1.7.11

အမြင်တိခြားကေလေ့

အောင်ကိုဇံ
 
              အဟောင်းတိကို အခြေခံပြီးကေ အသစ်တိပေါ်ထွတ်လာကတ်တေ ခေတ်တခေတ်အတွင်းမာ သမိုင်းအစဉ်အလာ ယဉ်ကျေးမှုတိကို ထိန်းသိမ်းရေလူတိနန့် နည်းနာသစ်တိကို တီထွင်ဖန်တီးးရေလူတိ အတူတူယှိနီကတ်စွာ ယင်းခေတ်၏ လိုလားချက်ဖြိုက်တေလို့ ထင်မိပါရေ။ ထိုယှင့်ရေ ပြိုင်ဆိုင်မှုပြဿနာတရပ်မဟုတ်။ သဘာဝတရား၏ အနှစ်သာရဖြိုက်ပြီးကေ ဆန့်ကျင်ဘက်ရို့၏ ဆက်သွယ်ချက်တိကို သိယှိနားလည်လက်ခံလို့ လူတိအတွက် အကျိုးပြုနိုင်ဖို့ရာ လိုအပ်တေ။
          ဇာနယ်ပယ် ဇာဒေသမှာမဆို အမြင်ကွာခြားမှုတိယှိနီဂါတ်စွာ မလွဲပါ။ ယကေလေ့ ဘုံဦးတည်ချက်ဆိုရေ တူညီမှုနန့် မျှော်မှန်းထားရေ ပန်းတိုင်ကို ရောက်အောင်လားနီဂါတ်ခြင်းရာဖြိုက်တေလို့ ရရိုးသသားယုံကြည်ထားကေ အောင်မြင်မှုတိကို ပိုင်ဆိုင်လာဂတ်ဖို့စွာက အမှန်ပါရာ။ 
        ငါနန့်မတူရန်သူ၊ ဒေလူပါကေ ငါမလုပ်ဆိုရေ အယူအဆက လူသားရို့၏ ကျောက်ဂူမှာနီဂတ်တေ သမိုင်းဖြစ်စဉ်ကာလလောက်က ခေတ်စားရေ အတွေးအခေါ်တရပ် ဖြိုက်နီခဖို့လို့ထင်မိရေ။ တခုတည်းရာဟိရေ ဒေကမ္ဘာကြီးနန့် ပွင့်လင်းရေ မျက်မှောက်ခေတ် ဒေနိန့်အချိန်ခါမာ ကိုယ့်လူမျိုးငြိမ်းချမ်းရေးအတွက် ဇာပိုင်တစည်းတလုံး တတပ်တအား လုပ်ဆောင်ပီးနိုင်ဖို့လေး သွီးရင်းလက်တွဲ နောက်ကုန်းချင်းကပ်ထားကတ်ဖို့ အရေးတကြီးလိုအပ်တေ အခြေအနေတရပ်ကို ဆိုက်ရောက်နီခစွာ ကြာနီဗျာယ်။
          လွန်ဆန်လို့မရရေ ပြောင်းလဲခြင်းနန့် ခေတ်ရီစီးကြောင်းကို အဆန်လှော်ဗျာယ် မျက်ခြီပြတ်ချန်ထားမိကေ မျိုးဆက်သစ်ကို ကျွန်သက်တမ်း တိုးပီးနိန်စွာပိုင် ဖြစ်နီဖို့လို့ ထင်မိပါရေ။ ကိုယ်လိုရာကိုစဉ်းးစားဗျာယ် ကိုယ့်အိမ်မထဲမှာ လပချေသာနီဂတ်ကေ မျက်စိကန်းနီရေ ပုဏ္ဏားခြောက်ယောက်နန့် ဆင်တကောင်ပိုင် ထင်ရာမြင်ရာလွဲလို့ အနာတခြား ဆီးတခြား ဖြစ်လားဂတ်ဖို့စွာ ကြောက်မိပါရေ။
             ဗမာစစ်ဝါဒီရို့၏ နှိပ်စက်မှု လှိုင်းကြမ်းတိထဗျာယ် ဒုက္ခကမ်းထောင့်နန့် အာနာသျှင်မြစ်ထဲမာ ရခိုင်လူထုမျှိုးပါနီဂတ်ရစွာ သက္ကရာဇ်တိလေ့ မရွီတွက်နိုင်ဗျာယ်။ နွီ မိုး ဆောင်း ဥတုတိပြောင်းလဲ လည်ပတ်ခြင်းမာ အဖတ်တင်ကျန်လိုက်စွာက လူမပီသခြင်းနန့် လူဖြစ်ယှုံးခြင်းရာ ဖြိုက်နီပါရေ။ သမိုင်းဖျောက်ခံနီရစွာပိုင် သတင်းဖျောက်ခံရစွာက သတင်းခေတ်နန့် ကမ္ဘာ့ရွာမာ ရင်နာဖို့ကောင်းပါရေ။ ဘကာအိမ်မက် မက်တေပိုင် ကိုယ့်အနာကို ကိုယ်သိခြင်းထက် အများသိအောင် ဖွင့်ပြပြောပြဖို့ လိုအပ်တေလို့ ယုံကြည်မိပါယင့်။
            ဘဝအာသီသနန့် အနာဂတ်က ဗမာစစ်ဝါဒီရို့လက်ထဲမာ သီဆုံးဗျာယ် ကိုယ်ပိုင်ရပ်တည် စဉ်းစားဆုံးဖြတ်ပိုင်ခွင့်ဆိုစွာ အချေခါနားထောင်ဖူးခရေ ဝတ္ထုချေတပုဒ်ပိုင် မကြားရစွာကြာလို့ အစရှာမရ မိန့်လခရရေ အဖြိုက်ဆိုးနန့် ကြုံတွိနီဂတ်ရတေ။ ဘဝအသီတိနန့်  ဖြိုက်တေမှုတထွာချေကို ရင်မာဖက်ဗျာယ် ထွတ်ပေါက်မယှိရေ လမ်းကြောင်းထက်မာ ရှင်သန်လျှောက်လား နီဂတ်ရရေ။
          လမိုက်တေညည့်နန့် မလွတ်လပ်ခြင်း ဂေါင်းခင်ကြီးအောက်မာ ဘဝအသီတိ ပိပက္ခမဖြိုက်နီစီချင်စွာက ရင်တွင်းကဆုတောင်းမှု ဆန္ဒချေတခုပါ။ ကိုယ့်အိပ်ထဲက ပေတံနန့် တိုင်းတာဘောင်ခတ်မှုတိကို စွန့်ပယ်လို့ အနာဂတ်ကို ဇာပိုင်ဖမ်းဆုပ်ကိုင်နိုင်ဖို့လေး။ မြင်သာအားကိုးလောက်တေ အခြီခံကျကျ အနီထားတရပ်ကို တည်ဆောက်ဆိုက်ရောက်ဖို့သင့်နီဗျာယ်။
            လှည့်ပြန်လို့မရရေ အတိတ်ကာလကို အသက်သွင်းဖို့ ကြိုးစားနီခြင်းထက် အရာအားလုံးကို မျှော်မှန်းလို့ရနိုင်ရေ အနာဂတ်ကို ပြုစုယုယ ပျိုးထောင်ခြင်းက ပိုပြီးကေ အနှစ်သာရပြည့်ဝနီဖို့လို့ ယုံကြည်မိရေ။ မျိုးဆက်သစ်ကို ထုဆစ်ဖို့ လက်တိတွန့်မနီစီချင်ပါ။
            လွတ်လပ်ခြင်းကိုရယှိဖို့အတွက် လူငှားခိုင်းလို့ ရယှိဖို့မထင်။ ကမ္ဘာ့စာပီအတွေးအခေါ် တော်လှန်ရေးကို ဆင်နွဲခရေ ပြင်သစ်မော်ဒန်စာရွီးဆရာကြီး JEANPAUL SARTRE က Freedom is what you do with what’s been done to you. လို့ စာပီအမြင်နန့် လူ့အခွင့်အရေး လွတ်လပ်ခွင့်ကို ပြောခရေပိုင် မိမိရို့ခံစားနီမှုအတွက် မိမိရို့ကိုယ်တိုင်ရုန်းကန်လှုပ်ယှားခါမှ၊ မိမိရို့ကိုယ်တိုင်ပိုင်ဆိုင်လာနိုင်မှ လွတ်လပ်ခြင်း၏ အနှစ်သာရ ပြည့်ဝဖို့လို့ ယုံကြည်မိပါရေ။ ကိုယ်ပိုင်ရပ်တည်မှု သွင်ပြင်လက္ခဏာရပ်တိ မယှိကေ လူအားမနာ ဖြိုက်ဖို့စွာက အဂုမွီးရေ အဘုချေတောင် သိဖို့လို့ထင်ရေ။
              မြင်နီဂျ၊ ကြားနီဂျ သမိုင်းနန့်ဆုံးခြင်းထက် ရခိုင်လူထုမျက်မှောက်ခံစားနီရမှု အတိမ်အနက်ကို ထင်ဟပ်စီရေ စာပီအရွီးအသားချေတိကို ဖြည့်ဆည်းပီးဖို့ လိုအပ်နီစွာကလေ့ အမှန်ပင်ဖြိုက်ပါရေ။ တထပ်စားအမြင်ချေတိကို ဖျောက်ဗျာယ် ရည်ရှည်မျိုးဆက်ခရီးရပ်တည်မှုကို လှမ်းလို့ကြည့်မြင်ဖို့ ပုဂ္ဂလိက ကိုယ်ကျိုးလွတ်မြောက်မှုတိ စွန့်ပယ်ရဖို့လို့ ယုံကြည်မိခြင်းနန့်ထပ်တူ ခါးဆက်ပြတ်ကေ အဂေါင်းနန့်မဒုံးပါ အစားခံရဖို့စွာက ဓမ္မတာလို့ထင်မိပါယင့်။
          ဘုံရန်သူအောက်က ကုန်းရီစုတ်ရို့၏ ခေတ်အဆက်ဆက် သိုလှောင်ထားလာရရေ မကြေနပ်ချက်တိက ပေါက်ကွဲဖို့ အဆင်သင့်ယှိနီရေ ဗုံးတလုံးပိုင်ဖြိုက်နီရေ။ တည်မြဲရိုးထုံးစံမယှိရေ အာဏာသျှင်ရို့၏ လားရာလမ်းကြောင်းအတိုင်း လက်တဆုပ်စာ ဗမာစစ်ဝါဒီရို့ ကျဆုံးခန်းကို အပြီးသတ်ဆင်နွဲ့ဖို့ ပခုံးထက်က သမိုင်းပီးတာဝန်ကျီဖို့ လိုအပ်တေ။ တသက်လုံးစားရေကွမ်း သံပုရာတခြမ်းပိုင် ရောင်နီအဆမ်းမာ ကိုယ့်ကံကြမ္မာကို ပိုင်ဆိုင်လာနိုင်ကတ်ဖို့ ဝန်လက်ရို့အားမာန် ပြည်တန်ပတ္တမြားထိန်ထိန်လင်းထားဖို့ လိုအပ်ပါကြောင်း။

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP