7.7.11

စာတည်းစကား

ဒဏ္ဍာရီ၌ တချို့သော ဘုရင်အုပ်စိုးသည့် တိုင်းပြည်များတွင်ပင်လျှင် ပြည်သူများ၏ သဘောထားများကို ဖေါ်ပြနိုင်ရန်အတွက် ဟစ်တိုင်များကို သတ်မှတ်ပီးထားလေ့ဟိကြောင်း ကြားဖူးပါသည်၊ အကယ်၍ လူတယောက်သည် ဘုရင်အပေါ်တွင်၎င်း၊ တိုင်းပြည်၏ အခြေအနေများအပေါ်တွင်၎င်း မကြေနပ်လျှင် ၎င်းဟစ်တိုင်မှ နိန်၍ ဆန္ဒသဘောထားကို ဖေါ်ပြခွင့်ဟိပါသည်။ အကယ်၍ တစုံတဦးက ဘုရင်၏မတရားပြုကျင့်မှုအပေါ်တွင်း၎င်း၊ တိုင်းပြည်၏ ကပ်ဘေးဆိုက်နိန်မှုအပေါ်တွင်၎င်း ၎င်း၏ဆန္ဒကို ဖေါ်ထုတ်လာခဲ့လျှင် မင်းတိုင်ပင်အမတ်များနှင့် ဘုရင်သည်လွှတ်တော်ခေါ်ယူ၍ ဆွေးနွေးတိုင်ပင် ဖြေယှင်းရသည်၊ တချို့သော ဒီမိုကရေစီနိုင်ငံများတွင် ဒေနိန့်ထက်ထိ ဟစ်တိုင်သဖွယ် ပြည်သူများဆန္ဒကို ထုတ်ဖေါ်ပြနိုင်သည့် နိန်ရာများကို သတ်မှတ်ပီးထားဆဲဖြစ်ပါသည်။ ဤသတ်မှတ်ပီးထားမှုသည် ပြည်သူများအတွက် အထူးအခွင့်အရေးတခုဖြစ်ပြီး ပြည်သူများ၏တိုးတက်မှုနှင့် နိုင်ငံတော်၏ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေနိုင်ပါသည်။
ဒေနိန့်အချိန်အခါ၌ လွတ်လပ်သော သတင်းဌာနသည် ပြည်သူနှလုံးဖြစ်လာခဲ့ပြီး ကမ္ဘာပေါ်ဟိ နိုင်ငံများအားလုံးအတွက် အရေးအကြီးဆုံးသော ဂဏ္ဍတခုဖြစ်ပါသည်။ ဤလွတ်လပ်သည့် သတင်းဌာနများကို ဒီိမိုကရေစီနိုင်ငံများတွင် အစိုးရက မပိုင်ဆိုင်ဘဲ ပြည်သူများကသာ ပိုင်ဆိုင်ကြသည်။ သို့ရာတွင် ဒီမိုကရေစီမဟုတ်သော (သို့) အာဏာသျှင်အုပ်စိုးသည့် နိုင်ငံများတွင် သတင်းမီဒီယာများကို အစိုးရက လက်ဝါးကြီးအုပ်ထားပြီး ၄င်းရို့၏၀ါဒဖြန့်ချိရေးအတွက် လက်နက်တခုအဖြစ် အသုံးချနိန်ကြသည်။ အစိုးရများသည် ၄င်းရို့၏ လူ့အခွင့်အရေး ချိုးဖေါက်မှုများနှင့် အာဏာအလွဲသုံးစား လုပ်မှုများကို ဖုန်းကွယ်နိုင်ရန်အတွက် သတင်းအမှောင် ချထားကြသည်။
ဒေနိန့်ထက်ထိ ဗမာကိုလိုနီ အုပ်စိုးစဉ်ကာလ သမိုင်းတလျှောက်လုံးတွင် ရခိုင်ပြည်သူများအတွက် ဆန္ဒကို ဖေါ်ပြနိုင်ရန် ဟစ်တိုင်မှ သော်လည်းကောင်း၊ လွတ်လပ်သည့် သတင်းမီဒီယာများမှ သော်လည်းကောင်း အခွင့်အရေးမရေသိပေ။ အင်္ဂလိပ်နယ်ချဲ့ရို့အုပ်စိုးစဉ်ကာလက ရခိုင်ပြည်သူများ၏ သဘောဆန္ဒကို ဖေါ်ပြနိုင်ရန်အတွက် 1854-ခုနှစ်တွင် ရခိုင်ရို့၏ ပထမဆုံးသတင်းစာကို ထုတ်ဝီခွင့်ရဟိခဲ့ပါသည်။ တော်လှန်ရေးနယ်မြီ၌ နရိဉ္စရာသည် မြန်မာစစ်အုပ်စု၏ ရခိုင်ပြည်၌  လူ့အခွင့်အရေး ချိုးဖေါက်မှုများကို Internet Website မှ တဆင့် ကမ္ဘာသို့တင်ပြလျှက် ရခိုင်ရို့သည် မီဒီယာလောကကို 2001-နှစ်၌ စတင်အခြီချနိုင်ခဲ့ပါသည်။ တော်လှန်ရေးနိန်မြီ၌ ထုတ်ဝီသော စာစောင်တချို့ဟိနိန်ပြီး လွတ်လွတ်လပ်လပ် ထုတ်ဝီလိုသော်လည်း တော်လှန်ရေးပတ်ဝန်းကျင်မှ အမြင်တမျိုးမြင်လားမည်ကို စိုးရွံ့၍ ပါတီဘောင်တွင်း လမ်းညွှန်ချက်အတိုင်းသာ ထုတ်ဝီနိန်ကြရပါသည်၊
ရခိုင့်လွတ်လပ်ရေး စာစောင်သည် ကျွန်တော်၏ ဇွဲဟိဟိ ကြိုးစားမှုဖြင့် တော်လှန်ရေးနယ်မြီ၌ ပထမဆုံးထုတ်ဝီသည့် စာစောင်တခုဖြစ်ပါသည်။ ရခိုင်ပြည်၏ အတိတ်နှင့် လက်ဟိဖြစ်ပျက်နိန်မှုများကို ဖေါ်ပြနိုင်ရန်အတွက် ရခိုင်ဘာသာဖြင့် ထုတ်ဝီလိုက်ရခြင်း ဖြစ်ပါသည်။ ရခိုင်ရို့၏ သဘောဆန္ဒများကို ဤစာစောင်မှတဆင့် တင်ပြလားမည်ဖြစ်ပါသည်။ ဤစာစောင်အား အကြံပြုမှုနှင့် စောဒကတက် ထောက်ပြဝေဖန်မှုများကို လှိုက်လှိုက်လှဲလဲ ကြိုဆိုလျှက်ဟိပါသည်။ ရခိုင်ပြည်သူများအပေါ်တွင်၎င်း၊ မြန်မာစစ်အာဏာပိုင်များအပေါ်တွင်၎င်း ဝေဖန်မှုများကို ပီးပို့နိုင်ပြီး ယင်းဝေဖန်မှုများကိုလည်း သင့်လျှော်လျှင် ဤစာစောင်မှတဆင့် ဖေါ်ပြပီးမည်ဖြစ်ပါသည်။
ခိုင်မင်းညို
အေဒီတာ
ရခိုင့်လွတ်လပ်ရေးစာစောင်
(အတွဲ-1၊ အမှတ်-1)

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP