4.6.11

ရခိုင်ပြည်၌ ဘင်္ဂလီမူဆလင်များလှုပ်ယှားမှုနှင့် နယ်ချဲ့အဆက်ဆက်ရို့၏ သွီးခွဲထိုးနှက်မှု

မဟုတ်မဟ လုပ်ကြံဖန်တီးထားသော အတုအယောင် သမိုင်းတခု၏ ရိုက်ခတ်မှုနှင့် နယ်ချဲ့ရို့၏ သွီးခွဲအုပ်ချုပ်မှုရို့ကြောင့် ရခိုင်ပြည်၌ လူမျိုးသစ်ဖန်တီးပြီး နယ်မြီလုရန် အားပီးအားမြှောက် လုပ်နိန်မှုများကို မြီပိုင်သျှင်ရခိုင်ရို့ ရင်ဆိုင်နိန်ရသည်။ မြောက်ဦးခေတ်မှ စတင်၍ ရခိုင်ဘုရင့်နိုင်ငံတော်၌ နိန်ထိုင်လာခဲ့ကြသော အိမ်နီးချင်းနိုင်ငံမှ မူဆလင် (ကမန်) များနှင့် ဗုဒ္ဓဘာသာ ရခိုင်လူမျိုးရို့အကြား သမိုင်းစဉ်တလျှောက်လုံး၌ မည်သည့်ပြဿနာမှ ပေါ်ပေါက်ခဲ့မှုမဟိဘဲ အီးအတူပူအမျှ လက်တွဲနိန်ထိုင် လာခဲ့ကြသည်ကို မည်သူမျှငြင်းပယ်၍ ရနိုင်မည်မဟုတ်ပေ။
1937-ခုနှစ်တွင် မြန်မာနိုင်ငံသည် အိန္ဒိယမှ တဆင့်ခံအုပ်ချုပ်မှုမှ ခွဲထုတ်လိုက်ပြီးနောက် အလုပ်သမားလိုအပ်မှုများနှင့် ရင်ဆိုင်လာခဲ့ရသည်။ နယ်ချဲ့အင်္ဂလိပ်ရို့သည် ၄င်းရို့၏ အကျိုးအမြတ်အတွက် ရခိုင်ပြည်၌ အလုပ်သမား လိုအပ်ချက်များကို ဖြေယှင်းနိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံမှ ဘင်္ဂလီမူဆလင်များကို အဆမတန် တင်သွင်းခဲ့ကြသည်။ ရခိုင်ပြည်သည် အိန္ဒိယနိုင်ငံ ဘင်္ဂလားပြည်နယ်ထက် ရီခံမြီခံ အလွန်တရာမှ သာလွန်ကောင်းမွန်မှုကြောင့် ဘင်္ဂလီမူဆလင်များသည် ရခိုင်ပြည်၌ အခြီချနိန်ထိုင်လာခဲ့ကြသည်။ လွန်ခဲ့သော ဆယ်စုနှစ် သုံးခုအချိန်အထိ လက်ဟိဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ ဘင်္ဂလီမူဆလင်များသည် စပါးရိပ်သိမ်းချိန်၌ ရခိုင်ပြည်သို့လာရောက်၍ အလုပ်လုပ်ကိုင်ပြီးလျှင် အိမ်ပြန်ကြသည်။ တချို့ရို့မှာလည်း အိမ်မပြန်ဘဲ ရခိုင်ပြည်၌ပင် အခြီချနိန်ထိုင်ခဲ့ကြသည်။
အင်္ဂလိပ်နယ်ချဲ့ရို့ ရခိုင်ပြည်မှ 1942-ခုနှစ်တွင် ဆုတ်ခွာစဉ် ဘင်္ဂလီမူဆလင်များ လက်ထဲတွင် လက်နက်များကို ချန်ထားခဲ့ကြသည်။ ဤသည်ကို တချို့အကဲခပ်များက အင်္ဂလိပ်၏ သွီးခွဲအုပ်ချုပ်မှုအဖြစ် အမြင်ဟိကြသည်။ ယင်းနှစ်မှာပင်လျှင် ရခိုင်နှင့်ဘင်္ဂလီမူဆလင်ရို့ အဓိဂရုဏ်းဖြစ်ပွားပြီး ယင်းအဓိဂရုဏ်း၌ လက်ထောက်ကော်မချန်နာ ICS ဦးကျော်ခိုင်အပါအ၀င် ရခိုင်လူမျိုး (2000) ခန့် အသက်ဆုံးယှုံးခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ်မဖြစ်မှီက ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တွင် ရခိုင်ရွာပေါင်း 200-ကျော်ဟိခဲ့ရာမှ ဒုတိယ ကမ္ဘာစစ်အတွင်း အဓိဂရုဏ်းဖြစ်ပွားစဉ် ဘင်္ဂလီမူဆလင်ရို့၏အန္တရာယ်ကြောင့် ရပ်ရွာများကို စွန့်ခွာလာခဲ့ကြရာ စစ်ပြီးခေတ်တွင် ကျေးရွာပေါင်း 60 ခန့်၌သာ ပြန်လည်အခြီချ နိန်ထိုင်လာခဲ့သည်၊ နောက်တကြိမ်ထပ်မှန်၍ ရခိုင်ရွာ (44) ရွာကို မူဂျာဟစ်ရို့က မီးယှို့ဖျက်ဆီး၍ မူဆလင်များဖြင့် အစားထိုးခဲ့ကြသည်။ ရခိုင်ကျေးရွာများ၊ အိမ်များ၊ ဘုန်းကြီးကျောင်းများကို မီးယှို့ဖျက်ဆီးခြင်း၊ ရခိုင်များကို သတ်ဖြတ်ခြင်း၊ ရခိုင်အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်းများကိုလည်း ပြုလုပ်ခဲ့ကြသည်။
ဤကဲ့သို့ ရခိုင်ဗုဒ္ဓဘာသာနှင့် ဘင်္ဂလီမူဆလင်များ ယင်းအချိန်က အဓိဂရုဏ်းဖြစ်ပွားခဲ့ခြင်းမှာ အင်္ဂလိပ်ရို့၏ သွီးထိုးမှုနှင့် ရခိုင်ပြည်အပေါ် သစ္စာမဟိသည့် မူဆလင်အစွမ်းရောက်ဝါဒီ ဘာသာရေးခေါင်းဆောင်ရို့၏ သွီးထိုးလှုံ့ဆော်မှုကြောင့်သာ ဖြစ်သည်ဆိုသည်ကို ယင်းဒေသသို့ လားရောက်လေ့လာပါက အေနိန့်ထက်ထိ သက်သီပြနိန်လိမ္မည်။
1960-ခုနှစ်တွင် ဦးနုမဲဆွယ်စဉ် ရခိုင်နှင့်မွန်ရို့ကို ပြည်နယ်ပီးမည်ဟု ဂတိပီးခဲ့ပြီး၊ ဦးနုအာဏာရလာသောအခါ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် ဖွဲ့စည်းရေးသည် သက်ဝင်လာခဲ့သည်။ ဦးနုမဲဆွယ်စဉ်အတွင်း ရိုဟိန်ဂျာနာမည်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ရုံသာမက (ဖဆပလ) အား မဲပီးနိုင်ရန်အတွက် မနိန့်တနိန့်ကမှ ရောက်ဟိလာကြသော မူဆလင်များကို နိုင်ငံသားအဖြစ်သတ်မှတ်ကာ မှတ်ပုံတင် ကာဒ်ပြားများကိုလည်း ထုတ်ပီးခဲ့သည်။ ဤသည်မှာ ဘင်္ဂလီမူဆလင်များအတွက် အကွက်ကောင်းတခုကို ဖန်တီးပီးလိုက်သလို ဖြစ်လားပါသည်။ ဤအတောအတွင်းတွင် ဘင်္ဂလီမူဆလင် ခေါင်းဆောင်များက ရခိုင်ပြည်နယ်ဖြစ်မြောက်ရေးကို ဆန့်ကျင်လျှက် ရခိုင်ရို့နှင့် တန်းတူ ဒေသခံလူမျိုးအဖြစ် အသိအမှတ်ပြုပီးရန်အတွက်၎င်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ မေယုခရိုင် သတ်မှတ်ပီးရန်အတွက်၎င်း၊ တောင်းဆိုခဲ့သည်။ ၄င်းရို့၏ တောင်းဆိုချက်များ ပါယ်ချက်ခံခဲ့ရသောအခါ ပညာတတ်ဘင်္ဂလီမူဆလင်များက ရိုဟိန်ဂျာမည်သော အမည်သစ်ဖြင့် သမိုင်းလိမ်များကို စတင်ဖန်တီး ရီးသားလာကြရာမှ ရိုဟိန်ဂျာဆိုသည့် ပြဿနာသည် ရခိုင်ပြည်၌ ဖြစ်ပွားလာခဲ့ရခြင်းဖြစ်သည်။
1951-ခုနှစ်တွင် အလယ်သံကျော်၌ ဘင်္ဂလီမူဆလင်များ ညီလာခံလုပ်ခဲ့စဉ်ကလည်း ရိုဟိန်ဂျာဟူသောအမည် မပေါ်ပေါက်သေးပေ။ ယင်းနာမည်အစား ရခိုင်မူဆလင် ဟူ၍သာ ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ 1962-ခုနှစ်တွင် ဦးနေ၀င်ဦးဆောင်၍ အာဏာသိမ်လိုက်သောအချိန်တွင် ၄င်းရို့၏ လှုပ်ယှားမှုသည် ရခိုင်နှင့်မွန်ရို့၏ ပြည်နယ်တောင်းဆိုမှုနှင့်အတူ ရပ်ဆိုင်းလားခဲ့သည်။1973-ခုနှစ်က မြန်မာ့ဆိုယှယ်လစ် လမ်းစဉ်ပါတီ အစိုးရက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရီးဆွဲရန် ပြည်သူ့ဆန္ဒကောက်ယူသောအခါ မူဆလင်ရို့က မေယုခရိုင် သတ်မှတ်ပီးဖို့ တောင်းဆိုခဲ့ကြသည်။ 1974-ခုနှစ်တွင် ရခိုင်နှင့် မွန်ရို့သည် အတုအယောင်ပြည်နယ် ရဟိခဲ့သော်လည်း မေယုခရိုင် သတ်မှတ်မှု မဟိခဲ့ပါ။
နယ်ချဲ့ စစ်အာဏာသျှင် အစိုးရ အဆက်ဆက်ရို့သည် ရိုဟိန်ဂျာလူမျိုးအဖြစ်၎င်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မေယုဒေသအဖြစ်၎င်း သတ်မှတ်မပီးခဲ့သော်လည်း ရခိုင့်တော်လှန်ရေး ခေါင်းမထောင်လာနိုင်အောင် ရည်ဇူး၍၄င်း၊ ရခိုင်နှင့်င်္ဘလီမူဆလင်ရို့အကြား သွီးခွဲလို၍၄င်း၊ ဒေသခံရခိုင်များက ၄င်းရို့ကို ထောက်ခံလို၍၄င်း ကျားကွက်လှည့် မျက်လှည့်ပြ ကဇာတ်ခဲ့သည်။ ပိုဆိုးသည်မှာ စနစ်တကျ လေ့လာမှုမဟိဘဲ ရခိုင်ပြည်ဟိ လူဝင်မှုကြီးကြပ်ရေးဌာနများက လာဒ်စားကာ ဘင်္ဂလီမူဆလင်များအား နိုင်ငံသား စီစစ်ရေးကာဒ်ပြားများကို ထုတ်ပီးနိန်ခြင်းဖြစ်ပါသည်။ 1978-ခုနှစ်တွင် လူဝင်မှုစီစစ်ရေးလုပ်ငန်းကို (မဆလ) က အရောင်ပြအဖြစ် နဂါးမင်း စီမံကိန်းကို လုပ်ဆောင်ခဲ့သည်။ မူဆလင်ရို့သည် လူဝင်မှုစီစစ်ခံရမည်ကို စိုးရိမ်သောကြောင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံထဲသို့ အလုံးအရင်းဖြင့် ထွက်ပြီးခဲ့ကြသည်။ ထွက်ပြီးစဉ်က 156630 ဦးဟိခဲ့သော်လည်း ဒါကာ သဘောတူညီချက်အရ မူဆလင်ဦးရေ 186965 ယောက်ကို လက်ခံခဲ့သည်။ န၀တ၊ နအဖ အာဏာသျှင် အစိုးရအဆက်ဆက်ရို့သည်လည်း ဘင်္ဂလီမူဆလင်များကို မောင်းထုတ်လိုက်၊ လက်ခံလိုက် ကျားကွက်လှည့်၊ မျက်လှည့်ပြခြင်းရို့ကို ဆက်လက်လုပ်ပြနိန်တုန်းပင် ဖြစ်ပါသည်။
ဤရိုဟိန်ဂျာဟူသောအသံသည် ဆယ်စုနှင့်ချီ၍ တိတ်ဆိတ်နိန်ခဲ့ရာမှ 1988 ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဆန္ဒပြပွဲကြီးပေါ်ပေါက်လာသောအခါ ပြန်၍ခေါင်းထောင်လာခဲ့ပါသည်။ 1988-ခုနှစ်တွင် ရိုဟိန်ဂျာအလံများကို လွှင့်ထူလျှက် သူရို့၏ အကျိုးအမြတ်အတွက် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည်။ မဟာဗမာ လူမျိုးကြီးဝါဒီရို့သည် အခြားလူမျိုးများ၏ အခွင့်အရေးများကို မပီးချင်သောကြောင့် ဤကဲ့သို့သွီးခွဲမှုများမှာ သမိုင်းစဉ်ဆက်တလျှောက်လုံးက သက်သီပြခဲ့ပါပြီ။ မြန်မာနိုင်ငံဟိ တိုင်းရင်းသားလူမျိုးများသည် ကာလကြာရှည်စွာ သမိုင်းတလျှောက်လုံး အီးအတူ ပူအမျှ နိန်ထိုင်လာခဲ့ကြသည်ဟု သမိုင်းကို လှည့်စားနိန်ကြသည်။ မဟာဗမာများက သမိုင်းစဉ်ဆက်တလျှောက်လုံး အခြားလူမျိုး၏ နယ်မြီများကို သိမ်းပိုက်အုပ်ချုပ် ဗိုလ်ကျစိုးမိုး လာခဲ့သည်သာ ဟိပါသည်။ အီးချမ်းသာယာသည်ဟူ၍ သမိုင်းစဉ်ဆက်တလျှောက်လုံး လုံးဝမဟိခဲ့ပါ။ ရိုးသား၍ ရခိုင်ပြည်အပေါ် သစ္စာဟိကြသော မူဆလင်ဘာသာဝင်များ အနိန်ဖြင့်လည်း မူဆလင်ဘာသာ အစွမ်းရောက်ဝါဒီများ၏ သွီးထိုးလှုံ့ဆော်မှုများနှင့် ဗမာနယ်ချဲ့ရို့၏ သွီးခွဲအုပ်ချုပ်မှုကို နားလည်သဘောပေါက်ဖို့ အချိန်တန်ပြီ ဖြစ်ပါကြောင်းနှင့် လူမျိုးမရွီး၊ ဘာသာမရွီး အီးအတူ၊ ပူအမျှ နိန်ထိုင်နိုင်မည့် အီးချမ်းသာယာသော ရခိုင်ပြည်ကြီးကို ပြန်လည်တည်ဆောက်ဖို့ အချိန်တန်ပြီဖြစ်ပါသည်။
သမိုင်းသည် လိမ်ညာရီးသား၍ရသော အရာတခုမဟုတ်ပါ။ ရခိုင်သမိုင်းကို ရခိုင်သားရို့သာမက ကမ္ဘာအရပ်ရပ်မှ သမိုင်းသုတေသီများကလည်း လက်တွိကွင်းဆင်းပြီး ရှုထောင့်အမျိုးအမျိုးမှ သုံးသပ် ရီးသားထားကြသည်သာမက ရခိုင်သမိုင်းကို ကမ္ဘာက တွင်တွင်ကျယ်ကျယ်သိလာစီရန်အတွက် အထောက်အထားမျိုးစုံ၊ ဘာသာစကားအမျိုးမျိုးဖြင့် စာအုပ်ထုတ်ဝီပြီး ကမ္ဘာသို့ဖြန့်ချိနိန်ရုံသာမက နောက်ထပ် ထုတ်ဝီရန်လည်း ကြိုးစားနိန်တုန်းပင်ဖြစ်ပါသည်။ ဘိုးဘွား ဘီဘင် ရခိုင်မင်းဆက်ရို့သည် အလွန်တရာမှ အမြော်အမြင်ဟိသူများ ဖြစ်ကြသောကြောင့် ရခိုင်သမိုင်းကြောင်း၊ ရိုးရာ ယဉ်ကျေးမှုများကို ရုပ်ထုသွမ်းလုပ်၍တမျိုး၊ ကျောက်ထက်၊ ကြီးပြား၊ ပီထက်အက္ခရာတင်၍တဖုံ မှတ်ကျောက်တင်ခဲ့ကြသည်။
ကျူးကျော်သူ ဗမာနယ်ချဲ့ရို့သည် ရခိုင်ရို့၏ သမိုင်းအထောက်အထားတချို့ကို မြီမြှုပ်သင်္ဂြိုဟ် မီးတိုက် ဖျက်ဆီးနိုင်ခဲ့ကြသော်လည်း အများစုကိုကား ဖျက်ဆီးရန်မတတ်နိုင်ခဲ့ကြပေ။ ဘင်္ဂလီမူဆလင်များလိမ်လည်သကဲ့သို့ ရခိုင်ပြည်၌ မူဆလင်ဘုရင်များ အုပ်စိုးခဲ့ကြသည်ဆိုသည့် မည်သည့်အထောက်အထားကိုမျှ ဒေနိန့်ထက်ထိ မတွိရသိပါ။ ရခိုင်ပြည်ကို နယ်ချဲ့အုပ်ချုပ်ခဲ့သော သမိုင်းမှတ်တမ်းတင်ရာ၌ နာမည်ကြီးပြီး တိကျသော အင်္ဂလိပ် နယ်ချဲ့ရို့သည်လည်း ရခိုင်သမိုင်းကို အဟိကိုအဟိအတိုင်း မှတ်တမ်းတင်ခဲ့ကြသည်။ အင်္ဂလိပ်ရို့၏ သမိုင်းမှတ်တမ်းများနှင့် သန်းခေါင်စာရင်းများကို ရှာဖွယ်ဖတ်ရှုပါက ရခိုင်ပြည်၌ ရိုဟိန်ဂျာဟူသော၊ ကဲ့သို့သော ဝေါဟာရ မဟိဖူးကြောင်းကို သက်သီပြနိန်ပါလိမ္မည်။ ရခိုင်ပြည်ကို ကျွန်ပြုခဲ့ကြသော မြန်မာ့သမိုင်းတလျှောက်လုံးတွင်လည်း ရိုဟိန်ဂျာ ဟူသော၊ ကဲ့သို့သော ဝေါဟာရကို တွိရလိမ္မည် မဟုတ်ပါ။ ဘင်္ဂလီမူဆလင်များ (ရခိုင်ပြည်၌နိန်ထိုင်လျှက်ဟိသော) အနိန်ဖြင့်လည်း မြီပိုင်သျှင်များကို မစော်ကားသင့်ပါ။ ၄င်းရို့၏ ရသင့်ရထိုက်သော အခွင့်အရေးများအတွက်သာ တိုက်ပွဲဝင်သင့်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

ခိုင်မင်းညို

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP