7.7.11

ပြည်သစ်တည်စို့ ငါရို့ရခိုင်[၂]

                           ခိုင်မင်းညို
                                 ဗိုလ်ရာဇာသည် ဖေသာ၊ လက်နက်ခဲယမ်းများကိုဖြည့်ဆည်းလျှက် ရခိုင်ပညာတတ်များကိုလည်း တော်လှန်ရေးထဲသို့ ရောက်လာအောင်ကြိုးစားခဲ့သည်။ ခေတ်မှီပညာတတ်တချို့ကို ရခိုင်တော်လှန်ရေးထဲသို့ ရောက်အောင် ဆွဲသွင်းနိုင်ခဲ့သော်လည်း ခိုင်မာသော အတွေးအခေါ်တရပ်ကို မချပြနိုင်ခဲ့မှုကြောင့် လိုသလောက် ခရီးမရောက်ခဲ့ဟုဆိုရပေမည်။ ပိုဆိုးသည်မှာ ဗိုလ်ရာဇာ၏ လက်တွဲဖေါ်တချို့ရို့သည် ဖေသာမက်သော၊ ဖေါက်ပြန်သော၊ အထက်ဖိအောက်ဖားများဖြစ်နိန်သည်သာမက ၎င်းရို့က အဓိကနိန်ရာများကို ယူထားခဲ့ကြမှုကြောင့် ဗိုလ်ရာဇာထင်သလောက် ခရီးမရောက်ခဲ့။ အကွဲအပြဲများနှင့်သာ ရင်ဆိုင်လာခဲ့ရသည်။ ဗိုလ်ရာဇာအနိန်ဖြင့် မျက်နှာပျက်ခဲ့ရသည်။ သို့သော် ဗိုလ်ရာဇာသည် ဖေသာမက်သူ၊ စဉ်းစိမ်ယစ်မူးသူတယောက်မဟုတ်ကြောင်းကို၊ ဗိုလ်ရာဇာ၏ဇာတ်သိမ်းခန်းက သက်သီပြနိုင်ခဲ့ပါသည်။ ဗိုလ်ရာဇာ၏ အဓိကအားနည်းချက်မှာ လူအကဲခပ်ညံ့ခြင်းနှင့် တဖက်သားစကားကို ယုံလွယ်ခြင်းပင်ဖြစ်ပါသည်။ ယင်းအားနည်းချက်ဟိသော်လည်း ခေတ်ပညာတတ်များကို အားကိုးယုံကြည်သည်။ ဤကဲ့သို့အားကိုးကြောင်းကိုလည်း ရခိုင်မျိုးဆက်သစ်များဖြင့် တည်ဆောက်ထားသော ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များဆိုင်ရာအစည်းအရုံး(AASYC)ကို (NUPA) ထဲသို့ သွင်းကာနိန်ရာပီးခြင်းပင်ဖြစ်သည်။ ဤသည်ကို သူ၏ဖေါက်ပြန်သော လုပ်ဖေါ်ကိုင်တချို့က မလိုလားကြရုံသာမက (AASYC) ကို လက်တွဲခေါ်ဖို့အစား ဖြိုခွဲဖို့အထိ လုပ်ကြံကြိုးစားခဲ့ကြသည်။
                                            ဗိုလ်ရာဇာသည် မျိုးချစ်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်းကို သူ၏နောက်ဆုံး တော်လှန်ရေးခရီးက သက်သီပြခဲ့သည်။ ဗိုလ်ရာဇာAdman ကျွန်းသို့ ခရီးမဆက်မှီ ဗိုလ်ရာဇာကိုယ်တိုင်မလိုက်ပါဖို့ လက်အောက်ငယ်သားများနှင့် ခေါင်းဆောင်တချို့ရို့ကတားမြစ်ကြသည်။ သို့သော် ဗိုလ်ရာဇာက လက်မခံ မအောင်မြင်လျှင် မိတ်ပျက်မည်ကိုစိုးရိမ်၍ အိန္ဒိယထောက်လှမ်းရေးတဦး၏ ထောင်ချောက်ထဲသို့ သက်ဆင်းကာ မျိုးချစ်သူတယောက်ဖြစ်ကြောင်းကို သက်သီပြလျှက် ဇာတ်သိမ်းခဲ့ပါသည်။ ရခိုင်တော်လှန်ရေးကိုလည်း အတိုင်းအတာတခုထိ စည်းရုံးပြနိုင်ခဲ့ပါသည်။ သို့သော် ကံကြမ္မာကိုသာ အပြစ်ဖို့ရမည်လား၊ ဗိုလ်ရာဇာကိုပင် အပြစ်တင်ရဖို့လား ဝေခွဲ၍မရဖြစ်နိန်သည်မှာ မျိုးချစ်ရဲဘော် အကျွန်၏ ဝေခွဲမရသော အိပ်မက်ကုဋေကုဋာ။ မည်သို့ပင်ဆိုစေကာမူ ခိုင်ရာဇာ၏မှန်ကန်သော၊ လက်တွိကျသော အတွေးအခေါ်လုပ်ရပ်များကို မျိုးဆက်သစ်ရဲဘော်များက လက်ဆင့်ကမ်းသယ်ယူလားကာ မှားယွမ်းသော အတွေးအခေါ်များကိုလည်း စွန့်လွှတ်ရုံသာမက မြီမြှုပ်မီးယှိုးသဂြိုဟ်ပစ်ရမည်။ မည်သို့ပင်ဆိုစေကာမူ ခိုင်ရာဇာ၏ မြင့်မြတ်သောတော်လှန်ရေးသမိုင်းကို ကျန်ရစ်သူများက မှတ်တမ်းတင် ရီးသားကြရမည်။
                                 ဗိုလ်ရာဇာကွယ်ပျောက်လားပြီးနောက်ပိုင်းတွင် အဖွဲ့အစည်းအတွင်း အချင်းချင်း အားပြိုင်မှုနှင့်အတူ ရဲဘော်များလည်း ရခိုင့်တော်လှန်ရေးအပေါ် ယုံကြည်မှု လျော့နည်းလာခဲ့ကြသည်။ တော်လှန်ရေးရေရှည်ကို မကြည့်ဘဲ တချက်ချေဖြီချင်းဖို့ကို ကြိုး.စားလျှက်(NUPA)သည် လမ်းချော်လာခဲ့သည်။ ဤစပ်ကြားတွင် ဗိုလ်ရာဇာ၏ လုပ်ဖေါ်ကိုင်ဖက်တချို့က မစားရသောအမဲကို သဲနှင့်ပစ်ဖို့သာကြိုးစားခဲ့မှုကြောင့် (NUPA)တွင် ထပ်မှန်လက်နက်သိမ်း ခွဲထွက်မှုဖြစ်ပွါးခဲ့ရသည်။ ၎င်းခွဲထွက်ခဲ့သောအုပ်စုမှ တယောက်နှစ်ယောက်သာ ကျန်ရစ်ခဲ့ပြီး အများစုမှာ ရန်သူထံလက်နက်ချအညံ့ခံလျှက် ဗိုလ်ရာဇာထူထောင်ခဲ့သော ရခိုင်ပြည်တပ်မတော်မှာလည်း ဘ၀ဇာတ်သိမ်း ချုပ်ငြိမ်းတော့မည့် အနိန်အထားသို့ ဆိုက်ရောက်လာခဲ့ရသည်။ ဤသည်ကို တချို့တော်လှန်ရေးအဖွဲ့အစည်းများက လက်ကတီးခတ်ကာ ၀မ်းသာနိန်ခဲ့ကြသည်။ တဘက်သားနစ်နာသည်ကို တော်လှန်ရေးသမားချင်း ၀မ်းသာအားရဖြစ်သည်မှာ မှန်ကန်သော အတွေးအခေါ်တရပ်လားဆိုသည်ကို ယင်းခေါင်းဆောင်များ သဘောပေါက်သင့်သည်။
                                 ယင်းထပ်မှန်လက်နက်သိမ်းခွဲထွက်မှု ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်းတွင် ရခိုင်လက်နက်ကိုင်တော်လှန်ရေးကို ပြန်လည်သုံးသပ်ဖို့၊ လိုအပ်လာပြီဖြစ်ကြောင်းကို မိမိသဘောပေါက်လာခဲ့ပါသည်။ မိမိသည်လက်နက်ကိုင်တော်လှန်ရေးကို ယုံကြည်သည်။ အားကိုးသည်၊ စိုက်စိုက်မတ်မတ်လျှောက်လာခဲ့သည်။ လျှောက်လှမ်းလာသည်နှင့်အမျှ တော်လှန်ရေးအတွက် လိုအပ်ချက်များကို တွိလာခဲ့ရသည်။ ဤသည်မှာ တော်လှန်အတွေးအခေါ်မပြည့်ဝမှု၊ မိသားစုစိတ်ဓါတ်၊ ရဲဘော်ရဲဘက်စိတ်ဓါတ် ကင်းဝီးနိန်ကြမှုများပင်ဖြစ်ပါသည်။ လက်နက်ကိုင်တော်လှန်ရေးတရပ် ခိုင်မာဖို့ တော်လှန်ရေးအတွေးအခေါ်တရပ်ကို ခိုင်မာအောင်တည်ဆောက်ရမည်ကို၊ ခေတ်နှင့်လျှော်ညီအောင် တည်ဆောက်ရမည်ကို မိမိ၏အတွိအကြုံ၊ တော်လှန်ရေးသမိုင်းက သက်သီပြခဲ့ပါပြီ။ ခိုင်မာသော လက်နက်ကိုင်တော်လှန်ရေးတရပ်ကို တည်ဆောက်နိုင်ရန်အတွက် စာပီသည် အခရာကျသည်ကို မိမိသဘောမပေါက်ဘဲ မနိန်နိုင်အောင် ဖြစ်ရပ်များက တခုပြီးတခု  သက်သီပြလာခဲ့ပြီ။ ဤအတွေးရောက်လာအောင် ဤစာပီလောကထဲသို့ရောက်လာအောင် စေ့ဆော်လှုပ်ယှားပြခဲ့သူမှာ အကျွန်၏လုပ်ဖေါ်ကိုင်ဖက် ခိုင်ကောင်းစံဖြစ်သည်ကို မိမိအနိန်ဖြင့် ရဲရဲကြီးဝန်ခံရမည်။
                                 ၁၉၉၈-ခု ( UNPA )သည် အသင့်အတင့် ခိုင်မာစွာ ရပ်တည်နိန်နိုင်ခဲ့သည့်အခါက စာပီတော်လှန်ရေးသမား ခိုင်ကောင်းစံကို စော်ကား မော်ကားပြောခဲ့သော စကားတခွမ်းက မိမိကို မကြာခဏ ခြောက်လှန့်နိန်သည်ကို မိမိဝန်ခံရမည်။ ယင်းစကားမှာ ရခိုင်ဝံသာနု စာပီအသင်း၏ ပထမ မဂ္ဂဇိန်း မထုတ်ဝီမီက အကူအညီလာတောင်းသည်ကို အကိုခိုင်ကောင်းစံအတွက် ပီးရန် ဒေလက်သီးသာဟိသည်၊ လက်နက်ကိုင်တော်လှန်ရေးသမားကို စာပီတော်လှန်ရေးသမားကသာ အအကူအညီ ပီးရမည်။ ဟု နောက်ပြောင်ပြောင် ပြောလိုက်ခြင်းစကား၊ တဖက်မှာလည်း ခိုင်ကောင်းစံကို အမြင်မယှင်းခြင်း၊ စာပီနှင့် မယဉ်ပါးခြင်း၊ လက်နက်ကိုင် လမ်းကြောင်းမှ သွယ်ဖယ်ကာ လက်နက်ထက် ပေါ့ပါးသော ကလောင်ကိုင်သည်ကို မိမိမနှစ်မြို့၊ ယှုပ်ချချင်၍ ပြောလိုက်သော စကားဖြစ်ပါသည်။
                                 သို့သော် ခေတ်ရီစီးကြောင်း ပြောင်းလဲလာမှု၊ ရခိုင့်တော်လှန်ရေး နောက်ပြန်ဆုတ်မှုများကို သုံးသပ်မိလာသည်နှင့်အမျှ ခိုင်မာသောပြည်သူ့တော်လှန်ရေး၊ ခေတ်မှီတော်လှန်ရေးတရပ် တည်ဆောက်ရာတွင် ကလောင်                                        လက်နက်သည်လည်း အခရာကျသည်ကို ရခိုင့်တော်လှန်ရေးသာမက မြန်မာရို့၏ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရန်တော်လှန်ရေးအစ၊ ကမ္ဘာ့သမိုင်းတွင်ဖြစ်ပေါ်ခဲ့ကြသော တော်လှန်ရေးတိုင်း၌ စာပီလက်နက်ဖြင့် အတွေးအခေါ်ကို ခိုင်မာအောင်တည်ဆောက်ပြီးမှ လက်နက်ကိုင်တော်လှန်ရေးကို တော်လှန်ရေးအတွေးအခေါ်ခိုင်မာပြီး၊ ခေတ်မှီတိုးတက်သစ်လွင်သော အတွေးအခေါ်ဟိသူ ခေတ်ရီစီးကြောင်းနောက်ကို လိုက်နိုင်သည့်မျိုးချစ်များက စနစ်တကျနှင့်စမှသာ အောင်မြင်သည်ကို တော်လှန်ရေးသမိုင်းတိုင်းက သက်သီပြခဲ့ပါပြီ။ ပြည်သူ့တော်လှန်ရေးဖြစ်မှသာ တော်လှန်ရေးအောင်မြင်မှုရဟိသည်ကို တော်လှန်ရေးသမားများက မျက်ကွယ်မပြုသင့်ပါ။
                                 ပြည်သူ့တော်လှန်ရေးတရပ်ကို ဖန်တီးတည်ဆောက်နိုင်ရန်အတွက် ပြည်သူများ၏ အားနည်းးချက်၊ အားသာချက်နှင့် ပြည်သူများ၏ လိုလားချက်ကိုသဘောပေါက်ကာ မှန်ကန်သော လမ်းကြောင်းပေါ်သို့  ပြည်သူကို ဆွဲခေါ်ရမည်။ ပြည်သူများ၏ အားသာချက်မှာ တော်လှန်လိုစိတ်ဟိနိန်ခြင်းပင်။ အားနည်းချက်မှာကား ပြဿနာ၏အတိမ်အနက်ကို မသုံးသပ်ဘဲ၊ ဓါးဆွဲဒုတ်ဆွဲ ကိုင်တွယ်ဖြီချင်းတတ်ကြသော အလေ့အထပင်။ တချို့ရို့ဆိုလျှင် ဆေးလိပ်တလိပ်၊ ဖေသာ ငါးကျပ်ပြဿနာကြောင့်၊ ဓါးဖြင့်ခွပ်သတ်ခြင်း၊ စူးဖြင့်ထိုးသတ်ခြင်းများပင် ပြုလုပ်တတ်ကြသည်။ ဤကဲ့သို့ဖြီယှင်းသောနည်းမှာ ရှီးကျောက်ခေတ်ကဖြီယှင်းသောနည်း၊ မမှန်ကန်သောနည်းဆိုသည်ကို ရခိုင်ပြည်သူများအနိန်ဖြင့် သဘောပေါက်သင့်ပါပြီ။ ထိုပုံစံမျိုးဖြီချင်းသောနည်းများကို တချို့သော ရခိုင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွင်ပင် ကျင့်သုံးခဲ့ကြသည်ကို တွိဟိခဲ့ရပါသည်။ တချို့တော်လှန်ရေးသမားများကဆိုလျှင် ရခိုင်ပြည်လွတ်လပ်ရေးရဖို့အတွက် ရခိုင်ပြည်သူ ထက်ဝက်ခန့်ကို သတ်ပစ်ရမည်ဟု မှားယွင်းစွာ တွေးခေါ်ပြောဆိုနိန်ကြသည်ကိုလည်း မိမိနားဖြင့် မယုံကြည်နိုင်လောက်အောင် ကြားခဲ့ရသည်။ လက်နက်အားကိုးဖြင့် ပြည်သူ့သဘောထားကို ပြောင်းလဲ၍မရဆိုသည်ကို ယင်းတော်လှန်ရေးသမားခေါင်းဆောင်များ သဘောပေါက်သင့်ပါပြီ၊ ပြည်သူ၏မှားယွမ်းသော အတွေးအခေါ်ကို တော်လှန်ရေးကို ဦးဆောင်နိန်ကြသော ခေတ်မှီပြီး သဘောထားဖြူစင်သည့် တော်လှန်ရေးသမားများ၏ အတွေးအခေါ်က ဖြီချင်းနိုင်ရမည်။ ထိုသို့ အတွေးအခေါ်မျိုးမ၀င်လျှင်ကား တော်လှန်ရေး လုံးပါးပါး ပျောက်ကွယ်ရုံသာဟိပါတော့မည်။ နောက်မှားယွမ်းသော အတွေးအခေါ်တရပ်မှာ ရွာ၌ဖြစ်ပွါးခဲ့သော ပြဿနာချေတခုအတွက် ဓါးဆွဲ ဒုတ်ဆွဲ ဖြီယှင်းနိန်ကြခြင်းပါ။ ဤသည်မှာ ကျောက်ခေက်ကအတွေးအခေါ်တရပ်ဆိုသည်ကို သဘောပေါက်သင့်ပါပြီ။ ဤသည်ကိုပင်လျှင် ပြတ်သားသည်၊ သတ္တိဟိသည်ဟု ရခိုင်ပြည်သူတို့တချို့လက်ခံနိန်ကြတုန်း။ နောက်ပိုဆိုးသော အတွေးအခေါ်တရပ်မှာ ရမ်းဗြဲသား၊ ဇကူးသာား၊ မန်အောင်သား၊ စစ်တွေသားစသည်ဖြင့် မှားယွမ်းစွာ ခွဲခြားနိန်ကြသည်သာမက ရီခြား မြီခြား၌ ဒေသခွဲ အုပ်စုဖွဲ့သတ်ဖြတ် လက်စားချေမှုများ ဟိနိန်ခဲ့ခြင်းမှာလည်း ခေတ်အဆက်ဆက် ဗမာနယ်ချဲ့ဝါဒီရို့၏ သပ်ချိုဖြိုခွဲမှုကြောင့် ဆိုသည်ကို ရခိုင်ပြည်သူများ သဘောပေါက်သင့်ပါပြီ။ ဤကဲ့သို့ စရိုက်ဆိုးများ ဟိနိန်သမျှကာလပတ်လုံး ရခိုင်လူမှုအဖွဲ့အစည်းသည် တိုးတက်မှုမဟိဘဲ ဆုတ်ယုတ်လာမည်မှာ သဘာဝနိယာမတရားပင်။ သို့သော် ရခိုင်သားရို့၏ မြတ်နိုးဖွယ်ရာ လုပ်ရပ်တခုမှာ သာရေးနာရေး ကိစ္စများ ပေါ်ပေါက်လာလျှင် နယ်မြီ ဒေသမခွဲ ကူညီ ၀ိုင်းဝန်းလုပ်ဆောင်ကြခြင်းပင်။ ဤကဲ့သို့သော အစဉ်အလာများကို တခြားလူမျိုးများက မချီးကျူး၍ မနိန်နိုင်လောက်အောင်ပင်။ ဤကဲ့သို့ ကောင်းမြတ်သော အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းလျှက် မကောင်းသော အစဉ်အလာရိုင်းများကို မြီမြှုပ် သင်္ဂြိုဟ်ပစ်ရမည်။
                        နောက်ထပ် မှားယွမ်းသော အတွေးအခေါ်တရပ်မှာကား ပြည်ပရောက် တချို့ရခိုင်ရို့ မူးယစ်ဆီးဝါးများကို သုံးစွဲ ယစ်မူးနိန်ကြခြင်းနှင့် ဒုစရိုက်လုပ်ငန်းများတွင် ပါဝင်ပတ်သက်လာကြခြင်းပင်။ ရခိုင်သားတချို့ရို့ မူးယစ်ဆီဝါး သုံးစွဲယစ်မူးနိန်ကြသည်ကို တချို့တော်လှန်ရေးသမားများက မသိလိုက် မသိဖာသာနိန်ကြသည်သာမက ဒုစရိုက်သမားရို့၏ ခြိမ်းခြောက်မှုများကိုလည်း တချို့သော တော်လှန်ရေးသမားခေါင်းဆောင်များက ခေါင်းငုံ့၍ ခံနိန်ကြသည်ကို မနှစ်မြို့ဖွယ်  တွိမြင်နိန်ရပါသည်။ ယင်းဒုစရိုက်လုပ်ငန်းများ၌ ပါဝင်လုပ်ဆောင်နိန်ကြသူများထဲတွင် သာမန်ပြည်သူများသာမက တော်လှန်ရေးထွက် ရဲဘော်ဟောင်းများကပါ ထိပ်တန်းမှ ဦးဆောင် ဦးရွက် ပါဝင်နိန်ကြခြင်းမှာ တော်လှန်ရေးသမားများအတွက် ရင်လီးစရာ အဖြစ်ဆိုးတခု။ ပိုဆိုးသည်မှာတော်လှန်ရေးထွက် ရဲဘော်ဟောင်းများက တော်လှန်ရေး၌ မကြေနပ်၊ အစာမကြီ ဖြစ်ခဲ့မှုများကို တော်လှန်ရေးထဲမှာကတည်းက ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း မဖြီယှင်းခဲ့ကြဘဲ တော်လှန်ရေး လောကအပြင်ပ ဒုစရိုက်လောထဲသို့ ရောက်ပြီးမှ စိန်ခေါ်နိန်ကြခြင်းပင်။
                     ပြည်ပရောက် တချို့ပြည်သူများ ဒုစရိုက် လောကထဲသို့ ရောက်နိန်ကြသည် သာမက တော်လှန်ရေးထွက် ရဲဘော်ဟောင်းများ ပါဝင်ပါတ်သက်နိန်မှုများကိုပါ ပြည်ချစ် မျိုးချစ်များအနိန်ဖြင့် လက်ပိုက် ကြည့်မနိန်သင့်။ ယင်းအတွေးအခေါ်များ ပြောင်းလဲလာစီရန်အတွက် စာတကြောင်း ပီတကြောင်းဖြင့် ဆုံးမရုံ သက်သက်မဟုတ်ဘဲ ရခိုင်ပြည်မှ အ၀ီးရောက်ပြည်သူများနှင့် တော်လှန်ရေးထွက် ရဲဘော်ဟောင်းများ နိန်ရာချထားရေးအတွက်ကိုပါ ထည့်သွင်းစဉ်းစားကြရမည်။ ပြည်သူများနှင့် တော်လှန်ရေးထွက် ရဲဘော်ဟောင်းများ အနိန်ဖြင့်လည်း တော်လှန်ရေး မကြီးထွားဖြစ်နိန်ရမှုအတွက် တော်လှန်ရေးသမား ခေါင်းဆောင်များကို အပြစ်တင်ရုံသက်သက် မဟုတ်ဘဲ မိမိကိုလည်း မူးယစ်ဆီးဝါး သုံးစွဲမှုနှင့် ကင်းကွာအောင် ဒုစရိုက် လောကနှင့် ကင်းကွာအောင် နိန်ထိုင်လျှက် မိမိဘ၀မြင့်မြတ်အောင် ရခိုင်သားများ အချင်းချင်းလက်ဆက်ကာ ၀ိုင်းဝန်းတည်ဆောက်ကြရမည်။
                      ဤကဲ့သို့ တွေးခေါ် ရီးသားရခြင်းမှာလည်း တော်လှန်ရေးသည် ပြည်သူကို အခြီပြုသောကြောင့် ပြည်သူ၏ အတွေးအခေါ် အပြုအမူ တိုးတက်သစ်လွင်မှ တော်လှန်ရေးလည်း တိုးတက်သစ်လွင်မည်ကို ရခိုင်တော်လှန်ရေးခေါင်းဆောင်များ သတိမူမိဖို့၊ ရခိုင်ပြည်သူများ သတိပြုမိဖို့အတွက်ကို အကျွန့် ဦးနှောက်မှီသလောက် လက်ထောက်ပြ ချပြရခြင်းပင်ဖြစ်ပါသည်။ လက်ထောက်ချပြဖို့လည်း လိုအပ်သည်။ ခေါင်းဆောင်များ အနိန်ဖြင့်လည်း ပြည်သူကို ဦးဆောင်လမ်းပြနိုင်စီရန် အရည်အခြင်း ပြည့်မှီသော အမှန်ကိုမြင်လျှင် တော်လှန်ရေးလမ်းကြောင်းကို အမှန်ဘက်သို့ဦးတည် လျှောက်လှမ်းလိုသော သဘောတရား ပြည့်ဝသော ခေါင်းဆောင်များဖြစ်ဖို့လည်း လိုအပ်ပါသည်။ တော်လှန်ရေးလမ်းကြောင်းကိုလည်း လမ်းရိုးဟောင်း အကျဉ်းချေအတိုင်းသာမက ယင်းလမ်းဟောင်းအကျဉ်းချေသည် ဆက်လက်မှန်ကန်နိန်သည်ဆိုပါက လမ်းဟောင်းကို ချဲ့ထွင်ခြင်းနှင့် ဆူး၊ငြှောင့်၊ ခလုပ်၊ ချြုံနွယ်များကို ရှင်းလင်းခြင်းအပြင် သစ်လွင်သော အတွေးအခေါ်များဖြင့် တော်လှန်ရေးအတွက် လိုအပ်သော လမ်းသစ်များကိုလည်း လိုအပ်သလို ဖေါက်လုပ်ဖို့ လိုအပ်နိန်ပြီ ဖြစ်ပါကြောင်း။ (မှတ်ချက်- 2002-ခုနှစ်က ဆောင်းပါးအဟောင်း)

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP