ဒါးဖြင့်အလှီးအဖြတ်ခံပြီး
ကျွန်အဖြစ်အသီခံဖို့လား
အသက်ကိုစတေးပြီး
ရန်သူကိုတိုက်ထုတ်ယင်းပင်
အာဇာနည်အဖြစ်အသက်ရှင်သန်ဖို့ လား။
ကျွန်လည်းဖြစ်ရ
သီလည်းသီရ
သင့်ဘ၀မှာ
တန်ဖိုးဇာမှာဟိဖို့ လေး။
ရန်သူမျိုးယုတ်
အညွန့်ပြုတ်အောင် သင်လုပ်ဆောင်က
မျိုးရက္ခပြည်သူ
သင့်ပြည်သူသည်
သင်၏ရုပ်သွင်
ပြည့်သခင်ကို
ရင်ဝယ်ထုဆစ်
ရုပ်ထုအဖြစ်
ကိုးကွယ်ရစ်မည်
အာဇာနည်မည်သောအိုးအသျှင်။
ခိုင်မင်းညို