7.7.11

စာတည်းစကား

ခေတ်ရီစီးကြောင်းသည် ပြောင်းလဲရွိလျှားလျှက်ဟိသည်။ ထို့အတူ တော်လှန်ရေးရီစီကြောင်းသည်လည်း ခေတ်ကိုလိုက်ပြီး ပြောင်းလဲရွိလျှားလျှက်ဟိသည်ကိုလည်း သတိမူမိဖို့ လိုအပ်သည်။ ခေတ်၊ အခြေအနေ အချိန်အခါကိုလိုက်၍ မိမိရို့အတွေးအခေါ်ကို လိုက်ပြောင်းလဲဖို့ လိုအပ်သည်၊ ပြောင်းလဲဝံ့ဖို့ လိုအပ်သည်။ စနစ်တကျ ပြောင်းလဲတတ်ဖို့လည်း လိုအပ်သည်။ ထိုသို့မဟုတ်ပါက ခရီးရှည်ပြီး ပင်ပန်းနွမ်းနယ်မှုနှင့် ပြည်သူအများက အမြင်ကပ်မှုသာ အဖတ်တင်ပေလိမ္မည်။
            အင်္ဂလိပ်နယ်ချဲ့ ကျွန်သဘောက်ဘ၀သို့ အာာသျှပြည်သူများ ရောက်ဟိခဲ့စဉ်အခါက ဆရာတော် ဦးဥတ္တမမည်သော ရဟန်းသျှင်မြတ်တပါး ပေါ်ပေါက်ခဲ့ဖူးသည်။ ထိုရဟန်းသျှင်မြတ်သည် မိမိရို့အိမ်တွင်း၌ ပြဿနာဟိနိန်သည်ကို မြင်တွိခဲ့သည်။ ပြဿနာဇစ်မြစ်ကိုလည်း သိမြင်ခဲ့သည်။ သို့သော်အိမ်တွင်း၌ ဖြစ်ပွါးနိန်သောပြဿနာကို အိမ်တွင်းမှ မြင်တွိသုံးသပ်ရုံတခုတည်းဖြင့် မဖြေယှင်းခဲ့။ အိမ်နီးချင်းနိုင်ငံတို့သို့ လားရောက်လှည့်လည်လျှက် ပြဿနာကို အိမ်အပြင်မှနိန်ကြည့်ခဲ့သည်။ အိမ်နီးချင်းများ၌ ဖြစ်ပွါးလျှက်ဟိသော ပြဿနာရပ်များကိုလည်း အသေးစိပ်လေ့လာခဲ့သည်။ အိမ်နီးချင်းနိုင်ငံများ၌လည်း အလားတူပြဿနာဟိနိန်သည်ကို သတိမူမိခဲ့သည်။
            ဆရာတော်၏ပြဿနာကို စနစ်တကျ ဖြီချင်းချက်မှာကား အများတကာကို ပါးစပ်ပေါက်ဟောင်းလောင်းဖြင့် ထိုပြောဒေပြော ထိုကောက်လုပ်ဒေကောက်လုပ် ဖြီချင်းခဲခြင်းမဟုတ်။ ပြဿနာကို ဖြီချင်းနိုင်ရန်အတွက် မိမိ၌လိုအပ်သော အရည်အခြင်းကို ဖြည့်ခဲ့သည်။ နည်းပညာတရပ်ကို အသုံးပြုပြီး ဖြီချင်းကြည့်သည်။ သို့သော်မြန်မာနိုင်ငံဟိ ပြည်သူများက ဆရာတော်ကို လက်ခံမှုမပြုခဲ့၊ သို့သော်ဆရာတော်သည် စိတ်ဓါတ်မကျ၊ သုံး၍မရသော နည်းနာဟောင်းကြီးကိုလည်း ဆက်မသုံးတော့ဘဲ နည်းလမ်းသစ်ကို ရှာဖွီခဲ့သည်။ ယင်းအချိန်က ဂျပန်ကဲ့သို့သော နိုင်ငံချေတခုက ရုယှကဲ့သို့သောနိုင်ငံကြီးတခုကို စစ်ပွဲတွင် အနိုင်ယူလိုက်ခြင်းက ဆရာတော်အား အထူးအံ့သြစရာတခု ဖြစ်လာခဲ့ရုံသာမက ဂျပန်ရို့၏သတ္တိကို ဆရာတော်ချီးကျူးခဲ့သည်။ ဂျပန်ရို့၏ မျိုးချစ်စိတ်ဓါတ်နှင့် နည်းနာများကိုလေ့လာရန် ဂျပန်နိုင်ငံသို့ ကိုယ်တိုင်လားရောက်ခဲ့သည်။ ဆရာတော်သည် သင်ပြသူနှင့် လေ့လာသူကို တချိန်တည်းတွင် တွဲ၍လိုအပ်သလို အသုံးချကာ ပြောင်မြောက်သော၊ လူအများက ယုံကြည်အားကိုးခံရသော နိုင်ငံရေးသမားကောင်း တယောက်ဖြစ်လာအောင် ဘ၀တလျှောက်လုံး လုံးပမ်းကြိုးစားခဲ့ပါသည်။
            ဆရာတော်သည် ခေတ်မှီတိုးတက်နိန်သော ဥရောပတိုက်ကြီးကို မျက်ကွယ်မပြုခဲ့၊ နယ်ချဲ့ရို့၏ အားသာချက်ကိုလည်း ကိုယ်တိုင်လားရောက်လေ့လာခဲ့သည်။ မိမိရို့နှင့်တူညီသော အဖိနှိပ်ခံများနှင့် လက်တွဲကာ နယ်ချဲ့ကိုမောင်းထုတ်နိုင်ရန် တိုက်ပွဲဝင်ခဲ့သည်။ သို့ရာတွင် မိမိရို့မဟာမိတ်ရို့က မိမိလွတ်မြောက်ရေးအတွက်ကို လုပ်ပီးလိမ္မည်ဟု အများကိုအားကိုးကာ ထိုင်စောင့်မနိန်ခဲ့။ မိမိပြည်သူများ စိတ်ဓါတ်တက်ကြွလာစီရန်အတွက် မိမိသည်အပြောသမားသတ်သတ်မဟုတ်ဘဲ ပြောင်မြောက်သော မီးရှူးတန်ဆောင် ရှိဆောင်တယောက်ဖြစ်ကြောင်းကို နယ်ချဲ့ဘုရင်ခံချုပ် ကရက်တောက်အား မောင်းထုတ်ပြခြင်း၊ ပြည်သူလူထုတရပ်လုံးအား ပြောင်မြောက်သည့် လွတ်မြောက်ရေးတရား ဟောပြောခြင်းများဖြင့် သက်သီပြခဲ့သည်။ မိမိ၏ခေတ်မှီသော တော်လှန်ရေးအတွေးအခေါ်နောက်သို့ ပါလာအောင် ပြည်သူကိုဆွဲယူခဲ့သည်။ မိမိ၏မှန်ကန်သည်ဟုထင်သော အတွေးအခေါ်လမ်းကြောင်းသို့ တယောက်တည်း အထီးကျန်လျှောက်လှမ်းခဲ့ခြင်းမျိုးမဟုတ်။
            ဆရာတော်သည် အာသျှတိုက်ဟိ အခြားအဖိနှိပ်ခံပြည်သူများ၏ ခေါင်းဆောင်များနှင့် တွိဆုံဆွေးနွေးကာ တူညီသောလမ်းစဉ် တူညီသော သဘောတရားများကို ချမှတ်၍ လက်တွဲတိုက်ပွဲဝင်ခဲ့ခြင်းကြောင့် မိမိပြည်သူများသာမက အာသျှတိုက်ဟိ အဖိနှိပ်ခံပြည်သူတရပ်လုံး လွက်မြောက်လာခဲ့ရခြင်းဖြစ်ပါသည်။ ဆရာတော်အသျှင်ဦးဥတ္တမသည် မိမိပြည်သူများကို နိုးထက်စီရန် အိန္ဒိယ၏ နိုင်ငံရေးနည်းပညာများကို အသုံးပြုခဲ့သည်။ အာသျှတိုက်သားရို့၏ မြတ်နိုးဖွယ်ကောင်းသော ယဉ်ကျေးမှု၊ ဥရောပတိုက်သားရို့၏ သိပ္ပံနည်းကျအယူအဆ၊ ဂျပန်ရို့၏မြင့်မြတ်သော မျိုးချစ်စိတ်နှင့် တရုတ်ရို့၏ တော်လှန်ရေးရည်မှန်းချက်များကို နှလုံးသွင်းကာ မြောက်များစွာသော မြန်မာပြည်သူများကို လွတ်လပ်ရေးအတွက် တော်လှန်သူများးဖြစ်လာအောင် မွီးထုတ်ပီးခဲ့သည်။
            ဒေနိန့် တော်လှန်ရေးခေါင်းဆောင်များ အနိန်ဖြင့်လည်း မိမိပြည်သူများ နိုးထက်လာစီရန်အတွက် ခေတ်နှင့်လျှော်ညီသော တော်လှန်ရေးလမ်းကြောင်းထက်သို့ ရောက်ဟိဖို့ လိုအပ်နိန်ပြီဖြစ်ပါကြောင်း။
(အတွဲ-1၊ အမှတ်-3)

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP