7.7.11

စာတည်းစကား

“သီခြင်းတရားသည် လောကလူသားများအတွက် နောက်ဆုံးအခွင့်အရေးဖြစ်သည်။ ထို့ကြောင့်လူရို့သည် မသိခင်စပ်ကြား၌ ကောင်းမွန်သောလုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြရမည်”။ ကျူးကျော်သူနယ်ချဲ့များကို တိုက်ထုတ်ရန် ဖိလစ်ပိုင်ပြည်သူများကို "ပျောက်ဆုံးနိန်သော နိဗ္ဗာန်ဘုံ”စာအုပ်ဖြင့် နိုးထစီခဲ့သူ ဒေါက်တာ ဟိုဆေးရီဇော်က မိန့်မှာခဲ့ဖူးသည်။ သူ၏စာအုပ်ကြောင့် မြောက်များစွာသော ဖိလစ်ပိုင်ပြည်သူများ နိုးထခဲ့ပြီး သူရို့၏လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည်။ ဒေါက်တာ ဟိုဆေးရီဇော်သည် ဖိလစ်ပိုင်ပြည်သူတရပ်လုံး၏ လွတ်လပ်ရေးအတွက် သူ၏အသက်ကို စတေးခဲ့သောကြောင့် သူပင်သီလားသော်လည်း သူ၏စိတ်ဓာတ်သည် ဖိလစ်ပိုင်ပြည်သူများရင်ထဲ၌ ကိမ်းဝပ်နိန်ဆဲ၊ သူ၏ကိုယ်ခန္ဓာသည် ကျောက်ရုပ်အဖြစ် ရပ်တည်နိန်နိုင်ဆဲပင်။ ဒေါက်တာရီဇော်သည် မိုးသောက်ကြယ်အဖြစ် ထာဝရ ထွန်းတောက်နိန်မည်သာဖြစ်သည်။
                   ၁၉၈၆ ခု တနိန့်သောမိုးရာသီ မင်္ဂလာမိုးထခင်း၌ အကျွန်၏သူငယ်ချင်းတယောက်က ရခိုင်ပြောက်ကျားများသည် မင်းပြားမြို့ကိုသိမ်းပိုက်ကာ အစိုးရဘဏ်ကို ဖြိုခွင်းလျှက် ဖေ့သာကျပ်သန်း(၈၀)ကို တော်လှန်ရေးအတွက် အသုံးချရန် ယူဆောင်လားကြသည်ဟု ဝမ်းပန်းတသာ အကျွန့်အားပြောပြသည်။ ၄င်းနိန့်၌မင်းပြားမြို့ဟိ လမ်းများတွင် လူများကြက်ပျံမကျ စည်ကားလျှက် ရခိုင်တော်လှန်ရေးသမားရို့၏ အောင်ပွဲအတွက် အော်ဟစ်ကြွေးကြော်နိန်ကြသည်။ မြို့နိန်ပြည်သူများနည်းတူ ရခိုင်တော်လှန်ရေး ပြောက်ကျားများကလည်း သီနတ်ကို မိုးပေါ်ထောင်ပစ်ကာ သူရို့၏အောင်ပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြသည်။ ကျောင်းသူကျောင်းသားများနှင့် ဆရာဆရာမများက ရခိုင်ပြောက်ကျားများကို နှုတ်ဆက်ရန် အခင်းဖြစ်ပွားရာနိန်ရာသို့ ရောက်ဟိလာခဲ့ကြပြီး သူရို့ကိုတော်လှန်ရေး၌ လက်ခံရန် ရခိုင်ပြောက်များအား တောင်းဆိုခဲ့ကြသည်။ အဖိနှိပ်ခံ ကိုလိုနီလက်အောက် ရောက်ဟိနိန်သော ပြည်သူများအနိန်ဖြင့် ၄င်းရို့လွတ်မြောက်ရန်အတွက် တိုက်ပွဲဝင်ကြရမည်ဟူ၍ အသိတခု အကျွန်ဦးနှောက်ထဲသို့ ဆပ်ခနဲဝင်လာခဲ့သည်။ ဤသည်မှာ လောကလူသားများအတွက် ယှောင်လွှဲ၍မရသော တာဝန်တရပ်ဖြစ်ပြီး ဤတာဝန်ကိုလူတိုင်းထမ်းဆောင်ကြရမည် ဟုလည်းသဘောပေါက် လက်ခံလာခဲ့ပါသည်။ ဤသည်မှာ ထိုအဖြစ်အပျက်အပြီး နောက်ပိုင်း အကျွန်၏ခံယူချက်ဖြစ်ပြီး တနိန့်တော်လှန်ရေးလုပ်ရန်လည်း ခိုင်မာသော ဆုံးဖြတ်ချက်တရပ်ကို ချလိုက်ပါသည်။
             နယ်ချဲ့ကိုလိုနီစစ်အစိုးရက ရခိုင်ပြည်တခုလုံး၌ အရေးအပေါ်အမိန့်ထုတ်ပြန်လိုက်ပြီး၊ ပြည်သူများအနိန်ဖြင့် မိမိအိမ်၌ အိမ်ပြင်မထွက် နိန်ထိုင်နိန်ကြရသည်သာမက ပြောက်ကျားးများကိုရှာဖွယ်ရာတွင် ဗမာစစ်သားများနှင့်အတူ ပေါ်တာအဖြစ် လိုက်ပါခဲ့ကြရသည်။ မင်းပြားမြို့နယ်၌ ပြောက်ကျားအဖြစ်မသင်္ကာသူများကို ပစ်သတ်ရန်အတွက် စစ်သားများအား အမိန့်ပီးခဲ့သည်။ ဗမာစစ်သားများသည် ဤအခွင့်အရေးကို အခွင့်ကောင်းယူလျှက် ပြောက်ကျားမဟုတ်သော၊ ပြောက်ကျားနှင့် လုံးဝအဆက်အစပ်မဟိသော လယ်သမားများကို ပစ်သတ်ခဲ့သည်။ ပြောက်ကျားရို့၏ ရခိုင်ရိုးမတောင် တောနက်ကြီး၌ မြီအောက်တွင်မြှုပ်နှံထားခဲ့သော ရိက္ခာများကို တောဆင်များက ဖျက်ဆီးခဲ့ကြ၍ ပြောက်များ အငတ်ဘေးနှင့်ရင်ဆိုင်ခဲ့ကြရသည်။ ဖမ်းဆီးရမိသော ရခိုင်ပြောက်ကျားအချို့ကို တရားစီရင်ခြင်းမဟိပဲ အဆုံးစီရင်ခဲ့ကြသည်။ အချို့ကို တသက်တကျွန်း ထောင်ချလိုက်သည်။ ပြောက်ကျားအနည်းငယ်သာ တော်လှန်ရေးနယ်မြီထဲသို့ လွတ်မြောက်လာနိုင်ခဲ့ပြီး သူရို့၏ မပြီးဆုံးသိသော သမိုင်းပီးတာဝန်များအတွက် ဒေနိန့်ထက်ထိ ဆက်လက်တိုက်ပွဲဝင်လျှက်ဟိနိန်ကြသည်။ သူရို့၏သမိုင်းဝင်လုပ်ရပ်ကြောင့် အကျွန်သည် တော်လှန်ရေးသမားတယောက်ဖြစ်လာခဲ့ပြီး ရခိုင့်လွတ်လပ်ရေးရဟိရန်(သို့) ရခိုင့်အောင်လံတော်ကိုဆုပ်ကိုင်ကာ ရခိုင့်လွှတ်တော်(သို့) သမိုင်းဝင်အဆောက်အဦအဖြစ် အသစ်တည်ဆောက်ထားသော ရခိုင့်နန်းတော်ရှိ လွှင့်ထူနိုင်ရန် ကြိုးစားတိုက်ပွဲဝင်လျှက် ဟိနိန်ပါသည်။
           အင်ဒိုနီးယှားနိုင်ငံမှခွဲထွတ်ကာ အရှိတီမောလွတ်လပ်ရေးကို အရယူပီးခဲ့သူမှာ အရှိတီမော၏ဖခင် ဇာနာနာဂါ(စ်) မာအို့ပင်ဖြစ်ပါသည်။ အရှိတီမောကို လွတ်လပ်သော အချူပ်အခြာအာနာပိုင်သော နိုင်ငံတခုအဖြစ်၂၀၀၂-ခုနှစ်တွင် စွမ်းဆောင်ပီးခဲ့နိုင်ရုံသာမက ယင်းနှစ်မှာပင် အရှိတီမောနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတခု ဖြစ်လာခဲ့ပါသည်။ အနာဂတ်ကိုးရီးယားနှစ်နိုင်ငံပေါင်းစည်းရေး သင်္ကေတအဖြစ် တောင်နှင့်မြောက်ကိုးရီးယား အားကစားသမားများ ကိုးရီးယားအောင်လံတော်တခုတည်းအောက်၌ ချီတတ်ခဲ့ကြသည့် တောင်ကိုးရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျှက်ဟိသော ၁၄-ကြိမ်မြောက် အာယှအားစကားပြိုင်ပွဲ၌ အရှိတီမောနိုင်ငံမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်နိန်ကြသည်ကိုကြည့်ရူလျက် အရှိတီမောနိုင်ငံသစ်၏ သမ္မတသစ် အနိန်ဖြင့် အတိုင်းမသိ ဝမ်းသာနိန်မည်ဖြစ်သည်။ အကျွန်ရို့ ရခိုင်နိုင်ငံတော်သစ်၏ နိုင်ငံတော်ဖခင်နိန်ရာတခု ကွက်လပ်ဖြစ်နိန်သည်။ ဤကွက်လပ်ကို ရခိုင်မသားတိုင်း ဖြည့်ပိုင်ခွင့်ဟိသည်။ ၄င်းအပြင် ရခိုင့်တော်လှန်ရေး၌ လွတ်လပ်ရေးစစ်သီတော်အဖြစ် သီခြားတရား၏ နောက်ဆုံးအခွင့်အရေးကို အသုံးချရန် (သို့) ရခိုင်ပြည်သူတရပ်လုံးအတွက် အသက်စတေးတိုက်ပွဲဝင်ရန် (သို့) အနည်းဆုံးအဆင့် တော်လှန်ရေးရဲဘော်များဖြစ်လာစီရန် ကြိုးစားကြပါဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
(အတွဲ-1၊ အမှတ်-4)

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP