5.6.11

ဘုံပျောက်ကျွန်၏ အာသီသများ (အောင်ကိုဇံ)

ရှည်လျားလှသည့် ဂန္တ၀င်သမိုင်းကြောင်းကို နှစ်ပေါင်းများစွာ ဖြတ်သန်းစီးဆင်းလာခဲ့ရသော်လည်း မောပန်းဟန်အလျဉ်းမဟိ အားမာန်အပြည့်နှင့် ဆက်လက်စီးဆင်းနိန်လီမည့် ဂစ္ဆပနဒီ။ မြသားရောင်စိမ်းကြိုင်နိန်သည့် ရီအလျှံက တသွင်သွင်စီးပြီး ဇာသူ့ပယောဂမှမပါပဲ ကိုယ်တိုင်ဖြစ်တည်ခဲ့မှု အားအင်များဖြင့် ရွှီပြည်ရခိုင်သူ ရခိုင်သားများကို ပီးဆပ်နိန်သည့် ကျေးဇူးတရားကားကြီးမားလှပါဘိ အို ဂစ္ဆပ။ ထာဝရအားမာန်များနှင့် ရာသတ်ပန် ရှိဆောင်လမ်းပြလို့ ဟိနိန်တုန်း။
            ဂစ္ဆပ၏ရနံ့များကို ယှူယှိုက်လျှက် ကြီးပြင်းလာခဲ့ရသည့် ကျွန်တော်သည် ဓလေ့ထုံးစံများနန့် အဆက်အသွယ်ပြတ်ကာ ဘုံပျောက်ကျွန်ဘ၀မှာ ရီဝီးမြီခြား အိပ်မက်များနှင့် မွီးရပ်မြီကို သတိရနိန်ပါသည်။ ကိုယ့်မြီကိုယ့်ဒေသကို စွန့်ခွါလာခဲ့ရသူတိုင်း မွီးရပ်မြီအား သတိရ တမ်းတစိတ်ကို မိန့်ဖျောက်လို့ ရနိုင်ကြလီဖို့မထင်ပါ။ ကိုယ့်ဒေသကိုယ့်လူမျိုးကို ချစ်မြတ်နိုးခြင်းသည် အလွန်တရာ မြင့်မြတ်လှသည်ဟု ခံစားမိပါယင့်။ ကိုယ့်လူမျိုးကိုယ့်ဒေသကိုမှ တန်ဖိုးထားမြတ်နိုးမှုမဟိခဲ့လျှင် တခြားသော ဇာလူမျိုးခြားကမှ အငှါးလာချစ်ပီးနိုင်ဖို့မဟုတ်ပါ။
            သမိုင်းတကွေ့၏ ခြီတလှမ်းအမှား အသားထဲက လောက်တိ၏ မျိုးရိုးဗီဇ လုံးပါးပါးခဲ့ကြောင့် ဘိုးဘြားအမြီ မြမြႀကြီခဲ့ရၿပီး ဖြတ်သန်းခဲ့ပြီးသော ခရီးကြမ်းတလျှောက်မှာလည်း အမြင်ကျယ်လှပါသော ရခိုင့်နိုင်ငံရေးသမားဟောင်းများ တချို့၏ ကိုယ်ပိုင်ရပ်တည်လိုစိတ် ပျောက်ဆုံးနိန်မှုကြောင့် ရခိုင်လူမျိုးများ လွတ်မြောက်ရေးအခန်းကဏ္ဍသည် အလွန်တရာမှေးမှိန်လျှက် ဟိနိန်ပါသည်။ ရဟိခဲ့သော အခွင့်အရေးများကို မရယူနိုင်ခဲ့ခြင်းက ရခိုင်လူထု ရှင်လျှက်သီသည့် ဘ၀နှင့် ကျွန်သက်ရှည်နိန်ခြင်းပင်။ အမြင်ကျယ်ခြင်းကို ကိုယ့်လူမျိုးအတွက်သာ အသုံးချသင့်ပါ၏။
            ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို တူးဖော်ပြီး အသားလွတ် အပြစ်တင်နိန်ခြင်းမျိုးမဟုတ်။ အနာဂတ်သို့ လှမ်းမည့်ခြီလှမ်းများအတွက် သင်ခန်းစာအဖြစ် ရှုမြင်ကြည့်ခြင်းသာဖြစ်ပါရေ။ ကိုယ်ကျိုးစွန့် အနစ်နာခံခဲကြသော ခေါင်းဆောင်ကြီးများကို ဘေးထိုင်ဘုပြော ခြီရာတိုင်း အစဉ်အလာရိုင်းအောင် လုပ်နိန်ခြင်းလည်းမဟုတ်ပါ။ ယေကေလေ့ အစဉ်အလာ ဖောင်းကားမှုတိကို ဂရုစိုက်ထိန်းသိမ်း နိန်ရလွန်းအားကြီးလို့ ထိုးထွင်းသစ်လွင်မှုများ ကျဆုံးလားရခြင်းကိုတော့ခါ ယှောင်ယှားရပါလိမ့်မည်။
            အမှန်တရားကို ကိုယ့်ပရိတ်သတ်နှင့်ကိုယ်၊ ကိုယ့်ရှုထောင့်အမြင်နှင့်ကိုယ် ချဉ်းကပ်နိန်ကြချိန်မှာ မိမိခြီထောက်ကို မိမိလျှောက်ရမည့် လမ်းကြောင်းထက်၌ ရပ်တည်မထားနိုင်ခဲ့လျှင် လျှောက်မိလျှောက်ရာခရီးကို သွေဖီပြီး သူတပါး၏ လမ်းကြောင်းအောက်မှာ ရောယောင်ပျောက်ကွယ် ကျဆုံးလားရမှာအမှန်ပါ။ ဇာဝါဒ၊ ဇာစနစ်ပင် ထူထောင်ထောင် ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းဟိဖို့ လိုအပ်ပါသည်။
            တန်ဖိုးဟိသော အချိန်များကို မနာလိုခြင်းတိ တွေးတောမွီးမြူယင်း ပုဂ္ဂလိက ပဋိပက္ခနိုးကြားမှုများကို အဖွဲ့အစည်းများအတွင်း ဆွဲသွင်းပြီး ကျောင်းတော်ကရန်စပါ လမ်းထက်က ရန်စများကိုပါ ကြီးကျယ်ခန့်ငြားစွာ ကျင်းပလို့ တော်လှန်ရေးအတုတိသောက်ပြီး မူးချင်ယောင် ဆောင်နိန်ကတ်ကေတော့ခါ လူထုလွက်မြောက်ရေးအတွက် ရင်လီးစရာ ဖြစ်နိန်သည့်အပြင် ဘုံတရားခံပါ ပျောက်လားနိုင်ပါသည်။
            ခေတ်ဆိုးကြီးကို ပြောင်းလဲလိုစိတ်နှင့် တည့်နိန်သည့်လက်တိ စောင်းမနိန်ဖို့ လိုပါသည်။ သေနတ်ပြောင်းဝအောက်က အသက်ယှူမ၀ရေ အိပ်စက်ရခြင်းညည့်တိကို သယ်ဆောင်ပြီး လူမပီသခြင်းနိန့်တိကို မွီးဖွားလို့ ဗမာလူမျိုးကြီးဝါဒီ စစ်အာဏာသျှင်ရို့၏ နည်းမျိုးစုံ သွီးစုပ်နှိပ်စက်ခြင်းအောက်မှာ လူထုကတော့ခါ နိန့်တာရောညတာပါ ရှည်နိန်ရဆဲဖြစ်ပါသည်။ နိုင်ငံရေးဆိုစွာ ပါးစပ်ဖျားက ထွက်ကျလာသည့် စကားလုံးများကို စုစည်းပြီး မျက်နှာဖုံးလှလှနှင့်ခြုပ်ထားသည့် အထူးထုတ်စာအုပ်တအုပ် မဟုတ်သလို အတိုက်အခံ ဆိုစွာလည်း ပြောသမျှကို ခေါင်းညိတ်တတ်သည့် ခေတ်သစ် ပုတ်သင်မဟုတ်မှန်း လူတိုင်းလိုလိုသိဟိနားလည် လက်ခံထားကြပါသည်။ ယင်းအပြင် တန်းတူရေးဆိုစွာလည်း ကိုယ်တောင်းဆိုမှ ရတတ်သည့်အတွက် စစ်တပ်လူတန်းစား ကောင်းစားရေးနှင့် အင်္ကျီပြောင်းဝတ်သူများ ဘ၀ပြောင်လက်ရေးအတွက် လူထုသွီးစက်များ ခြီဆီးခံရမည့်အခြေအနေတရပ်သို့ ရွိလျားဦးတည်နိန်ခြင်းကိုတော့ခါ စစ်မှန်သည့်ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို တည်ဆောက်လိုသူအားလုံးက တားဆီးရဖို့ဖြစ်ပါသည်။ ဗေဒင်ပညာရပ်က မှန်ကေလေ့ ဗေဒင်ဆရာ မှားနိန်ရေဆိုသည့် စကားပုံချေပိုင် ဒီမိုကရေစီစနစ်က ကောင်းကေလေ့ ကျွန်ုပ်ရို့ ဆိုးခဲ့ပါသည်လို့ ဒီမိုကရေစီသမိုင်း ခပ်ရိုင်းရိုင်းမဖြစ်ချင်စွာပါ။ ဖွတ်ကဖြစ်လာသည့်မီးကျောင်းကို ရီငုတ်ဝတ်စုံဝတ်ဆင်ပီးပြီး ပင်လယ်ပြင်ကြီးသို့ ခေါ်ဆောင်လားမိကေတော့ခါ ပူနွီးလာသည့် ကမ္ဘာကြီး ပြာကျလားနိုင်ပါသည်။ လောကနီတိအဆိုအမိန့်အရ"ဆိုးသွန်းယုတ်မာသူကို သတ်ပုတ်ဒဏ်ခတ်ခြင်းဖြင့်သာ ယဉ်ပါးစီနိုင်ပါရေလတ်" ကိုယ်ကျိုးရှာ အတ္တ၊ မောဟတိ တခွက်ပြီးတခွက် သောက်လို့ အသက်ကြီးပြီး အကုသိုလ်ရင့်ကာ အချိန်စီးနိန်သည့် နအဖစစ်ဗိုလ်ချုပ်များကတော့ခါ မြီကြီးကိုပါ ဒုက္ခပီးလျှက်ပါ။ လူထုကိုစော်ကားပြီး သွီးရူးသွီးတမ်းပြောနိန်သည့် နအဖ၏ ရှိနောက်မညီသည့် စကားတော့ခါ နအဖနည်း၊ နအဖဟန် ဒီမိုကရေစီစနစ်ထူထောင်ဖို့  ပညာတတ်လူတန်းစားတရပ် လိုအပ်နိန်ပါရေလတ်။ ဖောင်စီးယင်း ရီငတ်ရေ နအဖ၏ သာလိကာ ပညာရေးစနစ်က ခေတ်နှင့်လျော်ညီအောင် ရင်ဘောင်တန်းနိုင်မည့် ပညာတတ်များကို ဇာပိုင်မှ မမွီးထုတ်နိုင်ပါ။ ထို့အပြင် သီးပြီးပွင့်ပြီးသား ပေါက်လာရေသစ်ပင် ဒေကမ္ဘာမြီပြင်မှာ မဟိသလို လူတိအဆင်သင့်ဖြစ်မှ ကျင့်သုံးနိုင်ရေ ဇာနိုင်ငံရေးဝါဒ၊ စနစ်ဆိုစွာလည်းမကြားဖူးပါ။
            MONA CAIRD, 1892."We are government not by armies and police but by ideas" ဆိုရေစကားပိုင် အုပ်ချုပ်ရေးစနစ်တရပ် ထူထောင်ဖို့ လူထုအကျိုးပြုသစ်လွင်ရေ အတွေးအမြင်တိရာ လိုအပ်ပြီး ပုလိပ်နန့် စစ်တပ်များမလိုပါ။ လူလူချင်းတန်ဖိုးထားရေ မေတ္တာတရားရာ လိုအပ်တေလို့ ယုံကြည်မိပါယင့်။ တရားမျှတမှုကို လိုလားသူတိုင်း လွတ်လပ်စွာ ကျင့်ကြံနိန်ထိုင်မှုဟိဖို့ပင်။
            တသက်တာယုံကြည်မှုနန့် စတေးနိန်ရေ တော်လှန်ရေးမှာ ကိုယ်ဖြတ်သန်းလာခရေ ခြီရာတိ၏ ထင်ကျန်ရစ်ခမှု အတိမ်အနက်ကို နောက်ပြန်လှည့် ဆန်းစစ်ကြည့်ဖို့လည်း လိုအပ်မေလို့ ထင်မိပါယင့်။ ဘူတာမဟိရေ ရထားတစင်းပိုင် မောင်းနှင်ခြင်းရာ အဖတ်တင်ခြင်းမျိုး မဖြစ်လားဖို့အတွက်ပါ။ လျှပ်စစ်မီးလုံးကို တီထွင်ခရေ သိပ္ပံပညာသျှင်ကြီး အက်ဒီဆင်ရေ တွေးဆစမ်းသပ်မှုအကြိမ် ၁၀၀၀၀ ပြုလုပ်ခရေ။ စမ်းသပ်မှုတခု မမှန်ကြောင်း သိလားစွာနန့်တပြိုင်နက် ချက်ချင်းလက်လျော့လိုက်ပါရေလတ်။ ဆိုလိုစွာက အမှားပေါင်း တသောင်းကို ကြောခိုင်းချန်ထားခဲ့ပြီးမှ အမှန်တခုကို ရဟိလားခြင်းဖြစ်ပါရေ။ အမှားများကို ထပ်ခါတလဲလဲ ဇွဲကြီးစွာလုပ်ခြင်းမျိုးမဟုတ်ပါ။
            လက်နှစ်ဖက်စလုံးပြတ်နိန်ရေ လူတယောက်ကို တက်ကျိုးကေ လက်ထိုးလှော်ပါလို့ အကြံပီးခြင်းမျိုးမဟုတ်ဘဲ ဒေထက်ပိုသင့်လျော်ရေ အတွေးအမြင်သစ်နန့် ပုံစံတမျိုးပြောင်းပြီး ချဉ်းကပ်မှုတခုခုကိုလုပ်ဖို့ ရည်ညွန်းခြင်းသာဖြစ်ပါရေ။ လွန်ခရေနှစ်ပေါင်း နှစ်ရာကျော်က ရခိုင့်အချုပ်အခြာအာဏာပိုင်နိုင်ငံတော် ဗမာလူမျိုးကြီးစစ်ဝါဒီရို့ လက်အောက်သို့ ကျဆုံးလားခရစွာ ရခိုင်အမျိုးသားတိုင်းလိုလို သိကေလေ့ ဇာကြောင့် ကျဆုံးလားခရစွာလေ့ဆိုရေ အဓိကကြောင်းရင်းများကို တိတိကျကျသိဖို့ လိုအပ်နိန်ပါသိမ့်ရေလို့ ထင်မိပါရေ။ အိမ်တွင်းပြဿနာများကို အိမ်တွင်းတွင်မဖြေယှင်းလိုခြင်း၊ နိုင်ငံရေး ပုံစံသစ်ပြောင်းလဲခြင်းကို လက်မခံလိုသော ပဒေသရာဇ်ကပ်ပါး ပုဂ္ဂိုလ်ဇွဲဝါဒများ ဖုံးလွမ်းနိန်ခြင်း၊ မိမိကိုယ်ကို ယုံကြည်မှု ပျောက်သျှ ဆုံးယှုံးနိန်ခဲ့ခြင်းများ စသည်ရို့ ဖြစ်နိန်ဖို့လား စဉ်းစားမိပါရေ။
            ဒေနိန့်ထက်ထိ ရခိုင်နှင့်ဗမာ ဖြစ်ခဲ့သောပြဿနာများကို မဖြီယှင်းနိုင်ကြသိမ့်ပါ။ ပိုဆိုးနိန်သည်မှာ ကျွန်တော်ရို့အကြားတွင် စည်းလုံးညီညွတ်မှု ပြိုကွဲနိန်ရခြင်းသည် ပြဿနာကို ဖြီယှင်းနိုင်မည့် လမ်းကြောင်းထက်သို့ မရောက်ဟိနိုင်သည့် အကြောင်းအရာတရပ်အဖြစ် တည်ဟိနိန်ကြောင်းကို ၀မ်းနည်းဖွယ် တွိဟိနိန်ရပြီး ရခိုင်တမျိုးသားလုံး လွတ်မြောက်တော်လှန်ရေး နှောင့်နှေးနိန်ရသည်ဟု ထင်မိပါသည်။ အိမ်ကြက်ချင်း အိုးမဲသုတ်ခံရပြီး ခွပ်နိန်ရခြင်းက ရုန်းထွက်ဖို့ လိုအပ်နိန်ပါ၏။ ငါးကြင်းဆီနန့် ငါးကြင်းကို ကျော်စားခြင်းဆိုရေ နည်းနာသစ်နန့်အတူ ကြွီတလှဲ့ ကြက်တခုန်ဆိုရေ စကားပုံအတိုင်း ယှုံးနိမ့်ခြင်းဆိုစွာ အောင်မြင်မှုရဖို့အတွက် လမ်းစတိပင်ဖြစ်တေလို့ ယုံကြည်ခြင်းနန့်ထပ်တူ အတွေးသစ်၊ အမြင်သစ်တိ ပေါင်းစပ်ပြီး ချီတက်ကေတော့ခါ ပန်းတိုင်ကို ရောက်မည်မလွဲပါ။ ပဒေသရာဇ်ဝါဒီ အထည်ကြီးပျက် အကျင့်ဆိုးများနန့် သမိုင်းလက်ကျန်အမွီအနှစ်များ၏ အခွင့်အရေးကို တောင်းဆိုနိန်ခြင်းသတ်သတ်မဟုတ်ပဲ ပစ္စက္ခတွင် ပကတိ ခံစားနိန်ကြရသော ရခိုင်အမျိုးသားများ၏ လူမပီသခြင်း ဆင်းရဲတွင်းမှ လွတ်မြောက်ရန် ကြိုးစားရမည်ဖြစ်ပြီး မျိုးဆက်သစ်တိ လက်ထဲမှာရာ ဟိနိန်နိုင်ရေ အနာဂတ်ကို ဖြူစင်စွာ ပွေ့ဖက်မိစီဖို့ ဖြစ်ပါကြောင်း။

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP