7.7.11

စာတည်းစကား

               တန်းဆောင်မုန်းလပြည့်နိန့်သည် ဗုဒ္ဓဘာသာရခိုင်လူမျိုးရို့အတွက် အလွန်တရာမှ တန်ဖိုးဟိသော နိန့်ထူးနိန့်မြတ် တရက်ဖြစ်သည်။ ဗုဒ္ဓဘာသာယဉ်ကျေးမှုအစဉ်အလာအရ သီတင်းကျွတ်လပြည့်ကျော်တရက်နိန့်မှ တန်းဆောင်မုန်းလပြည့်နိန့်ထိ ကထိမ်သင်္ကန်းကပ်လှူခြင်း၊ ဝင်္ကဘာပတ်ပွဲများပြုလုပ်ခြင်း၊ သက်ကြီးပူဇော်ပွဲများကို ရခိုင်ပြည်အနှံ့ ကျင်းပပြုလုပ်ပြီး တန်းဆောင်မုန်းလပြည့်နိန့်တွင်မူ  ကထိမ်သင်္ကန်းကပ်လှူခြင်းသာမက မသိုးသင်္ကန်းရက်ပြိုင်ပွဲ၊ တန်းဆောင်မုန်းမီးထွန်းပွဲနှင့် ဆီးမီးဖောင်မျှိုးပွဲများကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ဟိကြပါသည်။
                တိုင်းပြည်နှင့်အနိန်ဝီး ပြည်ပရောက်ရခိုင်သားများကလည်း ကထိမ်ပွဲ၊ တန်းဆောင်မုန်းမီးထွန်းပွဲတော်များကို မိမိရို့ရောက်ဟိရာတိုင်းပြည်များ၌ အခွင့်အခါကြုံတိုင်း ကျင်းပပြုလုပ်လေ့ဟိကြသည်။ ယင်းပွဲတော်များကို  မကျင်းပနိုင်သော ရခိုင်သားများက အနည်းဆုံး ကိုယ့်တိုင်းကိုယ့်ပြည်ကို သတိရလျှက် ဘုရားတွင် ဆွမ်းပန်းသပ်ပါယ် ပူဇော်မှုများကို ပြုလုပ်တတ်ကြပြီး ဘုရားတွင် ရည်မှန်းဆုတောင်းတတ်ကြပါသည်။
                 ထိုင်းနိုင်ငံတွင် ဆီမီးဖောင်မျှိုးပွဲတော်ကို လွိုင်ကထုန်ပွဲတော်ဟုခေါ်ပြီး ရခိုင်သားရို့နည်းတူ တနိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြသည်။လွိုင်ကထုန်(ဆီမီးဖောင်မျှိုး)ခြင်းရည်ရွယ်ချက်မှာ အပြစ်အကုသိုလ်ရို့ကို ၄င်းဆီမီးဖောင်တွင်ထည့်၍ မျှိုးလိုက်ခြင်းဖြစ်ပါသည်။ ထိုသို့လွိုင်ကထုန်မျှိုးခြင်းအားဖြင့် ဟိဟိသမျှသောအပြစ်ရို့မှ လွတ်ကင်းနိုင်သည်ဟုယုံကြည်ကြသည်။ ထိုင်းနိုင်ငံရောက်ရခိုင်သားများက ထိုင်းရို့၏ရိုးရာ အစဉ်အလာပွဲတော် လွိုင်ကထုန်ကိုသာမက မိမိရို့အစဉ်အလာအတိုင်း ကထိမ်ပွဲများ၊ မီးထွန်းပွဲများကိုလည်း ရခိုင့်လူမှုရေးအသင်းများက ဦးဆောင်၍ အခွင့်အရေးရသလို ပြုလုပ်တတ်ကြသည်။
                 ထိုင်းနိုင်ငံရောက် ရခိုင်သားများအနက် ဘန်ကောက်မြို့ရောက် ရခိုင်သားများသည် ၂၀၀၂-ခု ဘန်ကောက်မြို့ထခမ့်နယ်မြီ၌ ဘုံကထိမ်ပွဲနှင့် ဆီးမီးထွန်းပွဲများကို ရခိုင်လူမှုကူညီစောင့်ရှောက်ရေးအသင်း ASWA မှ ဦးဆောင်ဦးရွက်လုပ် ကျင်းပနိုင်ခဲ့သည်။ ယင်းအခမ်းအနားသို့ ရခိုင်သားများသာမက မြန်မာနိုင်ငံမှ အခြားလူမျိုး ဗုဒ္ဓဘာသာဝင်များပါ တတ်ရောက်၍ ရဟန်းတော် ၁၃ပါး (ရခိုင် ၁၀ပါး ကရင်တပါး မွန်တပါး ထိုင်းတပါး)ရို့က တရားရီးအေးတိုက်ကျွေးခဲ့ပါသည်။ သို့ရာတွင် ထိုင်းနိုင်ငံအချို့ဒေသများ၌ ဘန်ကောက်မြို့၌နည်းတူ ကျင်းပပြုလုပ်လိုကြသော်လည်း ဒေသဆိုင်ရာအာဏာပိုင်များ၏ တားမြိုက်မှုကြောင့် မပြုလုပ်နိုင်ခဲ့ပေ။ အာဏာပိုင်များ၏ အကြောင်းပြချက်မှာ ဘာသာရေးပွဲကိုကြောင်းပြပြီး နိုင်ငံရေးတရားဟော၊ အစည်းအဝေးပွဲပြုလုပ်ကြ၍ ခွင့်ပြုမပီးနိုင်ကြောင်း၊ ပြုလုပ်လိုလျှင်မြန်မာသံရုံးသို့ အလုပ်သမားများက တိုက်ရိုက်အကြောင်းကြားရမည်ဖြစ်ပြီး သံရုံး၏ခွင့်ပြုချက်ရမှသာ ခွင့်ပြုပီးနိုင်မည်ဟူ၍ပင်ဖြစ်သည်။ မိမိရို့ရိုးရာအစဉ်အလာအတိုင်း စုပေါင်းဘုံကထိမ်ပွဲကို ပြုလုပ်လိုကြသော်လည်း ဒေသဆိုင်ရာထိုင်းအာဏာပိုင်များ၏ ခွင့်ပြုချက်မရကြသောကြောင့် ထိုင်းရိုးရာအစဉ်အလာ လွိုင်ကထုန်ပွဲဖြင့်သာ ဗုဒ္ဓဘာသာရခိုင်များက ကြေနပ်နှစ်သိမ့်ခဲ့ကြရသည်။
(အတွဲ-1၊ အမှတ်-5)

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP