအစဉ်အလာလည်းဝါးမျို၊ စာပီ၊ ကျန်းဂန်၊ ထီးနန်းများလည်း မီးယှို့ခံရ၊ ပညာဟိ ပညာတတ်များကိုလည်း ဖမ်းစီးခေါ်ဆောင်လာခြင်း(သို့) သတ်ပစ်ခြင်း၊ နောက်ထပ်ပေါ်လာလျင်လည်း သတ်ပစ်ခြင်းများကိုခံရကာ လူမှုအဖွဲ့အစည်းတခုလုံးကို ထိန်းမနိုင် သိမ်းမရ ဖြစ်လာရခြင်းဖြစ်ပါသည်။
                      -၁၈၂၄-ခုနှစ်တွင် အင်္ဂလိပ်တို့၏ အကူအညီဖြင့် ရခိုင်ပြည်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သော်လည်း ရခိုင်နိုင်ငံတော်ကို ထူထောင်ခွင့်မရခဲ့ရုံမက အင်္ဂလိပ်တို့၏ ကျွန်ပြုမှုကို-၁၈၂၆-ခုနှစ်၊ ရန္တပိုစာချုပ်ပြီးနောက်ခံခဲ့ကြရသည်။ သို့သော် ရခိုင်တို့သည် ဗမာနယ်ချဲ့တို့လက်အောက်မှာကဲ့သို့ အပြင်းအထန်ဖိနှိပ်ချုပ်ချယ် နှိပ်ကွပ်မှုများကိုကား မခံရတော့ပေ။ ရခိုင်တို့သည် အင်္ဂလိပ်တို့၏ စာပီပညာများကို လေ့လာခွင့်ရဟိကြပြီး ရခိုင်ပြည်၌ ပညာတတ်များ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ အင်္ဂင်္လိပ်ခေတ်ဆရာတော်ဦးဥတ္တမဆိုလျှင် နိုင်ငံဒေသအသီးသီးသို့ လားရောက်ပြီး ခေတ်ပညာများကို စနစ်တကျ လေ့လာဆည်ပူးလျက် မြန်မာနိုင်ငံသို့ ပြန်လာကာ နိုင်ငံရေးမျက်စိကို ဖွင့်နိုင်ခဲ့ပါသည်။-၁၉၄၈-ခုနှစ် မြန်မာပြည်လွတ်လပ်ရေးမရဟိခဲ့မှီအချိန်ထိ ရခိုင်တို့သည် ပညာတတ်ကြီးများဖြစ်နိန်ခဲ့ကြပြီး ရခိုင်လူမျိုးလည်း အဆင့်တဆင့်သို့ ရောက်ဟိနိုင်ခဲ့ပါသည်။ သို့သော် ရခိုင်ပညာတတ်ကြီးများအချို့သည် ဗမာအမျိုးသားများ၏ လိမ်လည်လှည့်ဖြားခြင်းကို ခံခဲ့ရပြီး သီးခြားပြည်နယ် မထူထောင်နိုင်ခဲ့ရုံသာမက ပြည်နယ်အဆင့်အဖြစ်တောင် သတ်မှတ်ခြင်း မခံခဲ့ရပေ။
                       ဗမာတို့အတွက် လွတ်လပ်ရေးခဲ့သော်လည်း အခြားလူမျိုးများအတွက်မူ အတုအယောင်မျှသာဖြစ်ပါသည်။ ဗမာနယ်ချဲ့အစိုးရက်အဆက်ဆက်လက်အောက်၌ ရခိုင်လူမျိုးများသည် အမျိုးရောသွီးနှောခြင်း၊ ယဉ်ကျေးမှုဝါးမျိုခြင်းကို ခံခဲ့ရရုံသာမက ရခိုင်လူမှုအဖွဲ့အစည်းတခုလုံးလည်း ယိုင်လဲပြိုကွဲခဲ့ရပါသည်။ လွတ်လပ်စွာ စည်းရုံးဟောပြောပိုင်ခွင့်၊ သဘောထားထုတ်ပြန်ခွင့်ကို မရဘဲ ရခိုင်လူမျိုးများ စရိုက်လက္ခဏာ ပျက်ပြားခဲ့ကြရသည်။
                      ရခိုင်နိုင်ငံတော်ကို ပြန်လည်ထူထောင်ရန်အတွက်ဖြစ်စီ၊ ဖယ်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရန်အတွက်ဖြစ်စီ၊ ရခိုင်လူ့ဘောင်အဖွဲ့အစည်းကို စနစ်တကျ ပြန်လည်တည်ဆောက်ဖို့ လိုအပ်နိန်ပါပြီ။ ဤသည်သာ ရခိုင်သားတို့အတွက် အဓိကလိုအပ်ချက်ဖြစ်သောကြောင့် မင်းလောင်းကို မမျှော်ကိုးဘဲ မိမိကိုယ် မိမိအားကိုးလိုစိတ်၊ မိမိကိုယ်မိမိတန်ဖို့ထားလိုစိတ်နှင့် လူ့ယဉ်ကျေးများဖြစ်အောင် နအဖ တို့၏ဖိနှိပ်မှုများကြားမှ ရသမျှအခွင့်အရေးကို အသုံးချက်လျက် ကိုယ့်ကိုကိုယ် ပြန်လည်တည်ဆောက်ကြရမည်။ မင်းလောင်းမျှော် ပေါ်လာမယောင်ယောင် မဖြစ်စီချင်။ မိမိလူမှုအဖွဲ့အစည်းကို စနစ်တကျ ပြန်လည်တည်ဆောက်နိုင်ပါက မိမိကိုအုပ်ချုပ်မည့်(ထီးဖြူဆောင်းမင်းလောင်း မဖြစ်စီကာမူ) ခေါင်းဆောင်ကောင်းများ ပြည်သူထဲက ပေါက်ဖွားလာပါမည်။ ဤမြီသည် ဘုရား၏ဗျာဒိတ်မြီဖြစ်သောကြောင့် မိမိတို့သည် ဘုရားချစ်သော တရားဟိပြီး စာရိတ္တ၊ စရိုက်လက္ခဏာကောင်းသူများဖြစ်မှ ကိုယ့်ပြည်ကိုပြန်လည်ထူထောင်နိုင်မည်သာ ဖြစ်ပါသည်။           

       ပြီး…..။

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP