4.6.11

အမျိုးမြတ်သား

ရွှီလောင်းပွန်းနန့် အလျှင်းဆီး
မင်းကမွီးလည်း
အတွေးဖေါက်ပြန်
ရန်သူကိုမှ ဓါးရိုးကမ်းလျှက်
ပြည်ပျက်စီသား
ရက်စက်သတ်ဖြတ်
လူယက်အာဏာ
ပုန်ကန်လာသော်
မသူတော်အား
မျိုးမြတ်သားဟု
ဇာလူထုက သိမှတ်ပြုမည်။

ICS အထပ်ထပ်ဘွဲ့တံဆိပ်
PHD အလီလီရလည်း
မျိုးရက္ခတွက်
တစိုးစိမျှ မစွမ်းဆောင်က
အမောင်ယေက်ျား
မျိုးမြတ်သားဟု
ဇာလူထုက သိမှတ်ပြုမည်။

တော်လှန်ရေးခေါင်းဆောင်
ပြည်ကျိုးဆောင်လည်း
အမှောင်လမ်းကြောင်း
ငွေလမ်းကြောင်းကို
သူဇောင်းပီးပနာ
သမီးသာလှ
ဝမ်းဝချမ်းသာ
သူသာယာရေး
သူ့အရေးသာ လုပ်နိန်ပါက
အမောင်ယေက်ျား
မျိုးမြတ်သားဟု
ဇာလူထုက သိမှတ်ပြုမည်။

ဘုရင်မင်းမြတ် သတ်ခံရချိန်
ရန်သူမျိုးယုတ် အုပ်ချုပ်နိန်ချိန်
တိုက်ဆိုင်ချိန်၌
လူမိုက်၊ သူခိုး အမျိုးဆိုးလည်း
ပြည်ကျိုးအတွက် ရွက်ဆောင်ထမ်းလျှက်
သက်ကိုစတေး
ပီးဆပ်ရဲသူ
ထိုလူသားကို
မျိုးမြတ်သားဟု
သိမှတ်ပြုမည် မောင်ဇာနည်။

ခိုင်မင်းညို

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP