7.7.11

စာတည်းစကား

လူမျိုးတမျိုး၏  စာပီ၊ အစဉ်အလာ၊ ရိုးရာယဉ်ကျေးမှုများကိုကြည့်ခြင်းအားဖြင့် ယင်းလူမျိုး၏ အတိတ်နှင့် အနာဂတ်ကို ခန့်မှန်းသိဟိနိုင်သည်။ သို့သော် ရိုးရာယဉ်ကျေးမှုများကို ဖျက်စီးခြင်းခံရပြီး စာပီကို ဗမာမှုပြုခံထားရသော ရခိုင်ရို့၏အနာဂတ်ကို မည်သူခန့်မှန်းနိုင်မည်နည်း။ ရခိုင်ရို့သည် ဗမာပြုမှုခြင်း အန္တရာယ်များကို ရင်ဆိုင်ရသော်လည်း ၄င်းရို့၏ ယဉ်ကျေးမှုများမှာ ဆက်လက်ရှင်သန်နိန်ဆဲပင်။  အကယ်၍ ရခိုင်ရို့သည် ၄င်းရို့၏အတိတ်သမိုင်းကို မပြသနိုင်ခဲ့ပါက ဗမာလူမျိုးများက ရခိုင်လူမျိုးရို့သည် ဗမာလူမျိုးများထံမှ ဆင်းသက်လာသည်ဟု လိမ်လည်နိုင်ပြီး၊ ဘင်္ဂလီမူဆလင်များကလည်း ရခိုင်သမိုင်းတလျှောက်လုံး၌ ဘုရင်ရို့သည် မူဆလင်ဘုရင်များဖြစ်ကြသည်ဟု သမိုင်းကို လိမ်လည်ရီးသားနိုင်ပါသည်။ ယင်းကြောင့် စာပီသည် အလွန်အရေးကြီးသည်။ စာပီပျောက်လျှင်လူမျိုးပါ ပျောက်နိုင်သည်ကို အလီးအနက်သတိထားကြရမည်။
ရခိုင်လူမျိုးရို့သည် အိန္ဒိယနိုင်ငံ သကျသာကီဝင်မျိုးနွယ်(အိန်ဒိုအာရီယန်) မှဆင်းသက်လာပြီး ဘီစီ (၃၃၂၅)ခုနှစ်တွင် မာရယုမင်းက ပထမဓည၀တီနိုင်ငံတော်ကို တည်ထောင်လျှက် ရခိုင်သမိုင်းကိုစတင်ခဲ့သည်။ ဤမတိုင်မှီ ရခိုင်ပြည်အာရက္ခဒေသ၌ မှတ်တမ်းတင်လို့မဟိသော ဒွါရာဝတီခေတ်နှင့် ရခိုင်ရာဇ၀င်ရှီးပီမူတစောင်ကို အထောက်အထားပြု၍  သုတေသီဦးချန်ထွန်း၏ ရီးသာဖော်ပြချက်အရ ဘီစီ (၅၃၁၅)- ခုနှစ်ကပင် ရှီးဝေသာလီနိုင်ငံတော်ကို ထူထောင်လျှက် နှစ်ပေါင်း 1990- အုပ်ချူပ်ခဲ့သည်။
ရခိုင်လူမျိုးရို့သည် ဗြဟ္မီအက္ခရာမှကူးယူလျှက် စာပီကိုစတင်အသုံးပြုခဲ့ကြပြီး ဝေသာလီပထမခေတ် အေဒီ(၄) ရာစုမှစ၍  ရခိုင်စာပီအဖြစ် အသွင်ကူးပြောင်း သုံးစွဲလာခဲ့ကြသည်။ ရခိုင်စာပီသည် အဆင့်ဆင့်ပြောင်းလာခဲ့ပြီး က၀ိကျော် ၊ စာဆိုကျော်များ ပေါ်ထွန်းလျှက် ရခိုင်သမိုင်းအကြောင်းကို ကျောက်၊ ကြီးပြား၊ ပီရွက်များပေါ်တွင် ရီးသားကာ စနစ်တကျ မှတ်တမ်းတင်နိုင်ခဲ့ကြသည်။ ယင်းရို့အနက် အနန္ဒစန္ဒရားကျောက်စာမှာ လူသိထင်ရှားပြီး ယနိန့်ထက်တိုင် သျှစ်သောင်းပုထိုးတော်ကြီးရှိတွင် အထင်အရှား တွိဟိနိုင်သေးသည်။ ၁၇၈၄-ခုနှစ်တွင် ကျူးကျော်သူ ဗမာပဒေသရိုက်များက ယဉ်ကျေးမှု သမိုင်းအမွီအနှစ်များကို မြီလှန်မီးယှို့ဖျက်ဆီးလျှက် ရခိုင်စာပီကိုလည်း ဗမာမှုပြုခဲ့ကြသည်။ ရခိုင်လူမျိုးရို့သည် မူရင်းစာပီများကို ကိုလိုနီသမိုင်းစဉ်ဆက်တလျှောက်လုံး အေနိန့်ထက်ထိ သင်ကြားခွင့်မရဟိပေ။
ရခိုင်သုတေသီအချို့က  ဗမာရို့၏ဖုံးကွယ်ထားသော ရခိုင်စာပီဆိုသည်မှာ ဒေနိန့်ဗမာရို့အသုံးပြုနိန်သော စာပီပင်လျှင် ရခိုင်စာပီဆိုသည်ကို ကျောက်စာ၊ ကြီးပြားစာ၊ ပီစာစသည့် အထောက်အထားမျိုးစုံဖြင့် သွယ်ဝိုက်၍ သက်သီပြနိုင်ခဲ့ကြသော်လည်း မည်သည့်ဝေါဟာရကို ဖျောက်၍ ဗမာဝေါဟာရဖြင့် အစားထိုးထားသည်ကိုကား ၄င်းရို့၏အသက်လုံခြုံရေးကြောင့် မပြသ၀ံ့နိုင်ခဲ့ကြပေ။ ယ္ခုလက်ဟိတွင်လည်း ဗမာရို့၏ လက်ဟိအသုံးပြုနိန်သော စာပီသည်လျှင် ရခိုင့်စာပီဖြစ်သည်ဟု ပြောဆိုနိန်ကြသော်လည်း မည်သည့်ဝေါဟာရကို ဗမာ့ဝေါဟာရဖြင့် အစားထိုးအသုံးပြုထားသည်ကိုကား မသိရသေးပေ။ ယ္ခုဗမာရို့အသုံးပြုနိန်သောစာ၌ ဝေါဟာရအားလုံးသည် ရခိုင့်ဝေါဟာရဖြစ်သည်ဟု လက်ခံ၍မရသလို ယခုဗမာရို့ အသုံးပြုနိန်သောစာကို ဗမာရို့အား မူပိုင်ပီးလျှက် ရခိုင်စာပီသစ်ကို တီထွင်အသုံးပြုရန်မှာလည်း သင့်လျော်သော ကိစ္စရပ်တခုမဟုတ်ပေ။
ပြည်ထဲ၌၄င်း၊ ပြည်ပ၌၄င်း ရခိုင်လူမျိုးရို့သည် မိမိရို့စကားပြောကို စာဟန်အဖြစ် အသုံးပြုနိန်ရသည်ကို တွိဟိနိန်ရသည်သာမက ၄င်းစကားပြောရီးသားဟန်ကိုပင်လျင် တချို့က ရခိုင်စာဟုခံယူလျှက် ကြွားလုံးထုတ်နိန်ကြသည်။ တချို့က မှိုင်းမိခြင်းကို မရှုမလှခံနိန်ကြသည်။ စာရီးသားရာ၌ စကားပြောရီးသားဟန်၊ စကားပြေရီးဟန်ဖြင့်ရီးသားဟန်ဟူ၍ နှစ်မျိုးဟိသည်ဟု ကျွန်တော်လေ့လာမိသလောက် သိဟိရသည်။ ဗမာနယ်ချဲ့ရို့က စကားပြောဟန်ဖြင့် ရီးသားခြင်းကို ခွင့်ပြုထားသော်လည်း ရခိုင်စာပီဖေါ်ထုတ်သင်ကြားခြင်းကို ခွင့်ပြုခြင်း မဟိသေးပေ။
ရခိုင်တမျိုးသားအချို့က ရခိုင်နိုင်ငံထူထောင်နိုင်မှသာ၊ စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ပြီးမှသာ ရခိုင်စာပီကိုဖေါ်ထုတ်ကြမည်၊ အကယ်၍ယခုကတည်းက ဖေါ်ထုတ်ရီးသားနိန်ကြလျှင် အငြင်းပွားခြင်းသာလျှင် အဖတ်တင်မည်ဟု ပြောဆိုနိန်ကြသည်။ ယခုဗမာရို့အသုံးပြုနိန်သော ရခိုင်စာပီထဲမှ ဗမာဝေါဟာရများကို ဆွဲထုတ်ပြီး ရခိုင်စာပီဟန်စစ်စစ်ဖြစ်လာအောင် ပြုပြင်ဖန်တီးယူရမည်မှာ ရခိုင်သမိုင်းသုတေသီရို့၏ တာဝန်သာမက ရခိုင်စာပီသမားရို့၏ တာဝန်တရပ်လည်းဖြစ်သည်ဆိုသည်ကို ပြည်တွင်းပြည်ပဟိ ရခိုင်အမျိုးသားရို့ သဘောပေါက်သင့်ပါပြီ။ အကျွန်ရီးသားသော ရခိုင်စာသားဝေါဟာရများကိုလည်း ရခိုင်ဝေါဟာရစစ်စစ်ဖြစ်လာအောင် ဝေဖန်ထောက်ပြကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
(အတွဲ-1၊ အမှတ်-2)

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP