1.7.11

ရခိုင်အမျိုးသား ဗုဒ္ဓဘာသာကျောင်း ဆရာတော်အသျှင်က္ကုန္ဒာစက္က၏ လက်သုံးရခိုင်လိုရီစက်ချနည်း

အသျှင်မြတ်ရို့ဘုရား…..ဘုရားတပည့်တော် တပည့်တော်မရို့သည် ကောင်းစွာပြုလုပ်လျှင် ကောင်းသောကံ၊ မကောင်းစွာပြုလုပ်လျှင် မကောင်းသောကံ အကျိုးပီးလိမ့်မည်ဟု ဗုဒ္ဓဘာသာ ရခိုင်ပီပီ ကံ၏အကျိုးကို အထူးအားဖြင့် ယုံကြည်ပါကုန်သည်ဖြစ်၍ ဂနိန့် ပြုလုပ်သော ကုသိုလ်ကံသည် အမှန်မုချ ဒုက္ခဟူသမျှအားလုံးမှ လွတ်ငြိမ်း၍ အထွေထွေအပြားပြားသော လူ၊ နတ်၊ နိဗ္ဗာန်သုံးတန်သော ချမ်းသာမြတ်ကို ပီးလိမ့်မည်ဟု ယုံကြည်ပါကုန်သည်ဖြစ်၍ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသောသီလတော်မြတ်ရို့ကို ဗုဒ္ဓဘာသာ ရခိုင်လူမျိုးရို့၏ မိရိုးဖလာအတိုင်း ကောင်းစွာခံယူဆောက်တည်ပါကုန်၏။ ဆောက်တည်ပြီး၍ ဤနိန့်၊ ဤရက်၊ ဤအချိန်အခါ၌ တပည့်တော် တပည့်တော်မရို့၊ ကိုးကွယ်ဆည်းကပ်လျှက်ဟိသော ရခိုင်အမျိုးသားကျောင်း          ဆရာတော်ဘုရားကို မိမိရို့ အိမ်ဂေဟာသို့ ပင့်ဖိတ်လျှက်၊ သံဃဂုဏ်ကို အာရုံပြုကာ  န်မြတ်သော ဆွမ်းခဲဖွယ်ဘောဇဉ် ချိုချဉ်အရသာ အဖြာဖြာရို့ကိုလည်းကောင်း၊ ထိုမှတပါး ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆီး၊ ပစ္စည်းလေးပါးရို့ကိ တာဝန်ဟိသည်အတိုင်း ကျေးဇူးသျှင်ဆရာတော်ဘုရားအား နဝကမ္မအဖြစ် ပုဗ္ဗ၊ မုဉ္စ၊ပရ စေတနာသုံးတန်ဖြာလျှက် သဒ္ဓါကြည်ဖြူ ကပ်လှူပူဇော်ကြပါကုန်၏။ ထိုမှတပါး မြတ်စွာဘုရား၏ အာဏာဒေသနာတော် ဖြစ်တော်မူ၍ ဘေးရန်ခပ်သိမ်း၊ အန္တာရာယ် ခပ်သိမ်း ဒုက္ခဘေးမှ ကင်းငြိမ်းစီနိုင်သော ပရိတ်တရားတော်မြတ်ရို့ကို ရိုရိုသေသေ လေးလေးစားစား ယုံကြည်သောအားဖြင့် နာကြားကြပါကုန်၏ အသျှင်ဘုရား။
                 အသျှင်မြတ်ဘုရား...ဤနိန့်၊ ဤရက်၊ ဤအချိန်ခါ၌ တပည့်တော်၊ တပည့်တော်မရို့မြဲမပြတ်ကိုးကွယ် ဆည်းကပ်လျှက်ဟိသော ရခိုင်အမျိုးသားကျောင်း ဆရာတော်ဘုရားအား ပင့်ဖိတ်၍ ဆွမ်းခဲဘောဇဉ်နှင့်တကွ ဒါတဗ္ဗဝတ္ထု အစုစုရို့ကို လှူဒါန်းဆက်ကပ်ကုန်၏ အသျှင်မြတ်ဘုရား။ ဤကဲ့သို့ လျှူဒါန်းရသော ကုသိုလ်ကံ စေတနာရို့သည် အိုခြင်းဒုက္ခ၊ နာခြင်းဒုက္ခ၊ သီခြင်းဒုက္ခ၊ ဗမာလက်အောက်၌ ကျွန်ဖြစ်ရသောဒုက္ခ၊ အစဟိသော ဒုက္ခဟူသမျှအပေါင်းရို့ ကင်းရာ၊ ကုန်ရာ၊ ချုပ်ရာ၊ ငြိမ်းရာ၊ မဟိရာဖြစ်သော မဟာအသင်္ခတဓါတ် နိဗ္ဗာန်ပရမတ်သို့ ဝဋ်ဘဝတိုတိုဖြင့် မျက်မှောက်ပြုပါရကုန်၏ အသျှင်မြတ်ဘုရား။
                      အကယ်၍များ နိဗ္ဗာန်ရောက်ရန် ပါရမီဘုန်းကံ၊ မပြည့်စုံပါက ထိုမျှသောဘဝရို့၌ ကျင်လည်ရသည်ဟိသော် ဖြစ်တိုင်းဖြစ်တိုင်းသောဘဝရို့၌ မဟိ၊ မရ၊ မဖြစ်ဟူသော စကားရို့ကို မကြားရဘဲ ပီးပါ၊ ကမ်းပါ၊ စွန့်ကြဲပါ၊ သနားပါစသော စကားလုံးတလုံးမျှ မသုံးရဘဲ ပြုံးပြုံးရွှင်ရွှင်၊ ကြည်ကြည်လင်လင် စသော ဘဝကြီးငယ်ရို့၌ ဖြစ်ရပါလိုကုန်၏ အသျှင်ဘုရား။ လူသားရို့ မလိုလားကြ၊ မတောင်တကြ၊ မမြင်ချင်ကြ၊ အလိုမဟိကြသော ငရဲ ၊ တိရစ္ဆာန်ပြိတ္တာ ၊ အသူရကေ”ဟုဆိုအပ်သော အပါယ်၎-ဘုံသို့မရောက် မတွိ၊ မမြင်၊ ရကြပြီးလျှင် ဗုဒ္ဓမြတ်စွာ သာသနာတော်ကို “ဆွမ်း၊ သင်္ကန်း၊ ကျောင်း ၊ဆီး ပစ္စည်းလေးပါးရို့ဖြင့် စိတ်ဟိသလောက် ထင်တိုင်းပေါက်အောင် ချီးမြင့်နိုင်သော သာသနာ့ဒါယကာ ရခိုင်ဘုရင် စန္ဒာသူရိယကဲသို့ မြင့်မြတ်သော သာဂီဝင်မျိုး၌ (ဝါ)ရခိုင်ဘုရင်မင်းအဆက်ဆက်ရို့စိုးစံရာ အာရက္ခခေါ် ရခိုင်ဒေသ၌ ဖြစ်ရပြီးလျှင် ဗမာအစဟိသော လူယုတ်မာရို့၏ သူ့ကျွန်ဘဝက(ဝါ) မတရားသတ်ဖြတ်၊ နှိပ်စက်၊ ညှင်းဆည်းခြင်းမှ လွတ်မြောက်၍ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်စာ ကိုယ့်စကားနှင့် လွတ်လွတ်လပ်လပ်ဖြင့် ဓညဝတီ ရခိုင်ပြည်ကြီး၏ ရွှီဘုံရွှီနန်း၌ သာယာပျော်ရွှင်စွာ နိန်ကြရပြီးလျှင် သက္ကရာဇ် ၁၂၃-ခု ကဆုန်လဆန်း (၄)ရက် ဗုဒ္ဓဟူးနိန့်၌ ရခိုင့်ဘုရင်စန္ဒာသူရိယ ပင့်ဖတ်ချကြောင့် မြတ်စွာဘုရားနှင့်နောက်ပါ သံဃာ(၅၀၀)ရို့သည် ကြွရောက်ပြီးသည်မှစ၍ ဖြစ်ပေါ်လာသော ကိုယ်စားတော် မဟာမြတ်မုနိ ရုပ်ရှင်မြတ်၌ ဥပုသ်ရှည်ရှည် စောင့်လျှက်၊ ကုသိုလ်ပြု၍ တရားဓမ္မဖြင့် ပျော်ရွှင်စွာ နိန်ရပါလိုကုန်၏ အသျှင်မြတ်ဘုရား။
                   အသျှင်မြတ်ဘုရား....ဘုရားတပည့်တော် တပည့်တော်မရို့သည် ရခိုင်ရို့၏ မိရိုးဖလာအတိုင်း ဆွ်းခဲဖွယ် ဘောဇဉ်၊ သင်္ကန်းနှင့် ဒါတဗ္ဗဝတ္ထုအစုစုရို့ကို လှူဒါန်းဆက်ကပ်ခြင်းတည်းဟူသော ဒါနကုသိုလ် ကံစေတနာ သရဏဂုံသုံးပါးသော သီလကို ဆောက်တည်ခြင်းတည်းဟူသော သီလကုသိုလ်စေတနာပွားများအပ်သော ဘဝနာမယ၊ ကုသိုလ်ကံစေတနာရို့သည် မြင့်မိုလ်တောင်ဦး မကကျူးသော ကျေးဇူးသျှင် အမိအဘရို့အားလည်းကောင်း ၊ မကောင်းစွာကိုပါယ် ကောင်းရာကိုသာ ညွှန်ဆုံးမအပ်သော ကျေးဇူးသျှင် ဆရာသမားရို့အားလည်းကောင်း အဖရခိုင်ပြည်နှင့် ရခိုင်လူမျိုးကောင်းစားရေးအတွက် ကိုယ်ကျိုးမဖက် အနစ်နာခံကာ တိုက်ပွဲဝင်၍ အသက်ပီးလားခကတ်တေ ရခိုင်အာဇာနည် သူရဲကောင်းများဖြစ်ကြသော ကွယ်လွန်သူ ရခိုင်ပညာဟိသုခမိန် ဆရာဦးမြဝါအားလည်းကောင်း၊ (၁၁၄၆)-၁၇၈၄-ခုနှစ် ဒီဇင်ဘာလ ၃၁-ရက်နိန့်တွင် အောက်သားဗမာ ပျူမိစ္ဆာများရို့၏ ကျူးကျော်နယ်ချဲ့ရန်ကို ခုခံကာကွယ်ယင်းနှင့် အသက်ဆုံးယှုံးလားခကတ်တေ ရခိုင်အာဇာနည်သူရဲကောင်းအပေါင်းရို့တွင် သူ့ကျွန်မခံလိုသောစိတ်ဖြင့် သမိုင်းမှာ တခါမှမဟိခသော ငါရို့ရခိုင်တွင် သမီးရတနာကို ကုလား၊ ဗမာစသော လူယုတ်မာတိအား ဆက်သက်ခြင်း၊ ပီးစပ်ခြင်း၊ မင်္ဂလာဆောင်ခြင်း၊ လက်ထပ်ခြင်း၊စသည်ရို့ကို မလုပ်ပါရစီနှင့်၊ သမိုင်းသစ္စာဖေါက် မဖြစ်လိုပါဟု ခေါင်းမာစွာပြောဆို၍ ရက်ရက်စက်စက် အသတ်ခံရသော ရခိုင်ဘုရင် မဟာသမ္မတရာဇာနှင့်တကွ မင်းညီမင်းသား၊ သမီးရို့အားလည်းကောင်း၊ ဒါးပိုင်ကြီး ကျော်ပုံနှင့်တကွ ရခိုင်သူရဲကောင်းအပေါင်းရို့အားလည်းကောင်း၊ မဟာမုနိရုပ်ပွားတော်မြတ်အား အောက်သားဗမာရို့၏လက်ထဲသို့ မပီးလို့ဆိုကာ ခုံခံကာကွယ်ယင်း အသက်ဆုံးယှုံးလားကြသော သျှစ်သောင်းသော ရခိုင်သူတော်စင်အပေါင်းရို့အားလည်းကောင်း၊ အသက်(၁၃)နှစ်မှ(၃၅)နှစ်အထိ ရခိုင်အမျိုးသမီး တရက်မှာ (၁၀၀)ကျစီ မုဒိမ်းကျင့်သတ်ဖြတ်သဖြင့် အသက်ဆုံးယှုံးလားကတ်တေ(၂၃၀၀၀)သော ရခိုင်သူမရို့အားလည်းကောင်း “၁၁၄၆ မှ ၁၁၄၈” ထိ ၄-နှစ်အတွင်း သတ်ဖြတ်ခံကြရသော မြောက်ဦးမြို့တွင် ၃၇၀၀၀၊ သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင်ရို့တွင် ၁၈၅၀၀၀၊ ဘုရားပေါ်၊ဒိုင်းကျီ၊ မောင်းဆွဲ၊ ငရကောက်စု၊ ခေါင်းဖြူတောင်၊ ရတနာပြင်၊ ပုရိန်၊ ကိုးဆယ့်ကိုးတောင်(လေးမြို့ချောင်း)တွင် ၉၀၀၀ ပုခက်တွင်းမှအချေ(၁၀၀၀၀)၊ သရက်အုပ် ၁၀၀၀၊ စံကားတောင် ၇၀၀၀၊ ကြက်ရိုးတောင် ၁၀၀၀၊ ပေါင်းတုတ်ပြင် ၁၀၀၀၊ စုစုပေါင်း ၂၅၁၀၀၀ နှစ်သိန်းငါးသောင်းတစ်ထောင်သော ရခိုင်ပြည်သူရို့အားလည်းကောင်း၊ မဟာမုနိရုပ်ရှင်မြတ်အား ပင့်ဆောင်လားသောအခါ တောင်ကုတ်လမ်းတွင် အသတ်ခံရသော တသောင်းသော သူတော်စင်အပေါင်းရို့အားလည်းကောင်း၊ အမိရင်ခွင်အတွင်းမှ အဓမ္မယူဆောင်၍ အောက်ကဒါးခံကာ မြှောက်၍သတ်ဖြတ်ခံရသော ရခိုင်နို့စို့ချေ ၂၀၀၀၀ရို့အားလည်းကောင်း၊ ကျီးကျွန်း၊ အုန်းကျွန်း အစဟိသောကျွန်းများ၌ တခုမကျန် မြို့ကိုလှန်၍ သတ်ဖြတ်ခံရသော ရခိုင်လူကြီး၊ လူငယ်ရို့အားလည်းကောင်း၊ ၁၁၄၆-ခုနှစ်တွင် ကြိမ်သပ်ကြိုးဖြင့် နားကြိုးတပ်၍ အမရပူရသို့ အယူခံရသော မင်းညီမင်းသား၊ ရဟန်းသျှင်လူ ၂-သိန်းအနက် မခံမရပ်နိုင်သောကြောင့် ခုခံပြောဆို၍ အသတ်ခံရသော ရခိုင်ပြည်သူပြည်သားရို့အားလည်းကောင်း၊ ၄င်းနောက်အမရပူရ၌ ဆင်ဖြူကိုရှိခိုးခိုင်း၏ နီထွတ်ဘုရင်ကျွန်တော်မျိုးပါဟု ဝါးခြမ်းပြား၊ ပီရွတ်ရို့တွင် စာရီးထိုးကာ နံနှိပ်၍ ကြွေးကြော်ခိုင်းပြီး၊ ၄င်းကိုမပြုလုပ်သူရို့အား သတ်ဖြတ်ခံရသော ရခိုင်ပြည်သူပြည်သားရို့အားလည်းကောင်း၊ ယင်းလူအုပ်စုတွင် လက်သမား(၂၀၀) ရို့ကို ထမင်းတနပ်စာစီကျွေး၍ မန္တလေးနန်းတော်ကို ဆောက်လုပ်ခိုင်း၏။ နှစ်ထပ်သောထမင်း တောင်းဆိုမှုကြောင့် အသတ်ခံရသော လက်သမား(၂၀၀)ရို့အား၎င်း၊ တောင်မင်းကြီး၊ ရွှီဘန်းအဆုံး ရခိုင့်မျိုးချစ်အာဇာနည်သူရဲကောင်းရို့ အောက်သားဗမာကို တော်လှန်ယင်း အသက်ပီးလားကြကုန်သော သောင်းသိန်းမကသော ရခိုင်ပြည်သူပြည်သား သူရဲကောင်းရို့အားလည်းကောင်း၊ မိတ္ထိလာကန်တော်ကို တူးခိုင်းပြီး အဆုံးစီရင်ခံရသော ရခိုင်ပြည်သူပြည်သားရို့အားလည်းကောင်း၊ ယိုးဒယားသို့ စစ်တိုက်လားသောအခါ ပေါ်တာအဖြစ် ခေါ်ဆောင်လားသော ရခိုင်သားရို့သည် အစာရီစာဝအောင်မစားရ၍ မလားနိုင်ခြင်းကြောင့် အသတ်ခံရသော (၆၀၀၀)သော ရခိုင်သူ၊ ရခိုင်သားရို့အားလည်းကောင်း၊ ယင်းနောက် ရခိုင်ပြည်တွင် အိုနာ၊ကျီးကန်း၊ အဖိုးအဘောင်ရို့ကို အခန့်တိုက်လုပ်၍ အခန့်ထဲသို့သွင်းပြီးကေ မီးယှို့ကာ အသတ်ခံရသော ရခိုင်အဖိုးအဘောင်ရို့အားလည်းကောင်း၊ ဗိုလ်မင်းထောင်၊ ဖလံထောင်၊ အဝကျွန်းမှ ရခိုင်းသားရို့သည် ရခိုင်ပြည်အီးချမ်းသည်ကို ကြား၍ ပြန်လာကြသောအခါ ချင်းပျံစစ်သားဟုစပ်စွဲကာ လက်မောင်းမှစပြီး ခြီဖျားအထိ တကိုယ်လုံးကြိုးဖြင့်ရစ်ပတ်၍ အဂုမြို့ဟောင်းမြို့ ခေါင်းဖြူပြင်၌ ဓါးဖြင့်ပိုင်းဖြတ်၍ အသတ်ခံရသော ရခိုင်(ကျားမ)၃-သိန်းကျော်ရို့အား၎င်း၊ နောက်ထပ်တဖန် ၁၁၄၉-ခုနှစ်တွင် ရခိုင်တပြည်လုံး၌ဟိသော  ကျောင်းကြီး(၃၀) ကျောင်းငယ်ပေါင်း (၃၇၀၀)မှ ရဟန်းအပေါင်းရို့အား လူဝတ်လဲ၍ ဒွန်စဏ္ဍား ဇတ်နိမ့်သူရို့အား ရဟန်းပြုပြီး လူဝတ်လဲထားသော ဆရာသမားရို့အား ရဟန်းခံခိုင်းပြီး ဒွန်စဏ္ဍားဇတ်နိမ့်သူရို့အား ရှိခိုးခိုင်းသဖြင့် ပြန်လှန်ပြောဆိုမှုကြောင့် အသတ်ခံရသော ဆရာတော်သာံတော်ရို့အားလည်းကောင်း၊ ယင်းသို့ခံမပြောဘဲ စိတ်ဆင်းရဲစွာဖြင့် ပျံလွန်တော်မူလားခသော ရခိုင့်ရဟန်းသာံတော်အသျှင်မြတ်ရို့အားလည်းကောင်း၊ အောက်သားဗမာပျူမိစ္ဆာရို့ မုဒိမ်းကျင့်မှုကို ပြန်ပြောသဖြင့် အသတ်ခံရသော ရခိုင်ပြည်သူပြည်သားရို့အားလည်းကောင်း၊ ယင်းနောက် အဖရခိုင်ပြည်ကြီးကို ကယ်တင်ရန်အတွက် ကြိုးစားအားထုတ်ခသော ဗိုလ်မျက်တောင်ရှည်၊ ဗိုလ်ငပြောင်လုံး၊ ဗိုလ်တိမ်ကျား၊ ဗိုလ်ငမောက်၊ မျက်ကန်းဗိုလ်၊ ဗိုလ်ကျော်ထွီးမှအစ တပ်ရင်းမှူး၊ တပ်မမမှူး၊ ရဲဘော်ရဲဘက်ရို့သည် ဗမာတပ်ကိုတိုက်ယင်း အသက်ဆုံးယှုံးလားကြသော ရခိုင်သူရဲကောင်းများအားလည်းကောင်း၊ အဂုဘင်္ဂလားဒေ့ခ်ျ နိုင်ငံ မရှက်ကျွန်း၌ ရခိုင်သူရခိုင်သားများကို မောင်နှင့်နမ၊ သားနှင့်အမိ၊ သမီးနှင့်အဖ အရှက်ရအောင် အဓမ္မမုဒိမ်းကျင့်ရန် ခိုင်းသဖြင့် ပြန်ပြော၍ အသတ်ခံရသော မရှက်ကျွန်းဟိ ရခိုင်ယောင်္ကျား၊ မိန်းမရို့အားလည်းကောင်း၊ အဖရခိုင်ပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခသော မင်းသားကြီးရွှီဘန်း၊ မြို့သူကြီးအောင်ကျော်ဇံရို့နှင့်တကွ “တကျိပ်ခြောက်သောင်း”  သော ရခိုင်အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ရဲဘော်ရဲဘက်အပေါင်းရို့အားလည်းကောင်း၊ အောက်သားဗမာ ပျူမိစ္ဆာရို့၏ သတ်ဖြတ်မှုကိုခံရသော “တင်းဝါးပန်းခိုင်တမြိုင်မြိုင်” ဟုဆိုအပ်သော (၇၄၅၂၇၅၅)ယောက်သော ရခိုင်ပြည်သူပြည်သားရို့အားလည်းကောင်း၊ ဦးနု၊ နီဝင်းလက်ထက် ဒီမိုကရေစီနှင့် လွတ်လပ်ရေးတောင်းသဖြင့် ထောင်သွင်းအကျဉ်းချ တိတ်တဆိတ်ခေါ်ယူ၍ အသတ်ခံရသော ရခိုင်ပြည်သူအပေါင်းရို့အားလည်းကောင်း၊ ၁၉၅၂-ခု ဒီဇင်ဘာလ ၁၂-ရက်နိန့်တွင် ဦးနုအမိန့်ဖြင့် တရွာလုံးအသတ်ခံရသော တောပန်းဇင်းရွာသူရွာသား၊ မောင်သျှင်၊ သီလသျှင်များအားလည်းကောင်း၊ အင်္ဂလိပ်လက်ထက်တွင် ကြွေးကြော်ဆန္ဒပြမှုကြောင့် လက်နက်အမြောက်ရို့ဖြင့် ပစ်ခတ်ခံရသော တောပန်ဇင်းရွာသူရွာသားတို့အားလည်းကောင်း၊ ၁၉၆၇-ခုနှစ် သြဂုတ် (၁၃) ရက်နိန့်တွင် စစ်တွေမြို့၌ အငတ်ပြဿနာကြောင့် ဆန္ဒပြ၍ထမင်းတောင်းကြသော ရခိုင်ရို့အား (G-3G-4) ဖြင့် ရက်ရက်စက်စက် အသတ်ခံခရသော ရခိုင်ပြည်သူပြည်သားရို့အားလည်းကောင်း၊ ၁၉၇၇-ခုနှစ်တွင် အဖရခိုင်ပြည်အတွက် တပ်မှူး ဗိုလ်ရဲဘော်စုစုပေါင်း (၁၂၀)ကျော်ရို့ဖြင့် ရခိုင်ပြည်အရောက်ချီတတ်ရာမှာ ဗမာတပ်များ၏ အမြဲမပြတ်၊ ပိတ်ဆို့ဝိုင်းဝန်းမှုကြောင့် တိုက်ပွဲအကြိမ်ပေါင်းမြောက်များစွာဖြစ်ပွားပြီး နောက်ဆုံးထွက်ပေါက်မဟိသောအခါ ရန်သူထံမောက်တွင် အဖမ်းမခံဟူသော ဆန္ဒဖြင့် ပီစတိုဖြင့် မိမိကိုယ်တိုင်ကိုမိမိ စီရင်၍လားခသော ALP ဥက္ကဌကြီး ရခိုင့်အာဇာနည် ခိုင်မိုးလင်းနှင့် ရဲဘော်ရဲဘက်ရို့အားလည်းကောင်း၊ ALP ၏အတွင်းရေးမှူး ခိုင်ဘကျော်၊ ဗိုလ်ကြီးခိုင်မင်းနိုင်၊ ဗိုလ်ခိုင်သိန်းနိုင်၊ ဗိုလ်ခိုင်ကျော်ထွီး၊ ဗိုလ်ခိုင်သီဟ၊ ဆရာကြီးခိုင်ထွန်းသာအေး၊ ဗိုလ်ခိုင်ဓညအောင်၊ ဆရာခိုင်ရွှီခိုင်၊ ဆရာခိုင်ပြောက်ကျား၊ ရဲဘော်ခိုင်ကျော်ဝင်း၊ ဆရာခိုင်သန်း၊ ရဲဘော်ခိုင်မိုးကြိုး၊ ဆရာခိုင်စိုးနိုင်၊ ဆရာခိုင်ရဲလင်း၊ ဗိုလ်ခိုင်စိုးနိုင်၊ ရဲဘော်ခိုင်သန်းထွန်းနှင့် ရဲဘော်(၄၀)ကျော်ရို့အားလည်းကောင်း၊ ကရင်ပြည်နယ်၌ ကျဆုံးလားခသော ဆရာကြီးခိုင်ကျော်ထွန်း၊ ဆရာကြီးခိုင်ထွန်းနိုင်နှင့်တကွ တပ်မှူး တပ်ဗိုလ် ရဲဘော်များအားလည်းကောင်း၊ ဘင်္ဂလာဒေ့ခ်ျ၌ ကျဆုံးလားခကတ်သော ဆရာခိုင်သစ္စာနှင့် ရဲဘော်ရို့အားလည်းကောင်း၊ အိန္ဒိယနိုင်ငံ၌ ကျဆုံးလားခကတ်သော ရဲဘော်ခိုင်ရွက်သစ်နီ၊ ရဲဘော်ခိုင်ဝရဇိန်၊ ဆရာခိုင်တိုက်ထွန်းရို့အားလည်းကောင်း၊ ရန်သူဗမာမိစ္ဆာယုတ်တိကို တိုက်ခိုက်ယင်း ကျဆုံးလားခကတ်သော AIA အတွင်းရေးမှူး ရို့အားလည်းကောင်း၊ AIO/ACP/BCP/ABSDF-Arakan အစဟိသော ပါတီပေါင်းစုံ၌ တိုက်ပွဲဝင်ယင်း ကျဆုံးလားခကတ်တေ ရခိုင်အာဇာနီ သူရဲကောင်းများအားလည်းကောင်း၊ ဂျပန်နှင့် အင်္ဂလိပ်ရို့ လက်ချက်ဖြင့် အသတ်ခံကြရသော ဆရာတော်ဦးဥတ္တမနှင့် ရခိုင်ပြည်သူပြည်သားရို့အားလည်းကောင်း၊ ဗိုလ်နီဝင်းလက်ထက် မင်းပြားကို ဝင်ရောက်တိုက်ခိုက်သိမ်းကြသောအခါ ဗမာစစ်တပ်၏လက်တွင်း၌ အဖမ်းခံကြရသော ACP မှ ဆရာတော် ခိုင်စိုးသီရိ၊ ရှိနိန်ဦးစိုးမြင့်နှင့်တကွ အပေါင်းအပါရဲဘော်များ၊ မတရားဖမ်းဆီးနှိပ်စက်ခံကြရသော ရခိုင်ပြည်သူပြည်သားရို့အားလည်းကောင်း၊ ရခိုင်မှ ဦးထိန်လင်းရို့လုပ်ကြံမှု၌ အဖမ်းခံ၊ အသတ်ခံ၍ သီဆုံးလားခကတ်တေ ရခိုင်ပြည်သူပြည်သားရို့အားလည်းကောင်း၊ ဗိုလ်နီဝင်းတပ်ထဲမှ တပ်မှူး၊ တပ်မမှူး၊ ဗိုလ်အရာဟိရို့၏ အမိန့်အာဏာဖြင့် အသတ်ခံကြရသော အပြစ်မဲ့ ရခိုင်သူရခိုင်သားရို့အားလည်းကောင်း၊ စောမောင်အာဏာသိမ်းစဉ်ကစ၍ စစ်တပ်၏ လူမဆန်စွာ ရက်စက်ဆိုးရွားမှုကြောင့် ကျောက်တော်မြစ်ကမ်း လောင်းထက်၌ ကူတိုးကူးနိန်စဉ် စစ်တပ်ကအရက်သောက်ယမ်းကားကာ G-3 G-4 ရို့ဖြင့် မတရားအသတ်ခံကြရသော ကြံ့ခိုင်ရေးအသင်းဝင် ရခိုင်ပြည်ကျောက်တော်မြို့မှ (၁၀)တန်းကျောင်းသား သုံးယောက်အားလည်းကောင်း မင်းပြားကျိန်းတောင်၌ လမ်းလုပ်ယင်း တောင်ပြိုကျရာ၌ ကျိုးပဲ့အသက်ဆုံးယှုံးလားခကတ်တေ ရခိုင်ပြည်သူပြည်သားရို့အားလည်းကောင်း၊ ကျောက်တော်မြို့၌ စခန်းချနိန်သော (ခမရ) ၃၇၈- တပ်ခွဲမှူးသည် ပေါ်တာဆွဲမရသဖြင့် သတ်ဖြတ်ခံရသော ကျောက်ဂူစုရွာမှ ရဝတ ဥက္ကနှင့်တကွ မိသားစု (၁၃)ဦးသော အပြစ်မဲ့ ရခိုင်ပြည်သူပြည်သားရို့အားလည်းကောင်း၊ ရခိုင်တပ်မတော်ကို ခေတ်မှီတိုးချဲ့တည်ဆောက်ရန် အတွက် စည်းရုံးမှုးတာဝန်ဖြင့် လူသစ်စုဆောင်းနိန်ကြသော ဂိုးသမားကိုဦးကျော်စံရို့ ၂-ဦးကို ကျောက်တော်မြို့၌ နှိပ်စက်အသတ်ခံခဲ့ရသော ၄င်းအာဇာနီ ၂-ဦးအားလည်းကောင်း၊ ကျောက်ဖြူ-ရန်ကုန်လမ်းလုပ်ရာ၌ ကျောက်ပိ၍ အသက်ဆုံးယှုံးလားခကတ်တေ ကိုယ်ဝန်အရင့်အမာနှင့် ရခိုင်သူမ သုံးယောက်အပါအဝင် များစွာသော ရခိုင်ပြည်သူပြည်သားရို့အားလည်းကောင်း၊ မြောက်ဦးမြို့၌ ဘားဘူတောင်ပြိုကျ၍ အသက်ဆုံးယှုံးလားခရေ ပေါ်တာသည်တဦးနှင့်တကွ မြောက်ဦး“ကျေးတောတပ်စခန်း”၌ စစ်တပ်ကအဓမ္မပြုကျင့်ခံရသော ပေါ်တာသည်မစိန်အေးအားလည်းကောင်း၊ နီဝင်း၏ ယုတ်မာစွာ အဆိပ်ခပ်သတ်ခံရသော  ဆရာကြီး ဦးစံသာအောင်အား၎င်း၊ စစ်တွေအကျဉ်းထောင်၌ လူမဆန်စွာ နှိပ်စက်ညှင်းဆည်းပြီး အသတ်ခံရသော ရခိုင်ပဏ္ဍိတ် ဆရာကြီးဦးသာထွန်းအားလည်းကောင်း၊ ဗမာစစ်အာဏာသျှင်ရို့၏ လက်ချက်ကြောင့် အမျိုးမျိုးသော ပြစ်ဒါဏ်ပေါ်တာကျ၍ အသက်ဆုံးယှုံးလားခကတ်တေ ရခိုင်ပြည်သူပြည်သားရို့အားလည်းကောင်း၊ မာနယ်ပလော၊ မေါ်ဖိုးကေ၊ မေးသဝါး၊ မေးလာ၊ ခွီးအိပ်တောင်အစဟိသော ကရင်ရှိတန်းစစ်မျက်နှာ၌ မဟာမိတ်ကရင်တပ်နှင့်အတူ တိုက်ပွဲဝင်ယင်း အသက်ဆုံးယှုံးလားခကတ်တေ ရခိုင်သူရဲကောင်းများနှင့် ဗမာစစ်တပ်မှ မသိနားမလည်ရေ ကျဆုံးလားပြီးသော ရခိုင်စစ်သားရို့အားလည်းကောင်း၊ အဖရခိုင်ပြည်လွတ်လပ်ရေးအတွက် အလုပ်လုပ်ယင်းနှင့် အောင်လံမလဲသော စိတ်ဓါတ်ဖြင့် ကျဆုံးလားခရေ ရခိုင်အမျိုးသားခေါင်းဆောင် မောင်ကျော်လှိုင်အားလည်းကောင်း၊ “မဟာမိတ် KNU ” နှင့်ပူးပေါင်းပြီး ရခိုင်နယ်စပ်တွင် စစ်မျက်နှာဖွင့်ရန် လာကြရာ အိန္ဒိယထောက်လှန့်ရေးတပ်မှ ဗိုလ်မှူး “ဂြာဝါ” ဗမာသူလျှိုရို့၏ လိမ်လည်ကာ သတ်ဖြတ်မှုကြောင့် အန္တမန်ကျွန်း၌ အသက်ဆုံးယှုံးလားကြသော ရခိုင်တပ်မတော်၏ စစ်ဦးစီးချူပ် ခိုင်ရာဇာ၊ ခိုင်စောထွန်းနှင့် ရခိုင်ကရင်ခေါင်းဆောင်(၆)ယောက်ရို့အားလည်းကောင်း၊ အားလုံးသော ဘဝတပါးသို့ပြောင်းလားခကတ်တေ ရခိုင်ဘိုးဘွား၊ ဘီဘင်၊ မိဘ၊ ညီအကိုမောင်နှမ ဆွေမျိုးဥာတိ မိသားစုအဖြစ်တော်စပ်ခကတ်တေ ရခိုင်ပြည်သူပြည်သားအားလုံးနှင့် အားလုံးသော ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြို့စောင့်နတ်၊ တောစောင့်နတ်၊ ရွာစောင့်နတ်၊ တိုင်းပြည်စောင့်နတ်၊ ကမ္ဘာစောင့်နတ်၊ သာသနာစောင့်နတ် ရို့အားလည်းကောင်း၊ အရပ်လေးမျက်နှာ၊ အရပ်သျှစ်မျက်နှာ၊ အရပ်ဆယ်မျက်နှာရို့၌ ဟိကြကုန်သော သမ္မာဒေဝ နတ်ကောင်းနတ်မြတ် အပေါင်းရို့အားလည်းကောင်း၊ ၃၁- ဘုံ၌ ကျင်လည်ကြကုန်သော ဝေနီယ သတ္တဝါအပေါင်းရို့အားလည်းကောင်း၊ ရီစက်သွန်ချ၍ အမျှ အမျှ အမျှဟု ပီးဝီကြပါကုန်ပါ၏။ ထိုထိုသတ္တဝါရို့သည် အမျှရ၍ ကျန်းမာကြပါစီသတည်း၊။ အကြင် ၂-သိန်း ၄-သောင်းထုဟိသော မဟာပထဝီမြီကြီးသည် သက်သီအရာ၌ ငါကြားလိုက်၏ ငါမြင်လိုက်၏ ငါသိဟိတော်မူ၏ ဟူ၍ သက်သီအရာ၌ တည်ပါစီသတည်း။ အားလုံးကြားကြားသမျှသတ္တဝါရို့ အမျှ အမျှ အမျှယူတော်မှုကြပါကုန်လော  သာဓု သာဓု သာဓုပါဘုရား။။

မှတ်ချက်။  ။ ကျဆုံးလားခကတ်တေ ရခိုင်အာဇာနီသူရဲကောင်းများနှင့် ရခိုင်ပြည်သူပြည်သားရို့အား ရည်မှန်း၍ ရီစက်ချ ။ ရခိုင်မူအတိုင်းရီစက်ချက်နည်း၊
 စီစဉ်သူ အသျှင်န္ဒာစက္က
         ဗေဒနှင့်သမိုင်းသုတေသီ
          ၁၂ ၊ ၈ ၊ ၂၀၀၂

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP