1.6.11

စီးသောမျက်ရည်

ရခိုင်သားရို့နိန့်စဉ်ရက်ဆက် မျက်ရည်ကျလာရခြင်းသည် အတိတ်က စည်ပင်သာယာဝပြောတိုးတတ်ခဲ့သော ခေတ်ဟောင်းကြီးကို သတိရလွမ်းဆွတ်တက်သက်ရုံတခုတည်းကြောင့်မဟုတ်။ ရခိုင်ပြည်သည် ဗမာနယ်ချဲ့ကျူးကျော်သူရို့၏ တိုက်ခိုက်သိမ်းပိုက် ဖျက်ဆီးခြင်းခံခဲ့ရပြီး မီးလောင်ပြာပုံဘ၀ ကျရောက်ကာ အဖတ်ဆယ်၍မရအောင် ရခိုင်လူမှုဘ၀တခုလုံးလည်း ဖျက်ဆီးခြင်းခံခဲ့ရသည်။ နှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်လာခဲ့ကြသော စာပီ၊ ယဉ်ကျေးမှု သမိုင်းအမွီအနှစ်များကို မြီလှန်ဖျက်ဆီးခဲ့ကြသည်။ ရခိုင်လူမျိုးတခုလုံးပြန်၍ ခေါင်းမထောင်လာနိုင်အောင် မရပ်မစဲလူသတ်ပွဲကြီးကို နှစ်ပေါင်း(၄၀)ကျော် ကျင်းပခဲ့ကြသည်။ ဒေနိန့်ထက်ထိလည်း နိန့်စဉ်ရက်ဆက် လူ့အခွင့်အရေးချိုးဖေါက်မှုများကို နည်းမျိုးစုံဖြင့် လုပ်ဆောင်နိန်မှုများကြောင့် ကျနိန်ရသောမျက်ရည်များဖြစ်ကြပါသည်။
နှစ်ပေါင်း(၄၀)ကျော် လူသတ်ပွဲကြီးတွင် ပထမ၄-နှစ်လူသတ်ပွဲကြီးမှာ အရက်စက်ဆုံးနှင့် အဆိုးရွားဆုံးဖြစ်ပြီး အပြစ်မဲ့ပြည်သူပေါင်း(၃)သိန်းနီးပါး အသက်ဆုံးယှုံးခဲ့ရသည်။ ဗမာနယ်ချဲ့ရို့၏ လူမဆန်စွာ ရက်စက်ပုံမှာ နိန်ထွက်ဘုရင်ကျွန်တော်မျိုးဟု ရီးသားပါဟိသော ၀ါးပြားများကို ရခိုင်ပြည်သူများ၏ လည်ပင်းတွင် ဆွဲစီခြင်းဖြစ်ပါသည်။ ဤ၀ါးပြားများကိုဆွဲသူများကိုသာ အသက်ချမ်းသာခွင့်ပီးပြီး ၀ါးပြားမဆွဲဘဲ ငြင်းဆန်သူများကို ရခိုင့်တော်လှန်ရေးခေါင်းဆောင်ကြီး ဗိုလ်ကျော်ထွီး၏ ဘက်တော်သားဟု သတ်မှတ်လျှက် အဆုံးစီရင်ခဲ့ကြသည်။(၄)နှစ်အတွင်း လူ ၃-သိန်းခန့်ကို အဆုံးစီရင်ခဲ့ကြလျှင် ကျန်သောနှစ်ပေါင်း ၃၀-ကျော်တွင် မည်၍မည်မျှကိုအဆုံးစီရင်သတ်ဖြတ်ခဲ့မည်ကို တွက်ဆက်ကြည့်နိုင်ပါသည်။
ရခိုင်တော်လှန်ရေးသမိုင်းတွင် ထင်ရှားသော တော်လှန်ရေးခေါင်းဆောင်တဦးမှာ ဗိုလ်ချင်းပျံဖြစ်သည်။ ဗိုလ်ချင်းပျံသည် ဗမာရို့ သိမ်းပိုက်ထားသော မြောက်ဦးထီးနန်းကို အကြိမ်ကြိမ်သိမ်းပိုက်နိုင်ခဲ့သော်လည်း ဗမာရို့၏ညစ်ပတ်သော နည်းပရိယာယ်ကို အလူးအလှိမ့်ခံခဲ့ရကာ ရခိုင်ပြည်ကို အပြီးအပိုင် မသိမ်းပိုက်နိုင်ခဲ့ပေ။ ဗမာရို့၏ ညစ်ပတ်သော နည်းမရိယာယ်မှာ ညည့်အချိန်၌ ဗိုလ်ချင်းပျံတပ်မှ ရဲဘော်များအဖြစ် ဟန်ဆောင်လျှက် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြသည်။ ပြည်သူများမှာ အလန့်တကြားဖြစ်လာခဲ့ကြပြီး ကျေးရွားများ၌ပင် ညည့်မအိပ်ရဲကြတော့ဘဲ တောတောင်ထဲတွင် အလန့်တကြားအိပ်ခဲ့ကြရသည်။ နောက်ပိုင်းတွင် ဗိုလ်ချင်းပျံလည်း စည်းရုံးမှုပျက်ပြားကာ ရခိုင်ထီးနန်းကို အကြိမ်ကြိမ်စွန့် ခွာ ထွတ်ပြီးခဲ့ရသည်။
၁၈၂၄-ခုနှစ်တွင် မင်းသားကြီးရွှီဘန်း၊ ဒေးဝန်းကြီးအောင်ကျော်ရှီ၊ မြို့သူကြီးအောင်ကျော်ဇံရို့ ဦးဆောင်သော ရခိုင်တော်လှန်ရေးအင်အားစုများသည် အင်္ဂလိပ်နှင့် သဘောတူညီချက်များကို ရယူလျှက် ရခိုင်ပြည်ကို ပြန်လည်သိမ်းပိုက်နိုင်ရန် ပြည်သိမ်းတိုက်ပွဲကို ဆင်နွဲခဲ့ကြသည်။ ဤတိုက်ပွဲဆင်နွဲရာတွင် ဗမာဘက်က စစ်သူကြီးမဟာဗန္ဓုလကိုယ်တိုင် လာရောက်တိုက်ခိုက်ခဲ့သော ပင်းဝါတိုက်ပွဲမှာ နာမည်ကျော်ကြားပြီး မြန်မာဘက်မှ အကျအဆုံးများခဲ့ပါသည်။ (ဤပင်းဝါတိုက်ပွဲဒေသသည် ထိုးယခင်က ရခိုင်အမြောက်အများနိန်ထိုင်ခဲ့ကြပြီး စည်ကားခဲ့သော်လည်း ယ္ခုအခါတွင် ရခိုင်လူဦးရေမှာ မပြောစလောက်သော အရေအတွက်သာ ဆက်လက်နိန်ထိုင်လျှက်ဟိပြီး အင်္ဂလိပ်ရို့က ရာမူးဟုခေါ်ဝေါ်ကြသည်။) ပန်းဝါတိုက်ပွဲကို သဲသဲမဲမဲ ဆင်နွဲနိန်စဉ် ရခိုင် အင်္ဂလိပ် ပူးတွဲတပ်ဖွဲ့ရို့သည် ရန်ကုန်မြို့ကို ရီကြောင်းမှ စတင်ဝင်ရောက် တိုက်ခိုက်ခဲ့သည်၊ ဤကဲ့သို့ ရီကြောင်းမှဝင်ရောက်တိုက်ခိုက်သောသတင်းကို ရလျှင်ရချင်း မဟာဗန္ဓုလဦးဆောင်သော ဗမာတပ်ဖွဲ့သည် ရန်ကုန်သို့ မရှုမလှဆုတ်ခွာခဲ့ရသည်။ ပင်းဝါတိုက်ပွဲမှ အဆုတ်တွင် မဟာဗန္ဓုလသည် လမ်း၌တွိသမျှသော အပြစ်မဲ့ပြည်သူပြည်သားများကို သတ်ဖြတ်ခဲ့ပါသည်။ ဤသတ်ဖြတ်ခဲ့မှုကို အကြောင်းပြုပြီး ကုလားမနိုင်ရခိုင်မဲဟူသည့် စကားရပ် ထွတ်ပေါ်လာရခြင်းဖြစ်ပါသည်။ ကုလားဟူသောဝေါဟာရမှာ မျက်နှာဖြူ အင်္ဂလိပ်များကို ညွှန်းဆိုသော စကားရပ်ဖြစ်ပြီး အင်္ဂလိပ်ကို တိုက်မနိုင်၍ ရခိုင်သားရို့ကို သဲသဲမဲမဲ သတ်ဖြတ်ခဲ့ခြင်းကို ဆိုလိုပါသည်။ ရခိုင်သားရို့ နိန့် စဉ်ရက်ဆက် ကျနိန်သော မျက်ရည်များသည် အတိတ်က ဗမာနယ်ချဲ့ရို့ ရက်ရက်စက်စက်သတ်ပစ်ခဲ့မှုကို အောက်မိတမ်းတရုံတခုတည်းဖြင့် ကျနိန်ရသော မျက်ရည်စက်များဖြစ်ကြပါသလော။
ရခိုင်သားရို့သည် အတိတ်က ဂစ္ဆပမြစ်ရီတမျှသော မျက်ရည်များကျခဲ့ကြရပြီ၊ အခုလည်းနိန့်စဉ်ရက်ဆက် မျက်ရည်ကျနိန်ရတုန်းပင်။ ဘာသာမတူလူမျိုးမတူသော ဘင်္ဂလီမူဆလင်များအပေါ် မြန်မာစစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖေါက်မှုများကို ကမ္ဘာက ရင်ထုမနာ ကြွီကွဲခံစားခဲ့ကြသော်လည်း ရာစုနှင့်ချီ၍ ဗမာနယ်ချဲ့ရို့က ရခိုင်လူမျိုးကို မွားမျိုပစ်ရန် နည်းမျိုးစုံဖြင့် ကြိုးစားလာခဲ့မှုများကိုကား ဂရုမစိုက် အလေးမထားလုပ်နိန်သည်ကို တွိရသည်မှာ အလွန်တရာမှ ၀မ်းနည်းကြွီကွဲစရာကောင်းလှပါသည်။ ရခိုင်ဒေသ၌ အခြားဒေသများမှာကဲ့သို့ လူ့အခွင့်အရေးများချိုးဖေါက်မှုများ ဆိုးဆိုးရွားရွားဟိနိန်တုန်းပင်။ ပိုဆိုးသည်မှာ မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာပါသော ကမ္ဘာလှည့်ခရီးသည်များကို ရခိုင်ပြည်သို့ မလားရောက်နိုင်အောင် နည်းမျိုးစုံဖြင့်တားဆီးနိန်ခြင်းပင်ဖြစ်သည်။
ဗမာနယ်ချဲ့သမားရို့၏ ညှင်းပမ်းနှိပ်စက်မှုဒါဏ်ကြောင့် ရခိုင်သားရို့သည် တိုင်းပြည်ရပ်ရွာများကို စွန့်ခွာလျှက် တပြည်တရွာ၌လားရောက် လုပ်ကိုင်နိန်ကြရပါသည်မှာ စိုးရိမ်ဖွယ်ရာအရေအတွက်သို့ ရောက်ဟိနိန်ပြီဟု ရခိုင်ပြည်မှလာသော သတင်းများအရ သိဟိရပါသည်။ ရမ်းဗြဲကျွန်းဟိ အချို့သောကျေးရွာများတွင် လူပျို ၊ လူရွယ် လူလတ်များတောင် မကျန်တော့ကြောင်း ကြားသိနိန်ရပါသည်။ (၂၀၀၀)ခုနှစ်ထုတ် မိုးကြိုးစာစောင်၌ဖေါ်ပြထားသော ကချင်ပြည်နယ်ဖားကန့်ဒေသရောက်ရခိုင်လူဦးရေမှာ မယုံကြည်လောက်အောင် (၅)သိန်းခန့်အထိ ဟိနိန်ပြီဟုဖေါ်ပြထားပါသည်။ ကချင်ပြည်နယ်ဖားကန့်တခုတည်း၌ လူဦးရေ ၅-သိန်းခန့် ဟိနိန်လျှင် မြန်မာနိုင်ငံဒေသအနှံ့အပြားနှင့် ပြည်ပသို့ပြန့်နှံ့ရောက်ဟိနိန်ကြသော ရခိုင်လူဦးရေ မည်၍မည်မျှဟိမည်ကို တွက်ဆက်ကြည့်နိုင်ပါသည်။ ရီခြားမြီခြားသို့ ဤကဲ့သို့ထွတ်ပြီးတိမ်းယှောင်နိန်ကြရသည်မှာ နယ်ချဲ့မိစ္ဆာစစ်ဘီလူးရို့၏ ၀င်ရောက်နှိပ်စက်နိန်မှုကြောင်းသာဖြစ်ပါသည်။
ရခိုင်ပြည်သည် သားငါး၊ ဆန်ရီ ၊ သဘာဝသယံဇာတပွားများသော်လည်း နယ်ချဲ့မိစ္ဆာစစ်ဘီလူးရို့၏ ကြီးစိုးချယ်လှယ်နိန်မှုနှင့် လာဒ်ပီးလာဒ်ယူလုပ်နိန်မှုရို့ကြောင့် လာဒ်ပီးနိုင်သော ရခိုင်အမျိုးသားတချိုနှင့် ဘင်္ဂလီမူဆလင် စီးပွားရေးသမားများသာ စီးပွားရေးယှောင်လည်နိန်ကြသော်လည်း ရခိုင်ပြည်သူပြည်သားအများစုရို့မှာ ဆန်ကိုမြင်လျှက်နှင့် ထမင်းငတ်နိန်ရသောအဖြစ်၊ မြီယာပိုင်လျှက်နှင့် မြီမဲ့၊ ယာမဲ့၊ အိုးမဲ့၊ အိမ်မဲ့ဖြစ်ရကာ ကိုယ့်ရပ်မြီကိုစွန့်ခွာကြလျှက် တပြည်တရွာမှာ ရှာစားဖွီစားလုပ်နိန်ရသော ကျွန်သဘောက်ဘ၀ထက် ဆိုးဝါးသောဘ၀ အဘယ်မှာဟိပါမည်နည်း။ ကျွန်သဘောက်ဘ၀ဖြင့် နိန်ထိုင်နိန်ရသမျှကာလပတ်လုံး မျက်ရည်ဆက်လက်ကျရအုံးမည်သာ။

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP