သာယာချိမြ၊ စကားလှဖြင့်
ရက္ခပြည်သူ၊ ဒို့ ပြည်သူကို
သူ့ ပြည်သူဟု၊ သမိုင်းတုကို
ပြုစုလျက်၊ လုယက်ဖူး၏ ။
ပီထက်အက္ခရာ၊ ကျောက်စာမကျန်
မြီလှန်ချိုးဖျက်၊ ရက်စက်နှလုံး
လူညွန့်တုံးအောင်၊ တုံးရုံးသတ်ဖြတ်
လူလတ်လူရွယ်၊ နို့စို့ချေမကျန်
အဖိုးအိုမထား ။
ရိုးမတောင်ခြား၊ တံတိုင်းခြားလျှက်
ခြားနားရုပ်သွင်၊ ကြံအင်လက္ခဏာ
စာရိတ္တပါ၊ မတူပါချေ။
ဘုရားသိစီ၊ တိုင်တည်ပါ၏ ။
ခိုင်မင်းညို
ံ