5.6.11

သမိုင်းမသိသော သမိုင်းရီးသူများ (ခိုင်မင်းညို)

သမိုင်းရီးသူများသည် သမိုင်းမှန်ကို ရီးသားနိုင်ရန်အတွက် သမိုင်းကိုသေသေချာချာသိဖို့လိုအပ်သည်။ သမိုင်းကို သမိုင်းအတိုင်းမြင်ပြီး သမိုင်း၏အမှန်အဂင့်ဖြစ်ပျက်ခဲ့မှုများကို မကွယ်မ၀ှက် အမှန်ကိုအမှန်အတိုင်း ရီးချဝံ့ဖို့လည်းလိုအပ်သည်။ သို့မှသာ သမိုင်းရီးသူများသည် ထင်ရှားသော သမိုင်းပညာသျှင်များဖြစ်လာပြီး ယင်းသမိုင်းကို လေ့လာသူများအတွက်သာမက သမိုင်းကိုတည်ဆောင်ခဲ့ကြသော လူမျိုးအတွက်လည်း ဂုဏ်ကျက်သရေတိုးစီနိုင်ပါသည်။ သို့ရာတွင် မိမိရို့လူမျိုး၏ သမိုင်းကို အခြားလူမျိုးများအား လွှမ်းမိုးစီရန်ရည်စူးလျှက် အခြားလူမျိုးရို့၏ သမိုင်းကို ချန်လှပ်ကာ သမိုင်းကိုဥဏ်နီဥာဏ်နက်ထွင်ပြီး ရီးသားထားခဲ့လျှင်ကား သမိုင်းတု၊ သမိုင်းလိမ်သာဖြစ်လာခဲ့ပြီး နောင်တချိန်၌ သမိုင်းမှန်ကို သိလာရသောအခါ သမိုင်းရီးသားခဲ့ကြသော သမိုင်းပညာသျှင်များသာမက သမိုင်းကိုဖေါ်ပြခြင်းခံသော လူမျိုးအတွက်လည်း သိက္ခာကျစရာ၊ ယှုယ်ချ ဝေဖန်စရာများဖြစ်လာစီနိုင်ပါသည်။
            မြန်မာ့သမိုင်းကို ပြုစုရီးသားခဲ့ကြသော အချို့သော မြန်မာ့သမိုင်းပညာသျှင်များသည် မြန်မာ့သမိုင်းကို မြန်မာနိုင်ငံဟိ ဆန္ဒမဟိဘဲ အတူလက်တွဲ နိန်ထိုင်နိန်ကြသော တခြားလူမျိုးများကို လွှမ်းမိုးနိုင်စီရန် ရည်ရွယ်၍လည်း၎င်း၊ ၄င်းရို့၏ သမိုင်းကို တခြားလူမျိုးရို့၏ သမိုင်းအဖြစ် ထင်ယောင်ထင်မှားဖြစ်စီရန်အတွက် သမိုင်းမှန်ဖြစ်ရပ်များကို ပွင့်ပွင့်လင်းလင်းမရီးသားဘဲ သမိုင်းတု သမိုင်းလိမ်များကိုသာ ရီးသားလျှက် တခြားလူမျိုးရို့၏ သမိုင်းဖြစ်ရပ်မှန်များကို ဖုန်းကွယ်နိုင်ရန်ကြိုးစားခဲ့ကြသည်။ ဤကဲ့သို့ ရီးသားခဲ့ကြသော သမိုင်းတု သမိုင်းလိမ်များသည် တခြားလူမျိုးများကို အချိန်အတိုင်းတာတခုထိ လိမ်လည်လှည့်ဖြားနိုင်ခဲ့ပြီး ၄င်းရို့၏ ပဒေသရာဇ်ာဆန်ဆန်၊ အာဏာသျှင်ဆန်ဆန် အုပ်ချုပ်မှုများကိုလည်း ထိန်းသိမ်းလာနိုင်ခဲ့ပါသည်။ သို့ရာတွင် သမိုင်းဘီးတပါတ် လည်လာသော အချိန်တွင်ကား သမိုင်းကိုရီးသားခဲ့ကြသော သူများသာမက သမိုင်းရီးသားခြင်းကိုခံရသော လူမျိုးအတွက်ပါ ယှုပ်ချဝေဖန်မှုများကို ခံနိန်ကြရပြီးဖြစ်ပါသည်။
            သမိုင်းဆိုသည်မှာ ထိုးရှီးအခါက မြန်မာမင်းရို့သည် ၄င်းရို့၏ နိုင်ငံတော်ကို မည်ကဲ့သို့တည်ဆောက်ခဲ့ကြသည်၊ မြန်မာနိုင်ငံ၏ နယ်နိမိတ်ကို ကျယ်ပြန့်အောင် မည်ကဲ့သို့ စည်းရုံးသိမ်းသွင်းခဲ့ကြသည်၊ အခြားလူမျိုးများနှင့် အတူတကွ မည်ကဲ့သို့ အီးအတူပူအမျှ သမိုင်းတလျှောက်လုံး နိန်ထိုင်ခဲ့ကြသည်ဟု အခြားလူမျိုးရို့၏ သမိုင်းကိုကွယ်ဝှက် ဖုန်းကွယ်ထားခဲ့ကြသည်သာမက သမိုင်းမှန်များကိုမရီးဘဲ အတုအယောင်သမိုင်းများကိုသာ ကျောင်းသုံးစာအုပ်များ၌ ထည့်သွင်းဖော်ပြခြင်းကိုဆိုလိုသည်။ (ယင်းသမိုင်းစာအုပ်၏ ရိုက်ခတ်မှုကြောင့် မြန်မာသမိုင်း၌ ဘုရင်များကို အခြားလူမျိုးများကပါ မိမိရို့၏ဘုရင်အဖြစ် ယုံကြည်သက်ဝင်လာခဲ့ကြပြီး မြန်မာ့သမိုင်းမှ ဘုရင်များကို ကိုယ့်ဘုရင်အဖြစ် ဂုဏ်ယူဝင့်ကြွားခဲ့ကြသည်။ ယင်းကျောင်းသုံးစာအုပ်ထဲမှ တချို့ဘုရင်များသည် ဗမာမဟုတ်သော အခြားလူမျိုးများကို ညှင်းပန်းနှိပ်စက်ခဲ့ကြသော ဘုရင်များဖြစ်နိန်သည်ကို တွိဟိရသောအခါ ဒေါသမီးအိုးကြီး ပေါက်ကွဲခဲ့ရသည်။ သို့သော် ဒေနိန့်ထက်ထိလည်း မြန်မာနိုင်ငံတွင် လက်ဟိနိန်ထိုင်နိန်ကြသော ဗမာမဟုတ်သည့် တခြားလူမျိုးအချို့ရို့သည် မြန်မာ့သမိုင်းကျောင်းသုံးစာအုပ်၏ လှည့်ကွက်ထဲတွင် မျိုးပါလျှက် ၄င်းရို့၏ ဘုရင်ဟု ဂုဏ်ယူဝင့်ကြွားနိန်ကြတုန်းပင် ဟိနိန်သိမ့်သည်။) ယင်းရှီးဟောင်းများသာမက ၁၉၄၅-ခုနှစ် ဗမာ့လွတ်လပ်ရေးမရမှီနှင့် လွတ်လပ်ရေးရပြီးသော အချိန်ခါ၌ ဖြစ်ပျက်ခဲ့ကြသော သမိုင်းများကိုပါ ဥာဏ်နီဥာဏနက်ထွင်လျှက် သမိုင်းတုသမိုင်းလိမ်များကို ကြံဖန်လုပ်ဇတ်ခင်းခဲကြသည်။ သမိုင်းကိုပြောင်းပြန် ရီးခဲ့ကြသောကြောင့် သမိုင်းကိုမမှီလိုက်သူများအတွက် သမိုင်းလိမ်များကိုသာ လေ့လာခဲ့ကြရပြီး သမိုင်း၏မှိုင်းမိမှုများကို နှစ်ရှည်လများ မရှုမလှခံစားခဲကြရသည်။ ယင်းသမိုင်းကို မှီလိုက်သူများကလည်း ရက်စက်ယုတ်မာသော မြန်မာစစ်အာဏာသျှင်များ၏ အာဏာစက်အောက်၌ အသက်ငင်မရ နစ်မြုပ်ကာ ရီမုံနှုတ်ပိတ်လာခဲ့ကြပါသည်။
            သို့ရာတွင် ထိုသို့ရီးသားခဲ့သော သမိုင်းတုများသည်ကား တာရှည်မခံဘဲ ၁၉၈၈-ခု ပြည်သူ့အုံကြွမှုကြီး ပေါ်ပေါက်လာသောအခါ သမိုင်းတုကြီး မှိုင်းမိမှုကိုခံခဲ့ရသော ပြည်သူလူထုတရပ်လုံးသည် သမိုင်းဖြစ်ရပ်မှန်များကို သိလာခဲ့ကြပြီး၊ သမိုင်း၏တရားခံများကိုလည်း သိလာခဲ့ကြကာ ယင်းသမိုင်းထဲ၌ ဇာတ်လိုက် ဇာတ်ကောင်အဖြစ်၊ ကယ်တင်သျှင်ကြီးအဖြစ် ခေတ်သစ်သမိုင်း တလျှောက်လုံး၌ လှည့်စားခဲ့ကြသော လူကြမ်းကြီး၊ မင်းသားခေါင်းဆောင်ထားသော ဘီလူကြီးကို ရှာဖွီတွိဟိခဲ့ကြသည်။ သမိုင်း၏တရားခံများကို တရားစွဲနိုင်ရန်အတွက်ကိုလည်း ၁၉၈၈-ခုနှစ်မှစ၍ ကြိုးစားတိုက်ပွဲဝင်လာခဲ့ကြသည်။ ၁၉၈၈-ခုနှစ် ပြည်သူ့အုံကြွမှုကြီးကို ဖြိုခွဲခဲ့ပြီး အပြစ်မဲ့ပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြသော သမိုင်းတရားခံများကိုပါ တရားစွဲဆိုနိုင်ရန်အတွက် ခေတ်သစ်သမိုင်းမှန်ရီးသူများက ကြိုးစားနိန်ကြပြီး ၁၉၈၈-ခုနှစ်ကစခဲ့သော သမိုင်းဘီးကြီးသည်လည်း တပါတ်လည်ရန် အချိန်ပါးကပ် လာပြီးဖြစ်ပါသည်။
            ဤကဲ့သို့ သမိုင်းသစ်၊ သမိုင်းဟောင်းအလိမ်များကို ရီးသားခဲ့ကြသော မြန်မာ့သမိုင်းပညာသျှင်များ၊ သမိုင်းရီးသားခြင်းကိုခံခဲ့ရသော မြန်မာများအဖို့လည်း အရှက်ရစရာ တကွက်ပြီးတကွက် ဆက်တိုက်ပေါ်ပေါက်လာနိန်ပြီဖြစ်ပါသည်။ သမိုင်း၏ဒါဏ်ခတ်မှုများကို ခံရရန်အတွက်လည်း အချိန်ပါးကပ်လာပြီးဖြစ်ပါသည်။ မြန်မာ့သမိုင်းဖြစ်ရပ်များတွင် အမှန်အဂင့်ဖြစ်ပျက်ခဲ့သော သမိုင်းများကိုပါ ထည့်သွင်းရီးသွင်းခဲ့ကြသောကြောင့်၎င်း သမိုင်းရီးသားခဲ့ကြသူများသည် မြန်မာပဒေသရာဇ်ဘုရင်၊ မြန်မာစစ်အာဏာသျှင်ရို့၏ အာဏာစက်အောက်မှ ရုန်းထွက်၍မရခဲ့မှုကို အကြောင်းပြုပြီး မြန်မာသမိုင်းပညာသျှင်များနှင့် မြန်မာရို့အဖို့ အရှက်ကွဲခဲကြသော်လည်း မသိမသာဖြေသိမ့်စရာချေရဟိခဲ့ကြသည်။ သို့ရာတွင် သမိုင်းကို တမင်တကာ ဥာဏ်နီဥာဏ်နက်ထွင်ပြီး ၄င်းရို့လူမျိုးကောင်းစားရေး၊ ပဒေသရာဇ်အာဏာသျှင်များ အကြိုက်လိုက်ရီးခဲ့ကြသော သမိုင်းပညာသျှင်များနှင့် ၄င်းသမိုင်းကို ထောက်ခံလျှက်ဟိနိန်ကြသေးသော လူမျိုးကိုကား ခွင့်လွှတ်၍ ရနိုင်မည်မဟုတ်ပေ။ ယင်းသူများသည် သမိုင်း၏ဒဏ်ခတ်မှုကိုလည်း မကြာမှီသောအချိန်၌ မုချမလွဲ ခံရမည်ဖြစ်သည်။
            တချိန်က အခက်အခဲအမျိုးမျိုးကြောင့် ရခိုင်ပြည်ထဲသို့ နည်းမျိုးစုံဖြင့် အစုလိုက်အပြုံလိုက်ဝင်လာခဲ့ကြပြီး၊ ရခိုင်ပြည်၌ ယင်းရို့၏ လူဦးရေ တိုးပွါးလာစီရန်နှင့် သူရို့၏ အီစ္စလာမ်ဘာသာ တရားများကို ကျယ်ပြန်လာစီရန် နည်းမျိုးစုံဖြင့် ကြိုးစားလာခဲ့ကြသော ဘင်္ဂလီလူမျိုးများသည် ၄င်းရို့၏ ရသင့်ရထိုက်သော နိုင်ငံသားဖြစ်ရေးအတွက် မကြိုးစားဘဲ၊ ရခိုင်ပြည်တွင် တချို့သော ဒေသများကို ၄င်းရို့ကိုယ်တိုင် အုပ်ချုပ်နိုင်စီရန်အတွက်၎င်း၊ ရခိုင်ပြည်မှခွဲထွက်ကာ သီးခြားနယ်မြီဒေသ ထူထောင်နိုင်စီရန်အတွက်၎င်း၊ ကြိပ်ကြံကြံလာခဲ့ကြပါသည်။ ဤကဲ့သို့သော အခွင့်အရေးကို ပြည့်ပြည့်၀၀ရဟိနိုင်ရန်မှာ ဗြိတိသျှနယ်ချဲ့ခေတ်နှင့် ဗမာရို့လွတ်လပ်ရေး ရပြီးသောအခါ ၀င်လာခဲ့ကြသူများဖြစ်ခဲ့ကြလျှင် မရဟိနိုင်ဆိုသည်ကို သဘောပေါက်လာခဲ့ကြသည်။ (ရှီးယခင်က ရခိုင်ပြည်ထဲသို့ဝင်လာခဲ့ကြပြီး လူဆလင်ဘာသာကို သက်ဝင်ယုံကြည်ပြီး ရခိုင်ရို့နှင့် အီးအတူပူမျှ သမိုင်းတလျှောက်လုံး နိန်ထိုင်လာခဲ့ကြသော၊ ရခိုင်ပြည်အပေါ်သစ္စာဟိသည့် ကမန်နှင့် အခြားမူဆလင်လူမျိုးများကိုမဆိုလို။ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသတ၀ိုက်၌ နိန်ထိုင်လျှက်ဟိပြီး ရခိုင်ပြည်အပေါ်သစ္စာမဟိသော ရိုဟင်ဂျာဟု ခံယူလိုသော အစွမ်းရောက်မူဆလင်တချိုရို့ကို ဆိုလိုသည်။ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသတ၀ိုက်၌ နိန်ထိုင်နိန်ကြသော်လည်း ရခိုင်ပြည်အပေါ်သစ္စာဟိသော ရိုးသားသည့် မူဆလင်ဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်သူများကို မဆိုလို) ထို့ကြောင့်ခေတ်ပညာတတ် အစွမ်းရောက် ဘင်္ဂလီမူဆလင်တချို့က ရှီးခေတ်က ရခိုင်ဘုရင်တချို့ရို့သည် မူဆလင်ဘုရင်များ ဖြစ်ကြသည်ဟူ၍၄င်း၊ မြောက်ဦးခေတ်မတိုင်မှီကတည်းက သင်္ဘောပျက်၍ ရောက်လာခဲ့ကြပုံများကို လူများယုံကြည်နိုင်လောက်အောင် ဖန်တီးလျှက် ၄င်းရို့၏လူမျိုးနာမည်များကိုလည်း (အာရပ်သမိုင်း၊ ရခိုင်သမိုင်း၊ မြန်မာသမိုင်း၌မဟိသော) ရိုဟင်ဂျာဟူ၍ အမည်ပီးကာ ရခိုင်ပြည်၌ တိုင်းရင်းသားလူမျိုးတခုအဖြစ် အဆင့်ထိ သတ်မှတ်ပီးနိုင်စီရန် နည်းမျိုးစုံဖြင့် တိုက်ပွဲဝင်လာခဲ့ကြသည်။
            ဤကဲ့သို့ တိုက်ပွဲဝင်လာခဲ့ကြခြင်းမှာလည်း ၄င်းရို့သတ်သတ် တိုက်ပွဲဝင်လာခဲ့ကြသည်ထက် မြန်မာအမျိုးသားခေါင်းဆောင်များဖြစ်ကြသော ၀န်ကြီးချုပ်ဟောင်းဦးနုနှင့် ဦးဘဆွေရို့၏ သွီးခွဲလှုံ့ဆော်မှုများနှင့် သမိုင်းမသိသော၊ သမိုင်းကိုသိလျှက်နှင့် တမင်သက်သက်သွီးခွဲလိုသော မြန်မာ့သမိုင်းပညာသျှင်များက ရခိုင်သမိုင်းကို စိစိစပ်စပ်လေ့လာမှုမဟိဘဲ ၄င်းရို့၏ သမိုင်းသုံးသပ်ချက်များဖြင့် ဖြစ်ဖွယ်ဟိသည်ဟူသော သမိုင်းများကို ယင်းရိုးဟင်ဂျာဟုခေါ်တွင်သော ကမ္ဘာ့သမိုင်းတွင်မဟိဖူးသည့်၊ မဟိသည့်လူမျိုးများက အပြန်အလှန်ကိုးကား အတုအယောင်သမိုင်းတခုကို ဖန်တီးနိုင်ရန် လုံးလစိုက်ကြိုးစားလာခဲ့ကြသည်မှာ ဒေနိန့်အထိပါ။ ဤသမိုင်းလိမ်များ၏ မှိုင်းတိုက်မှုများကို မြန်မာနိုင်ငံဟိလူမျိုးများသာမက တချို့သော (NGO)အဖွဲ့အစည်းများနှင့် ကမ္ဘာ့ကုလသမဂ္ဂမှအစ လူမျိုးတမျိုးအဖြစ် အသိအမှတ်ပြုဆက်ဆံလာကြသည်မှာ ရခိုင်သားရို့အတွက်သာမက မြန်မာနိုင်ငံဟိ အခြားလူမျိုးများအတွက်ပါ ရင်လီးစရာ သမိုင်းရိုက်ခတ်မှုများကို ခံစားနိန်ကြရပြီဖြစ်သည်။ (ဤသမိုင်းလိမ်များကို ရီးသားခဲ့ကြသော ခေတ်ပညာတတ်မူဆလင်များ၊ ယင်းသမိုင်းကို ထောက်ခံသူများ၊ အချို့သတင်းဌာနများ၊ ကိုးကျိုးရှာ(NGO)အဖွဲ့အစည်းများနှင့် ရခိုင်ပြည်သူသဘောထားကို အလီးမထားသော ကမ္ဘာ့ကုလသမဂ္ဂက ရခိုင်ပြည်ဟိ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးများ၊ အခြားရခိုင်တိုင်းရင်းသား လူမျိုးများ၊ မူဆလင်ဘာသာကို သက်ဝင်ယုံကြည်သူများကို တောင်းပန်ပြီး သမိုင်းဖြစ်ရပ်မှန်များကို ယင်းသမိုင်းတရားခံများက အမှန်ကိုအမှန်အတိုင်းဖေါ်ထုတ်ရီးသားကြရမည်။ ထိုသို့မဟုတ်ပါက"ယင်းသမိုင်းတရားခံများကို သမိုင်းကပြင်းပြင်းထန်ထန် ဒါဏ်ခတ်မည်မှာ သဘာဝနိယာမတရားပင်။"
            အာဏာသျှင်ရို့၏ လက်အောက်မှ မရုန်းထွက်နိုင်သော၊ သမိုင်းမှန်ကိုမရီးသားပီးနိုင်ကြသော သမိုင်းပညာသျှင်များ၊ အာဏာသျှင်လက်သစ် သမိုင်းပညာသျှင်များကို ကြံဖန်ပြီး ခွင့်လွှတ်၍ ရနိုင်သည်ဟု ဆိုကြပါစို့။ ၁၉၈၈-ခုနှစ် လူထုအုံကြွမှုကြီးဖြစ်ပွါးခဲ့ပြီး လွတ်မြောက်နိန်မြီသို့ ရောက်ဟိလာခဲ့ကြသော သမိုင်းသစ်ကို ဖန်တီးရန်၊ သမိုင်းဆိုးများကိုဖျက်ဆီးရန်၊ တာဝန်သိသိဖြင့် ရောက်ဟိလာခဲ့ကြသော ပညာတတ်ကျောင်းသားလူငယ်များအနိန်ဖြင့် သမိုင်းကို သုတေသနပြုသယောင်ယောင် သမိုင်းတု၊ သမိုင်းလိမ်များကို ကြံဖန်ရီးသားထောက်ခံမှုပြုထားသည်ကို တွိရသည်မှာကား သမိုင်းရှုထောင့်မှနိန်၍ သီးခံခွင်လွှတ်နိုင်မည်မဟုတ်။ မီးလောင်ရာတွင် လီပင့်ဆိုသလို စစ်အာဏာသျှင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖေါ်ပြလို၍ မြန်မာစစ်အာဏာသျှင်များကို ယှုပ်ချလို၍ တခြားလူမျိုးတမျိုးကို ဂရုနာသက်သည်ကို သမိုင်းရှုထောင့်မှနိန်၍ အပြစ်မတင်လိုပါ။ သို့သော် မီးလောင်ရာတွင် လီပင့်လုပ်ပီးမှုများသာမက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားနှင့် ဒီမိုကရက်တပ်ဦး(ABSDF) သည် ရိုဟင်ဂျာဟူသော အမည်ကို စနစ်တကျ လေ့လာမှုမဟိဘဲ ဘုမသိဘမသိဘဲ လူသားချင်း စာနာထောက်ထား ရေးဆိုသော ရှုထောင့်တမျိုးတည်းမှနိန်၍ မဟိသောသမိုင်းကို လုပ်ကြံရီးသားခဲ့ကြသည်။ သမိုင်းဖြစ်ရပ်မှန်များကို လက်ခံသည်ဟုဆိုသော ပညာတတ်ကျောင်းသားများသည် ၄င်းရို့၏ ရပ်တည်ရေးကိုယ်ကျိုးအတွက် ရိုဟင်ဂျာဟူသော သမိုင်းတုကို လက်ခံရုံမျှမက၊ ထပ်ဆင့်ဖြည့်စွက်ကာ သမိုင်းလိမ်များကိုပါ ဆင့်ပွါးလုပ်ခဲ့သည်များကို သမိုင်းရှုထောင့်မှကြည့်လျှင် သမိုင်းမသိသော ကိုယ်ကျိုးရှာသမိုင်းရီးသူများ ဖြစ်လာခဲ့ကြပြီး၊ သမိုင်းတရားခံများ ဖြစ်လာခဲ့ကြမည့်အပြင် တနိန့်သောအချိန်အခါ၌ သမိုင်း၏ဒါဏ်မှုများကို ခံရမည်ဖြစ်သည်။ ယင်းသမိုင်းတုကို ရီးသားခဲ့သော(ABSDF)နှင့်တကွ သက်ဆိုင်ရာတာဝန်ဟိသူများက ရခိုင်ပြည်ဟိ ဗုဒ္ဓဘာသာ ရခိုင်၊ အခြားရခိုင်တိုင်းရင်းသားများ၊ မူဆလင်ဘာသာကို သက်ဝင်ယုံကြည်ပြီး ရခိုင်ရို့နှင့် အီးအတူပူအမျှ အတူလက်တွဲ နိန်ထိုင်လိုသောသူများကို ၄င်းရို့၏ စော်ကားမေါ်ကား လုပ်မိမှုအတွက် တောင်းပန်ရမည်။
            ထို့ကြောင့် သမိုင်းကိုရီးသားကြသူများအနိန်ဖြင့် သမိုင်းဖြစ်ရပ်မှန်များကို အမှန်ကိုအမှန်အတိုင်း ချရီးကြဖို့လိုပါသည်။ သို့မှသာ သမိုင်းကိုလေ့လာသူများအတွက် သမိုင်းဖြစ်ရပ်မှန်များကို လေ့လာသိဟိနိုင်မည်ဖြစ်ပြီး အနာဂတ်မျိုးဆက်သစ်များအတွက် အကျိုးဟိနိုင်မည်ဖြစ်သည်။ ထို့သို့မဟုတ်ဘဲ သမိုင်းတုသမိုင်းလိမ်များကို ပုံကြီးချဲ့ ရီးသားခဲ့ကြလျှင်ကား ယင်းသမိုင်းကိုလေ့လာသူများသည် ရန်သူကို မိတ်ဆွေ၊ မိတ်ဆွေကို ရန်သူအဖြစ် ထင်ယောင်ထင်မှားဖြစ်နိုင်ပြီး အနာဂါတ် မျိုးဆက်သစ်များအတွက် အန္တရာယ်ဖြစ်စီနိုင်ပါသည်။ ယင်းသမိုင်းတု သမိုင်းလိမ်များကို ရီးသားခဲ့ကြသူများကိုလည်း သမိုင်းက ဒါဏ်ခတ်မည်မှာ မြီကြီးလက်ခတ်မလွဲပေ။

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP