1.7.11

ဘဝကိုယ်စီနန့်လူငယ်

အချင်းချင်းတိုက်ခိုက်စရာ ဇာလိုလို့လဲ
စဉ်းစားကြည့်ပါဗလင်
ယင်းပိုင်အပြန်အလှန်တိုက်ခိုက်နီကေ
“ရန်သူလဲရယ်”
“ရန်သူလဲပျောက်”
လူမျိုးမပျောက်စွာ ကံကောင်းရေ။

ယေဒါလေ့
တော်လှန်ရေးကာလမှာ
အမှိုက်တိဟိစွာကိုဖယ်ယှင်း
လမ်းကြုံလို့ဝင်လာရေလူတိ
ဟန်ဆောင်ကောင်းရေ မျိုးချစ်တိကိုဖယ်
တတေ့ပြောရကေ
တော်လှန်ရေးသန့်ယှင်းရေးလုပ်ရဖို့။

ကြည့်ပါဗလင်
အမျိုးသားရေးလို့ အော်ကြီးဟစ်ကျယ်နန့်
ကိုယ့်အခြေအနေကို ကိုယ်မသိ
ကိုယ်ရပ်နီရေပါတီကို ကုမ္ပဏီလို့ထင်နီစွာ
ရင်မာ အဂင့်နာကျင်ရေ။

ငါရို့ လူငယ်တိရေ
နှပ်စားမဟုတ်ပါနှမ်း
နိုင်ငံရေးရိုးသားမှုနန့် ကြံ့ကြံ့ခံနီစွာ
သမိုင်းကသက်သီပြလိမေ။

    ခိုင်းလင်း (မေဝတီ)

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP