1.7.11

ပြည်သစ်တည်စို့ ငါရို့ ရခိုင်(၁)

ခိုင်မင်းညို
             ပျက်နိန်သောလမ်းကိုပျင်ရမည်။ လမ်းမဟိသေးသော်လည်း လိုအပ်လာလျှင် လမ်းသစ်ကိုစနစ်တကျ ဝိုင်းဝန်းဖောက်လုပ်ကြရမည်။ လမ်းဆိုရာ၌ ကုန်လမ်းတခုတည်းကိုမဆိုလိုပေ။ ရီလမ်း၊ ကုန်းလမ်း၊ လီကြောင်းလမ်း စသည်ရို့ကိုဆိုလိုသည်။ လမ်းကိုအဘယ်ကြောင့်ဖောက်ရမည်ဆိုသော် လမ်းသည်လူသားရို့တွက် လားလာရေး၊ ရောင်းဝယ်ဖောက်ကားရေးရို့အတွက် အခရာကျသည်။ ထို့ကြောင့်လမ်းသည် လူသားရို့အတွက် မဟိမဖြစ်လိုအပ်သည်။ လမ်းကိုဖောက်လုပ်ရုံနှင့်မပြီးဘဲ မြက်ပင်ခြုံနွယ်၊ ဆူးငြှောင့်၊ ခလုပ်၊ သဲသောင်အစဟိသည့် ကုန်းကြောင်း၊ ရီကြောင်း၊ အတားအဆီးများကို သုတ်သင်ချင်းလင်းပစ်ရမည်။ သို့မှသာ လမ်းကြောင်းများ ယှင်းလင်းပြီး လူသားရို့သည် နိန့်တဓူဝခရီးကို လွယ်ကူချောမွေ့စွာ လားလာနိုင်မည်ဖြစ်သည်။
              ရခိုင့်လွတ်လပ်ရေးအတွက် ရခိုင့်တပ်မတော်ကို တည်ဆောက်ကြ၊ ရခိုင့်လွတ်လပ်ရေးအတွက် ဘဝတူတော်လှန်ရေးများနှင့် လက်တွဲကြ၊ ရခိုင့်လွတ်လပ်ရေးသည် လက်နက်ကိုင်နည်းလမ်းမှအပ အခြားနည်းလမ်းမဟိ၊ ရခိုင်လွတ်လပ်ရေးသည် ရခိုင့်အမျိုးသားညီညွတ်ရေး လက်ထဲတွင်ဟိသည်၊ ရခိုင့်သားရို့ ရခိုင်မသားတယောက်ပမာစည်းရုံးကြ။ ကွယ်လွန်သူ ရခိုင့်လွတ်မြောက်ရေးပါတီ(ALP) ဥက္က ဗိုလ်ခိုင်မိုးလင်း၏ မူဝါဒလမ်းစဉ်များ၊ မှတ်သားလောက်ဖွယ်ရာ၊ ရခိုင်သားရို့အတွက် အတုယူစရာပင်။ ဥက္က ဗိုလ်ခိုင်မိုးလင်းသည် ဤလမ်းစဉ်များကို ချမှတ်ခဲ့ရုံသာမဟုတ်ဘဲ သူ၏အတွေးအခေါ်များကို လက်တွိကျကျ အကောင်အထည်ဖေါ်ခဲ့သည်။ ရှိတန်းနိန်မြီများကို  ကိုယ်တိုင်လားရောက်ပြီး ရဲဘော်များကိုဦးဆောင်ကာ ရဲရဲတောက်တိုက်ပွဲဝင်ခဲ့သည်။ ဘဝတူတော်လှန်ရေးများနှင့်လက်တွဲကာ ရခိုင်အမျိုးသားစည်းရုံးညီညွတ်ရေးကို စွမ်းစွမ်းတမံအကောင်အထည်ဖေါ် လုပ်ဆောင်ခဲ့သောကြောင့် ရခိုင့်အာဇာနီသူရဲကောင်းအဖြစ် သူ့၏သမိုင်းမှတ်တိုင်ကို ကိုယ်တိုင်စိုက်ထူခဲ့သူ တယောက်အဖြစ် မှတ်တမ်းတင်ရမည်။
               သို့သော်သူ၏လုပ်ဆောင်မှုအားလုံးသည် မှန်ကန်ချင်မှမှန်ကန်မည်။ ကရင့်တော်လှန်ရေးခေါင်းဆောင်များက ဥက္က ဗိုလ်ခိုင်မိုးလင်းကို နှမြောတသ၍မဆုံးကြသလို သူ၏စစ်ရေးဗျူဟာအမှားတခုကိုလည်း ဤကဲ့သို့ထောက်ပြကြသည်။ ဥက္ကခိုင်မိုးလင်း၏ မိုင်ထောင်ရှည်ခရီးစဉ်မှာ အလွန်ကြမ်းတမ်းပြီး သတင်းပေါက်ကြားလျှင် အချိန်မရွီး ခြီမုန်းခံရနိုင်သည်။ ၄င်းအပြင် ယင်းအချိန်က လက်နက်ကိုင်တော်လှန်ရေးသည် မိုင်ရှည်ခရီးစဉ်၌ ကြား၌ပြတ်တောက်မှု ဟိနီခြင်းသည် ရန်သူ(မဆလ)အတွက် အကွက်ကောင်းတခုပင်။ ဤသည်ကို ကရင်ထိပ်တန်းခေါင်းဆောင်များက ထောက်ပြခဲ့သည်သာမက ရီကြောင်းမှ ရခိုင်ပြည်အရောက် ကရင်ရို့ကိုယ်တိုင် ပို့ပီးမည်ဟုအာမခံခဲ့ကြောင်းကို ကရင်ခေါင်းဆောင်ကြီးများနှင့်တွိတိုင်း မိမိကိုဖေါက်သေချ ပြောပြကြသည်။ 
                  ဥက္ကဌ ခိုင်မိုးလင်းအနိန်ဖြင့် အဘယ်ကြောင့် မိုင်ထောင်ရှည် ခရီးချီတတ်မှုကိုရွီးချယ်ခဲ့ရသည်ကို ခြီရာခံ ကောက်ရသော် ယင်းအချိန်က ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ထဲမှရဲဘော်တချို့ရို့ ရန်သူထံတွင်လက်နက်ချ အညံ့ခံမှုများက တပ်ကို အဓိကဦးဆောင်ဦးရွက်ပြုနိန်သော ဥက္ကခိုင်မိုးလင်းအား အရှက်ရစရာ ဖြစ်ခဲ့ပါသည်။ တချို့ရဲဘော်များကဆိုလျှင် ကရင်ပြည်အတွက် တိုက်ပွဲဝင်နိန်ခြင်းမဟုတ်ကြောင်း၊ သူများလူမျိုးအတွက် အသက်ကို အသီမခံနိုင်ကြောင်း ပြောဆိုနိန်ကြခြင်းတို့သည် ဥက္က ခိုင်မိုးလင်းနားသို့ရောက်လာသည်က အထူးစဉ်းစားစရာ ကိစ္စရပ်တခု ဖြစ်လာစီပါသည်။ သို့သော် ကရင်ခေါင်းဆောင်များက ရခိုင်ပြည် သို့ရောက်သည်အထိပို့ပီးမည်ကို လက်မခံခဲ့သည်မှာ စစ်ရေးဗျူဟာအမှားတခု၊ ရခိုင်မသားတိုင်းအတွက် မိန်းစရာ မိန်းခွန်းတခုမဟုတ်ပါလော။ မိမိသံသယဝင်သည်မှာ ဥက္ကဌ ခိုင်မိုးလင်းအနိန်ဖြင့် ကရင်ခေါင်းဆောင်များ၏ အကူအညီကိုယူခဲ့လျှင် မိမိရဲဘော်များက သူရဲဘောကြောင်သူ တယောက်ဟု အထင်ခံရမည်ကိုကြောက်၍လား၊ မိမိသည်ရခိုင်ရဲဘော်များကို သူများ အကူအညီမပါဘဲ ရခိုင်ပြည်သို့ ကိုယ်တိုင်ဦးဆောင်သယ်ယူနိုင်ခဲ့သူတယောက်ဖြစ်ကြောင်းကို သမိုင်းရးချင်၍လားဆိုသည်ကို ဒေနိန့်ထက်ထိ မိမိအနိန်ဖြင့် ဝေခွဲ၍မရဖြစ်နိန်ပါသေးသည်။ ဤမိန်းခွန်းကို ဥက္ကဌ ခိုင်မိုးလင်းတယောက်တည်းသာ အမှန် ကန်ဆုံးဖြစ်အောင် ဖြေဆိုနိုင်မည်ဖြစ်ပါသည်။
              အကယ်၍ အထက်ကဖေါ်ပြသကဲ့သို့ အတွေးများဝင်ခဲ့လျှင်ကား တလွဲမာနတက်သည်ရခိုင်ခေါင်းဆောင်တဦး၏ မှားယွင်းမှုတရပ်ဖြစ်ကြောင်းကို ရခိုင်မျိုးဆက်သစ် တော်လှန်ရေးသမားများအနိန်ဖြင့် ရခိုင်သူရဲကောင်းတယောက်၏ သမိုင်းအမှားကို ဝမ်းနည်းဖွယ်မှတ်တင်ကြရပေမည်။ ဤသို့မှတ်တမ်းမတင်ခဲ့လျှင်ကား နောင်လာနောက်သား ရခိုင့်မျိုးဆက်သစ်များက မှားပြီးသားအမှားကို ထပ်မှားကြမည်ဖြစ်သည်။ ဤမှားပြီးသားအမှားတခုကို ထပ်မမှားစီချင်သည်မှာ မိမိ၏စေတနာ အမှန်တရားတခု။ ထပ်မှားနိုင်သည်ဟု မိမိအနိန်ဖြင့် အဘယ်ကြောင့်သံသယဝင်ရသနည်းဟု မိန်းလာခဲ့လျှင်ကား မိမိအနိန်ဖြင့် မိမိအတွိအကြုံအရ အလုံအလောက် သက်သီပြနိုင်ပါသည်။
                 ရခိုင်သားရို့သည် လူတဦးချင်းအနိန်ဖြင့် စွမ်းပကားမဟိကြသည်မဟုတ်၊ သူများလူမျိုးနှင့်ယှဉ်လျှင် အနည်းဆုံးမသာသော်လည်း တန်းတူဖြစ်နိန်လိမ္မည်ကို သက်သီပြလျှက်ဟိသည်။ သို့သော်လူအဖွဲ့အစည်းတရပ် တိုးတတ်ရန် တယောက်ကောင်း၊ တဦးကောင်းဖြင့် လုပ်၍မရ တော်လှန်ရေးအတွက်ဆိုလျှင်ကားဝီးစွ။ တဦးချင်း၏ စွမ်းပကားများကို စုပေါင်းပြီးဆက်စပ် အသုံးချမှ ထိရောက်မှုခြီရာ တွင်ကျန်ရစ်မည်။ ခြီတလှမ်းကုဋေတသန်း တန်ဖိုးဟိမည်။ သို့သော် ရခိုင်သားရို့မှာ ထိုသို့မဟုတ်ယင်းသူလုပ်၍ရသကဲ့သို့ မိမိလုပ်၍လည်းရနိုင်သည်ဟု ခံယူမွီးဖွားရုံမျှမက ယင်းဆက်စပ်လုပ်နိန်သူများထံမှ ခွဲထွက်၍ လုပ်ဆောင်မည်ကိုဝန်မလီး၊ ဆပ်စပ်၍ စွမ်းအားဟိအောင်လုပ်ဆောင်မည်ကို စိတ်ကူးမရောက်ကြ။ အားမသန်ကြ။ သူ့မှာ အစွယ်ဟိသလို ငါ့မှာလည်းအစွယ်နှင့်၊ ငါ့အစွယ်က သူ့အစွယ်ထက်ပိုရှည်သည်ဟု အစွယ်တိုင်းဖို့ကိုသာ အားသန်ကြသည်။ ယင်းလွဲမာနများကြောင့် ရခိုင်တော်လှန်ရေးအဖွဲ့အစည်းများတွင် အကွဲအပြဲသမိုင်းများကို ရီးခဲ့ကြရုံသာမက ရခိုင်လူမှုအဖွဲ့အစည်းလည်း ဆောက်တည်ရာမရ ယိုင်လဲနိန်တုန်းဟိနိန်ပါသေးသည်။ ဤမှားယွင်းသော တလွဲမာနတရားနောက်ကို ရခိုင်သားများ ဆက်လျှောက်ကြမည်လော စွန့်ပါယ်ကြမည်လားဆိုသည်မှာ ရခိုင်သားများအတွက်၊ ရခိုင်တော်လှန်ရေးသမားများအတွက် မိန်းစရာမိန်းခွန်းတခု၊ မိမိအနိန်ဖြင့် ယင်းမိန်းခွန်းကို မိန်းချင်သည်မိမိကိုယ်တိုင်ဖြေကြည့်ချင်သည်။ မိမိအဖြေမှာကား ယင်းကဲ့သို့အတွေးအခေါ်မျိုးကို စွန့်ပါယ်ရုံသာမက မြီမြုပ်မီးယှိုး သဂြိုဟ်ပစ်ချင်သည်။ မှားသည်ကို ထပ်မမှားဘဲ စွန့်ပါယ်ကြစိုအို- ရခိုင်ရို့  မီးကိုတိုးသည့် အသီဆိုးသော ပိုးစူံးကြူးလိုမျိုး ရခိုင်သားရို့ကို မဖြစ်စီချင်စွာက အကျွန့် စေတနာအမှန်တရား။
              ဥက္ကဌ ခိုင်မိုးလင်းသည် မိမိယုံကြည်ချက်ကို ရဲရဲကြီးအကောင်အထည်ဖေါ် လုပ်ဆောင်ခဲ့သည်အတွက် ဥက္ကဌ ခိုင်းမိုးလင်းအတွက် သူကိုမွီးထုတ်ပီးခဲ့သော ရခိုင်ပြည်အပေါ်တာဝန်ကျခဲ့ပြီ၊ သူရဲကောင်းသမိုင်းတခုကိုလည်း သူ၏သွီးသားများဖြင့်းသားထုဆစ်ခဲ့ပြီ။ သိုသော် ဥက္ကဌ ခိုင်မိုးလင်းကို ရခိုင်တော်လှန်ရေးခေါင်းဆောင်တချို့နှင့် သူ၏လုပ်ဖေါ်ကိုင်ဖက်အချို့က မိန်ပိုက်ဖို့ကြိုးစားနိန်ကြသည်။ ဥက္ကဌ ခိုင်မိုးလင်းလမ်းကြောင်းနောက်ကိုလိုက်ဖို့  တွန့်ဆုတ်နိန်ကြသည်။ သို့ရာတွင် ရခိုင်ပြည်သူပြည်သားများ၊ ရခိုင့်တော်လှန်ရေးမျိုးဆက်သစ်များ၊ ကရင်တော်လှန်ရေး၏ ထိပ်တန်းခေါင်းဆောင်များ၊ ကရင့်တော်လှန်ရေးတွင်ဟိနိန်ကြသေးသော ကရင့်တော်လှန်ရေးရဲဘော်များ၊ ကရင်ပြည်သူများနှင့် သူ၏လက်တွဲဖေါ်လက်တွဲဖက် ဘဝတူတော်လှန်ရေးသမားများက သတိရရုံသာမက သူ၏သတ္တိနှင့် သူ၏မှန်ကန်သောလမ်းစဉ်များကို ချီးကျူးကာ သူ၏ရဲကောင်းဝိဥာဏ်ကို အလေးပြုနိန်ကြတုန်းပင်။ ရခိုင့်တော်လှန်ရေး မျိုးဆက်သစ်များအနိန်ဖြင့်လည်း သူ၏လက်တွိဆန်သော အတွေးအခေါ်များကို လက်ခံလျှောက်လှမ်းလျှက် သူ၏လွဲချော်သည်ဟုထင်သော အတွေးခေါ်အယူအဆနောက်ကို မလိုက်မိကြဖို့  ကိုလည်းအထူးသတိပြုကြရပေမည်။
            တက္ကသိုလ်ကျောင်းဆရာတဦး၊ နာမည်ကျော်စာရီးဆရာတဦး ဖြစ်နိန်ပါလျှက် သူ့ဘဝသာယာမှု တခုတည်းအတွက် ထွက်ပေါက်ကိုမရှာ၊ ပြည်သူများ၏ငိုယိုနိန်မှုများကို မျက်ကွယ်ပြုကာ စဉ်းစိမ်ယစ်မှုးဖို့မကြိုးစားခဲ့သူက ဆရာစံကျော်ထွန်း၊ ရခိုင့်တော်လှန်ရေးလမ်းကြောင်းတလျှောက်ကို သုတေသီတဦးအဖြစ် လေ့လာသုံးသပ်ခဲ့ရုံမျှမက ယင်းတော်လှန်ရေးသမိုင်းကြောင်းကို မိမိ၏အတွေးအခေါ်ဖြင့် ရောယှက်ကာ ငါရို့ဇာလုပ်ကတ်ဖို့လဲဆိုသည်ဆရာစံကျော်ထွန်း၏ တော်လှန်ရေးအတွေးအခေါ်များမှာ ယင်းအချိန်အတောအတွင်း၌သာမက ဒေနိန့်အချိန်အထိ ရခိုင်သားများအတွက် မှန်သောတော်လှန်ရေးနိယာမ။ ယင်းတော်လှန်ရေးနိယာမကို ဖေါ်ထုတ်ရီးသားခဲ့ရုံသာမက သူ၏ယုံကြည်စိတ်ချက်ရသော တက္ကသိုလ်ကျောင်းသားများကို သူ၏အတွေးအခေါ်ကိုသွပ်သွင်းကာ ခေတ်မှီသောတော်လှန်ရေးတရပ်ဆင်နွဲရန် ဦးလဉ်မသုန်ကြိုးစားခဲ့သူတယောက်လည်းဖြစ်သည်။
               ယင်းအတွေးအခေါ်နောက်ကို သူ၏ယုံကြည်စိတ်ချရဆုံး ရဲဘော်ရဲဘက်များကိုဆွဲခေါ်ကာ လက်နက်တပ်ဆင်လျှက် ရခိုင့်လွတ်လပ်ရေးအဖွဲ့(AIO)ကို ကချင်တော်လှန်ရေးနိန်မြီ၌ ထူထောင်ကာ ခေတ်သစ်တော်လှန်ရေးသမိုင်းကို ရီးခဲ့သူတယောက်လည်းဖြစ်သည်။ ဆရာစံကျော်ထွန်း၏ ထူးခြားချက်တခုမှာ သူ၏အစ်ကိုယ်၊ တူ၊ တူမများကိုပါ တော်လှန်ရေးထဲသို့ ဆွဲသွင်းနိုင်ခဲ့သောအရည်အခြင်း၊ တော်လှန်ရေးအတွက် မိမိအသက်ကိုသာမက မိမိ၏ဆွေမျိုးများအသက်ကိုပါ ပီးဆပ်ရဲသော သတ္တိမှာ အာကသတ္တိပင်ဖြစ်သည်ကို ရခိုင်ပြည်သူရို့၊ ရခိုင်တော်လှန်ရေးသမားရို့ လေးစားအသိမှတ်ပြုကြရမည်။ သို့သော် ရခိုင်တော်လှန်ရေးကို အခြေအနေတခုသို့ရောက်အောင် မဖန်တီးပီးနိုင်ခဲ့မှုကိုကား ဆရာ၏အမှားဟု မယိုးစွပ်ချင်၊ ကံကြမ္မာကိုသာ အပြစ်ဖို့လိုသည်။ လောဓကံတရားက ဆရာ့ကိုဖန်တီးခွင့်မပီးခဲ့၊ ဖန်တီးနိုင်ခွင့်အချိန်မရခဲ့၍သာ သို့မဟုတ်လျှင်ကား ရခိုင့်တော်လှန်ရေး ကမ္ဘာကျော်ကြားခဲ့မည်မှာ သေချာသည်။
               ဆရာစံကျော်ထွန်းနှင့် ဥက္ကခိုင်မိုးလင်းရို့ မကျဆုံးမှီကတည်းက ရခိုင်သားရို့၌တပေါင်တခု ပေါ်ပေါက်ခဲ့သည်။ ယင်းတပေါင်မှာ  “ပတ္တမြားတလုံး ချင်းလက်မှာဆုံး”  ဟူ၍ပင်ဖြစ်သည်။ ဆရာစံကျော်ထွန်းနှင့် ဥက္က ခိုင်မိုးလင်းနှစ်ယောက်စလုံးသည် ရခိုင်ပြည်သို့ သူရို့၏တပ်များနှင့်အတူ ချီတက်စဉ် ရခိုင်ပြည်သို့ရောက်ခါနီး ချင်းတောင်တနိန်ရာ၌ နောက်လိုက်များနှင့်အတူ ဘ၀စတေးလားခဲ့ကြသည်။ ချင်းတောင်၌ပတ္တမြားတလုံးသာမက မြောက်များစွာသောပတ္တမြာများ ဆုံးယှုံးခဲ့ရပြီ။  ဥက္က ခိုင်မိုးလင်းနှင့် ဆရာစံကျော်ထွန်းနှစ်ယောက်စလုံးသည် လူလတ်လူရွယ်များဖြစ်သည်ကို ရခိုင်တော်လှန်ရေးခေါင်းဆောင်များ မမိအပ်ရုံသာမက ယင်းအချိန်က ခေတ်မမှီသော ရခိုင်တော်လှန်ရေးဟိနိန်ပြီဆိုသည်ကိုလည်း လက်ခံကြရမည်။ အဘယ်ကြောင့် ယင်းတော်လှန်ရေးခေါင်းဆောင်နှစ်ယောက်စလုံးရို့သည်          ဟိနိန်ပြီးသော တော်လှန်ရေးထဲတွင် ပါဝင်ပူးပေါင်းမှုမဟိဘဲ သီးခြားစီဖြစ်တည်ခဲ့ရသနည်းဆိုသည်ကို ရခိုင်တော်လှန်ရေးခေါင်းဆောင်များအနိန်ဖြင့် နှလုံးသွင်းကြရမည်။ ယင်းခေတ်မှီတော်လှန်ရေးသမားနှစ်ယောက်ကို ရခိုင်တော်လှန်ရေး ဝါရင့်ခေါင်းဆောင်များအနိန်ဖြင့် မှားယွင်းသည်ဟုစွပ်စွဲရဲပါသလား။   အဘယ်ကြောင့် ယင်းခေါင်းဆောင်များပေါ်ပေါက်ရသည်ကို နှလုံးသွင်းမိကြပါသလား။
                အကယ်၍ ယင်းရဲရဲတောက်တော်လှန်ရေး ခေါင်းဆောင်နှစ်ဦးရို့သည် ရခိုင်ပြည်သို့ရောက်ခဲ့လျှင်ကား ရခိုင့်တော်လှန်ရေးသည် တမျိုးတဖုံပြောင်းလဲရုံသာမက အကယ်၍ ဆရာစံကျော်ထွန်း၏ မှန်ကန်သော တော်လှန်ရေးနိယာမတရားနှင့် ဥက္က ခိုင်မိုးလင်း၏ လက်တွိဆန်သော လုပ်ရပ်များကိုပေါင်းစည်းကာ ဘဝတူတော်လှန်ရေးများနှင့် လက်တွဲကာ တိုက်ပွဲဝင်နိန်မည်ဆိုပါက ရခိုင်ပြည်လွတ်လပ်ရေးမရလျှင်တောင်မှ ရခိုင်ပြည်ထက်ဝက်ကို သိမ်းလျှက် တော်လှန်ရေးရှိရောက်နိန်မည်မှာသေချာသည်။
               ရခိုင့်တော်လှန်ရေးသည် ပြောင်မြောက်သည့် ခေါင်းဆောင်တယောက်ပေါ်တိုင်း အဆင့်တဆင့်သို့ရောက်ဟိခဲ့သည်ကို ရခိုင်တော်လှန်ရေးကို မျက်ကွယ်မပြုသူတိုင်း သတိထားမိကြမည်ဟု ယုံကြည်ပါသည်။ ရခိုင့်တော်လှန်ရေးသည် အချိန်တခုထိ မှေးမိန်နိန်ခဲ့သည်ကိုလည်း သတိပြုမိကြမည်ဟုလည်း ယုံကြည်မိပါသည်။ ယင်းမှေးမိန်ခဲ့သော ရခိုင့်တော်လှန်ရေးကို အဆင့်တဆင့်သို့ရောက်ဟိအောင် ပြန်လည်တည်ဆောက်နိုင်ခဲ့သူမှာကား ခိုင်ရာဇာပင်။ သူ၏အတွေးအခေါ်မှာကား တော်လှန်ရေးကို ခေတ်မှီအောင်လုပ်ဖို့ ဖေသာသည်အခရာကျသည်ကို သတိပြုခဲ့ရုံသာမက မိမိအသက်ကိုရင်း၍ ဖေသာကိုရအောင်ရှာဖွယ်ကာ ရခိုင့်တပ်မတော်ကို ခေတ်မှီသောတပ်မတော်တခုဖြစ်လာအောင် တည်ဆောက်ရန် ကြိုးစားခဲ့သည်။
                 ၁၉၉၁-ခုနှစ်တွင် ရခိုင်ပြည်တော်လှန်ရေးအတွက် အဓိကလိုအပ်နိန်သော လက်နက်များကို ရခိုင်ပြည်သို့ စွန့်စားကာပို့ဆောင်ပီးခဲ့သည်။ သို့ရာတွင် ယင်းလက်နက်များကို တော်လှန်ရေးနိန်မြီသို့ရောက်အောင်မပို့ဘဲ ရခိုင်ပြည်ထဲမှ စစ်ကြောင်းကိုဖြတ်လျှောက်ခဲ့သည်မှာ စစ်ဗျူဟာာအမှားတရပ်၊ သို့သော် ယင်းအမှားကို ဦးဆောင်ချီတက်ခဲ့သော တပ်မှူးတဦး၏ အမှားတခုရာဖြစ်သည်ကို ယင်းစစ်ကြောင်းတွင် ကိုယ်တိုင်ပါဝင်ခဲ့သူတိုင်း အသိပင်မဟုတ်ပါလား။ ရခိုင်ပြည်တပ်မတော်(AA) စစ်ဦးစီးချူပ်ဗိုလ်ရာဇာ၏ တိုးတတ်သစ်လွင်သော အတွေးအခေါ်တရပ်မှာ ဖေသာတသိန်းကိုရင်း၍ တသန်းရအောင်လုပ်ယူသော ခေတ်မှီစီးပွါးရေးသမားတယောက်၏ လက်တွိကျသော အတွေးအခေါ်နှင့် တော်လှန်ရေးအတွက်ခေတ်ပညာတတ်များလိုအပ်သည်ကို နှလုံးသွင်းလျှက် ခေတ်မှီသော ရခိုင့်တော်လှန်ရေးတရပ်ကို ဆွင်နွဲရန် ကြိုးစားခဲ့သူတယောက်လည်းဖြစ်ပေသည်။          

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP