1.7.11

သမိုင်းမသိသောသမိုင်းရီးသူများ(၂)

ခိုင်မင်းညို
 ယ္ခုလက်ဟိ နိန့်တဓူဝ ရုန်းကန်လှုပ်ယှားနိန်ကြသော လောကလူသားတိုင်းသည် ကိုယ့်သမိုင်းကိုယ်ရီးသားနိန်ကြသော သူများဖြစ်ကြပါသည်။ သို့သော်ထင်ထင်ရှားရှား ကြီးကြီးမားမား လုပ်ရပ်များကို မိမိအကျိုးအတွက်သော်လည်းကောင်း၊ အများအကျိုးတွက်သော်လည်းကောင်း မလုပ်ဆောင်ဖြစ်သော သူများရို့၏ သမိုင်းသည်ကား ခြီရာထင်ကျန်ရစ်မှုမဟိဘဲ ပျောက်ကွယ်လားကြရသည်မှာ  လောကဓမ္မတာတရားပင်။ သို့သော်ခြွင်းချက်အနိန်ဖြင့် ကြီးကြီးမားမားထင်ထင်ရှားရှား လုပ်ရပ်များကို မလုပ်ကိုင်သော်လည်း တိုက်ဆိုင်မှုတခု ပေါ်ပေါက်လာသောအခါ ထိုဖြစ်ရပ်သည် သူများစိတ်ဝင်စားစရာ ဖြစ်ရပ်ဖြစ်နိန်ပါက မိမိကိုယ်တိုင်ပြုလုပ်၍သော်လည်းကောင်း၊ အများတကာ၏ပြုမူမှုကို ခံရ၍သော်လည်းကောင်း သမိုင်းခြီရာ ထင်ကျန်ရစ်မှုလည်း ဟိတတ်ပါသည်။ အဓိကအားဖြင့် တိုင်းပြည်ကို ဦးဆောင်ဦးရွက်ပြုသူများ၊ သမိုင်းတခေတ်ကို ပြုပြင်ပြောင်းလဲသူများ၏ သမိုင်းသာ ထင်ကျန်ရစ်မှုဟိတတ်ပါသည်။
               ယင်း တိုင်းပြည်ကို ဦးဆောင်ဦးရွက် ပြုလုပ်နိန်ကြသူများနှင့် သမိုင်းတခေတ်ကို ပြုပြင်ပြောင်းလဲရန် လုပ်ဆောင်နိန်ကြသူများသည် ၄င်းရို့၏ခြီရာ၊ ၄င်းရို့၏သမိုင်းလှစီရန်အတွက် ကောင်းမွန်သော လုပ်ရပ်များကို လုပ်ဆောင်လျှက် ကောင်းမွန်သော နိဂုံးချုပ်ခြင်းများဖြင့် ဘဝကိုအဆုံးသတ်ကြဖို့လည်း လိုအပ်ပါသည်။ ယ္ခုလက်ဟိ နိုင်ငံရေး၊ တော်လှန်ရေးလုပ်နိန်ကြသော သမိုင်းဗိသုကာကြီးများသည် ဒေနိန့်အလုပ်ကို ကောင်းအောင်နှင့် မှန်ကန်အောင်လုပ်နိုင်မှ ၄င်းရို့၏သမိုင်းကောင်းများ ကျန်ရစ်ခဲ့ပြီး၊ မဟုတ်မမှန်ဖေါက်ပြန်မှုများကိုသာ လုပ်ဆောင်လျှက် ဘဝနိဂုံးချုပ်ခဲ့ကြမည်ဆိုလျှင်ကား ၄င်းရို့၏ဆိုးရွားသော သမိုင်းခြီရာများသာ ထင်ကျန်ရစ်ခဲ့မည်ဖြစ်ပါသည်။
                   ရှီးခေတ်က ရခိုင်ဘုရင်အများစုရို့သည် သီလသမာဓိဟိပြီး တိုင်းပြည်ကို တရားဓမ္မနှင့်အညီ အုပ်ချုပ်နိုင်ခဲ့ကြသောကြောင့် ရခိုင့်ဘုရင့်နိုင်ငံတော် ကြီးပွားသာယာဖွံ့ဖြိုးတိုးတက်ခဲ့သည်သာမက သာသနာလည်း စည်ကားတိုးတတ်ခဲ့ပြီး တိုင်းပြည်ငြိမ်းချမ်းသာယာကာ ပြည်သူများလည်း ချမ်းသာသုခ ခံစားခဲ့ရသည်။ ၄င်းရို့၏လုပ်ခဲ့သော လုပ်ရပ်များ ရောင်ပြန်ဟပ်မှုကြောင့် ဒေနိန့်ရခိုင်သားရို့သည် ရခိုင်သမိုင်းကို ဂုဏ်ယူဝင့်ကြွားနိုင်ကြသည်။ သို့သော် တချို့သောဘုရင်များမှာ တရားနှင့်မညီ အုပ်ချုပ်ခဲ့သည်သာမက ထီးနန်းလု လုပ်ကြံသတ်ဖြတ်မှုများကိုပါ လုပ်ဆောင်ခဲ့ကြသောကြောင့် တိုင်းပြည်မငြိမ်မသက်ဖြစ်ပြီး၊ တိုင်းပြည်၌ စည်းလုံးးညီညွတ်မှုပြိုကွဲကာ ပြည်သူများမှာလည်း ဆင်းရဲဒုက္ခ ရောက်ခဲ့ကြရသည်။ ၄င်းဘုရင်ရို့၏ မကောင်းသောသမိုင်းဆိုးများကို ဒေနိန့်လက်ဟိရခိုင်သားများက ဝမ်းနည်းပက်လက် မှတ်တမ်းတင်နိန်ကြရသည်။ ယင်းသမိုင်းဆိုး၏ ရိုက်ခတ်မှုဒါဏ်ကိုလည်း ဒေနိန့်ရခိုင်သားရို့ လည်စင်းခါးစည်း ခံနိန်ကြရသည်။ ဤကဲ့သို့ သမိုင်းဆိုးများကို ဖန်တီးခဲ့သော ရခိုင်ဘုရင်များအုပ်စိုးသည့်ခေတ်ကို အမှောင်ခေတ်ကြီးဟု အဟိကိုအဟိအတိုင်း ရီးသားမှတ်တမ်းတင်ခဲ့ကြရသည်။ ဤသမိုင်းအမှောင်ခေတ်ကြီးသည် သိရိသုဓမ္မရာဇာ လုပ်ကြံခံရပြီးနောက်ပိုင်းမှ စတင်ခဲ့ကြသည်။
               ဤကဲ့သို့ နောက်ဆုတ်ပြိုကွဲ ပျက်စီးလာခဲ့ရသော ရခိုင့်ဘုရင်နိုင်ငံတော်ကို ပြန်လည်တည်ဆောက်ရန်အတွက် မင်းတိုင်ပင်အမတ်များ တိုင်ပင်ဆွေးနွေးကာ ရခိုင်ပြည်တောင်ပိုင်းမှ သင့်တော်သောခေါင်းဆောင်တဦးကို မဟာသမ္မတရာဇာ ဘွဲ့အမည်ဖြင့် ပြည်သူများ ဆန္ဒအရ ရွီးကောင်တင်မြှောက်ခဲ့ကြသည်။ သို့ရာတွင် ထီးနန်းလုမှု အစဉ်အလာဆိုးကြီးကို အသောမသတ်နိုင်သူမှာကား ဖေါက်ပြန်သူ ဦးသံဒေပင်။ ဦးသံဒေ၏ ဖေါက်ပြန်မှုကြောင့် ရခိုင့်သမိုင်းအစဉ်အလာ ရိုင်းခဲ့ရသည်။ မြန်မာရို့၏ ကျူးကျော်သိမ်းပိုက်မှုကို ခံခဲ့ရသည်။ မရေမတွက်နိုင်သော ရခိုင်ပြည်သူများ အစုလိုက်အပြုံလိုက် သတ်ပစ်ခြင်းခံခဲ့ရသည်။ ရခိုင်ပြည်သူအမြောက်အများ ဗြိတိသျှပိုင်နက် ဘင်္ဂလားဒေသထဲသို့ အိမ်ပစ်၊ ယာပစ်၊ ပိုင်ဆိုင်မှုအားလုံးကိုပစ်ကာ ထွက်ပြီးလျှက် ဒုက္ခသည်အဖြစ် ခိုလုံခဲ့ကြရသည်။ ရခိုင်ပြည်၌ နှစ်ရှည်စစ်မီးကြီးတောက်လောင်ကာ ရခိုင်ပြည်သူအများလည်း စစ်၏သားကောင်အဖြစ် သက်ဆင်းရကာ တိုင်းပြည်လည်း မွဲပြာကျခဲ့ရသည်။ ဤကဲ့သို့ အမိုင်းဆိုးများကို ရင်ဆိုင်ဖြတ်သန်း လာခဲ့ကြရသည်မှာ သမိုင်းကိုနားမလည်ဘဲ၊ သမိုင်းဆိုး၏ ရိုတ်ခတ်မှုဒါဏ်ကို နောင်လာနောက်သား ရခိုင်သားများ အဖြစ်ဆိုးများနှင့် ရင်ဆိုင်ရမည်ကို ထည့်မတွက်ဘဲ အတ္တလွှမ်းမိုးမှုများဖြင့် သမိုင်းဆိုးများကိုရီးခဲ့သော ဘုရင်များကြောင့်ဖြစ်သည်ဟု စွပ်စွဲချင်ပါသည်။
              ရခိုင်သားရို့သည် မြန်မာနယ်ချဲ့ရို့၏လက်အောက်မှ လွတ်မြောက်ရန်၊ သမိုင်းကောင်းကို ဖန်တီးနိုင်စီရန် လွတ်လပ်ရေးတိုက်ပွဲများကို သက်စွန့်တိုက်ပွဲဝင်ခဲ့ကြသည်။ သို့သော် သမိုင်းကိုနားမလည်သော သမိုင်း၏ရိုက်ခတ်မှုကို ချင့်ချိန်မစဉ်းစားမိခဲ့ကြသော ဖေါက်ပြန်သူများကြောင့် သမိုင်းဆိုး၏ရိုက်ခတ်မှုများကို ဆက်လက်ခံစားနိန်ကြတုန်းပင်။ သမိုင်းသိသော ရခိုင်သားများသည် သမိုင်းကောင်းကိုမည်ကဲ့သို့ ဖန်တီးတည်ဆောက်ရမည်ကို နားလည်ပြီး အမျိုးသားစည်းလုံးးညီညွတ်ရေးကို မရမကတည်ဆောက်ခဲ့ကြသည်။ သို့သော်လည်း သမိုင်းမသိသော ဖေါက်ပြန်သူများမှာကား အတ္တအရိပ်မဲကြီး၏ လွှမ်းမိုးမှုအောက်တွင် ပြားပြားမှောက် အယှုံးပီး နစ်မြုပ်နိန်ခဲ့ကြသည်။
             ဒေနိန့်တိုင်းပြည်အတွက် တိုက်ပွဲဝင်နိန်ကြသော ကိုယ်ပိုင်ပြာန်းခွင့်ရို့ကို ရယူပိုင်ဆိုင်ရန်အတွက် တိုက်ပွဲဝင်နိန်ကြသော ရခိုင်တော်လှန်ရေးခေါင်းဆောင်ကြီးများက ဒေနိန့်အလုပ်လုပ်နိန်သည်မှာ ကိုယ့်သမိုင်းကိုကိုယ် ရီးနိန်ကြခြင်းဖြစ်သည်ဟု ဝန်ခံပြောဆိုလေ့ဟိကြပါသည်။ ဤခေါင်းဆောင်များအနိန်ဖြင့် သမိုင်းကိုနားမလည်ဘဲ သမိုင်းဆိုးများကိုသာ ရီးခဲ့ကြမည်ဆိုလျှင်ကား ဤသမိုင်း၏ ရိုက်ခတ်မှုဒါဏ်ကို ယင်းသမိုင်းရီးသူများသာမက ရခိုင်ပြည်သူပြည်သားများကပါ တနိန့် မလွဲမသွေ ခံစားကြရလိမ္မည်ဖြစ်သည်။ ဗမာလွတ်လပ်ရေးရဟိပြီးနောက်ပိုင်း ရခိုင်တော်လှန်ရေးခေါင်းဆောင် အဆက်ဆက်ရို့သည် သမိုင်းကိုနားမလည်ဘဲ အကွဲအပြဲများဖြင့်သာ တော်လှန်ရေးသမိုင်းကို ဆက်ရီးနိန်ခဲ့ကြ၍ ရခိုင်လူမျိုးအသိုင်းအဝိုင်းတခုလုံးသည်လည်း ယင်းသမိုင်း၏ ရိုက်ခတ်မှုဒါဏ်ကို အလဲထိုးခံနိန်ရတုန်းဆိုသည်ကို မည်သူက မျက်ကွယ်ပြုငြင်းပယ်မည်နည်း။
              ဒေနိန့်အချိန်အခါ၌လည်း ရခိုင်တော်လှန်ရေးခေါင်းဆောင်တချို့သည် ရိုဟင်ဂျာဟု ခေါ်ဝေါ်သုံးစွဲနိန်ကြသော ဘင်္ဂလီမှုဆလင်များအပေါ် သဘောထားကြီးသယောင်ယောင်ဖြင့် မိုက်မဲပိန်းမှောင်သော သမိုင်းလမ်းမှားထက်သို့ ရောက်ဟိကာ ပြည်သူအကျိုး၊ တိုင်းပြည်အကျိုးများကို မငဲ့ကွက်ဘဲ အတ္တလောဘကြီးကို ဘလူးသံဖက်ဝင် ရှားရှားကြီးစားသောက်ခဲ့ကြသည်။ ၄င်းရို့၏ လမ်းလွဲလျှော်မှုကို လမ်းတည့်အောင်လုပ်ဆောင်ပြီး၊ မှန်ကန်သော သမိုင်းလမ်းကြောင်းထက်သို့ ရောက်ဟိလာအောင် စိတ်ရှည်ရှည်ဖြင့် ဆွဲဆောင်ကြိုးစားမှုမပြုဘဲ တချို့သော ရခိုင်နိုင်ငံရေးသမားများက ဂျက်ကောင်းကို ထိုးနှက်ပြီး အခွင့်ကောင်းရဟိအောင် ဖန်တီးခဲ့ကြသည်။ ဤကဲ့သို့ သမိုင်းအမြင်ကင်း၊ အတ္တတွင်းနက်ခဲ့ကြမှုကြောင့် ဘုံရန်သူ(နအဖ)က လက်ခုပ်တဖြောင်းဖြောင်းတီးပြီး သစ္စာဖောက် လောက်ကောင်များကို ကြိုဆိုခဲ့ကြသည်ကို ရခိုင်ပြည်သူများနှင့် မျိုးချစ်ရခိုင်များက ရင်ထုကြွီကွဲ ငိုပွဲဆင်ခဲ့ကြရသည်။ ဒေနိန့်ထက်ထိလည်း သမိုင်းလမ်းမှားထက်ရောက်သူများက ဇွဲမလျှော့၊ ဆက်လျှောက်နိန်ကြတုန်း၊ အတ္တဖုံးနိန်ကြတုန်းပင် ဟိနိန်ပါသေးသည်။
                 ဒေနိန့်လက်ဟိ ရခိုင့်တော်လှန်ရေးခေါင်းဆောင်များ၊ သမိုင်းဗိသုကာကြီးများအနိန်ဖြင့် သမိုင်းနှင့်၊ သမိုင်း၏ရိုက်ခတ်မှု၊ သမိုင်း၏ဒါဏ်ခတ်မှုများကို နားလည်ကြဖို့ အလွန်တရာမှ လိုအပ်လှပါသည်။ အကယ်၍ သမိုင်းနှင့်သမိုင်း၏ ရိုက်ခတ်မှုများကိုမသိဘဲ၊ သိလျှက်နှင့် မိုက်တွင်းနက် ခရီးဆက်နိန်ကြမည်ဆိုလျှင်ကား ယင်းအမိုင်းဆိုးကြီး၏ ရိုက်ခတ်မှုကို နောင်လာနောင်သား ရခိုင်သားမျိုးဆက်သစ်များ သာမက ယင်းသမိုင်းဆိုးရီးသူ တော်လှန်ရေးသမားများကိုယ်တိုင် ရင်ဆိုင်ရမည်မှာ မြီကြီးလက်ခပ်မလွဲပေ။

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP